စလုံးရေစ … စွပ်ပြုတ်

စလုံးက စာကလေးက

စွပ်ပြုတ်သောက်ချင်တယ်လို့ 

စီဘောက်စ်မှာ ခဏခဏပူဆာလို့ 

စိတ်အာဟာရ ဖြစ်စရာ

စွပ်ပြုတ်တစ်ခွက်ကို

စာကလေးနဲ့ တကွ

စိတ်ဝင်စားတဲ့သူသောက်သုံးဖို့ 

စိတ်ပါလက်ပါ ကူးပေးလိုက်တယ်

စိတ်ချလက်ချ သုံးဆောင်ပါ

အဆိပ်မပါ

ဆရာဖေမြင့် ဘာသာပြန်ထားတာ…။

နှလုံးသားအတွက် တစ်သက်တာ အာဟာရ 

အတန်းထဲက

အမှတ်မထင်လေ့ကျင့်ခန်းကလေးသည်

တစ်သက်တာမမေ့နိုင်စရာ

သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့သည်။

ရက်သတ္တပတ်တစ်ခုလုံး သင်္ချာသစ်သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်းတွက်ချက်ခဲ့ကြရသည်။ သင်ခန်းစာက ခက်တော့ ကလေးတွေ စိတ်ပင်ပန်းကာ တစ်ဦးပေါ်တစ်ဦးလည်း ခါတိုင်းလို သည်းမခံနိုင်ဘဲ အလွယ်တကူ စိတ်တိုနေကြသည် ။သို့ နှင့် အခြေအနေတွေ ဒီထက် ဆိုးရွားမသွားခင် ထိန်းသိမ်းရန် အစီအစဉ်တစ်ခု ကျွန်မ ပြုလုပ်သည် ။

ကျွန်မ အစီအစဉ်က အတန်းသား တစ်ဥင်္ီးချင်းအား မိမိ အတန်းဖော်များ၏ အမည်ကို တစ်ခုနှင့်တစ်ခု နည်းနည်းစီချဲ၍ တန်းစီလျက် ဗလာစာရွက်တွင် ရေးချစေသည်။ ထို့ နောက် အမည်တစ်ခုစီ၏ အနီးတွင် ချန်ထားသည့် ကွက်လပ်အသီးသီး တွင် အတန်းဖော်သူငယ်ချင်းနှင့်ပတ်သက်၍ မိမိမြင်သည့် အကောင်းဆုံးအချက်တစ်ခုစီကို စဉ်းစားရေးသားကြစေသည် ။ ထိုနေ့ က ကျန်ရှိသည့် စာသင်ချိန်ကလေးမှာ ထင်မြင်ချက်များရေးသားကြရင်းပင် ကုန်ဆုံးသွားသည်။ အတန်းပြီးသည့်အခါ ကျောင်းသူကျောင်းသားအားလုံး သူတို့  စာရွက်ကလေးတွေ ကိုယ်စီ ကျွန်မဆီ အပ်ပြီးပြန်ကြသည် ။

အဲသည် စနေနေ့ မှာ ကျောင်းသားကျောင်းသူ တစ်ဦးစီ၏ အမည်ကို စာရွက်လွတ်တစ်ရွက်စီ ထိပ်တွင်ကျွန်မရေးထိုးပြီးနောက် တစ်ဦးစီနှင့် ပတ်သက်သည့် အတန်းဖော် သူငယ်ချင်းအသီးသီးတို့ ၏ မှတ်ချက်များကို စီတန်းရေးချသည်။တချို့  အတွက် တစ်ရွက်ရေးရသည်။ တချို့ အတွက် ၂ ရွက် ။

တနလာင်္နေ့ ရောက်သောအခါ အဲသည် စာရွက်များကို သက်ဆိုင်သူ အသီးသီးသို့  ကျွန်မ ဖြန့် ဝေ ပေးလိုက်သည်။သည်စာရွက်တွေ ဖတ်ကာ မကြာမီ တစ်တန်းလုံးပြုံးလာကြသည်ကို တွေ့ ရသည် ။

“ ဟယ် … တကယ်လား…၊ ငါက သူများတွေ ဒီကိစ္စ သတိထားမိမယ်တောင် မထင်ဘူး…”

“ ငါ့ကို သူများတွေ ဒီလောက် သဘောကျလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး”  စသည့်တီးတိုးမှတ်ချက်ချသံများ ကျွန်မကြားရသည်။

သို့ သော်နောက်ပိုင်းမှာတော့ သည်စာရွက်များနှင့်ပတ်သက်၍ မည်သူ့ ထံကမျှ စကားတစ်ခွန်း တစ်ပါဒ မကြားရတော့ပါ။ စာသင်ချိန်အပြီးမှာ သူတို့  အချင်းချင်း ဆွေးနွေးပြောဆိုကြတာ၊ အိမ်မှာ မိဘတွေကို ပြောကြတာရှိမလားတော့ မပြောတတ်ပါ။

အဲသည် ဝေဖန်ဆွေးနွေးမှုတွေ ရှိမရှိက အရေးမကြီးပါ ။ အရေးကြီးသည်က သည်စာရွက်တွေ ပေးလိုက်ပြီးသည့်နောက်ပိုင်း သူတို့ တစ်တွေ ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ အတန်းသူအတန်းသားတွေ အားလုံး ရွှင်ရွှင်ပျပျ ဖြစ်လာပြီး တစ်ဦးကိုတစ်ဦးလည်း ယခင်ကနည်းတူ ခင်ခင်မင်မင် ပြန်လည်ဆက်ဆံလာကြပါသည်။

သည်လိုနှင့် အချိန်တန်တော့လည်း မာ့ခ်တို့  အုပ်စု ကျွန်မလက်ကထွက်ကာ အတန်းသစ်အဆင့်ဆင့်တွေ တက်သွားကြပါသည် ။

ကြားမှာ နှစ်ပေါင်း အတော်ကြာခဲ့သည်။တစ်နေ့  ကျွန်မ အပန်းဖြေ ခရီးက ပြန်လာတော့ မိဘများက ကျွန်မကို လေဆိပ်မှာ လာကြိုပါသည် ။

………………….

အဖေက ချောင်းတစ်ချက်ဟန့် ကာ စကားစသည်။

……………….

“ မာ့ခ် ဗီယက်နမ်မှာ ကျသွားတယ်…၊ နက်ဖြန် သဂြိုဟ်မှာ ၊ သူတို့ မိသားစုက သမီးကို အသုဘ လိုက်ပို့ စေချင်ကြတယ်”

………………..

……………….

အားလုံးနောက်တွင်မှ ကျွန်မ မာ့ခ် ရုပ်ကလာပ်ကို ကောင်းချီးမင်္ဂလာပေးသည်။ ခေါင်းတလားအနီး ကျွန်မရပ်နေဆဲ စောစောက ခေါင်းတလား ထမ်းရာတွင် ပါဝင်သည့် စစ်သားလေးတစ်ယောက် အနားရောက်လာကာ “ မာ့ခ်ရဲ့ သင်္ချာဆရာမ လားခင်ဗျာ” ဟုမေးသည်။ ကျွန်မက ခေါင်းညိတ်ပြကာ ခေါင်းတလားကို မမှိတ်မသုန်ကြည့်နေမိသည်။ “ ဆရာမ အကြောင်းသူအမြဲပြောတယ် ” သူက ဆက်ပြောတယ်။…..

……………..

“ဆရာမကို ပြစရာ တစ်ခုရှိတယ်” မာ့ခ်၏အဖေက ဆိုကာ သူ့ ပိုက်ဆံအိတ်ကို ထုတ်သည်။

“မာ့ခ်ကွယ်လွန်တဲ့ အချိန်သူ့ ကိုယ်ပေါ်မှာ ဟောဒီဟာလေး တွေ့ ရတယ်လို့  ဆိုတယ်၊ ဆရာမ မှတ်မိလိမ့်မယ်လို့  ထင်ပါတယ်”

သူက ပိုက်ဆံအိတ်ကို ဖွင့်ကာ နွမ်းကြေစုတ်ပြတ်နေပြီဖြစ်သော ဗာလာစာရွက်စ နှစ်ခုကို ဂရုတစိုက် ထုတ်ယူသည်။ စက္ကူစများက ဖြန့် လိုက်ခေါက်လိုက် လုပ်ပါများသဖြင့် ခေါက်ရိုးနေရာမှ ပြတ်တောက်ကာ တိပ်စများနှင့်ပင် အကြိမ်ကြိမ် ပြန်ကပ်ထားခဲ့ရပုံပေါ်နေသည်။ ကျွန်မသေသေချာချာပင် ကြည့်စရာမလိုပါ။ အတန်းဖော်သူငယ်ချင်းများ ရေးသည့် မာ့ခ်အကြောင်း အကောင်းဆုံးမှတ်ချက်တွေကို စုစည်းပေးထားသည့် မှတ်တမ်းစာရွက်များဖြစ်ကြောင်း ကျွန်မသိပါသည်။

“ ဒီအတွက်ဆရာမကို အများကြီး ကျေးဇူးတင်ပါတယ် ၊ ဆရာမမြင်တဲ့အတိုင်း သူက ဒီဟာလေးကို သိပ်တန်ဖိုးထားတာ” မာ့ခ် ၏ မိခင်ကဆိုရှာပါသည်။

မာ့ခ်၏ အတန်းဖော်တွေ ကျွန်မအနီးသို့  ချဉ်းကပ်လာကြသည် ။ ချပ်က ရှက်ပြုံးကလေးပြုံးကာ “ ကျွန်တော်လည်း ကျွန်တော့် စာရွက်ကလေးကို သိမ်းထားပါတယ် ၊ အိမ်က ကျွန်တော်စားပွဲ အပေါ်ဆုံးအံဆွဲထဲမှာ အမြဲရှိတယ်။”

“ချာလီကလည်းသူ့ စာရွက်ကလေးကို ကျွန်မတို့  လက်ထပ်ပွဲ အယ်လ်ဘမ်ထဲမှာ ထည့်ထားခိုင်းတာ” ချာလီ၏ ဇနီးက ၀င်ပြောသည်။

“ ကျွန်မမှာလဲ ရှိတယ် ၊ဒိုင်.ယာရီထဲ ညှပ်သိမ်းထားတယ်” ဟု မာရီလင်က ဆိုသည်။

နောက်ထပ် အတန်းဖော်တစ်ဦး ဖြစ်သူ ဗစ်ကီက လက်ပွေ့ အိတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ဖွင့်ပြီး သူ့ စာရွက် ကြေကြေမွမွလေးကို ထုတ်ပြသည်။ “ ကျွန်မကတော့ ဒါလေးကို အမြဲ ကိုယ်နဲ့ မကွာ ဆောင်ထားတယ် ၊ ကျန်တဲ့ သူငယ်ချင်းတွေ အားလုံးလဲ သူတို့ စာရွက်တွေ ရိုရိုသေသေ သိမ်းထားကြမှာပါ” ဟု သူကဆိုသည်။

သည်ဟာတွေ ကြားပြီးသည့်နောက်တွင်တော့ ကျွန်မ လုံးဝ ထိန်းထားနိုင်စွမ်းမရှိတော့ပါ။ အဲသည်နေရာမှာပင် ထိုင်ကာ ကျွန်မ ငိုချလိုက်မိပါသည်။ မာ့ခ်အတွက်ရော မာ့ခ်ကို နောက်ထပ် ဘယ်သောအခါမျှ တွေ့ နိုင်ကြမှာ မဟုတ်တော့သည့် သူ့ သူငယ်ချင်းများအတွက်ပါ ကျွန်မ ငိုလိုက်မိခြင်းဖြစ်ပါသည်။

ဝန်ခံချက်။ ။Helen P. Mrosla ၏ All The Good Things ကို ဆရာဖေမြင့် ဘာသာပြန်ထားတာပါ…။ စာအုပ်ကြည့်လိုက်.. မော်နီတာ ကြည့်လိုက်… ကီးဘုတ်ကြည့်လိုက်နဲ့  ရိုက်ရတဲ့ လေးမကို သနားရင် တစ်ပုဒ်လုံး အပြည့်အစုံမကူးဘဲ လို ချင်တဲ့ စာသားတွေပဲ ရွေးကူးပေးထားတာကို ခွင့်လွတ်ပေးကြပါ …။

လေးမတို့  ငယ်ငယ်က အော်တိုစာအုပ်လေးတွေမှာ အမှတ်တရရေးခိုင်းတဲ့ အတွေ့ အကြုံလေးတွေ ရှိခဲ့ပါတယ်…။ နောက်ပိုင်းတော့ “ရေးပေးပါ” စာအုပ်လေးပေါ်လာပြီး ရေးဖြစ်ခဲ့ကြတယ်….။ ဒါပေမယ့် ဒီလိုလေးနက်တဲ့ ခံယူချက်မျိုးမရှိခဲ့ဘဲ ပေါ့ပေါ့တန်တန် ပေါ်ပင် သဘောမျိုးပဲ ရေးခဲ့… ရေးခိုင်းခဲ့မိပါတယ်…။ ဒါကြောင့် အထက်တန်းတုန်းက အော်တိုစာအုပ်… လေးမမှာ မရှိတော့ပါဘူး…။ တက္ကသိုလ်တုန်းက စာအုပ်လေးတွေတော့ ကံကောင်းထောက်မစွာ ကျန်နေသေးလို့ scan ဖတ်ပြီး  A Story in MTU  မှာ တင်ထားပါတယ်.. ( လောလောဆယ်တော့ ပုံတွေ ပျောက်နေတယ်.. ဟီး..ဟီး.. အချိန်များများရတဲ့တစ်နေ့ မှ ဘလော့ဂ်က ပုံတွေကို ပြန်တင်ရဦးမယ်) ။

အခုလည်း လေးမ အွန်လိုင်းမှာ ရေးတယ်… ဖတ်တယ်… လည်တယ်… ရေးတယ်….။ ကွန်မန့် တွေ ရတယ်… ကွန်မန့် တွေ ရေးတယ်….။ အရင်ကတော့ တော်တော်များများ ပြောကြ… ခံယူထားကြသလိုပဲ …. “ကွန်မန့် တွေဟာ ရေးသူအတွက် အားဆေး… စာမူခ… ” အဲလို ခံယူခဲ့ပါတယ်…။ ဒါပေမယ့် အင်တာနက်ကို ကာလအကြာကြီး ဘယ်မှာမှ သုံးလို့ မရတော့တဲ့ အခြေအနေကို ရင်ဆိုင်လိုက်ရတဲ့ အချိန်မှာ ရခဲ့ဖူးတဲ့ ကွန်မန့် တွေဟာ အရင်က ထင်ခဲ့… ခံယူခဲ့တာထက် အများကြီး ပေးဆပ်နိုင်ခဲ့ပါတယ်….။ မာ့ခ်တို့ လောက် စိတ်လှုပ်ရှားစရာ စွမ်းဆောင်ချက်မဟုတ်ပေမယ့် လေးမ အတွက်တော့ သူငယ်ချင်းတွေရဲ့ အပြုသဘော … ဝေဖန်စနောက်… ကောင်းချီးပေးသွားတာလေးတွေ ပြန်ဖတ်ရတာ အင်မတန် ကြည်နူးမိတယ်….။ သေချာ ဖိုင်နဲ့  သိမ်းထားမိတဲ့ ကိုယ့်ကိုယ်ကို လည်း ကျေးဇူးတင်မိပါတယ်…။

ဒီိလိုရေးလို့  လေးမ ကွန်မန့် တွေ ရေးခိုင်းနေတာလားလို့  မေးရင် ဟုတ်ပါတယ် … လို့ ပဲ ဖြေရပါမယ်…။ လေးမ ကွန်မန့် တွေကို ချစ်ပါတယ်…။ ဒါပေမယ့် အရာရာတိုင်းမှာ ဘေးထွက် ဆိုးကျိုးဆိုတာ ရှိပါတယ်…။ ၀တ်ကျေ တန်းကျေ ( ကိုပီကေ ရေးသလို … အထာနဲ့ ပေါ့ ) ကွန်မန့် တွေကတော့ ဘလော့ဂ်ရေးသူကို စိတ်ကသိကအောက် ဖြစ်စေပါတယ်…. ။ ကံကောင်းတာကတော့ အဲလို ကွန်မန့် မျိုး လေးမ မရသေးဘူး… မရေးသေးဘူး …. ထင်ပါတယ် ( ရှိတော့ ရှိမယ်… နည်းနည်းလေးပါပဲ) …။

မိတ်ဆွေသူငယ်ချင်းတစ်ယောက် ရင်ဘတ်နဲ့  ရေးထားတဲ့ ပို့ စ်တစ်ပုဒ်အတွက် … ကိုယ့်အကြိုက်နဲ့  ကိုက်ညီပြီး … နှစ်သက်လို့  …. ကွန်မန့်  ရေးဖို့ လည်း လွယ်တဲ့ အခြေအနေမျိုးမှာ …. အပန်းလည်းမကြီးဘူးဆိုရင် …… ကိုယ့်ရင်ဘတ်ထဲက စကားတွေ ချရေးပေးခဲ့တာ  ဘလော့ဂ်ပိုင်ရှင်အတွက်တော့ နှလုံးသား အာဟာရတစ်ခုပါပဲ ….။ ။

 

18 Responses

  1. ဆရာဖေမြင့်ရေးတာထက် အောက်က တီကြွက်ရေးထားတာကို ပိုသဘောကျတယ် ကျနော်လည်း စိတ်ညစ်တဲ့ အချိန် သူငယ်ချင်းတွေကို သတိရတဲ့ အချိန်တိုင်း ကော့မန့် အဟောင်းတွေပြန်ဖတ်ဖြစ်တယ် တကယ့်အမှတ်တရပါပဲ အင်တာနက်ကြီးဆိုတာရှိနေသေးသ၍ တော့ ခင်မင်မှု အမှတ်တရတွေ ရှိနေမှာပါပဲ။ ခင်ဖို့ ကောင်းတဲ့ အစ်မကြီးဆီမှာတော့ ရင်ဘတ်နဲ့  မခံစားပဲ ဘာမှမပြောခဲ့မရေးခဲ့တာ သိတယ်ဟုတ် 😛 ကိုယ့်ရင်ဘတ်ထဲက စကားတွေ ချရေးပေးခဲ့တာ ဘလော့ဂ်ပိုင်ရှင်အတွက်တော့ နှလုံးသား အာဟာရတစ်ခုပါပဲ …ဆိုရင်တော့ ကျနော်တို့ က အပြန်အလှန် နှလုံးသားစွပ်ပြုတ်တွေ သောက်နေကြသူတွေပေါ့ဗျာ 🙂

  2. စွပ်ပြုတ်ပူပူလေးလာသောက်သွားပါတယ်…ခုတလော စိတ်တွေလေပြီးထွေပြားနေတုံးမို့
    တကယ့်အာဟာရအပြည့် စွပ်ပြုတ်တစ်ခွက်အတွက်ကျေးဇူးပါ မလေးမ..
    အဲ..”မလေးမ” နံမည်ကို ချရေးတော့မှပဲသတိထားမိတော့တယ်။
    ရှေ့ကဆိုဆို၊ နောက်ကနေ ဘက်ဆုတ်ပြီးပဲခေါ်ခေါ် တူတူပဲနော်…:))
    “ဘူးသီးမသီးဘူး” လိုမျိုးလေ..:P

  3. အား…ဘာပုံရီးလဲ…”လွတ်လပ်ခြင်း”မှာ ကောမန့်ရေးတုံးကလည်း သာမီးပုံက ဒီလိုခရမ်းကောင်အကောင်ပုံကြီးထွက်လာတယ်၊ ခုရောပဲ..မတရားဝူး..သူ့ကျတော့ မျက်မှန်နဲ့ ရှိုးစမိုးအပြည့်ပဲ..တူညားတွေပုံကျ မလှအောင်လုပ်ထားဒယ်…:(((((

  4. ဟားဟားး ဟုတ်ပါ့ မsin dan lar ပုံကြီးက ကာယဗလ မောင်ကြီးလိုပဲ ဟိဟိ 😛 😀

  5. အဆိပ်မပါမှန်းသိတဲ့အတွက် ယုံယုံကြည်ကြည်နဲ့ သောက်သုံးမိပါတယ်၊ စာလုံးအနက်နဲ့ရေးထားတဲ့ စကားလုံးတွေကိုအကြိုက်ဆုံးပါပဲ၊ စိတ်အစာတစ်ခုကို စားသုံးခွင့်ရတဲ့အတွက် ကျေးဇူးအထူးပါ၊ အဆင်ပြေပါစေ အစ်မလေးမ 🙂

  6. ယောင်းမရေ ….
    ယောင်းမက ဒါမျိုးတွေ သိပ်တတ်တယ် ။ သိပ်တတ်နိုင်လွန်းတယ် ။
    အခြေအနေ ၊ အချိန်အခါ ၊ အကြောင်းအရာ အစပ်အဟပ် သူ့နေရာနဲ့သူ ကွက်တိပဲ ။ လိုအပ်တဲ့ ကာတွန်း ၊ ပုံပြင် ၊ ရာဇဝင်အချက်အလက်တွေကိုလည်း အကြောင်းအရာနဲ့ အံကျအောင် ဆွဲယူအသုံးပြုပြီး ပေးချင်တဲ့ မက်ဆေ့ခ်ျ ကို ရောက်အောင် ဆက်စပ်သွားပုံတွေ ….. ယောင်းမရေ ။
    ခုတော့ ရေးခဲ့ပါပြီ ။
    စွပ်ပြုတ်ကောင်းကောင်းလေးအတွက် အထူးကျေးဇူးပါ ယောင်းမရယ် ။
    ဒီစွပ်ပြုတ်က အဆိပ်မပါပေမဲ့ ငရုတ်ကောင်းတော့ ပါပုံရတယ် … ။ ထိသွားတာပဲ ။ အာပူ လျှာပူ လိုပဲ ။
    😀

  7. နာ့ကို ကာယဗလမောင်လို့ပြောသွားတာ..တွေ့ရာသင်္ချိုင်းဒါးမဆိုင်းပဲဟေ့
    ကြွက်စုတ်ကြွက်နာ ..ဒိုင်းဒိုင်း…(ဦးစိတ်တိုနဲ့မျောက်ညိုကာတွန်းမှ မှီငြမ်းပါသည်):P

  8. ဆရာဖေမြင့်ရေးထားတာလေးရော မမရေးထားတာလေးပါအရမ်းကြိုက်ပါတယ်….
    ဝေလေးလဲ ဒီလိုပဲ စိတ်ညစ်လာရင် အရင်ပို့စ်အဟောင်းတွေက ကွန်မန့်တွေပြန်ဖတ်မိတယ် အလွတ်တောင်ရနေပြီ…..

    …… ကိုယ့်ရင်ဘတ်ထဲက စကားတွေ ချရေးပေးခဲ့တာ ဘလော့ဂ်ပိုင်ရှင်အတွက်တော့ နှလုံးသား အာဟာရတစ်ခုပါပဲ …

    မမကို အာဟာရ တိုက်ကျွေးသွားတယ်နော် သောက်လို့ကောင်းတယ်ဟုတ် 😛 😛

    မမရဲ့ စွပ်ပြုတ်ကိုလည်း စိတ်ချလက်ချကိုသောက်သွားတယ်. ကောင်းမှကောင်း 😀

  9. လူတွေကို ခင်မင်တတ်ပြီး စေတနာပါတဲ့ ပို့စ်လေးတွေကို ရေးတတ်တဲ့ လေးမအတွက် နှလုံးသားထဲက လာတဲ့ မှတ်ချက်လေးတွေ ဆက်ပြီး ရနေဦးမှာပါပဲ။

    ရေးသူအတွက်ရော ဖတ်သူတွေအတွက်ပါ ရေးဖြစ် ဖတ်ဖြစ်နိုင်ဖို့ လုံလောက်တဲ့ အချိန်၊ အင်တာနက် လိုင်းကောင်းမကောင်း အနေအထား၊ နောက်ခံ စိတ်ခံစားမှု အခြေအနေ ကြည်ကြည်လင်လင် ရှိနေတာတွေ တိုက်ဆိုင်တဲ့အခါ အပြန်အလှန် လှိုင်းလေးတွေက ပိုအသက်ဝင်လာမှာပါ။ သို့သော်လည်း အခြေအနေဆိုတာ အမြဲတမ်းတော့ ကိုယ့်ဘက်မှာ ရှိမနေနိုင်ဘူး။ ကိုယ့်အတွက်တော့ တဖြည်းဖြည်း ကျဉ်းမြောင်းလာလို့ ဖန်တီးတဲ့ အချိန်တောင် အနိုင်နိုင်ပဲ လေးမ။

  10. မလေးမရေ နေမကောင်း ဖြစ်ပြီးစလူက စွပ်ပြုတ်ပြန်တိုက် နေရတယ်။ ဟဲ။ စာမူခ (ကော်မန့်) တွေကို ပုံရိပ်လည်း နှစ်သက် ပါတယ်။ စွတ်ပြုတ်တွေ ဆက်တိုက်နိုင် ပါစေ။

  11. >သားကြွက် … အာဟာရ ဒါန ပြုသူများလို့  ခေါ်လို့ ရသပေါ့…။ သားကြွက် သူများကို လာစတာ ပစ်ခံရပြီ မဟုတ်လား…။

    >sin dan lar … စင်ဒရဲလားရဲ့ ညီမလေးများလား…။ ဟုတ်ပ.. ညီမလေးပုံလေးက ချစ်စရာလေးနော်..။ ဒါနဲ့  ညီမလေးက ဒိုင်း..ဒိုင်း လုပ်ပြီး ရလာတဲ့ ကြွက်ကို ကင်စားလိုက်နော်…။ ဟီး…။ ထွေနေတယ်ဆိုတော့ ( အရက်) ဘယ်နှစ်ခွက် သောက်လိုက်မိတာတုန်း…။

    >ဘိုတင့် … အသုံးတည့်တယ်ထင်ရင် ဗိုက်ဆာတိုင်း ဒီနေရာ လာခဲ့နော်… စွပ်ပြုတ်တွေ ရှိတယ်..။

    >ယောင်းမ … ဟား.. ဟား… ငရုတ်ကောင်းလား … ပါသပေါ့ကွယ်… ။
    ရခိုင်မုန့် တီမှာ သုံးတဲ့ ရခိုင်ငရုတ်သီး ထောင်းလေးတောင် စွပ်ပြုတ်ထဲ ဖွက်ထားလိုက်သေးတယ်…။ ယောင်းမက မွှေသောက်တော့ ထိသွားတာပေါ့ …။

    >ဝေလေး… ကောင်းမှကောင်း… လား…။ ပါဆယ်ယူသွားနော်…။

    >မပန် … အရီးလေးပန်… လေးမလည်း တူတူပါပဲ.. မပန်… ။ အခြေအနေတွေက လိုက်ဖမ်းနေလို့  ပြေးလွှားနေရတယ်…။ ကျန်စစ်သားက စောလူးမင်းကို ရန်သူ့  လက်က ကယ်ပြီးမှ ပြန်ပစ်ချခဲ့သလို ဘလော့ဂ်ကို မပစ်ချနိုင်သေးလို့ 
    ဘလော့ဂ်ပွေ့ ရင်း အခြေအနေတွေ လက်က လွတ်အောင် ပြေးနေတယ်…။ မပန်လည်း ကျဉ်းမြောင်းလာတဲ့ အခြေအနေတွေ ကြားထဲက ဘလော့ဂ်ကိုပွေ့ ရင်း လွတ်အောင် ပြေးပါ..။

    >မပုံရိပ် … ဟဲ… စာတွေ ပြန်ရေးဖြစ်နေတာ တွေ့ ရတယ် …။ ဆက်မိုက်နေပါ…ရှင်..။

  12. အစ်မလေးမရေ အဆိပ်မပါမှန်းသိလို့ ရဲရဲကြီးမော့သောက်ချသွားတယ် 🙂
    မှတ်မှတ်ရရ ဆယ်တန်းမြန်မာစာမေးခွန်းမှာ အကြိုက်နှစ်သက်ဆုံးစာအုပ်တစ်အုပ် ဆိုပီး စာစီစာကုံးခေါင်းစဉ်တစ်ခု ပါတယ် အဲတုန်းက အတွဲ၁ နဲ့၂ ပဲထွက်သေးတာ
    အခုအစ်မလေးမထုတ်နုတ်ပြတဲ့ နှလုံးသားအာဟာရ စာအုပ်ကို ရေးခဲ့တယ်
    ၇၅ 🙂
    အစ်မလေးမပို့စ်တွေက အေးအေးချမ်းချမ်းနဲ့ ဖတ်ရတွေးရတာ သဘောကျတယ်။
    ကွန့်မန့်ရေးတာကတော့ အမလောက် စာမချောတာ ခွင့်လွှတ်ဗျ။
    ဆယ်တန်းတုန်းက သူငယ်ချင်းတွေရေးပေးထားတဲ့ စာအုပ်လေး ခုထိရှိသေးတယ်
    ဒီထိယူခဲ့တယ် 🙂
    ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ … 🙂 🙂

  13. ချစ်မရေ
    ဒီပုံပြင်လေးကိုဖတ်ဖူးပါတယ်
    ချစ်မက တကူးတကပြန်တင်ပေးတယ်ဆိုတော့ အစ်မစေတနာကို အပြည့်အ၀ အသိအမှတ်ပြုတဲ့ အနေနဲ့ သေသေချာချာ နောက်တစ်ခေါက် ထပ်ဖတ်သွားပါတယ်။
    သေချာတာပေါ့ ကွန်မန့်တွေကအားဆေးဆိုတာ ဘလော့ဂါကိုယ်တိုင်က အသိဆုံးပဲဟာ။
    ချစ်မအတွက်အားဆေးပါတယ်။ အာဘွားးးးးးးးးးးးး

  14. မလေးမရေ..
    ချစ်မ ချက်ကျွေးတဲ့ စွပ်ပြုတ် လာသောက်သွားပါတယ်။
    တကယ် နေမကောင်းတုန်းက သူငယ်ချင်း ချက်ကျွေးတဲ့ စွပ်ပြုတ်ကိုလည်း သတိရသွားတယ်။ သောက်လို့ အရမ်းကောင်းတယ်။
    မလေးမ ရေးသလိုပဲ။ သူငယ်ချင်းတွေ ကိုယ့်အပေါ်ထားတဲ့ စေတနာ ဆိုတာ စိတ်ရဲ့  အာဟာရပါပဲ။

  15. သိပ်အရသာရှိတဲ့ စွပ်ပြုတ်တစ်ခွက်ပါပဲဗျာ. မိတ်ဆွေတွေကို မျှဝေချက်ကျွေးတဲ့ မလေးမ ကို အားလုံးကလည်း သိပ်ကို ကျေးဇူးတင်မိကြမှာပါ. နောက် အစ်မပြောသလိုပဲ ကျွန်တော်တို့ အားလုံးမှာလည်း ကိုယ့်စိတ်နဲ့ ကိုယ့်ကို ဆိုပေမယ့် သူတစ်ပါး တွေ ကိုယ့်ကို ချီးမြှင့်ခဲ့တဲ့ ထင်မြင်ယူဆချက်၊ ကိုယ့်အပေါ် ထားတဲ့ အမြင် စတာတွေကို စကားနဲ့ပဲ ဖွင့် ပြောသည် ဖြစ်စေ၊ ဖွင့်မပြောသည်ဖြစ်စေ အလေးအနက် တန်ဖိုး ထားပြီး သိမ်းဆည်း သိုဝှက်တတ်ကြမှာ မလွဲပါလောက်ပါဘူး. 🙂

  16. လေးမရဲ့ စွတ်ပြုတ်ကို အားပါးတရကြီး သောက်သွားပါတယ်။ ညီမလေးရဲ့ Blog ကို ရောက်တိုင်း comment မပေးပဲမနေနိုင်ပါဘူး။ နောက်ပြီး comment တွေကို အလေးထားပြီး သေချာ save လုပ်ထားတယ်ဆိုလို့ အံ့သြမိတယ်။ တခါတလေ သူငယ်ချင်းတွေ ရေးသွားတဲ့ comment တွေက တကယ်ကို အားဖြစ်စေတယ်…

    မပန်ကို ပြန်ဖြေထားတာလည်း သဘောကျတယ်….။:D

  17. အမလေးမရေ.. စွပ်ပြုတ်တိုက်တဲ့ ကျနော့်အမကို ကျနော်လဲ အားဆေးပြန်တိုက်မှာပေါ့။း)
    အမရေးတဲ့စာတွေမှာ လေးနက်တည်ကြည်တဲ့ လူကြီးဆန်မှုတွေပါတယ်။ ဒီလိုစာတွေ ဖတ်ရတဲ့အခါ အကျိုးတစ်ခုခု ဖြစ်စေလို့ ကျေးဇူးတင်တယ် (ဖတ်နေတုန်း ပေးလိုက်ရတဲ့ အချိန်အတွက် အသိတရားတစ်ခုခု ပြန်ရစေတယ်)။ ဖော်ရွေတဲ့ ဆက်ဆံမှုရှိတယ်။ အချိန်အခါနဲ့အညီ ရာသီစာတွေပါတယ်။ ဗဟုသုတဖြစ်စရာတွေရှိတယ်။ မှတ်မိနေသေးတယ် တခါက ဒီပို့မှာ ခေါင်းစဉ်အတပ်မှားထားတာကို မှားနေတယ်လို့ မပြောပဲ အမှားမှန်းသိအောင်တော့ ထိမ်းပြောပေးခဲ့တာပေါ့။ အမသတိပေးမှ မှားနေမှန်း သိလို့ ပြင်ခဲ့ရတယ်။ အမှတ်တရရှိနေပေမယ့် ကြားရက်မှာ မအားလို့ ခုမှ ပြောဖြစ်တာပါ။ (မာ့ခ် လို မဖြစ်ရအောင် ခုတခါတည်း သတိတရပြောလိုက်တာ 😛 ) ။ ပြသနာတစ်ခုခုကြောင့် စာရေးတာ ရပ်သွားမှာကို စိုးရိမ်မိပါတယ်။ အမြဲရေးနေဖို့ မျှော်လင့်ပါကြောင်း အမရေ။

  18. >ညိမ်းညို … တော်လိုက်တာ အစ်မက တက္ကသိုလ်ရောက်မှ အဲလို စာအုပ်မျိုးဖတ်ဖူးတာ…။ မြန်မာစာလည်း ဂုဏ်ထူးမထွက်ဖူးဘူး…။ အားငယ်ပါ့…။

    >ခေးရော့စ်… ၀ိုး.. အားရှိသွားပြီ… လက်ဆောင်ပြန်ပေးမယ် … အာဘွား…။

    >ရွှန်းမီ … စွပ်ပြုတ်ချက်ကျွေးတဲ့ သူငယ်ချင်းရှိတာ မီ ကံကောင်းတာပဲ…။

    >မှော်ဆရာ … ရေးသွားတာ အားရှိ စရာပဲ… ရော့.. ပါဆယ်ယူသွားဦးနော်…။

    >မနုစံ … အစ်မရဲ့ ကွန်မန့် တွေက အမြဲပဲ အလေးအနက်ရှိနေတာ လေးမ သတိထားမိပါတယ်…။ မပန်ကို ပြန်ဖြေထားသလိုပဲ နော်… မနုစံရော လေးမရော.. ဆက်ပွေ့ ထားကြစို့ …။
    >ကျန်စစ်… ဘာ.. မာ့ခ်လိုလဲ.. လျှောက်မပြောပါနဲ့ …ဖွက်…။ အားဆေးက မော်စကိုကမို့ ထင်တယ်… အစွမ်းထက်ပါ့… ကျေးဇူး…။ ကျန်စစ်တို့ လည်း ကာလကြာကြာ စာရေးနေဖို့  အစ်မ မျှော်လင့်ပါတယ်…။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: