Heart ထိပါ သည်…

မလေးက ရုပ်ရှင်ကားတစ်ကားကြည့်ပြီး စေတနာနှင့် သုံးသပ်မိသောကြောင့် အသည်းကွဲ သွားပါသည်…။

လေးမက မနေနိုင်… မထိုင်နိုင် ဘလော့ဂ်ဂါချင်း ရင်းရင်းနှီးနှီး အတွေ့ အကြုံ…အယူအဆ ဖလှယ်စေလိုသော စေတနာနှင့် tag game ဆော့မိရာမှ tag game အပေါ်ထားသော ထို blogger ၏ သဘောထားကြောင့် heart ထိသွားပါသည်…။

ဟောဒီမှာကြည့်ပါ….

“…ကိုယ် မလုပ်ချင်တဲ့ အလုပ်ကို ကိုယ်ပျော်ဖို့ အတွက် သူများကို လုပ်ခိုင်း ဖို့ စဉ်းကို မစဉ်းစားတာဗျ …”

Heart ထိသွားတဲ့ စကားကို underline လုပ်ထားပါသည်…။

Tag game များတွင်ပါဝင်ဖူးသော blogger များရှင့်… သူများကို tag ရတာ တော်တော်ပျော်စရာ ကောင်းပါသလားရှင့်….။ တော်တော်သနားစရာကောင်းတဲ့ လေးမ ပဲနော… သူများကို tag ပြီးတော့များ ပျော်စရာ ရှာရတယ်လို့ … သွပ်..သွပ်..သွပ်…။ လေးမကတော့ tag ခံရရင် ပျော်တယ်ရှင့်…။

ထားပါတော့လေ… ရှိပါစေတော့…။ လေးမရဲ့ ဘလော့ဂ်က အငြင်းပွားမှုတွေကို မဖိတ်ခေါ်လိုတဲ့ အတွက် ရင်ထဲရှိသမျှ ချမရေးတော့ပါ…။ အစုလိုက် အပြုံလိုက် tag ခြင်း ဒါ ( ဘ၀ လက်တွဲဖော် ) နောက်ဆုံးပဲ ဆိုတာ အားလုံးကို အသိပေးအပ်ပါတယ်…။

နောက်နောင် လေးမ အနိုင်ကျင့်လို့ရသော( ဟာဟ..စတာနော်…) လေးမ tag သမျှ မညီးညူသော … လေးမကို ခင်သော… သူ များကလွဲပြီး မည်သူ့ကိုမျှ မ tag တော့ပါ…။ မ tag စေလိုသူများ…၊ tag game မနှစ်သက်သူများ comment တွင် စာရင်းပေးသွားနိုင်ပါသည်…။

တောင်းပန်ခြင်း ။ ။ ဒီည စုဖုရား အကြောင်း ဆက်မရေးဖြစ်တော့ပါ…စိတ်မကောင်းဖြစ်ခြင်း ချုပ်ငြိမ်းခြင်းသို့ရောက်လျှင် စုဖုရားလတ် အကြောင်းဆက်ပါမည်…။

21 Responses

  1. ဘီလိုဖြစ်တာလဲ လေးမရယ်။ ကြားရတာ စိတ်ပျက်ဖို့ ကောင်းလိုက်တာ။ နောက် tag game ဆော့မယ်ဆို မောင်သင်္ကြန် နံပါတ်1 ရေးချင်ပါတယ်ဗျို့။ အဲ.. ရေးဖို့ နဲနဲတော့ ကြာတတ်တယ် 😛

  2. ဟင်းးး..
    အနော်တို့ လဲဘာမှမသိလိုက်ပါလားဗျာ ပျော်၇အောင် tag game ဆော့ပါတယ်ဆို စိတ်မကောင်းစရာတွေ ဖြစ်ကုန်ပြီး….
    ဘီလိုပဲဖစ်ဖစ် တီးလေး အနိုင်ကျင့်လို့ ၇သော ၊ မညီးညူသော သူတွေထဲမှာ ကျနော်လဲပါတယ်နော့် ဆရာ့လိုတော့ မကြာဘူး ကျနော်က လက်သွက်တယ်လေ ပေါက်ကရရေးတဲ့ နေ၇ာမှာ… ဟားဟား ညစ်မနေနဲ့  ဖွင့်ချလိုက် ဂလိုတွေက ဖြစ်တတ်ပါတယ်ဗျာ…

  3. ဘာမှလုပ်မနေနဲ့ ညစ်မနေနဲ့ ကစ်သာကစ် မကြိုက်ရင် မရေးပလေ့စေ …။ လေးမ လုပ်ချင်သာလုပ် ..အားပေးတယ် .. အဟီး ကျွန်တော်လည်း ညစ်နေလို့ လူမိုက်စကားပြောတာ .. ။ စိတ်ထဲထားမနေနဲ့ .. သူ့အကြောင်း သူသိ ကိုယ့်အကြောင်းကိုယ်သိ ..။ နော့
    မဟုတ်ဘူးလား ဒေါ်ကိတ်ခြောက် ဟတ်ဟတ် အဆင်ပြေပါစေဗျာ ..။ အကြွေးတော့ ဆိုင်းဦးနော် လမကုန်သေးလို့ 😛

  4. အက် အက်.. တီလေးကို ပြန်ခေါ်ပေး။ ပြန်ခေါ်ပေး
    စုဖုရားအကြောင်းဖတ်ချင်လို့။ တီလေးရေ ပျော်ပျော်ရွှင်ရွှင်ပေါ့ဗျာ။ စိတ်မညစ်နဲ့နော်
    အနော့်ကိုတော့ အမြင်ကြီး မတက်ခိုင်းနဲ့
    နိမ့်နိမ့်လေးပဲ တက်ခိုင်းနော်။ ပြုတ်ကျရင်မလွယ်ဘူး။
    😀 စတာနော် ပျော်အောင်လို့။ တက်လာရင်တော့
    ပျော်ပျော်ပဲ ပြန်တက်လိုက်မယ်။ 😛

  5. စိတ်မကောင်းဘူး မလေးမ..
    မီ အားတော့ ရေးပေမယ်နော်.. နဲနဲကြာတယ်.. သေချာစဉ်းစားနေလို့ 😛 .. ဆောရီးနော် .. 😉

  6. အမကြီးရေ
    နောက်နောင် ဘလော့နားမယ်ဆိုရင် အောက်ပါလူကြီးလူကောင်း ၄ဦးဆီမှာ အရင်ဆုံး ခွင့်တိုင်ရမယ် 😛 အဟီး
    ပုံ/
    ကြောင်ကလေး၊ ငမျှားချိတ်၊ ပေသီး ၊ ပန်းပဲဆရာကြီး၊

    အမရေ ဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့နော ပျော်ပျော်ပါးပါး မော်တော်ကားလေးနဲ့ ဆက်လိမ့်ကြဦးစို့ဗျ ။

    ခေါင်းဆောင်ကြီးက စပြီးတော့ စိတ်ဓာတ်မကျကြေးလေဗျာ

    အနော်တို့ကို အနိုင်ကျင့်လို့ရတယ်နော
    သတိ/ ကိုကောင်းကင်ကြီးကို ပြန်တိုင်မည် 😛 😛 😛

  7. စိတ်မညစ်နေနဲ့ အမရေ သူ့စိတ်နဲ့ သူပဲလို့ မှတ်လိုက်တော့။ စုဖရားလတ် နောက်ဆက်တွဲ မျှော်နေမှာနော်။ မင်းကျန်စစ်က စုဖုရားလတ်ကို ထိပ်ခေါက်လိုက်တယ်လို့ ပြန်ရေးပေး 😀

  8.ွှအဲ .. ကျန်သေးတယ် အနော့ကို ဟပ်တယ်ဆိုပါလား။ မနက် အိပ်ယာထကတော့ နောက်ကျနေလို့ ကျောင်းအမြန် သုတ်ချေတင်လိုက်ရတာ ရေအိမ်တောင် ဝင်လိုက်ရဘူး။ ငါ့ အမ ဘာကိုများ ဟပ်လိုက်ပါလိမ့် ခွိ ခွိ ခွိ။ အပျော်နောက်တာ အမရေ… ။ ဒါပေမယ့် အမှန် မပြောပြ၇င် ခေါ်ဘူး။ တိုးတိုး တိတ်တိတ် လာပြောနော်။ ကြောင်မျိုးက သိချင်တာ မေးမရလို့ ချောင်းနေတာ။ နှစ်ကိုယ်ကြားလေး ပြန်ပြောပြ 😛

  9. မမ မွန်ပြန်လာဘီ
    မွန်ဘာဂါချောက်ဖုံ ပြန်လာဘီကွ
    ချစ်မမကို ဘူကဘာလုပ်ရဲ ပြော ပြော
    တတ်သာတတ်မမ မွန်တောင်နောက်တစ်ယောက်ကို ထပ်တတ်လိုက်ပီ
    ဘူ့မဗဂုစိုက်မနေနဲ့
    ပျင်းတယ် ရေရောသောက်စို့ ချစ်မ

  10. “… ကိုယ် မလုပ်ချင်တဲ့ အလုပ်ကို ကိုယ်ပျော်ဖို့ အတွက် သူများကို လုပ်ခိုင်း ဖို့ စဉ်းကို မစဉ်းစားတာ ဗျ … ”

    စိုးထက် – Soe Htet ! … ကျွန်တော် ရေးထားတာပါ …..

    ” ကိုယ် မလုပ်ချင်တဲ့ အလုပ်ကို ” လို့ ရေးထားပါတယ် … ကိုယ် လုပ်ချင်လို့ (သို့)လုပ်နိုင်လို့ (သို့) အားလုံး ပျော်စေချင်ဖို့ ဆိုရင် တက်ပါဗျာ … အပန်းမကြီးပါဘူး … အကြွေး လိုကြီး မနေတတ် … မရေးတတ် လို့ပါ … စော်ကားတာ မဟုတ်ပါဘူး … တောင်းပန်ပါတယ် ခင်ဗျာ … လွန်သွားတယ် ဆိုရင် …

    ကျွန်တော်က ဘယ်သူမှ ပြန်ပြီး တက်ခဲ့ ဖူးခြင်း မရှိပါဘူး … ဒါ့ကြောင့် တက်ရတာ ပျော်စရာ ကောင်းမကောင်း မသိပါ ခင်ဗျာ … အတက်ခံရရင်တော့ … နည်းနည်း စိတ်ရှုပ်ပါသည် …

    စိတ်တော့ မကောင်းဘူး ရေးထားတာ … ကျွန်တော်က မခင် တတ်သလို ဖြစ်နေတယ် …

    စာရင်း ပေးသွားပါတယ် … တက်ဂိမ်း မနှစ် သက်တဲ့ အထဲမှာ ထိပ်ဆုံးက …

    စိုးထက် – Soe Htet ! ပါ ခင်ဗျာ …

    😦 X(

    အငြင်းပွားမှုတွေ ရပ်သွားအောင် ကျွန်တော်လည်း ဘလော့ ရေးခြင်း နားလိုက်ပါ ပြီ …

  11. မရယ်စာဖတ်သူလဲ..heart ထိပါတယ်..မ..tag ထားတဲ့သူတွေရေးပြီးတာလိုက်ဖတ်နေရတာပါ..မမတို့ ဘလော့ရပ်ဝန်းလေးအဆင်ပြေပါစေနော်

  12. Minnkyansis ပြောလို့ဝင်အားပေးတာ။ ပြောခံရတယ်ဆို လို့ စိတ်မကောင်းဘူးဗျာ။ ကျွန်တော်က မလေးရဲ့ Tag နာမည်စာရင်းထဲကလူတွေ ဘာရေးမလဲဆိုပြီး လိုက်ဖတ်နေတာ။ ဖတ်ချင်တဲ့အထဲမှာ ဒီစာသားတော့ မပါဖူးပေါ့ဗျာ။

  13. မလေးမရေ .. ရေးချင်လျက် အော်ချက်ထုတ်လို့ ပြောတယ်နော် ဟဲဟဲ ကိုယ့်ကို သတိတရ ရှိလို့ တက်တာ.. နည်းတဲ့ ခင်မင်မှုလား.. ရေးဦးမှာ.. တက်ရင် ရေးတဲ့ စာရင်းထဲ မှတ်ထားလိုက်နော်

  14. ချစ်မရေ ဘာတွေဖြစ်
    စိတ်ညစ်နဲ့နော် သီချင်းချိုပြမယ်
    ဘာသီချင်းနားထောင်မလဲပြော
    ဘလော့မှာလာပြောသွားနော်
    နောက်ရက် အကျယ်ရီးချိုပြမယ်သိလား
    နော်နော်နော်

  15. လေးမရေ စိတ်ညစ်နဲ့နော်၊ တက်တာကို စိတ်ဆိုးဘူး၊ ဒါပေမယ့် ခက်ခက်ခဲခဲ ဟာတွေဆိုရင်တော့ အမက သိပ်ရေးတတ်လို့ နဲနဲ ကြာတာပဲ ရှိတယ်၊ ခုလဲ ရေးမှာပါ၊ ကျူပ်တို့က ညဉ်းလေးတို့လို ကံမကောင်းတော့၊ ကြွားစရာ မရှိဘူးတော့၊ စိတ်ကူးယဉ် ပြီး ရေးရအောင်လဲ ကျုပ်က ၁၀ကျော် သက် ဘ၀ကို ၃ခါပြန်ကျော် ပြီးနေတော့လဲ မေပျိုတို့လို စိတ်ကူးထဲက ချစ်သူလို့လဲ ခေါင်းစဉ် မတပ်ရဲဘူး၊ ခေါင်းစဉ် ဘယ်လိုတပ် ရမလဲ စဉ်းစား ပေးအုံးနော်၊ ပြီးရင် ပြောပြ၊ နောက်လဲ အဲလို သတိတရ တက် အုံးနော်၊ စိတ်ဆိုးဘူး၊ အာဘွား၊၊၊၊၊၊၊

  16. လေးမရေ.. tag ထားတာ စိတ်မဆိုးပါဘူးဆိုမှ.. သူများကလေ ရေးဖို့ နည်းနည်းကြာတာပဲရှိတာ.. 😀 😀

    လေးမခင်လို့ tag ခံရလို့ ပျော်ပါတယ်ဟေ့… ပျော်တယ်ဟေ့.. 😀 ချိတ်မဆိုးနဲ့တော့..နော် 🙂

  17. မမလေးရေ…. အဲဒီစာသားလေးကို ကျွန်တော်လည်း ကိုစိုးထက်ကြီးဆီမှာ ဖတ်လိုက်ရတယ်ဗျ။ စိတ်ထဲကတော့ နည်းနည်းတွေးလိုက်သေးတယ်… ကိုစိုးထက်ကြီးက တက်တာမကြိုက်ဘူး ထင်တယ်လို့။
    လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတော့ တစ်ယောက်နဲ့တစ်ယောက် အတွေးအမြင်မတူ ဖြစ်သွားတာပါ။ စိတ်မဆိုးကြပါနဲ့လို့ မမလေးကိုရော ကိုစိုးထက်ကြီးကိုပါ တောင်းဆိုပါတယ်။ တစ်ခါတစ်လေ အမှတ်တမဲ့ ပြောလိုက်မိတဲ့စကား၊ ရေးလိုက်မိတဲ့ စာသားလေးတွေက ပြောလိုက်ရေးလိုက်တဲ့ အချိန်မှာ သတိမထားလိုက်ပေမယ့် တခြားတစ်ယောက်ကို စိတ်ပျက်သွားစေတာကို ကျွန်တော်တို့လည်း မကြာခဏကြုံဖူးပါတယ်။ ဒါကြောင့် စိတ်ထဲမှာ မထားပဲ စိတ်ပျက်ဖို့ကောင်းလှတဲ့ လက်တွေ့ဘ၀ကြီးနဲ့ လွတ်ကင်းရာ ဒီ virtual world လေးမှာ ပျော်ရွှင်မှုတွေနဲ့ပဲ ခရီးဆက်ကြရအောင်နော်။
    *** ကိုစိုးထက်ကြီးကိုလည်း ဘလော့ပြန်ရေးပါလို့…. ***

  18. သြော်.. ဒါနဲ့.. ကျွန်တော်ကတော့ တက်ခံရတာပျော်တယ် မမလေးရေ… ။ စိတ်ထဲမှာ ကိုယ်ကို သတိတရရှိတယ်လို့ ခံစားရတဲ့ အတွက် အားလည်းတက်မိတယ်။ နောက်လည်း ချန်မထားနဲ့နော်..။

  19. အဖြစ်တွေကတော့ ငိုအားထက် ရယ်အားသန်ဖြစ်နေရပါပြီကော လေးမရယ်…
    အပြစ်လွတ်အောင် ရှောင်ရေးရတာများတော့လဲ စိတ်ကူးယဉ်ဆန်သတဲ့..
    အချက်အလက်တွေနဲ့ရေးတော့လဲ သမိုင်းအထောက်အထားတွေ လိုချင်ပြန်သတဲ့…
    မလေး ရယ်စရာရေးတာ မရယ်ရလို့ စိတ်ဆိုးတဲ့လူတောင် ရှိလိုက်သေးပါတယ်ဆို…
    ကင်ပိန်းတွေဘာတွေလုပ်နေလား ဘာလား အရင်မလေ့လာပဲ အဖျား၁၀၃နဲ့တော့
    ဘယ်စာမှ မရေးမိစေနဲ့နော်.. ဟွန်းဟွန်း

    ခင်တဲ့ မလေး

  20. tag ချင်သလောက်သာ tag ပါလေ။
    မသိချင်ယောင်ဆောင်နေမှာပေါ့..ဟီး။
    ဘယ်လိုပဲဖြစ်ဖြစ် သတိတရရှိနေတာကိုပဲ ၀မ်းသာလှပါပြီ။

    တစ်ယောက်နဲ့တစ်ယောက် နားလည်လက်ခံထားတဲ့ အယူအဆချင်းတော့ မတူနိုင်ဘူးပေါ့လေးမရယ်။
    ကိုယ့်ရဲ့ ခံယူချက်ပေါ်မူတည်ပြီး စိတ်ထဲရှိတဲ့အတိုင်း ရည်ရွယ်ချက်မဲ့ ပြောဖြစ်သွားတတ်ပါတယ်။
    အပြန်အလှန်နားလည်မှုထားပြီး ပျော်ရွှင်အေးချမ်းတဲ့ ဘလော့ဂ်ရပ်ဝန်းလေးပဲ ဖြစ်စေချင်ပါတယ်။

  21. I don’t wanna involve like this case, but all sides are my friends and it’s enough to express.
    I think this is second disputable case in the our environment.
    Everyone have their own problem, we should try see those, we should see beyond of unseen world of behind of others.
    Saying openly is not good always.
    Sometime negotiation should be go with other channel, not in public. We have a lot of choices. Making friend is so long, breaking that is in a minute.
    We write a kind of thinkingful post, while why we should behave like childish !!!!
    We can ignore, even bitter past, why not, if we know the art of ignore, if we know the art of giving understanding, it’s will discover beauty itself.
    Friends, why not, …we can be on the same ground.
    ခင်မင်စွာဖြင့်
    🙂

Leave a reply to tu tu Cancel reply