Heart ထိပါ သည်…

မလေးက ရုပ်ရှင်ကားတစ်ကားကြည့်ပြီး စေတနာနှင့် သုံးသပ်မိသောကြောင့် အသည်းကွဲ သွားပါသည်…။

လေးမက မနေနိုင်… မထိုင်နိုင် ဘလော့ဂ်ဂါချင်း ရင်းရင်းနှီးနှီး အတွေ့ အကြုံ…အယူအဆ ဖလှယ်စေလိုသော စေတနာနှင့် tag game ဆော့မိရာမှ tag game အပေါ်ထားသော ထို blogger ၏ သဘောထားကြောင့် heart ထိသွားပါသည်…။

ဟောဒီမှာကြည့်ပါ….

“…ကိုယ် မလုပ်ချင်တဲ့ အလုပ်ကို ကိုယ်ပျော်ဖို့ အတွက် သူများကို လုပ်ခိုင်း ဖို့ စဉ်းကို မစဉ်းစားတာဗျ …”

Heart ထိသွားတဲ့ စကားကို underline လုပ်ထားပါသည်…။

Tag game များတွင်ပါဝင်ဖူးသော blogger များရှင့်… သူများကို tag ရတာ တော်တော်ပျော်စရာ ကောင်းပါသလားရှင့်….။ တော်တော်သနားစရာကောင်းတဲ့ လေးမ ပဲနော… သူများကို tag ပြီးတော့များ ပျော်စရာ ရှာရတယ်လို့ … သွပ်..သွပ်..သွပ်…။ လေးမကတော့ tag ခံရရင် ပျော်တယ်ရှင့်…။

ထားပါတော့လေ… ရှိပါစေတော့…။ လေးမရဲ့ ဘလော့ဂ်က အငြင်းပွားမှုတွေကို မဖိတ်ခေါ်လိုတဲ့ အတွက် ရင်ထဲရှိသမျှ ချမရေးတော့ပါ…။ အစုလိုက် အပြုံလိုက် tag ခြင်း ဒါ ( ဘ၀ လက်တွဲဖော် ) နောက်ဆုံးပဲ ဆိုတာ အားလုံးကို အသိပေးအပ်ပါတယ်…။

နောက်နောင် လေးမ အနိုင်ကျင့်လို့ရသော( ဟာဟ..စတာနော်…) လေးမ tag သမျှ မညီးညူသော … လေးမကို ခင်သော… သူ များကလွဲပြီး မည်သူ့ကိုမျှ မ tag တော့ပါ…။ မ tag စေလိုသူများ…၊ tag game မနှစ်သက်သူများ comment တွင် စာရင်းပေးသွားနိုင်ပါသည်…။

တောင်းပန်ခြင်း ။ ။ ဒီည စုဖုရား အကြောင်း ဆက်မရေးဖြစ်တော့ပါ…စိတ်မကောင်းဖြစ်ခြင်း ချုပ်ငြိမ်းခြင်းသို့ရောက်လျှင် စုဖုရားလတ် အကြောင်းဆက်ပါမည်…။