My world & me ( 5 )

Tag သမျှရေးသည် … ကြွေးကျန်မရှိ

သူများတွေက ကြွေးကျန်စာရင်းတွေ ထုတ်ပြန်နေတဲ့ အချိန်မှာ အကြွေးကင်းရှင်းသူဖြစ်ကြောင်း မင်္ဂလာဝင်ယူလိုက်ဦးမယ်…။ Tag game ကို မလေးက အထုပ်ဖြည်ပြရတာလို့ပြောတယ်… ကိုစိုးထက်က ရေးစရာမရှိရင် အသုံးဝင်တယ်လို့ပြောတယ်… တချို့က ဘလော့ဂ်ဂါ တွေရဲ့ ခင်မင်မှုလေးကိုပြတယ်လို့ မြင်တယ်….။ လေးမလည်း Tag game ကို သဘောကျတယ်…။ အကြောင်းအရာတစ်ခုအပေါ် အားလုံးက ဖွင့်ဟ လို့ရသွားတာပေါ့ …။ Tag ခံရရင် ကျေနပ်တယ်….။ Tag ခံရရင် မနေနိုင်ဘူး…။ ချက်ချင်းရေးချင်တယ်…။ ရေးလက်စ တွေကို ပစ်ထားပြီးတော့ကိုရေးတာ….။

လေးမ ကလည်း ခင်တဲ့သူတွေကို Tag တယ်…။ လေးမ tag တာကိုရေးပေးတဲ့သူတွေကို tag တယ်…။ ရေးပေးမှလည်းကြိုက်တယ် … ။

အမှတ်တရ Tag ခရီးစဉ်

၁။ မိုးတွေရွာရင်

ဘလော့ဂ်ရပ်ဝန်းမှာ ပထမဆုံး tag ခံရတာ…။ ပုဂံသားက tag တာပါ …။ တကယ်ပြောတာပါ. ..။ သိပ်ပျော်သွားတာပဲ…။ ဘလော့ဂ်ရပ်ဝန်းထဲကို ရောက်ခါစ ဘလော့ဂ်ဂါအသစ်လေး တစ်ယောက်အနေနဲ့  အံ့သြသွားပါတယ်…။ ငါ့ကို သူငယ်ချင်းလုပ်မယ့်သူ … လက်တွဲခေါ်တဲ့သူ ရှိပါလား ဆိုပြီးတော့လေ…။ ခုတော့ ပုဂံသားတစ်ယောက် ပျောက်ချက်သားကောင်းနေပြန်ပါပြီ…။

နောက်တစ်မိုး ( သို့ ) MTU မှာရွာတဲ့မိုး

ဘလော့ဂ်ဂုရုကြီး ကိုရန်အောင်က စက်မှုတက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးရဲ့ မိုးရွာခဲ့သောရက်စွဲများကို သိချင်ပါတယ်ဆိုပြီး tag ခံရတာပါ …။ ဘာပြောကောင်းမလဲ …ကိုရန်အောင်က tag တာဆိုတော့ ရေးပြီးသားကို ထပ်ရေးတာ….။

၃။ အကြိုက်ဆုံး အဟောင်း ၅

ကိုဘုရင့်နောင်က ရေးပြီးတဲ့ထဲက အကြိုက်ဆုံး ပို့စ် ၅ ခုရွေးခိုင်းတာပါ …။ လေးမ မသိတာမှန်သမျှ ရှင်းပြတတ်တဲ့ ကိုဘုရင့်နောင်လည်း ခုတော့ ပျောက်သွားလေပြီ….။

၎။ Blog ကဗျာ

Blog Day အမှတ်တရ အနေနဲ့  မလေးလို့ခေါ်တဲ့ မ အိမ့်ချမ်းမြေ့ က တက်တာပါ …။ အမှတ်တရ နေ့လေးမှာပါဝင်ခွင့်ပေးတဲ့ မလေးကို သိပ်ကျေးဇူးတင်တာပဲ…။

၅။ August လမှာ အကြိုက်ဆုံး

မလေးက အကြိုက်ဆုံး ၅ ပုဒ်ရွေးဖို့ tag တာပါ …။ ချစ်ရတဲ့ မမ က ရေးခိုင်းတော့လည်း ရေးပြီးသားပေမယ့် ထပ်ရေးပါတယ်…။

၆။ ဆောင်းအိပ်မက

ဆောင်း မှာ မွေးတဲ့ ပေါက်ပေါက်ဆုပ် လေးက ဆောင်းမှာမွေးတဲ့ လေးမ ကို ဆောင်း အကြောင်းရေးဖို့ tag တာပါ …။ ပေါက်ပေါက်ဆုပ်လေးလည်း မွေးနေ့ကျွေးရမှာကြောက်လို့ ထွက်ပြေးနေလေရဲ့…။

ရ။ မွေးရပ်မြေ

မခွန်မြလှိုင်က မွေးရပ်..နေရပ်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးရေးခိုင်းတာပါ…။

၈။ ငယ်ငယ်တုန်းက

မမချစ်လေပြေက ငယ်ငယ်တုန်းက ဆိုတော့ ငယ်တုန်းက ပုံစံကို ရေးခိုင်းတယ်မှတ်ပြီးရေးလိုက်တာ…။ မမက တူတူပုန်းတယ်ဆိုတာတော့တွေ့ သား…. ဒါပေမယ့် ကစားခဲ့ဖူးတဲ့ ကစားနည်းတွေရေးခိုင်းမှန်းမသိဘူး…။ မဂျစ်နဲ့  မလေး ရေးထားတော့မှ ကစားနည်းမှန်းသိတယ်…။ မွှားသွားလို့ မမလေပြေရေ…အာဘွား…။

၉။ What’s in layma’s bag?

မဂျစ်တူးက အိတ်ထဲမှာပါတာတွေမေးထားတယ်…။ မဂျစ်ပို့စ်ဖတ်ပြီးတာနဲ့  လွယ်နေကျ အိတ်ကြီးယူ…မှောက်ချ…. ဓါတ်ပုံရိုက်တော့ ကောင်းကင်ကြီးက ဘာဖြစ်တာလဲတဲ့ …။ မဂျစ်ပို့စ်လေး ပြတော့ လေးမကိုရယ်တယ်…. ပေါက်ကရတွေတဲ့ …။

၁၀။ မိန်းကလေးဆောင်က အစ်ကိုကြီး

ကိုရန်အောင်က Halloween အမှတ်တရ အနေနဲ့  သူရေးထားတာဖတ်တဲ့သူတိုင်းကို tag တယ်ဆိုလို့ ရေးပါတယ်…။

၁၁။ Fearful_Fearless

Chaos လေးက ရေးခိုင်းတာပါ..။ သေချာစဉ်းစားပြီးမှ ရေးတာပါ…။

၁၂။ အနှစ်သက်ဆုံး စာရေးဆရာများ

မိုးချစ်သူလေးက တက်ထားတယ်လို့ လာအော်တာနဲ့  ချက်ချင်း သွားကြည့် …ချက်ချင်းရေး..ချက်ချင်းတင်လိုက်တဲ့ ပိုစ့်လေးပါ…။

၁၃။ အချစ်ဆုံးသို့ အိတ်ဖွင့်ပေးစာ

ကိုဝေ ရေးခိုင်းတာ တော်တော်စဉ်းစားလိုက်ရပါတယ်…( အချစ်ဆုံးက ဘယ်သူပါလိမ့် လို့ စဉ်းစားနေရတာ ) …။ နည်းနည်းကြာသွားတယ်…။

၁၄။ My world & me

ကိုပီကေ … က လူတိုင်းလိုလိုကို ရေးခိုင်းလိုက်တဲ့ ပို့စ်လေးပါ …။ ရေငတ်တုန်းရေတွင်းထဲကျသလို အခွင့်ကောင်းယူပြီး လေးမ မရပ်မနား ရေးနေတဲ့ ပို့စ်လေးပါ…။

၁၅။ အိပ်မက်

မောင်မျိုး က အိပ်မက် မက်ခိုင်းတာ …။ မက်ခိုင်းပြီး အခုသူက လေးမ အိမ်လာလည်လို့ မရဘူးဆိုပြီး ထွက်ပြေးနေတယ် …။

လေးမ မရေးဖြစ်ခဲ့တာ တစ်ခုပဲ ရှိပါတယ်…။ အဲဒါကတော့ ဖတ်သူတိုင်းကို tag သည်ဆိုတဲ့ ကိုမိုးညိုရဲ့ “ ကိုယ်ကျင့်တရားနဲ့  သောက်ကျင့်မကောင်းခဲ့တဲ့ ကျွန်တော် ” …….။

ခရီးစဉ်တစ်လျှောက်ကို ပြန်သုံးသပ်ကြည့်တော့ လေးမ တော်တော် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းတာကို တွေ့ လိုက်ရပါတယ် …။ စိုသောလက်များ ခြောက်သွားကြလေပြီ လေ….။ လေးမကို ချစ်တဲ့ ခင်တဲ့ tag ခဲ့ကြတဲ့ သူ တော်တော်များများ လေးမနားက တစ်ယောက်ပြီး တစ်ယောက် ပျောက်သွားကြတယ်….။ အမြဲလာဖတ်တတ်တဲ့ ဘလော့ဂ်မရေးတဲ့ ဂျယ်ရီတောင် မလာတော့ဘူး….။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာ ဖြစ်စေတဲ့ အွန်လိုင်းပေါ်မှာ ပျောက်ဆုံးသွားတဲ့ ခြေရာတွေကို လိုက်ရှာဖို့ကျတော့ ခက်ခဲလိုက်တာ ….။ ။

Q : What kind of ship never sinks ?

A : Friendship ! Right ? ( ခုတလောဒီစာလေးပဲ မျက်စိထဲမြင်မြင်နေလို့ 😦 )

Advertisements