ပျံသန်းသွားသော …

သူငယ်ချင်းရေ …

နင်ဟာ ပျံသန်းသွားတဲ့ငှက်

ငါက သိုက်မြုံကို မခွာရက်တဲ့ငှက်

နင်ဟာ အတောင်ပါတဲ့ငှက်

ငါက အတောင်ကျိုးတဲ့ငှက်

ငါတို့တွေ သဘာဝမတူကြပေမယ့်…

အချစ်ဆုံးတွေ ဖြစ်ခဲ့ဖူးတယ်…။

မိ … ရွှေမိ … မိစုတ် … ဘဲပေါက်မ …

နင်… အသက် တစ်နှစ်ကြီးသွားပြီ… ၀မ်းသာလိုက်တာ … ဟ..ဟာ…ဟား…

အရင်လို ဆံပင်နီနီလေးဆိုးပြီး နားကွင်းတစ်ဖက်ထဲတပ်ထားတဲ့ ( ဂျစ်ပစီစတိုင်လ် လို့ ငါက ခေါ်တဲ့ ) ချာတိတ်မလေးမဟုတ်တော့ဘူး…။

First year တုန်းက ငါ့အ၀တ်သေတ္တာကို ဆွဲဖွ … ငါ့ရဲ့ အသစ်စက်စက် မြန်မာချည်ထည်လုံချည်လေးတွေကိုကိုင်ကြည့်ပြီး … “ နင်က အရမ်းမြန်မာဆန်တာပဲနော် ” လို့ တအံ့တသြပြောခဲ့တဲ့ ဂျင်းဘောင်းဘီနဲ့ မိ …။

( တကယ်တော့ တက္ကသိုလ်ကျောင်းသူဖြစ်ပြီဆိုပြီး အမေက ထည့်ပေးလိုက်တာ ..ဟ.. )

ကြည့်မရတဲ့ကောင်လေးကို ဆိုင်ကယ်နဲ့ ပွတ်ဆွဲတတ်တဲ့ မိ …။

( မိစုတ် … နင့် ကြောင့် ငါ .. ကျောင်းတုန်းက ရည်းစားမရတာ… ဟွန်း )

သနပ်ခါး ဘဲကြားလိမ်းလို့ စီနီယာမမတွေက သရဲ လို့ခေါ်တဲ့ မိ …။

“ နင်.. ယောက်ျားယူသွားလို့ .. ငါရည်းစားရသွားတာ..” လို့ ဆင်ခြေပေးတဲ့..မိ..။

(… နင့်ဟာနင် ရည်းစားထားတာ ငါ့ကို တရားခံရှာစရာလား… )

“ နင်ရေးတဲ့စာတွေ..ငါနားမလည်ဘူး… ကွန်မန့်တွေ ဖတ်လိုက်မှ နားလည်တယ်လို့..” သြဘာပေးတဲ့…မိ…။

( … ကြားရတာ အားရစရာ .. တေချင်တယ်..)

မိ..မိ..မိ…ရွှေမိ…ပျံသွားပြီ … ဟိုးအဝေးကို… ဆယ်ကျော်သက်က မက်ခဲ့ဖူးတဲ့ အိပ်မက်တွေဆီကို … အတောင်တွေဆန့်ပြီး… ပျံသန်းသွားလိုက်တာ… ငါနဲ့အဝေးကြီးမှာ….။

မှန်တာကို ၀န်ခံရရင် ဆိုင်သူတွေ ကိုယ်စီနဲ့ … ဘ၀တစ်ခုစီနဲ့မို့ … ဟိုးတုန်းကလို … ကျောင်းပိတ်ရက်ခွဲကြရတုန်းကလိုတော့ သိပ်မလွမ်းတော့ဘူး … မိ ရယ်…။

ဒါပေမယ့် .. သတိရနေပါတယ်.. မိရယ် …။

Happy Birthday

… တော်ရာမှာ ပျော်ပါစေ မိ…။ ။

3 Responses

  1. Anonymous said…

    အထက်ပါ စာအရဆိုရင်တော့ ……ဒေါ်ရွှေမိက အတောင်တကားကားနဲ့ ပျံသွားလေရဲ့ ဘယ်ဝယ်ဘယ်ဆီ ။ အန်တီလေးတော့ လွမ်းနေသည် ။
    မိ အကြောင်း ရှေးဟောင်းနှောင်းဖြစ် နဲ့ မွေးနေ့ဆုတောင်း …… ကောင်း၏ ။
    ဘယ်နေရာ ဘယ်အရပ်မှာပဲဖြစ်ဖြစ် ဒေါ်ရွှေမိတစ်ယောက် တော်ရာမှာ ပျော်ပါစေကြောင်း ဟောဒီက ပျော်ရာမှာ လျှော်လေတဲ့ ငတိကလည်း ဆုတောင်းပါ၏ ။
    Happy Birthday !!!

    အန်တီရေးကယဲ အတောင်ကျိုးနေတာ ဟုတ်ပါဖူး ။
    ရွေ့ပြီးပျံသန်းမှ ခရီးရောက်တာ မဟုတ် ။ ရပ်ပြီး ပျံသန်းတတ်ရင်လည်း မိုင်ပေါင်းများစွာ >>>>>>>>>>>>>>>>>>>>>>>>>>>>
    ပျံသန်းရာ လမ်းတစ်လျှောက်မှာ
    လေညှင်းသာလို့
    နေခြည်နွေး
    မနက်ခင်းလေးလည်း မွှေးပါစေဗျာ ။

    တူမောင် ဂျယ်ရီ
    April 24, 2008 8:18 PM
    *************************
    nu-san said…

    ဟင့်… လေးမရေ.. ဟိုဘက်ပြေးလိုက်.. ဒီဘက်ပြေးလိုက်.. အဟဲ.. RAP သီချင်းဆိုနေတာ ဟုတ်ဘူးဟ… ဟိုဘက်မှာ ရေးထားတာ ဒီဘက်မှာဆိုလို့ လိုက်လာတာ… ဟူး.. ပြေးလိုက်လွှားလိုက်ရတာ မောသွားပြီ ။ ဘယ်ပျောက်ပြီး ဘာတွေ လုပ်နေလဲဆိုတာလေး ပြောပါဦး.. 😀

    လေးမရဲ့ သူငယ်ချင်းမွေးနေ့နဲ့တိုးနေပါလား.. မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးတယ်နော်..
    April 24, 2008 8:20 PM
    **********************
    ညိမ်းညို said…

    အမလေးမရေ ဒီဘက်အိမ်ကိုလိုက်လာပါတယ်။ နေမကောင်းဘူးထင်လို့။
    အိမ်က၀င်မရလို့ကိုးး ဖြစ်ရလေအမကြီးရယ် တော်သေးတာပေါ့ အိမ်၂လုံးပိုင်ထားလို့ 😛 သူငယ်ချင်းသံယောဇဉ်ဖွဲ့တွေကို တွေ့ရရင် သိပ်ကြည်နူးတာပဲ ။ ဂိုဏ်းချုပ်ကြီးရေ အစစအရာရာအဆင်ပြေပါစေဗျာ။ ဟိုဘက်အိမ်မှာလည်း အ၀င်အထွက်လွယ်ကူပါစေ
    April 24, 2008 10:04 PM
    ***********************
    MgThaJan said…

    အသစ်တွေ ဘယ်လိုပြောင်းပြောင်း အဟောင်းကိုတော့ တလည်လည်ပါကွယ် ( အိမ်.. အိမ်.. )
    April 25, 2008 2:07 PM
    ***********************
    thet said…

    လာဖတ်သွားပြီ…ကြိုက်ပ..တယ်ရင်းကတော့
    heart ထိတယ်ကွာ..တော်ပ…ငါတယ်ရင်းလို့ပြောရဘူး…ဒီတခါစာအရင်ဖတ်ပြီးမှ..comment ဖတ်တာနော်…တော်ရာမှာတော့မပျော်နိုင်သေးပါ..
    .ပျော်နိုင်ရင်…ပြောလိုက်မယ်…
    တောင်ကြီးတတောင်ကျန်သေးတယ်..
    လမ်းတ၀က်ရောက်နေပြီ…တယ်ရင်းရေ…
    စာတွေပဲများများရေး..
    ကိုကောင်းကင်ကြီးကိုလည်း
    ခဏခဏစိတ်ကောက်…
    ပြီးရင်ငါကိုမကြာမကြာသတိရပေး…
    တယ်ရင်းမိ
    April 25, 2008 2:17 PM

  2. Happy Birthday တီကြွက်သယ်ရင်း တီမိ…
    မွေးနေ့ မှသည် ကျန်မာရွှင်လန်းပါစေဗျာ…။

    လွတ်လပ်နေတာပဲ မွေးနေ့ ပို့ စ်လေးက သူငယ်ချင်းကိုတောင် သတိရသွားပြီးးးးးးးး။

  3. မွေးနေ့ဆုတောင်းကလည်း ငယ်ကျိုးငယ်နာတွေ ဖော်ပီး တောင်းနေပါလား တီလေးရ ။း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: