My world & me ( 5 )

Tag သမျှရေးသည် … ကြွေးကျန်မရှိ

သူများတွေက ကြွေးကျန်စာရင်းတွေ ထုတ်ပြန်နေတဲ့ အချိန်မှာ အကြွေးကင်းရှင်းသူဖြစ်ကြောင်း မင်္ဂလာဝင်ယူလိုက်ဦးမယ်…။ Tag game ကို မလေးက အထုပ်ဖြည်ပြရတာလို့ပြောတယ်… ကိုစိုးထက်က ရေးစရာမရှိရင် အသုံးဝင်တယ်လို့ပြောတယ်… တချို့က ဘလော့ဂ်ဂါ တွေရဲ့ ခင်မင်မှုလေးကိုပြတယ်လို့ မြင်တယ်….။ လေးမလည်း Tag game ကို သဘောကျတယ်…။ အကြောင်းအရာတစ်ခုအပေါ် အားလုံးက ဖွင့်ဟ လို့ရသွားတာပေါ့ …။ Tag ခံရရင် ကျေနပ်တယ်….။ Tag ခံရရင် မနေနိုင်ဘူး…။ ချက်ချင်းရေးချင်တယ်…။ ရေးလက်စ တွေကို ပစ်ထားပြီးတော့ကိုရေးတာ….။

လေးမ ကလည်း ခင်တဲ့သူတွေကို Tag တယ်…။ လေးမ tag တာကိုရေးပေးတဲ့သူတွေကို tag တယ်…။ ရေးပေးမှလည်းကြိုက်တယ် … ။

အမှတ်တရ Tag ခရီးစဉ်

၁။ မိုးတွေရွာရင်

ဘလော့ဂ်ရပ်ဝန်းမှာ ပထမဆုံး tag ခံရတာ…။ ပုဂံသားက tag တာပါ …။ တကယ်ပြောတာပါ. ..။ သိပ်ပျော်သွားတာပဲ…။ ဘလော့ဂ်ရပ်ဝန်းထဲကို ရောက်ခါစ ဘလော့ဂ်ဂါအသစ်လေး တစ်ယောက်အနေနဲ့  အံ့သြသွားပါတယ်…။ ငါ့ကို သူငယ်ချင်းလုပ်မယ့်သူ … လက်တွဲခေါ်တဲ့သူ ရှိပါလား ဆိုပြီးတော့လေ…။ ခုတော့ ပုဂံသားတစ်ယောက် ပျောက်ချက်သားကောင်းနေပြန်ပါပြီ…။

နောက်တစ်မိုး ( သို့ ) MTU မှာရွာတဲ့မိုး

ဘလော့ဂ်ဂုရုကြီး ကိုရန်အောင်က စက်မှုတက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးရဲ့ မိုးရွာခဲ့သောရက်စွဲများကို သိချင်ပါတယ်ဆိုပြီး tag ခံရတာပါ …။ ဘာပြောကောင်းမလဲ …ကိုရန်အောင်က tag တာဆိုတော့ ရေးပြီးသားကို ထပ်ရေးတာ….။

၃။ အကြိုက်ဆုံး အဟောင်း ၅

ကိုဘုရင့်နောင်က ရေးပြီးတဲ့ထဲက အကြိုက်ဆုံး ပို့စ် ၅ ခုရွေးခိုင်းတာပါ …။ လေးမ မသိတာမှန်သမျှ ရှင်းပြတတ်တဲ့ ကိုဘုရင့်နောင်လည်း ခုတော့ ပျောက်သွားလေပြီ….။

၎။ Blog ကဗျာ

Blog Day အမှတ်တရ အနေနဲ့  မလေးလို့ခေါ်တဲ့ မ အိမ့်ချမ်းမြေ့ က တက်တာပါ …။ အမှတ်တရ နေ့လေးမှာပါဝင်ခွင့်ပေးတဲ့ မလေးကို သိပ်ကျေးဇူးတင်တာပဲ…။

၅။ August လမှာ အကြိုက်ဆုံး

မလေးက အကြိုက်ဆုံး ၅ ပုဒ်ရွေးဖို့ tag တာပါ …။ ချစ်ရတဲ့ မမ က ရေးခိုင်းတော့လည်း ရေးပြီးသားပေမယ့် ထပ်ရေးပါတယ်…။

၆။ ဆောင်းအိပ်မက

ဆောင်း မှာ မွေးတဲ့ ပေါက်ပေါက်ဆုပ် လေးက ဆောင်းမှာမွေးတဲ့ လေးမ ကို ဆောင်း အကြောင်းရေးဖို့ tag တာပါ …။ ပေါက်ပေါက်ဆုပ်လေးလည်း မွေးနေ့ကျွေးရမှာကြောက်လို့ ထွက်ပြေးနေလေရဲ့…။

ရ။ မွေးရပ်မြေ

မခွန်မြလှိုင်က မွေးရပ်..နေရပ်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးရေးခိုင်းတာပါ…။

၈။ ငယ်ငယ်တုန်းက

မမချစ်လေပြေက ငယ်ငယ်တုန်းက ဆိုတော့ ငယ်တုန်းက ပုံစံကို ရေးခိုင်းတယ်မှတ်ပြီးရေးလိုက်တာ…။ မမက တူတူပုန်းတယ်ဆိုတာတော့တွေ့ သား…. ဒါပေမယ့် ကစားခဲ့ဖူးတဲ့ ကစားနည်းတွေရေးခိုင်းမှန်းမသိဘူး…။ မဂျစ်နဲ့  မလေး ရေးထားတော့မှ ကစားနည်းမှန်းသိတယ်…။ မွှားသွားလို့ မမလေပြေရေ…အာဘွား…။

၉။ What’s in layma’s bag?

မဂျစ်တူးက အိတ်ထဲမှာပါတာတွေမေးထားတယ်…။ မဂျစ်ပို့စ်ဖတ်ပြီးတာနဲ့  လွယ်နေကျ အိတ်ကြီးယူ…မှောက်ချ…. ဓါတ်ပုံရိုက်တော့ ကောင်းကင်ကြီးက ဘာဖြစ်တာလဲတဲ့ …။ မဂျစ်ပို့စ်လေး ပြတော့ လေးမကိုရယ်တယ်…. ပေါက်ကရတွေတဲ့ …။

၁၀။ မိန်းကလေးဆောင်က အစ်ကိုကြီး

ကိုရန်အောင်က Halloween အမှတ်တရ အနေနဲ့  သူရေးထားတာဖတ်တဲ့သူတိုင်းကို tag တယ်ဆိုလို့ ရေးပါတယ်…။

၁၁။ Fearful_Fearless

Chaos လေးက ရေးခိုင်းတာပါ..။ သေချာစဉ်းစားပြီးမှ ရေးတာပါ…။

၁၂။ အနှစ်သက်ဆုံး စာရေးဆရာများ

မိုးချစ်သူလေးက တက်ထားတယ်လို့ လာအော်တာနဲ့  ချက်ချင်း သွားကြည့် …ချက်ချင်းရေး..ချက်ချင်းတင်လိုက်တဲ့ ပိုစ့်လေးပါ…။

၁၃။ အချစ်ဆုံးသို့ အိတ်ဖွင့်ပေးစာ

ကိုဝေ ရေးခိုင်းတာ တော်တော်စဉ်းစားလိုက်ရပါတယ်…( အချစ်ဆုံးက ဘယ်သူပါလိမ့် လို့ စဉ်းစားနေရတာ ) …။ နည်းနည်းကြာသွားတယ်…။

၁၄။ My world & me

ကိုပီကေ … က လူတိုင်းလိုလိုကို ရေးခိုင်းလိုက်တဲ့ ပို့စ်လေးပါ …။ ရေငတ်တုန်းရေတွင်းထဲကျသလို အခွင့်ကောင်းယူပြီး လေးမ မရပ်မနား ရေးနေတဲ့ ပို့စ်လေးပါ…။

၁၅။ အိပ်မက်

မောင်မျိုး က အိပ်မက် မက်ခိုင်းတာ …။ မက်ခိုင်းပြီး အခုသူက လေးမ အိမ်လာလည်လို့ မရဘူးဆိုပြီး ထွက်ပြေးနေတယ် …။

လေးမ မရေးဖြစ်ခဲ့တာ တစ်ခုပဲ ရှိပါတယ်…။ အဲဒါကတော့ ဖတ်သူတိုင်းကို tag သည်ဆိုတဲ့ ကိုမိုးညိုရဲ့ “ ကိုယ်ကျင့်တရားနဲ့  သောက်ကျင့်မကောင်းခဲ့တဲ့ ကျွန်တော် ” …….။

ခရီးစဉ်တစ်လျှောက်ကို ပြန်သုံးသပ်ကြည့်တော့ လေးမ တော်တော် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းတာကို တွေ့ လိုက်ရပါတယ် …။ စိုသောလက်များ ခြောက်သွားကြလေပြီ လေ….။ လေးမကို ချစ်တဲ့ ခင်တဲ့ tag ခဲ့ကြတဲ့ သူ တော်တော်များများ လေးမနားက တစ်ယောက်ပြီး တစ်ယောက် ပျောက်သွားကြတယ်….။ အမြဲလာဖတ်တတ်တဲ့ ဘလော့ဂ်မရေးတဲ့ ဂျယ်ရီတောင် မလာတော့ဘူး….။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာ ဖြစ်စေတဲ့ အွန်လိုင်းပေါ်မှာ ပျောက်ဆုံးသွားတဲ့ ခြေရာတွေကို လိုက်ရှာဖို့ကျတော့ ခက်ခဲလိုက်တာ ….။ ။

Q : What kind of ship never sinks ?

A : Friendship ! Right ? ( ခုတလောဒီစာလေးပဲ မျက်စိထဲမြင်မြင်နေလို့ 😦 )

Advertisements

Is there someone who can help me ?

လေးမ အိမ်ကို Ie နဲ့ ၀င်လို့မရဘူးလို့ ပြောနေကြပါတယ်…။

လေးမIe browser အမြဲသုံးတာ ပါ…။

လေးမကျတော့ ၀င်လို့ရတယ်…။

လေးမ တခြား ကွန်ပြူတာမှာ ဖွင့်ကြည့်တော့ error တက်လာပါတယ် …။ ဖွင့်လို့မရပါဘူး…။

Ie 7 ကို update လုပ်လိုက်ပြီး ၀င်ကြည့်တော့ ရသွားပါတယ်….။

Ie နဲ့  သူများတွေ ကြည့်လို့မရဘဲ လေးမ က ဘာလို့ကြည့်လို့ ရနေတာလဲ…။

Firefox နဲ့ ကြည့်ရင်တော့ လူတိုင်း ( မောင်မျိုးကလွဲရင် ) ကြည့်လို့ရမယ်ထင်ပါတယ်…။

ကူညီနိုင်တဲ့သူ ရှိရင် ကယ်ကြပါဦး…။ ဘာတွေဖြစ်ကုန်တာလဲ…။

ပြီးတော့ တစ်နေ့က အစ်ကို တစ်ယောက်က လေးမ ကွန်ပြူတာမှာ ဗိုင်းရပ်စ်ရှိတယ် …သတ်လို့မရဘူး… ဆိုင်ပို့ရမယ်လို့ ပြောသွားပါတယ်…။ အဲဒီဗိုင်းရပ်စ် ကြောင့်လား…။ ဆိုင်လားတော့မသိဘူး…။ ရယ်စရာများဖြစ်နေလား…။ AVG ကလည်း update လုပ်လို့မရဘူး…။

ရူးတောင်ရူးချင်လာပြီ…။ အကြံဥာဏ်လေးများပေးသွားကြပါဦး…။

မြစ်ထဲက… လှေ

ဘလောဂ့်ဆိုတဲ့

တို့ရပ်ဝန်းမှာ

သံယောဇဉ်မြစ်တစ်စင်း

ငြိမ့်ငြိမ့်လေးစီးဆင်း…။

ငါလည်းလေ

လမ်းကြုံလိုက်မလို့

ပန်းလှေလေးထုတ်လို့

သွက်သွက်လေးလှော်ခတ်

မင်းတို့နောက်လိုက်ခဲ့တယ်…။

တက်ကျိုးလို့

လက်ထိုးလှော်တယ်

ဒါပေမယ့်ကွယ်…

ငါ့လှေမှာ error တက်ပြန်သတဲ့

ပြင်ရဆင်ရ နွမ်းလျလို့

မောလှတယ် ….။

တခါ…တခါတော့

တွေးမိပါရဲ့

ကမ်းကပ်တော့မယ်…။

ဒါပေမယ့်ကွယ်

ရေစီးသံက

တကြော်ကြော်ခေါ်

ပျော်ပျော်ကြီးမျောချင်သေးတယ်….။

ဒါပေမယ့်ကွယ်

တစ်ချိန်မှာတော့

သေချာပါတယ်

ငါ…လေ

….

….

ကမ်းကပ်ရမယ်….။ ။

အိပ်မက်

ဒီအိပ်မက်ကို စဉ်းစားလိုက်တိုင်း ရေးဖို့ Tag တဲ့ ဂေါ်မစွံ ၊ ဂီလာန ၊ အခွံကြောင်မျိုး ရဲ့ ခေါင်းကို ငရုတ်ကျည်ပွေ့ နဲ့  ဆတ်ဆတ်ကလေး ထုချင်တယ်…။

မောင်မျိုး လေ… သူက စိတ်ကူးတွေ ယဉ်ချင်သလောက်ယဉ်ပြီး အိပ်မက်ဆိုပြီး ရေးတယ်…။ ပြီးတော့ လေးမကို Tag တယ် …။

အိပ်မက်ဆိုတာက မေ့သွားတာက ခပ်များများ…။ ဘယ်က ဘာအကြောင်း ရေးရမှန်းတောင်မသိဘူး…။ သူ့လို စိတ်ကူးယဉ်ပြီးရေးဖို့က ပိုတောင်ဆိုးသေး…။ သူ့လိုရေးကြည့်ပါလား… အိမ်ပေါ်က ခေါင်းနဲ့ ဆင်းနေရဦးမယ်…ဟတ်..ဟတ် ( မခံချိမခံသာ ရယ်သံ)…။ အိပ်မက်မက်ဖို့ သတိမရအောင် အိပ်ပျော်တတ်တဲ့ လေးမ မနေ့ညက အိပ်မက်မက်ပါတယ်…။ ကြောင်မျိုး ရေးခိုင်းတာ ဘာရေးရပါ့ … ဒီည အိပ်မက်တစ်ခုလောက်မက်ချင်တယ်ဆိုပြီး စဉ်းစားရင်း အိပ်ပျော်သွားတာ…။

ိပ်မက်ထဲမှာလေ… ဂျစ်ကားတစ်စင်း ခြံထဲကို ၀င်လာတယ်… ။ အလဲ့ … ကောင်းကင်ကြီးမောင်းလာတာပေါ့ …။ ဘေးမှာ အ၀တ်အစား ချွေချွေတာတာ ၀တ်ထားတဲ့ ကောင်မလေး တစ်ယောက်လည်းပါတယ်…။ လေးမ လားမသိဘူးလို့ သေချာကြည့်လိုက်တော့ လေးမလည်းမဟုတ်ပါလား….။

ဒေါသတကြီးနဲ့  …. လေးမ မီးဖိုချောင်ထဲကို ခြေသံပြင်းပြင်း … ရှူးရှူးရှဲရှဲ နဲ့  ၀င်သွားတယ်…( ဓါးသွားယူတာ……………မဟုတ်ဘူး…) ။ မီးဖိုထဲက မကွဲနိုင်တဲ့ အိုးတွေ ခွက်တွေ ရွေးပြီး နံရံကို ပစ်ပေါက် ပိတ်ကန် ပစ်လိုက်တယ်….။

ကောင်းကင်ကြီးက ကုတ်ကုတ် ကုတ်ကုတ်နဲ့  မီးဖိုထဲ ၀င်လာတယ်….( လေးမကို ချော့မလို့ လို့ ထင်လိုက်တာ…. ပိုတောင် ဒေါသထွက်ပြလိုက်သေး…)…။

သူက ကြောင်အိမ်လှပ်ပြီး မြင်းခွာရွက်သုတ် ပန်းကန်လေးကိုင်ပြီး ပြန်ထွက်သွားတယ်….။ လေးမက အလိပ်လိုက်တက်လာတဲ့ ဒေါသတွေနင်ပြီး မျက်လုံးကြီးပြူးပြီး ကျန်ရစ်ခဲ့တယ်….။

ဒါပဲ…အိပ်မက်က…ဒါပဲ….နိုးလာတော့ အိပ်မက်မှန်း သိပေမယ့် တော်တော်မကျေနပ်ဘူး…။ ကိုယ့်ကိုယ်ကို အားမရတာ … အိပ်မက်ထဲမှာတောင် ရန်မဖြစ်တတ်လို့ … ဆွ့ံအနေလို့ …။ ။

လေးမ ကတော့ ညီမလေး ၀င်္ကပါရဲ့ အိပ်မက်လေးကို သိချင်ပါတယ်…။ ညီမလေးရေ…Tag ပြီနော်….လှလှလေးမက်နော်…။

Online ပေါ်က ဒေါ်လေး

တစ်နေ့က ဒေါ်လေး ဖုန်းဆက်တယ်…။

လေးမရေ …ညည်းညီမကိုကြည့်ဆုံးမဦး…။

ဘာလို့လဲ …

ကွန်ပြူတာ ကျောင်းသူမို့လို့ လိုအပ်တယ်ဆိုလို့ သူ့ အဖေရုံးခန်းကနေ ခွဲပေးထားတာ…။

ရှန်…

အင်တာနက်လေ…အင်တာနက်

အော်…

အဲဒါတစ်ချိန်လုံး သုံးနေတယ်…အဲဒီရှေ့က မထဘူး…။ပြီးတော့ အင်တာနက်ဆိုတာကြီးက နင့်ဦးလေး ပြောပုံအရဆို တော်တော်ကြောက်ဖို့ကောင်းတာပဲ … ။ အဲဒါနင့်ဦးလေးက နင်က ဘလောဂ့်တွေဘာတွေ ရေးတယ်ဆိုတော့ အင်တာနက်ကို တော်တော်ကျွမ်းကျင်မှာ…တဲ့…။ နင့်ညီမကို ပညာရပ်ဆိုင်ရာက လွဲပြီး တခြားဆိုဒ်တွေ ကြည့်လို့မရအောင် အိမ်က ကွန်ပြူတာမှာ လာပိတ်ပေးထားပါတဲ့…။

အဲဒါမှ ဒွတ်ခနဲ့ လေးမ တွေ့တာပဲ…။ လေးမက ဘယ်သိပါ့မလဲ…။ ကိုယ်ကချည်း အပိတ်ခံနေရတာဆိုတော့ ကိုယ်က ဘယ်ပိတ်တတ်ပါ့မလဲ …။ သိရင်ပြောသွားကြဦးနော်…။

ပြီးတော့ သူငယ်ချင်းရှာတဲ့ဆိုဒ်တွေလည်း ပိတ်ပေးသွားတဲ့…။

အော်..ဒေါ်လေးရယ်…အဲဒီဆိုဒ်တွေက အများကြီးဟာကို … လေးမ အကုန် ဘယ်သိပါ့မလဲ… ပြီးတော့ အဲဒီဆိုဒ်တွေက သိပ်အန္တရာယ်မရှိပါဘူး…။ လေးမတောင် account လုပ်ဖူးသေးတယ်…။

အိုအေ… ရှုပ်ရှုပ်ယှက်ယှက်တွေပါ … တလောကပဲ ငါမိတ်ဆွေရဲ့ သမီး အင်တာနက်ပေါ်မှာ ရည်းစားရပြီး လိုက်ပြေးသွားတာ အဲဒီအကောင်က အိမ်ထောင်နဲ့ ဖြစ်နေပါရောလား…. ။ အရွယ်ကောင်း …အတက်ကောင်းမှာ သူများ မယားငယ်ဖြစ်ရတာ မိဘတွေဆို ရင်ကျိုးရော…။

စိတ်မပူပါနဲ့ … ဒေါ်လေးရယ်… ညီမလေးလည်း ပညာတတ်တစ်ယောက်ပဲ … စဉ်းစားဆင်ခြင်တတ်ပါတယ်…။

အဲဒီပညာတတ်မို့လို့ပဲ စိတ်ပူရတာလေ… ကျူပ်တို့ငယ်ငယ်တုန်းက ဒီပညာတွေ မတတ်တော့ မိဘတွေ ဘာမှပူစရာမလိုဘူး….။ နယ်ကနေလာ…. အဆောင်မှာထားခဲ့…ပြီးတာပဲ ….။ ငါ့အမေဆို လေးတန်းအောင် …. ပိုတောင် ဘေးကင်းသေး…။ အခုသူတို့က ပညာတွေတတ်…ဥာဏ်တွေပွင့်ပြီး … ဇယားတွေကို ရှုပ်နေတာပဲ….။

စိတ်ထဲက “ ပညာတတ်တော့ ဥာဏ်တွေကောင်း…၊ သူမက ပြောင်းပါသည်…၊ ပျော်တတ်သော ကာလသားကြီးတွေ ကြိုက်ကြသည်” ဆိုတဲ့ ဆောင်းဦးလှိုင်သီချင်းလေးတောင် ဆိုလိုက်မိသေး…။

ဟုတ်ကဲ့..ဟုတ်ကဲ့.. လေးမ ကြည့်လုပ်လိုက်ပါမယ်…။ ဒါပဲနော်…ဒေါ်လေး…။ ။

မှတ်ချက်။ ။ “Online ပေါ်က ညီမလေး…” ကို စိတ်ပါသောနေ့ ဆက်ရေးပါမည်…။ ဘယ်လိုမှတော့မထင်နဲ့ …။ ခုခေတ်…ခုတလော မိဘတွေရဲ့ သောက ကိုချပြတာပါရှင်…။

Ps . ငမျှားချိတ် ပြောတဲ့…. အရည်မရအဖတ်မရ ကချော်ကချွတ်စာရေးတဲ့ ဘလော့ဂ်ဂါအဖြစ်က လွတ်လိုလွတ်ငြား အကျိုးပြု ပညာပေးစာ ရေးကြည့်တာ …။ 🙂

ပုံတူလေး …

စေတန်ဂေါဒ့်ဆီက ဒါလေး ယူလာပြီး ဆော့နေတာ…။ ပျော်စရာလေး…။ ဆော့ကြည့်ပါလား…။

avatar-3.jpg

ဒါဘယ်သူ့ ပုံလဲ…သိလား…။

avatar-2.jpg

ဒါက လေးမ လက်ရှိပုံနဲ့  အညိုဆိုးပြီး ညှပ်လိုက်ရင် ဘယ်လိုနေမလဲလို့ စမ်းသပ်တဲ့ပုံ…။ မဆိုးဘူးနော်…။ ဆော့ကြည့်ပါလား…။ ။

ကြယ်..ရှိုက်သံ

ငါဟာ ကြယ်တစ်ပွင့်ရယ်ပါ…

ငါ………

လမ်းပြဖို့ကြိုးစားနေပါတယ်

ဒါပေမယ့်

ငါကိုယ်တိုင် လမ်းပျောက်နေခဲ့တယ် … ။

ငါကြွေရင် ဆုတောင်းပြည့်သတဲ့

သူတို့တွေ

ဆုတွေ တောင်းကြတယ်…

ငါကိုယ်တိုင် ဆုတောင်းပြည့်ချင်ရဲ့

ဘယ်အချိန် ငါဆုခြွေရမှာလဲ … ။

ငါ့ဆုတောင်းတွေ

မပြည့်ချင်နေပါစေတော့…

သူတို့ပျော်ဖို့

ငါ ….. ကြွေပေးပါ့မယ် …။

ဒါဟာ

ကမ္ဘာမြေအတွက်

ငါတတ်နိုင်တဲ့ ပေးဆပ်ခြင်း ပါပဲ…

ငါဟာ ကြယ်တစ်ပွင့် မဟုတ်လား…။ ။