အနှစ်သက်ဆုံးစာရေးဆရာတဲ့လား ညီမလေး မိုးချစ်သူ ရယ်…။
လေးမ က ပုဂ္ဂိုလ်စွဲနဲ့ သိပ်မဖတ်ပါဘူး…။ မျက်စိနဲ့ တွေ့ တဲ့ စာအုပ်ကိုဖတ် … ၊ စိတ်နဲ့ တွေ့ တဲ့ အရေးအသားကို ကြိုက် … ၊ ရင်ဘတ်နဲ့  ထိရင် စွဲလန်း …။
ဒါပေမယ့် ခဏခဏဖတ်မိတဲ့ စာအုပ်တွေရဲ့ ဖန်တီးသူတွေကတော့ …..
၁။ ဂျူး
-တခါတလေ လက်မခံနိုင်တဲ့ ကြားကကို ကြိုက်တယ်… အကြိုက်ဆုံးက …. ပင်လယ်နှင့်တူသောမိန်းမများ ။
၂။ ဂျာနယ်ကျော် မမလေး
– ဆရာမရဲ့ မိန်းမပီသလွန်းတဲ့ ဇာတ်ကောင်မင်းသမီးတွေကို မနာလိုဖြစ်စွာနဲ့ ဖတ်ဖြစ်တယ်……အကြိုက်ဆုံးက……အဖြူ ။
၃။ မိုးမိုး ( အင်းယား)
– ဘ၀တွေ အကြောင်းကို လက်တွေ့ ကျကျ သိချင်တဲ့အခါ ဖတ်တယ်…..အကြိုက်ဆုံးက ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး….. ။
၎။ မစန္ဒာ
– ဘ၀ … ဟာသ…. ကျောင်းသူဘ၀ ဗရုတ်သုတ်ခတွေ ရေးထားတတ်လို့ ကြိုက်တယ် … …. … ဆရာမက ဗိသုကာတစ်ယောက်ဖြစ်လို့လဲ ကြိုက်မိတယ် ထင်တယ်… ငယ်သူမို့မသိပါ ထဲက ဗရုတ်သုတ်ခ ဂျစ်တူး ကို ငါ့များ စောင်းရေးထားသလား လို့တောင် ထင်မိသေး … ။ အကြိုက်ဆုံးက….. ဂျီဟောသူ (အာခီမေဂျာကိုယူဖို့ ဒီဝတ္ထုက ဘေးတီးပေးခဲ့တာ ဖြစ်မယ် …. ။
၅။ တက္ကသိုလ်ဘုန်းနိုင်
– စိတ္တဇဆန်တဲ့ ဇာတ်ကောင်တွေကို ကြိုက်တယ် … ဆရာ မွေးတဲ့ ဇာတ်ကောင် တော်တော်များများရဲ့ စိတ်က ထူးဆန်းတယ် … ခိုင်တို့… မောင်ညိုမှိုင်းတို့  …နုငယ် တို့…။ အကြိုက်ဆုံးက …. ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး ရေးထားတဲ့ … သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်… ။
၆။ ခင်နှင်းယု
– နိုင်ငံရေးအဖြစ်အပျက်တွေရောယှက်ပြီး နူးညံ့တဲ့ အချစ်အကြောင်း … မတည်ငြိမ်တတ်တဲ့ လူ့ မနောတွေကို ကွက်ကွက်ကွင်းကွင်း ရေးပြတတ်တယ်….။ အကြိုက်ဆုံးက မြကြာဖြူ …. ။
၇။ ကာတွန်းဦးဘဂျမ်း
မြန်မာကလေးတွေအတွက် မြန်မာကာတွန်းတွေ သေချာရေးပေးခဲ့လို့ မြန်မာကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ လေးမက ကြိုက်တယ်…။
၈။ မင်းလူ … တာရာမင်းဝေ တို့လည်း တခါတလေ ကြိုက်တယ်….။ ရယ်ရလို့…။
၉။ နီကိုရဲ ကို “သိကြားနဲ့ အသူရာ” တစ်အုပ်ကြိုက်တယ်….။
၁၀။ လျို့ ဝှက်သည်းဖို နဲ့  ဘာသာပြန်တွေရေးတဲ့ ရွှေဥဒေါင်း ကိုလည်း ကြိုက်တယ်….။ စာခြောက်ရုပ် ကို အကြိုက်ဆုံး…။
ဘာတဲ့…. လူယောင်ဆောင်ထားတဲ့ စာခြောက်ရုပ် မြို့တက်ဖို့ မ၀ံ့မရဲ ဖြစ်တော့ ဒွေးသာဂိက သင်ပေးတဲ့စကား…။ “ မကြောက်နဲ့ .…ဟုတ်ပါ့ဗျား…မှန်ပါ့ဗျား…အမိန့်တော် မြတ်အတိုင်းပါခင်ဗျား…ဆိုတဲ့ စကားသာ ရေလဲသုံး…. ဘေးမတွေ့ ဘူး…တဲ့… ကံကောင်းရင် လူပေါ် လူဇော်တောင် ဖြစ်ဦးမတဲ့…လေ…” ။အကြိုက်ဆုံး စာသားပဲ…။
တော်ပြီ …၁၀ ယောက်ပဲ ရွေးတော့မယ် … ။ အဆုံးသတ် ပြောရရင် online မှာရေးနေတဲ့ blogger တွေကိုကြိုက်လို့ စာအုပ်ဆိုင် ဘက်တောင် သိပ်မရောက် ဖြစ်တော့ဘူး…။ ရေးခိုင်းတဲ့ ညီမလေး ဆုမွန်ကို ကျေးဇူးတင်ပါတယ်….။ မမသမုဒယ ၊ မညလေး နဲ့  ညိမ်းညို ရဲ့ အနှစ်သက်ဆုံး စာရေးဆရာ၊ ကဗျာဆရာ တွေကိုလည်း မျှဝေကြပါဦးနော်…။
မှတ်ချက် ။ ။ ကျော်ကြားသူတို့၏ အမည်ကို သူတို့ကျော်ကြားသည့် အမည်အတိုင်းသာ ဖော်ပြလိုသောကြောင့်…. ဦး၊ ဒေါ်၊ ဆရာ၊ ဆရာမ မတပ်ဘဲ ရေးသားထားခြင်းသည် ရင့်သီးခြင်း မဟုတ်ပါ…။ ရှိတ်စပီးယားကို မစ်တာ ရှိတ်စပီယား ဟု ရေးလေ့မရှိသလို ၀င်းဦးကို ဦးဝင်းဦး ဟုခေါ်ရမှာ တစ်မျိုးကြီးဖြစ်နေသလို … ထို့ကြောင့် ထို့ကြောင့်….blar…balar..blar… ။
Filed under: Tag |
ဟုတ်ပ ကျော်ကြားသူတွေကို ဦး၊ဒေါ်တွေတပ်မခေါ်ချင်ပါဘူးနော် ..
ဟုတ်တယ်နော် လေးမ ဟတ် ဟတ် ဟတ် ။ 😛
အစ်မရေ အကြိုက်တွေတူလို့ သံချောင်းခေါက်သွားပါတယ်ရှင်။
၁၀ ခုမှာ ၉ ခုလောက်တူနေလို့။
မတူတာတွေက မဖတ်ဖူးတဲ့သူတွေဖြစ်နေလို့ပါ။
မမလေး…. သော်တာဆွေရော မကြိုက်ဘူးလားဗျ..
ကျွန်တော်တော့ ကြိုက်တယ်… “ကျွန်တော့်ဘ၀ ဇာတ်ကြောင်း” ကို အကြိုက်ဆုံးပဲ…
အဲ.. ဒါပေမယ့် ကျွန်တော်က စာသိပ်မဖတ်ဖူးဘူး။ အဲ့ဒါကြောင့် တော်တော်လေးကို ဗဟုသုတနည်းနေတယ်။ 😦
မျှားပြာ … ဟား..ဟား… ဒါပေါ့..မျှားပြာရယ်…။
နှင်းဆီ … အကြိုက်ချင်းတူလို့ ၀မ်းသာမိတယ်… ငါလိုလူ ရှိသေးတယ်ဆိုပြီးတော့…။
ကိုသန်. … သော်တာဆွေက သိပ်မဖတ်ဖြစ်ဘူး … ရယ်ရတယ်… တချို့ ကြိုက်တယ် … ။ တချို့ ကြိုက်ဘူး…။
ရေးပေးတာ ကျေးဇူးနော် ချစ်မ။ ချစ်မက အများကြီးဖတ်ဖူးတာပဲနော်။
စာဖတ်အားကောင်းသူတွေဟာ စာရေးကောင်းသူတွေ ဖြစ်တတ်ကြတယ်တဲ့။
ဒါကြောင့်နေမှာ။
လေးမရေ.. အကြိုက်ချင်းတော်တော်များများတူတယ်။ ဂျာနယ်ကျော် မမလေးကတော့ အကြိုက်ဆုံးပဲ.. အင်း.. “အဖြူ” စာအုပ်ကိုတော့ ကျိုးစားပြီး ရှာကြည့်ရမှာပဲ.. ဘာပဲဖြစ်ဖြစ် အမြည်းပေးဖတ်တဲ့အတွက် ကျေးဇူး.. 🙂
မိုးချစ်သူ… လေးမက စာအုပ်တစ်အုပ်နဲ့  အိပ်ရာထဲ ခွေနေချင်တဲ့ ငပျင်းလေ..။
မနုစံ… လေးမ မှာရှိတယ်…မရဲ့… ဟိုလေ… နည်းနည်း…မကင်းရာမကင်းကြောင်း များ ပါမလားလို့ မတင်ရဲတာ…။ 😛
ဂျီဟောသူက ကျွန်တော်ကိုလည်း ဘေးတီးပေး ရုံမကဘူး အာခီကို အရောက်ကို ပို့ခဲ့ပေးတာဗျို့။ စွယ်တော်ရိပ်ကို ခိုမိတာ သူ့စာအုပ်ရဲ့ တွန်းအားကြောင့်လည်း ပါပါတယ်။
တက္ကသိုလ်ဘုန်းနိုင်တော့ ကျွန်တော်လည်းကြိုက်တယ်ဗျို့ ။ တက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေစုထားတာ အအုပ် ၂၀ လောက်ရှိတယ်။ အကြိုက်ဆုံးက “ညီမလေးရယ် စိုးရိမ်မိတယ်” ပြီးတော့ “ခိုင်” ရယ်၊ “မိုးညအိပ်မက်မြူရယ”်၊ “လွမ်းတေးမဆုံးစေနဲ့ စောသခင်” ရယ်၊၊ “လွမ်း”ရယ်။တချို့ ဟာတွေက ဝတ္ထုနာမည်မေ့ကုန်ပြီ။ နုနုငယ်ကတော့ ပထမပိုင်းပဲ ကြိုက်တယ်။ သူ့ အဆက်ကို မကြိုက်တော့ဘူး။Golf အကြောင်းနဲ့ တရားပောာတာတွေများလို့ ။
Dear Nyalay
As a book worm, I do love all books and poems and Saya Bhone Naing, Daw MaMa Lay, Sayama Ju and others also.
Have you read the author U Shwe Aung?please do read all his books. If there is any mistake please do forgive me.
Best Regards, Aung
အဲ့ထဲက တစ်ယောက်မှလည်းမဖတ်ဖူးဘူး သားကြွက်တော့ မောင်လှမျိုး( ချင်းချောင်းခြံ) တို့  လွန်းထားထား တို့ ပဲ ဆယ်ကျော်သက်တုန်းက ဖတ်ခဲ့တာ အခု အသက်တွေရလာတော့ ဖတ်တော့ပါဘူး ဟီးဟီးး
ခင်နှင်းယုရဲ့ ဖေဖေစာအုပ်လေး ကို Downloadချပြီးဖတ်လို့ရချင်ပါတယ်