လေးမ အကြောင်း တစေ့တစောင်း

Sunday night က ကိုရင်ညိန်း အငြိမ့်ပွဲ သွားကြည့်တာ ပွဲခင်းထဲမှာ နှုတ်ခမ်းနီဗူးပျောက်သွားလို့  အွန်လိုင်းမတက်တော့ပါဘူးဆိုမှ ကြောင်မျိုးက အိမ်ရှေ့  လာအော်တယ်…။ မိတ်ဆွေ ရင်းချာကြီးက အော်တော့လည်း နှုတ်ခမ်းနီ မဆိုးဘဲ အိမ်ရှေ့ ထွက် ရပ်ရတော့မှာပေါ့လေ …။

မောင်မျိုးရေ… လေးမက သူများ အကြောင်းပဲ ပြောချင်တာ… ဒီတစ်ခါ ကိုယ့်အကြောင်းကိုယ်ရေးရမှာပါလားနော်…။ ရေးပြီ … ရေးပြီ …။

ကိုယ့်နာမည်————- လေးမ

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ————– မမလေး.. လေးမ… မလေးမ… ချစ်မ… မမ .. အစ်မ … ညီမ..

ဒီမှာနေတယ်————- လူ့ ပြည်

အလုပ်အကိုင် ——- ထင်ချင်သလိုထင်

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ———- မဆက်နဲ့ 

(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)

အရောင်ဆိုရင် ———-အပြာလို့  ထင်တာပဲ

အ၀တ်အစားဆိုရင် ———-သူ ၀ယ်ပေးတာ

အစားအစာဆိုရင် ———-မုန့် ဟင်းခါး ၊ မြန်မာမုန့် များ ၊ ဘိုမုန့် များ

ပစ္စည်းဆိုရင် ———-ကွန်ပြူတာ

သီချင်းဆိုရင် ———-ခံစားချက် တစ်စုံတစ်ရာပေးနိုင်သော သီချင်းများ

စာရေးစာဆရာ ———-ဂျူး

စာအုပ် ———–
အချစ် ၊ ရာဇ၀င် ၊ ရသ စာပေ

Life style ———-အကြိုက်ဆုံးကတော့ လုပ်ချင်တာ လုပ်လို့ ရတဲ့ဘ၀ ၊ အဖြစ်ချင်ဆုံးဆိုရင်တော့ အေးရာ အေးကြောင်းနေလို့ ရတဲ့ ဘဝ

ကိုယ့်ရဲ့ဝါသနာ ———-အားကစားလုပ်ရတာနဲ့  စကားပြောနေရတာကလွဲရင် တော်တော်များများ ၀ါသနာပါပါတယ်

အလိုချင်ဆုံးလက်ဆောင် ———- နှင်းဆီပန်း ရောင်စုံ အများကြီး

ကိုယ့်ရဲ့ အချစ်ဆုံးသူက ———- လေးမ ၊ ကောင်းကင်

ကိုယ့်ရဲ့ အလေးစားဆုံးသူက ———-အဖေ နဲ့  အမေ

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ———-မိ ၊ ယောင်းမ

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ———-အမေ

ကိုယ့်ရဲ့ အမုန်းဆုံးသူက ———- မိသားစုကို ခွဲတဲ့သူ

ရင်အခုန်ဆုံးအချိန် ———- ရည်းစားစကား ပြောခံရချိန်

အကြောက်ဆုံးအချိန် ———- သရဲကားကြည့်တဲ့ အချိန်

အပျော်ဆုံးအချိန် ———- သူငယ်ချင်းတွေနဲ့  ကစားကွင်းသွားတဲ့ အချိန်

အမှတ်တရနေ့ ———- မင်္ဂလာဆောင်တုန်းက

အချစ်ဆိုတာ ———- လျို့ ဝှက်ချက်တစ်ခုပါ

အမုန်းဆိုတာ ———- နာကျင်မှုကြောင့် ဖြစ်တည်တယ်… (အမုန်း )ဖြစ်တည်မှုကြောင့် နာကျင်ရတယ်

အလွမ်းဆိုတာ———- ပြီးခဲ့တာတွေကို ပြန်သတိရနေတာမျိုး

သံယောဇဉ်ဆိုတာ———- တစ်ယောက်နဲ့  တစ်ယောက် မြင်တွေ့  ဆက်ဆံ … အဆက်အသွယ်ရှိနေချင်တာ…

ဘ၀ဆိုတာ ———- ရုန်းကန်နေရမယ်… ငြိမ်သက်မနေရဘူး

သူငယ်ချင်းဆိုတာ———- သူငယ်ချင်းပါပဲ

ချစ်သူဆိုတာ ———- ချစ်ချင်တဲ့သူ

ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ———- သဘောကောင်း မနောကောင်း

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ———- မရှိဘူး… ဘာကိုမှ မဆွဲထားဘူး… ခံယူချက်က အချိန်နဲ့  အမျှပြောင်းလဲနေတယ်

အပြောချင်ဆုံးစကားတစ်ခွန်း ———- ဘလော့ဂ်မှာ ပို့ စ်အတင်ကျဲပါမယ်… အမြဲ လာလည်ကြတဲ့ မိတ်ဆွေတွေ အားလုံးကို သိပ်ကျေးဇူးတင်တယ်… ဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ကွန်ပြူတာရှေ့ မှာ ငုတ်တုတ်ထိုင်ရင်း ပိုင်ဆိုင်ရအောင် သူငယ်ချင်းတို့ က ကူညီပေးခဲ့တယ်…။ ကျဲမယ်… နည်းမယ်… ဒါပေမယ့် ရှိနေမယ်…။

သတိတရ ရေးခိုင်းတဲ့ မောင်မျိုး နဲ့  မွန်လေး ကို ကျေးဇူးတင်ပါတယ်..။

မှော်ဆရာအပန်းမကြီးဘူးဆိုရင် မှော်ဆရာအကြောင်း ပြောပြစေချင်ပါတယ်..။

14 Responses

  1. ကျဲမယ် နဲမယ်လား တို့အစ်မကတော့ပြတ်တယ် ၊ အော်ဒါနဲ့ပျောက်သွားတဲ့ နှုတ်ခမ်းနီဗူးက ကိုကောင်းကင်ကြီး ပြန်ဝယ်ပေးပြီးပြီဆို 🙂

  2. ကောင်ကြီးကို ချစ်ကြောင်း ခဏခဏ ကြွားတယ်နော် 😛 သဘောကောင်း မနောကောင်းတဲ့ အစ်မလေးမ ရေးပေးတာကျေးဇူးပါ ။

  3. အယ်…မှားတွားလို့  ကောင်ကင်ကြီးလို့ ရိုက်တာ 😀

  4. ဘိုတင့် လာပြောလို့ မလေးမ က Tag ထားတယ် ဆိုတဲ့ အကြောင်းနဲ့ မလေးမ အကြောင်း လာဖတ်သွားခဲ့ပါတယ်ဗျာ။

    ဘာကိုမှ စွဲကိုင်မထား တဲ့ ဆောင်ပုဒ်ကိုတော့ သဘောအကျဆုံးပဲ။ လွတ်လွတ်လပ်လပ် ရှိတာပေါ့။

    ချစ်သော ကောင်းကင်ကြီးနဲ့ မလေးမတို့ ရိုးမြေကျသည်အထိ ပျော်ရွှင်နိုင်ကြပါစေဗျာ. 🙂

  5. မလေးမ အကြောင်း လာဖတ်သွားပါတယ်..။
    နှုတ်ခမ်းနီအသစ် အမြန်ဝယ်ဖြစ်ပါစေ..။ =)
    ကျဲပေမယ့် နည်းပေမယ့် ဖျော်တိုက်ရင် သောက်မှာ .. အဲလေ..
    ရှိနေရင် လာလည်မှာပါ။

  6. မမ..မမအကြောင်းကိုတစေ့တစောင်းလာဖတ်သွားတယ်..မမတင်သမျှပိုစ့်တွေလာဖတ်နေမှာ
    ပါအားပေးလျှက်ပါချစ်မမ.. ။ 🙂

  7. အစ်မရဲ့ ဘ၀နဲ့ သံယောဇဉ် ကို အဓိပ္ပါယ်ဖွင့်တဲ့ပုံကို အရမ်းကြိုက်တယ်။ ပို့စ်အတင်ကျဲပေမယ့် အမြဲ အားပေးနေပါတယ်။ =)

  8. မမလေး လို့ ခေါ်တတ်တဲ့ နာမည်တစ်ခုကို မေ့သွားပြီထင်တယ်နော်။ ရင်ထဲမကောင်းဘူး။ တကယ်တော့ လျှပ်စီးကြောင်း မိထားလို့… 🙂

  9. မမလေးမ အကြောင်း လာရောက်ချောင်းမြောင်းဖတ်ရှုသွားပါတယ်
    သဘောကောင်းတဲ့ ချစ်မရေ.. 😀
    ပို့စ်တင်ကျဲလည်း လာနေမှာပဲ အိုကေတယ်ဟုတ် .. 😛

  10. ချစ်မရေ
    ချစ်ချင်တဲ့သူထဲပါချင်တယ်
    ပို့စ်တင်ကျဲလဲ လွမ်းရင်လာမှာပဲ

  11. နည်းပေ ကျဲပေမယ့်လည်း ရေးနော် မလေးမ

  12. လေးမအကြောင်းဖတ်သွားပြီ။ ပို့်အတင် ကျဲပေမယ့် နည်းပေမယ့် လေးမရေးတာကို အမြဲအားပေးနေမှာ.. 🙂

  13. မမ..အကြောင်းကိုလာဖတ်သွားတယ်..အားပေးနေမှာပါ.. 🙂 🙂

  14. မမလေး…. မမလေး…. မမလေး…..

    သြော်…. ဒီလို မခေါ်ဖြစ်တာတောင် တော်တော်ကို ကြာသွားပြီနော်….
    ကျွန်တော့်ကို မှတ်မိသေးလား။

    နေရာတွေ ပြောင်းလို့ google ပြီး မနည်းရှာလာတာ…. 😀

    အစစ အရာရာ အဆင်ပြေပါစေ။

    tzm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: