ခရေပန်းပြောသော ခရေပန်းအတွေး

ပန်းခရေ

နွမ်းကြွေမှာ

ကျွန်တော် စိုးတာကြောင့်

မခူးရက်

ဖူးလျက်သာနေပါ ခရေ….

ပင်ထက်မှာ ဝေ

ပန်းခရေ

မကြွေနိုင်ရော့လား….

ခြွေလို့ ကြွေကြွေ…

ဝေလို့နေနေ

ပန်းဆိုတာ

နွမ်းကြွေမှာ

သဘာဝပါပဲ….

မယ့်သခင်

ဆွတ်လို့သာ ညွတ်ရရင်ဖြင့်

မယ့်အရှင်

ခြွေလို့သာ ကြွေရရင်ဖြင့်

အပြစ်မဆိုပါ

နှစ်လိုစွာ ဂုဏ်တင့်တယ်လေး

ခရေ့ အတွေး…။ ။

နောက်ဆက်တွဲ။ ။ တချို့မိန်းမတွေက သနပ်ခါးပန်းနဲ့တူသလို တချို့ တွေကျတော့ ခရေပန်းလိုတွေးကြပြန်ရော…။

မှတ်ချက် ။ ။ ခရေကိုခူးလို့မရ..အပင်လှုပ်ပြီးခါချရ..မြေပေါ်ရောက်မှ ကောက်ယူရပါတယ်…။

Advertisements

11 Responses

  1. ကဗျာကောင်းလေးတစ်ပုဒ်ဖတ်ရလို့ ကျေးဇူးတင်ပါ၏။
    ပျော်ရွှင်ပါစေ 🙂

  2. ကဗျာလဲရေးတတ်တယ်လား..ကောင်းတယ်ဗျ အားပေးနေတယ် …ခရေးပန်းလိုချစ်သူလေးလိုချင်တယ်..မာယာကင်းလို့ ..

  3. ငယ်ငယ်က ခရေပင်အောက် ခရေပန်းကောက်တာကို သတိရသွားတယ် …
    ကဗျာလေးက အေးချမ်းလိုက်တာဗျာ …။

  4. ကဗျာလေး အရမ်းကြိုက်တယ်။

  5. မမလေး

    ကဗျာလေးကို အရမ်းနှစ်သက်တယ်။ 🙂

  6. ဟ ကြိုက်တယ်ဟ..ရှင့်ဆီမအားလို့မလာရတာတကြောင်း လိပ်စာနဲ့ အစဉ်အမြဲကွိုင်နေတာတကြောင်း အခုမှပဲလာရတယ် Happy X-mas

  7. လေးမ ကဗျာလေး ဖတ်ရတာနဲ့ အမတို့ အိမ်ရှေ့မှာရှိတဲ့ခရေပင်ကြီးကို သတိရလိုက်တာ.. 🙂

  8. ချစ်မ ကဗျာလေး ကြွေတယ်
    ကောင်းလိုက်တာ
    ပန်းနေရာက နေခံစားပြီးရေးထားတာ
    မိုက်တယ်

  9. ပန်းခရေလည်း တွေးတာပဲ ။
    မှတ်ချက် ။ အီကို အရ …
    များများရမှ လှလှသီ ဈေးဖွင့်ချိန် အမီ ။
    လန်းလန်းပွင့်ပါ ခရေမ ဖူးဖူးရွရွ ခူးမဟ ။
    ကြွေခဲ့လျှင် ဖွဖွကောက်လို့
    ခူးမရတော့ လှုပ်ခါချ
    ခွင့်သာလွှတ်ပါ ခရေရှင်ရ ။

  10. >ညိမ်းညို…ဖတ်သွားလို့ကျေးဇူးပါ..အဆင်ပြေပါစေရှင်..။

    >မောင်မျိုး…လိုချင်တဲ့ ချစ်သူလေးရပါစေ…။

    >မျှားပြာ … ခရေတွေကောက်ပြီး ဘယ်သူ့ကိုပေးလဲမသိဘူးနော်…။

    >မလေး… သိုးလေး… လေးမ နဲ့ ….ခံစားချက်ချင်း တူလို့ထင်တယ်…။

    >မမသမုဒယ…ဟီး လေးမ က ခဏခဏပြောင်းနေလို့…မမ ပျော်ပါစေ..။

    >မနုစံ… မတို့ အိမ်ရှေ့မှာ ခရေပင်ကြီးရှိလား…။ ပျော်စရာ…ခုတော့ လွမ်းစရာပေါ့နော်…။

    >ကြေးအိုးလေး.. တကယ်တော့ ပန်းနေရာခံစားတာမဟုတ်ပါဘူး… တချို့ သော မိန်းကလေးတွေ နေရာက ခံစားတာပါ…။

    > နိုင် …
    ဈေးကွက်ဝင် ခရေဘ၀၊
    ပန်းသခင်
    အနေလှဖို့အရေး…၊
    ကြွေကျလို့ပေးပါ့မယ်…၊

  11. အင်း …. သူက
    အပင်နဲ့ အပွင့်နဲ့ မလိုက်ဘူး ။
    အပွင့်နဲ့ ရနံ့နဲ့ မလိုက်ဘူး ။
    ရှိုက်ရင် မမူးပေမဲ့
    ရင်ရိုးတစ်လျှောက်
    လှိုက်စူးလို့ … ထူးတဲ့ ခရေ
    ဝေမြဲ ဝေဆဲ … ကြွေမြဲ ကြွေပါလေ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: