ကြယ်..ရှိုက်သံ

ငါဟာ ကြယ်တစ်ပွင့်ရယ်ပါ…

ငါ………

လမ်းပြဖို့ကြိုးစားနေပါတယ်

ဒါပေမယ့်

ငါကိုယ်တိုင် လမ်းပျောက်နေခဲ့တယ် … ။

ငါကြွေရင် ဆုတောင်းပြည့်သတဲ့

သူတို့တွေ

ဆုတွေ တောင်းကြတယ်…

ငါကိုယ်တိုင် ဆုတောင်းပြည့်ချင်ရဲ့

ဘယ်အချိန် ငါဆုခြွေရမှာလဲ … ။

ငါ့ဆုတောင်းတွေ

မပြည့်ချင်နေပါစေတော့…

သူတို့ပျော်ဖို့

ငါ ….. ကြွေပေးပါ့မယ် …။

ဒါဟာ

ကမ္ဘာမြေအတွက်

ငါတတ်နိုင်တဲ့ ပေးဆပ်ခြင်း ပါပဲ…

ငါဟာ ကြယ်တစ်ပွင့် မဟုတ်လား…။ ။

Advertisements