ပျံသန်းသွားသော …

သူငယ်ချင်းရေ …

နင်ဟာ ပျံသန်းသွားတဲ့ငှက်

ငါက သိုက်မြုံကို မခွာရက်တဲ့ငှက်

နင်ဟာ အတောင်ပါတဲ့ငှက်

ငါက အတောင်ကျိုးတဲ့ငှက်

ငါတို့တွေ သဘာဝမတူကြပေမယ့်…

အချစ်ဆုံးတွေ ဖြစ်ခဲ့ဖူးတယ်…။

မိ … ရွှေမိ … မိစုတ် … ဘဲပေါက်မ …

နင်… အသက် တစ်နှစ်ကြီးသွားပြီ… ၀မ်းသာလိုက်တာ … ဟ..ဟာ…ဟား…

အရင်လို ဆံပင်နီနီလေးဆိုးပြီး နားကွင်းတစ်ဖက်ထဲတပ်ထားတဲ့ ( ဂျစ်ပစီစတိုင်လ် လို့ ငါက ခေါ်တဲ့ ) ချာတိတ်မလေးမဟုတ်တော့ဘူး…။

First year တုန်းက ငါ့အ၀တ်သေတ္တာကို ဆွဲဖွ … ငါ့ရဲ့ အသစ်စက်စက် မြန်မာချည်ထည်လုံချည်လေးတွေကိုကိုင်ကြည့်ပြီး … “ နင်က အရမ်းမြန်မာဆန်တာပဲနော် ” လို့ တအံ့တသြပြောခဲ့တဲ့ ဂျင်းဘောင်းဘီနဲ့ မိ …။

( တကယ်တော့ တက္ကသိုလ်ကျောင်းသူဖြစ်ပြီဆိုပြီး အမေက ထည့်ပေးလိုက်တာ ..ဟ.. )

ကြည့်မရတဲ့ကောင်လေးကို ဆိုင်ကယ်နဲ့ ပွတ်ဆွဲတတ်တဲ့ မိ …။

( မိစုတ် … နင့် ကြောင့် ငါ .. ကျောင်းတုန်းက ရည်းစားမရတာ… ဟွန်း )

သနပ်ခါး ဘဲကြားလိမ်းလို့ စီနီယာမမတွေက သရဲ လို့ခေါ်တဲ့ မိ …။

“ နင်.. ယောက်ျားယူသွားလို့ .. ငါရည်းစားရသွားတာ..” လို့ ဆင်ခြေပေးတဲ့..မိ..။

(… နင့်ဟာနင် ရည်းစားထားတာ ငါ့ကို တရားခံရှာစရာလား… )

“ နင်ရေးတဲ့စာတွေ..ငါနားမလည်ဘူး… ကွန်မန့်တွေ ဖတ်လိုက်မှ နားလည်တယ်လို့..” သြဘာပေးတဲ့…မိ…။

( … ကြားရတာ အားရစရာ .. တေချင်တယ်..)

မိ..မိ..မိ…ရွှေမိ…ပျံသွားပြီ … ဟိုးအဝေးကို… ဆယ်ကျော်သက်က မက်ခဲ့ဖူးတဲ့ အိပ်မက်တွေဆီကို … အတောင်တွေဆန့်ပြီး… ပျံသန်းသွားလိုက်တာ… ငါနဲ့အဝေးကြီးမှာ….။

မှန်တာကို ၀န်ခံရရင် ဆိုင်သူတွေ ကိုယ်စီနဲ့ … ဘ၀တစ်ခုစီနဲ့မို့ … ဟိုးတုန်းကလို … ကျောင်းပိတ်ရက်ခွဲကြရတုန်းကလိုတော့ သိပ်မလွမ်းတော့ဘူး … မိ ရယ်…။

ဒါပေမယ့် .. သတိရနေပါတယ်.. မိရယ် …။

Happy Birthday

… တော်ရာမှာ ပျော်ပါစေ မိ…။ ။