လေးမနှင့် နာရီ

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}


“နင်သေရင် တမလွန်မှာ အချိန်တွက်လို့ ရအောင် နာရီ တစ်လုံးထည့်ပေးလိုက်မယ် ” လို့  ပြောခဲ့ဖူးတဲ့ သူငယ်ချင်းဆီက မမျှော်လင့်ဘဲ နာရီတစ်လုံး လက်ဆောင်ရခဲ့တယ်…။

လေးမ သေရတော့မှာလား…

( ဟား… ဟား… မမျှော်လင့်ဘဲ တိုက်ဆိုင်သွားတာဆိုတာ ငါသိပါတယ် … မိ ) ။

သူငယ်ချင်းရေ … လေးမ အရင်လို နာရ်ီတွေကို လိုက်မဖမ်းတော့ဘူး…

( နာရီတွေကပဲ လေးမ ကို လိုက်ဖမ်းနေတာ ) ။

အချိန်တွေကိုလည်း ဂရုမစိုက်တော့ဘူး… ။

နာရီ မပတ်တာ ကြာပြီ သူငယ်ချင်းရေ …

( နာရီတွေ ပျက်ကုန်လို့  .. ) … ။

လေးမရဲ့ လက်တွေကို လွတ်လပ်နေစေခဲ့တာ ကြာပြီ .. ကြာခဲ့ပြီ .. ။

နာရီ .. ဟန်းချိန်း .. လက်စွပ်တွေကို အဆင်တန်ဆာလို့  မမြင်နိုင်ဘဲ လက်မှာ နွယ်တွေ လာညှိနေတယ်လို့  ခံစားတတ်နေတယ်…

( အ၀တ်လျှော်ရ .. ပန်းကန် ဆေးရဆိုတော့ သူတို့ နဲ့  မဖြစ်ဘူးလေ .. ) ..။

ဘယ်လောက်ထိ အနှောင်အဖွဲ့  ကင်းနေသလဲ ဆိုတော့ လက်ထပ်လက်စွပ်တောင် ချွတ်သိမ်းထားတယ်…။

( လက်သူကြွယ် ၀လာလို့  ကျပ်နေလို့ ဟေ့ … ) ။

လေးမရဲ့ လက်နှစ်ဖက်လုံး ဘာမှ မ၀တ်ထားဘူး..။

ဗလာ .. ဗလာ … လက်ဗလာ .. ။

သူငယ်ချင်းပို့  လိုက်တဲ့ နာရီလေးကို ကြိုက်တယ်…။

နေ့ တိုင်းတော့ မပတ်ဖြစ်ဘူး… ။ မကြာမကြာတော့ ပတ်တယ် …။

အချိန်တွေကို စိန်စီပေးလိုက်တဲ့ သူငယ်ချင်းကို ကျေးဇူးတင်တယ်…။

နာရီတွေ မိနစ်တွေ ဒိုင်ခွက်ထဲမှာ ပတ်ချာလည် ပိတ်မိနေတာကို လည်း သဘောကျတယ် ( ညစ်ကျယ်ကျယ် အတွေး ) …။

နာရီ လက်တံတွေ ပတ်ချာလည်နေသလို … ဒိုင်ခွက်ထဲက နံပါတ်တွေကို ခဏခဏ ပြန်ရောက်သလို …

ငါတို့ ရဲ့ အတိတ်တွေ .. ပျော်စရာ ဘ၀လေးတွေလည်း ပတ်ချာ လှည့်ပြီး ခဏခဏ ပြန်ပြန်ရောက်လာရင် သိပ်ကောင်းမှာပဲ လို့  တွေးနေမိတယ် .. သူငယ်ချင်း…။

13 Responses

  1. မရည်ရွယ်ပါဘူး…တယ်ရင်းလေးရယ်….
    ငါလည်းနင့်ကိုဘာပေးရမလဲလို့….စဉ်းစားနေတာ…
    နာရီလေးမြင်တော့နင့်လက်ဖောင်းဖောင်းလေးကိုသတိရပြီး…
    နင်နဲ့….လိုက်မှာပဲဆိုပြီးဝယ်ပေးလိုက်တာ…
    င့ါနာရီတန်ဖိုးထက်နင့်ပို့စ်လေးကပိုတန်ဖိုးရှိတယ်ဟာ….
    ငါနင်အတိတ်မေ့ရောဂါရှိနေတယ်မှတ်တာ….
    နင်ကောင်းသေးမှန်းငါအခုမှသိတော့တယ်…..
    ကျေးဇူးပဲတယ်ရင်းး…..
    အရာအားလုံးအတွက်နင့်ကိုငါကျေးဇူးတင်တယ်ဟာ…..
    ငါတကယ်ပျော်တယ်ဟေ့…….
    မိ

  2. ခပ်သောသော အသံနဲ့ ဒရဟော ပြောချတတ်တဲ့ မလေးမရေ.. အစ်မလည်း ကိုသင်ကာကြီး လိုပဲ အချိန်တွေကို ပုန်ကန်ခြားနား ချင်နေပြီနဲ့ တူရဲ့ဗျို့. 😀

  3. “ပျော်စရာ ဘ၀လေးတွေလည်း ပတ်ချာ လှည့်ပြီး ခဏခဏ ပြန်ပြန်ရောက်လာရင် သိပ်ကောင်းမှာပဲ ” ကျနော်လည်း လိုချင်တယ်ဗျို့  ပြန်ရောက်ရင်ပြောပါအုံး ဘယ်လမ်းက သွားရလဲလို့  🙂

  4. သူငယ်ချင်း၂ယောက်ရဲ့ ခင်မင်မှုသံယောဇဉ်လေးတွေ..။ ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ 🙂 ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ 🙂 🙂

  5. >မိ.. ပျော်သလား..မိ.. နင်ပျော်မှ ကမ္ဘာလောကကြီး ငြိမ်းချမ်းမှာ..။ 😛
    >မှော်ဆရာ.. ခပ်သောသော အသံနဲ့ ဒရဟော ပြောချတတ်တဲ့ မလေးမ ဆိုပါလား..။ ဟီး.. အဲလို ဖြစ်နေလား…။ အချိန်တွေကို မပုန်ကန်ဝံ့ပါဘူးရှင်..။ ကြောက်ကြောက်..။ အချိန်တွေ ပတ်ချာလှည့် ဒုက္ခရောက်နေတာကို ပျော်တာ..။
    >သားကြွက် … ဘယ်လမ်းက သွားရလဲဆိုတော့ စိတ်ကူးလေးနဲ့ ပေါ့…။ အတွေးလေးနဲ့ သွား… ချက်ချင်းရောက်တယ်..။ ပျော်ပါစေ… မောင်မျိုး…။
    >ညိမ်းညို …. အဲလို ရေးသွားတာ ၂ ခါရှိပြီနော်…။ ကျေးဇူးတင်ပါတယ် ညိမ်းညိုရေ …။

  6. ချစ်သူတွေကြားမှာ နာရီလက်ဆောင်ပေးရင်..နာနာနဲ့ရီရတတ်လို့မပေးကောင်းဘူးဆိုပဲ (ဘယ်ပညာရှိပြောသောစကားလည်းမသိပါ…)
    ဒါပေမယ့်…ခုဟာက သူငယ်ချင်းနှစ်ယောက်ကြားမှာ ဆိုတော့ ပျော်ပျော်ရွှင်ရွှင်အချိန်တွေ နာရီတစ်ပတ်ပြည့်သလို မြန်မြန်ပြန်ရောက်နိုင်ပါစေဗျာ… ;P မလေးရေ အိမ်အလုပ်တွေလုပ်ရတဲ့ အိမ်ရှင်မကြီးဖြစ်ကြောင်းလည်း သိပ်မကြွားနဲ့ဦးဗျ…ကောင်းကင်ကြီးက ရေရေလည်လည်သနားနေဦးမယ် ဟဲဟဲ…

  7. ကျွန်တော်လဲ နာရီမပတ်တာ အတော်ကြာပြီ 🙂

  8. မမရေ..နာရီလေးကလှလိုက်တာ..စိုးမိုးကတော့ဘာရယ်လို့ မဟုတ်ဘူးးနာရီဝတ်ထားရင်မနေတတ်ဘူး
    ပျော်ရွှင်ပါစေမ.တို့ သူငယ်ချင်းတွေ..။

  9. ဟေ့အေး…။ လောလောဆယ်တော့ နာရီဆိုတာ ဘယ်ဘာသာ စကားက ဆင်းသက်လာလဲဆိုတာ တွေးရင်းနဲ့ ခေါင်းခြောက်နေတယ်…။

  10. တစ် .. တောက် . . တစ် .. တောက် . .
    နာရီကလေး လမ်းလျှောက် . .
    နောက်မဆုတ်တမ်း ပုံမှန်သွား . .
    ဓာတ်ခဲ ကုန်မှ နား . . ။
း-)

  11. ခင်ပွန်းအတွက် ဇနီးဆိုတာ တချိန်ချိန် တိုင်ကပ်နာရီကြီး ဖြစ်ချင်ဖြစ်သွားမှာပေါ့
    သူငယ်ချင်းအတွက် သူငယ်ချင်းဆိုတာကတော့ အမြဲလက်ပတ်နာရီလေးပါပဲ
    မွန်နာရီမပတ်တတ်ပေမယ့် မမလိုပဲအချစ်ဆုံးသူငယ်ချင်းပေးတဲ့ နာရီလေးတော့ ရခဲ့ဖူးတယ်

  12. နာရီလက်ဆောင်ရတဲ့လေးမကို အားကျသား။ နာရီလေးက လှတယ်။ လေးမရေ.. အမလည်း နာရီမပတ်ဖြစ်တာ ကြာလှပေါ့.. (အဟီး.. ပျက်နေတာ ကြာပြီလေ.. နောက်တစ်လုံးဝယ်ဖို့လည်း ပျင်းနေတာ။ ) ပျော်စရာဖြစ်ခဲ့တဲ့အချိန်လေးတွေ တပတ်လည်ပြီး လေးမဆီ ပြန်ရောက်လာပါစေ.. 🙂

  13. >ကိုဒီဝိုင်း… ကြွားနိုင်တဲ့ သူမို့ ကြွားတာပါရှင်.. သူသနားတာခံရတော့လည်း အမြတ်ပေါ့…။

    >တင့်ထူး.. နာရီ ပေါင်ပြီး ဘီယာသောက်တာမဟုတ်လား..။
    >စိုးမိုး .. နာရီ မပတ်ဘူးပေါ့…။ ကောင်းတယ် ညီမ…။
    >Ko Boyz… ပြောလိုက်မှ ခေါင်းစားမိပြီ..။
    >မီ … ဓါတ်ခဲကုန် … မငြိမ်အား… အသစ်ထည့်လို့  ဆက်လျှောက်သွား…။
    >မွန် … မွန်လည်း ကံကောင်းတာပေါ့.. အချစ်ဆုံး သူငယ်ချင်းရှိလို့ …။
    >မနုစံ … အရုပ်ကြီး ရတဲ့ မ.. ကိုလည်း လေးမက အားကျနေတာ..။ ပေးတဲ့ ဆုပြည့်ပါစေ…။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: