မိုးရွာနေသည် ( ၂ )

မိုးဦးကာလ ရောက်တော့မည် ဖြစ်သောကြောင့် မိုးရွာသည်… ။

မိုးနှင့်အတူ မုန်တိုင်းလာသည် … ။

မုန်တိုင်းတွင်လေပါ၏…။

လေနှင့်အတူ လှိုင်းလာ၏ …။

လှိုင်းနှင့် အတူ အိမ်များ … လူများ … တိရစ္ဆာန်များ … ၀မ်းစာများ … အဆင်တန်ဆာများ … ပါသွားလေ၏…။

ပါသွားသောအရာများနောက်တွင် ငိုကြွေးမှုများ … ကြေကွဲမှုများ … ပူဆွေးမှုများ … ဆုံးရှုံးမှုများ ကျန်နေခဲ့၏ …။

ကျန်နေခဲ့သောအရာများအား အမှီပြုဒေါသနှင့် ကျိန်ဆဲမှုများ လှိုင်းထလာပြန်သည် … ။

လောဘသားအချို့ သည် မေတ္တာရှိဟန်ပြ ၍ ကိုယ်ကျိုးရှာနေကြပြန်သည် … ။

နိုင်ငံရေးအမြတ်ထုတ်သူတို့သည် ဂရုဏာရှိဟန်ပြ၍ အမြတ်ထုတ်ရန် ကြံစည်ကြပြန်သည်… ။

အဆုံးသတ်တွင် ကလေးများသည် ပျော်ရွှင်မှု ကင်းမဲ့ကြကုန်၏ … ။

အဖြူရောင်နှလုံးသားများသည် ညစ်ထေးလျက် ငိုကြွေးကြကုန်၏… ။

မိန်းမတစ်ယောက်သည် တစ်ခွေ ၅၀၀ ဟူသော ၂ ခွေ တွဲ..၊ ၃ ခွေတွဲများကို စိုက်ကြည့်ရင်း စီဒီချပ်များကို ထမင်းထုပ်များအဖြစ် စိတ်ကူးယဉ်ကြည့်နေ၏ … ။

ထို့ နောက် မိုးရွာလာသည် … ။

မိုးရာသီ စပြီဖြစ်သောကြောင့် မိုးဆက်ရွာနေသည်… ။

မိုးသည် ဆက်၍ …ဆက်၍ … ရွာနေပေလိမ့်မည်…။ ။


မိုးရွာနေသည် ( ၁ )

7 Responses

  1. မိုးရာသီ စပြီဖြစ်သောကြောင့် မိုးဆက်ရွာနေသည်…
    မိုးသည် ဆက်၍ …ဆက်၍ … ရွာနေပေလိမ့်မည်
    သူခိုးများ ဆက်၍ ခိုးနေလိမ့်မည်
    လူမိုက်များ ဆက်၍ မိုက်ပြီးး
    မသေခင်ထိ ဒုက္ခပေးလိမ့်မယ်………….။
    ( စီဒီချပ်များကို ထမင်းထုပ်များအဖြစ် စိတ်ကူးယဉ်ကြည့်နေတဲ့ မိန်မတစ်ယောက်ရဲ့ အတွေးကို လေးစားတယ် 🙂 )

  2. အခုအချိန်အထိကို မိုးရွာနေတယ်ပေါ့နော် အစ်မလေးမ
    အရေးအသားကောင်းသောကြောင့် မိုးရေထဲမျောပါသွားပါသည် ။

  3. ကျနော်လဲ မျှားပြာကြီးလို အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။ အစစအရာရာအဆင်ပြေပါစေ အမလေးမရေ။ ကျနော် ပို့တွေကိုသေချာဖတ်ပါတယ်။ ဒါပေမဲ့ ပို့တွေနဲ့လိုက်ဖက်ညီတဲ့ ကွန့်မန့်တွေမရေးတတ်ဘူးဖြစ်နေတယ် အမလေးမရေ။ ဒါလဲ ကျွမ်းကျင်မှုတခုပဲနော်။ ကျေးဇူးတင်ပါတယ်ဗျာ

  4. မမရေ့ ..မိုးရွာနေသည်..ဆက်ရွာနေပြီပေါ့ ..မမရယ်အားလုံးအဆင်ပြေပါစေ..

  5. မလေးမရယ်။ ..
    မိုးရေထဲမှာ တစ်စစီ . . . . မျော . . .
    မိုးဆက်ရွာလဲ အမိုးအကာ လုံရင်တော့ မဆိုးပါဘူး။ ..
    မဟုတ်ရင်တော့ . . .
    မရွာလဲ မျော၊ ရွာလဲမျော . . .

  6. ရိုးရိုးမိုးကတော့ လူချမ်းသာတွေက အိပ်ကောင်းတယ်
    သူဆင်းရဲတွေ အလုပ်အကိုင်ပျက်တယ်ပေါ့ ။
    ခုလို လေရော မိုးရော … စုံသွားတော့
    ရေမီးစုံတဲ့ ဘ၀တွေလည်း မခံနိုင်ကြဘူး ။
    ဒါတောင် သူဌေး သင်္ဘောမှောက်တာနဲ့ သတောင်းစား ခွက်ပျောက်သလို ကွာပါသေးတယ် ။
    တကယ်ထိတာက … တကယ့်လူတွေပါ ။
    မထိတာက လူတွေလို့ ပြောတာမဟုတ်ဘူးနော် ။
    တကယ်ကို အသက်မွေးမှုပင်ပန်းတဲ့လူတွေလို့ပြောတာပါ ။
    လူတန်းစား အမြင်တွေ ပါကုန်ပြီ ။ ဆောရီးဗျာ ။
    ရေးထားတာလေး ကောင်းလို့ ဆက်တွေးမိတာပါ ။
    ကျေးဇူးတင်ပါတယ် ။
    ပြန်ဖတ်ဖြစ်တဲ့ မိုးရွာနေသည် (၁) လည်း ကောင်းတာပဲ ။

  7. ဒီမိုးက မိုးရေချိုးလို့ မရပေမယ့် … တစ်ကိုယ်လုံးရွှဲတယ် ..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: