ကြာပြီ

အသည်းအသန်
အလုအယက်
တိုးဝှေ့  ခုန်တက်နေတဲ့
နာနာကျင်ကျင် ညည်းသံတွေ
ဝမ်းနည်းပက်လက်ရှိုက်သံတွေ
စေ့ထားတဲ့ တံခါးနှစ်ချပ်
နှတ်ခမ်းနှစ်ရွက်က
ပွင့်ထွက်မသွားခင်
အချိန်မှီကလေး
မျိုမျိုချခဲ့ရတာ
ကြာ…လှ…ပေါ့ … ။ ။

11 Responses

  1. အချိန်မှီကလေး မျိုချရတာ
    အချိန်လွန်မှ ငိုရတာ
    အချိန်တန်တော့လည်း ………..
    အဲ့ဒီအချိန်တန်ဖို့လည်း
    ကြာ…လှ…ပေါ့…

  2. မျိုးချသင့်တာလား မမျိုချသင့်တာလားတော့ မသိ
    မျိုချရတာ များလွန်းလို့  လည်ချောင်းထဲမှာ နင့်နေတယ် ။
    အရိုးကလည်းပါသေး နော့် 😛
    တံခါးနှစ်ချပ်
    နှတ်ခမ်းနှစ်ရွက်ကို သွားမဖွင့်လိုက်နဲ့ နော် စားသတိ သွားသတိ အခန့် မသင့်ရင် ခလုတ်တိုက်တက်တယ်တဲ့ဗျ ။

  3. လေးမရေ.. ကဗျာလေးလာဖတ်သွားတယ်။ စိတ်ညစ်နေလား??? အားလုံး အဆင်ပြေပါစေညီမလေးရေ.. 🙂

  4. မျိုချလိုက်ပြန်ပြီလား အစ်မ ၊ စကားလုံးဆိုးဆိုးတွေ မပြောပဲ မျိုချလိုက်ရုံနဲ့ ဘယ်သူမှ အစာအိမ်ကို ထိခိုက်မှာ မဟုတ်ပါဘူးတဲ့ ကျွန်တော်ပြောတာမဟုတ် ၊ စာအုပ်ထဲမှာ ဖတ်ဖူးတာ ၊ အဆင်ပြေပါစေ အစ်မ။

  5. အမလေးမရေ ရေးသမျှကဗျာတွေက ရိုးရိုးရှင်းရှင်းလေးနဲ့ စွဲမက်စရာလေးတွေချည်းပဲ။ အတုယူသွားပါတယ်။ ဘိုတင့်ကြီးရေးခဲ့တာကိုလဲ သဘောကျမိပါရဲ့။ စကားလုံးဆိုးဆိုးတွေ မပြောပဲ မျိုချလိုက်ရုံနဲ့ ဘယ်သူမှ အစာအိမ်ကို ထိခိုက်မှာ မဟုတ်ပါဘူးတဲ့ ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ 🙂

  6. မမ..ဒီတစ်ခါမျိုမချဘဲပြောကြည့်လိုက်ပါလား..စိတ်ထဲပေါ့ပါးသွားတာပေါ့…
    🙂 😛

  7. ကြာတတ်တာတွေမကြာရစေဖို့ …ကြာတွေလှုပြီးဆုတွေတောင်းရမလားမသိပါဘူးလေးမရေ…

  8. comment ဖတ်လည်းမြိုချတာ
    တခုပဲနားလည်တယ်….အဟီးးး…
    နင်ဘာတွေရင်ခံနေတာတုန်းဟ….မြိုမချနဲ့….
    ဗိုက်ထဲမှာရှုပ်နေအုန်းမယ်…ထွေးထုတ်လိုက်…
    မိ

  9. အစ်မရေ..
    ဖတ်ပြီး မီလဲ တော်တော်နင်နေတာကို သတိထားမိတယ်.. (ရင်ပြည့်ပြီး မူးလိုက်တာ)
    ကိုယ့်ဘာသာကိုယ် မေ့ပစ်ခိုင်းခဲ့တာ ကြာပြီ

  10. ကြာ…လှ…ပေါ့ …

  11. အမလေးမ ကြာပီလားဗျ ….. ဒါဆိုခုကော ခြေနေက ကေပီလားဗျ…းP

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: