2008 နောက်ဆုံးည

လွန်ခဲ့သော နှစ်ပေါင်းများစွာရဲ့ နောက်ဆုံးညတွေကို အိပ်ပျော်ရင်း.. ရုပ်ရှင် ကြည့်ရင်း.. ငြိမ်သက်စွာ ဖြတ်ကျော်ခဲ့ပါတယ်..။

ဒီနှစ် ၂၀၀၈ ရဲ့ နောက်ဆုံးညကိုတော့… မအိပ်ဘဲ… ဖြတ်ကျော်ခဲ့ပါတယ်..။ အကြောင်းတိုက်ဆိုင်လို့  ၂၀၀၈ ကို နှုတ်ဆက်တဲ့ နေရာတစ်ခုကို ရောက်ခဲ့ပါတယ်…။ ဘူဖေးပွဲကြီးထဲမှာ လေးမ အကြိုက်တွေက အမယ်စုံ …။ ညနေ ငါးနာရီလောက်ကတည်းက ဆာနေတဲ့ ဗိုက်ကို ရေကလွဲပြီး ဘာမှ မဖြည့်ထားတာ… တန်အောင်ဆွဲတာပေါ့…။ ပထမတစ်ခေါက် … စားပွဲရှည်ပေါ်က ဟင်းတစ်မျိုးစီကို မစားတဲ့ အသားတွေကလွဲရင် တစ်မျိုး နည်းနည်းစီ ထည့်လာခဲ့တယ်…။ သတိရတာ ပေါ့.. လေးမကို သံယောဇဉ်ရှိကြတဲ့ အွန်လိုင်းက မောင်နှမတွေကို သိပ်သတိရတာပေါ့… ဒါကြောင့်… အားလုံး ကိုယ်စား… လေးမ ပိုစားခဲ့ပါတယ်…။ အရည်လား… အချိုရည် က သတ်သတ်ဝယ်သောက်ရမယ်ဆိုလို့ ဟင်းချို ပဲသောက်တယ်… အပိုတော့ ၀ယ်သောက်ဘူး..။ အလကားတိုက်တဲ့ ဘီယာကျတော့ ကြိုက်ဘူး..လေ…( နေရာ ချင်းသာ လဲလိုက်ချင်တယ်… လို့  တွေးနေတယ်မို့ လား.. ) ။

ဒုတိယတစ်ခေါက်… ပထမတစ်ခေါက်က စားထားတဲ့ထဲက အရသာတွေ့ တာလေးတွေ ထပ်ဆွဲလိုက်တယ်…။ တတိယ တစ်ခေါက်… အချိုပွဲ… ရေခဲမုန့် ကို စတော်ဘယ်ရီနဲ့  ချောကလက် တစ်ဝက်စီရော.. ဝေဖာ နှစ်ခု စိုက်… ၀ စေတာတွေ ဘာတွေ.. လုံးဝ ခေါင်းထဲမထည့်ဘူး…။ အကြိုက်ဆုံးအရာတွေ မျက်စိရှေ့ ရောက်နေတာ.. စားမှာပဲ…။ ရေခဲမုန့် ပန်းကန်လေးကိုင်ပြီး ဘေးက “ဘို” ကြီးကို ပြုံးပြလိုက်ရင်း လေးမ နည်းနည်း ရှက်သွားတယ်…။ ရေခဲမုန့် ကြောင့် မဟုတ်ပါဘူး…။ သူက ပင်နီအင်္ကျီနဲ့  ပိုးပုဆိုး ၀တ်ထားတဲ့ “ ဘို” ဖြစ်နေပြီး လေးမက ဂျင်းဘောင်းဘီ နဲ့  နိုင်ငံခြားဖြစ် အင်္ကျံဝတ်ထားတဲ့ မြန်မာမ ဖြစ်နေလို့ ပါ…။ ရှက်ရွ့ံ သိမ်ငယ်စွာ နောက်ဆုတ်လာပြီး ကိုယ့်နေရာရောက်တော့ ဘေးဘီဝဲ ယာ ကြည့်ပြီး စိတ်ကို ဖြေရတယ်…။ ငါဝတ်ထားတာ အများကြီး တော်ပါသေးတယ်… မြန်မာ မဆန်ရုံလေးပါလို့  တွေးရတယ်…။ အခြားသော ရွှေပွဲလာ မြန်မာမိန်းကလေးအများစုရဲ့ ၀တ်စားဆင်ယင်မှုက အရမ်းကို ဟော့ပြီး.. အရမ်းကို ရှော့ … ပါတယ်…။ ဒီလို ၀တ်စားပြင်ဆင်လာမယ့် မိန်းမလေးတွေ ရှိတဲ့ နေရာကို သူ့  တစ်ယောက်ထဲမလွှတ်ဘဲ ဘေးက လိုက်လာမိတာ သိပ်မှန်တယ်လို့ လည်း ကိုယ့်ကိုယ်ကို ချီးကျူးလိုက်သေးတယ်…။

အဲဒီလိုနဲ့  ..ဆိုနေတာတွေ နားထောင်… ပြနေတာတွေကြည့်… စိတ်ပါရင် လက်ခုပ် ထ တီးပြီး … ၁၂ နာရီ ထိုးတော့ ‘HAPPY NEW YEAR’ လို့  အော်လိုက်တယ်…။ ကောင်မလေးတွေကလည်း ‘HAPPY NEW YEAR’.. ကောင်လေးတွေကလည်း ‘HAPPY NEW YEAR’ … လူကြီးတွေကလည်း ‘HAPPY NEW YEAR’ … ဘေးက ကောင်းကင်ကြီးကလည်း ‘HAPPY NEW YEAR’ … …။

ဒီလိုနဲ့ … ၂၀၀၈ ရဲ့ နောက်ဆုံးညကို လွန်မြောက်ပြီး ဘေးမသီ ရန်မခ အိမ်ပြန်ရောက်လာတယ်…။

ဟယ်… အံ့သြစရာ… အိမ်က ထွက်လာတုန်းက ၂၀၀၈ … အိမ်ပြန်ရောက်တော့ ၂၀၀၉ …( မအံ့သြရင်လဲနေပေါ့ ) ။ ။

ကြွေးရှင် ( မောင်မျိုး ) ကိုက်မှာ ကြောက်လို့  ၂၀၀၈ ရဲ့ နောက်ဆုံးညကို ဖွင့်ပြလိုက်ပါတယ်…။

14 Responses

  1. မိန်းကလေးအများစုရဲ့ ၀တ်စားဆင်ယင်မှုက အရမ်းကို ဟော့ပြီး.. အရမ်းကို ရှော့ … ပါတယ်…။ အင်းးး…….. 😛

  2. အကို သင်္ကြန်ကပြောလို့  အရမ်းစာရေးကောင်းတယ်တဲ့။ ပထမဆုံးအကြိမ် လာလည်ဖြစ်ပါတယ်
း)

    ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ အမရေ

  3. နေရာ ချင်းသာ လဲလိုက်ချင်တယ်… လို့  မတွေးပါဘူး လူကိုများ ဘယ်လို အစားထဲက မှတ်နေလို့တုန်းး ဟွန်း အရှက်နဲ့ လူလုပ်တာဟုတ်ဘူး အသက်နဲ့ လူလုပ်တာ စားရရင်ပြီးကော ပြောမလို့ပါ အော် အော် သူတို့များကျတော့ နယူးရီးယားညမှာ စုံတွဲခုတ်နေကြတာကိုးးးး 😛 ရေးပေးတာ ကျေးဇူးမတင်တော့ဘူးနော့် ပြောနေမယ့်သူတွေမှမဟုတ်တာ ကိုက်တော့ဘူးနော့် 🙂

  4. ကိုကောင်းကင်ကြီးကို စိတ်မချလို့ လိုက်သွားတဲ့အစ်မကြီး
    စားစရာတွေက အစုံအလင်
    အချိုပွဲကလည်း အပုံအပင်ဆိုတော့
    သိပ်ပျော်သွားမှာပဲနော 🙂

  5. ဘောင်းဘီလက်ရှည်ကြီးနဲ့ လျှော့စားနေမှာ မြင်ယောင်နေတယ်နော် (ခါးပတ် ဟိ)

  6. လေးမဆီကို လာလို့မရတာကြာပြီ…ခုမှရတယ်

  7. မြန်မာမိန်းကလေးတွေ “ဟော့” ပြီး “ရှော့” တာကတော့ အင်္ဂလိပ်လို Happy New Year တင်က မကဘူးဗျ. ဗမာလို Happy New Year ရင် အရမ်းပူလို့ ပိုပြီးတောင် ဟော့ပြီး ရှော့ ကြသေး တယ်ထင်တာပဲ 😛

    ကျွန်တော် ထင်တာတော့ နွေရာသီ နှစ်သစ်ကူး နဲ့ ဆောင်းရာသီ နှစ်သစ်ကူး ကြားမှာ တစ်ကယ့်ကို ခြားနားချက် ရှိပုံမရဘူးဗျ.

    (တစ်ရက်ကနေ တစ်ရက်ပြောင်းတာရယ်၊ သက္ကရာဇ်တွေ ပြောင်းပြောင်း သွားတာရယ် ကို ပြောပါတယ်ဗျာ. :D)

  8. အန်း.. မမ၂၀၀၈ကြီးက ဗိုက်ဝတဲ့၂၀၀၈ဖစ်တွားတာပေါ့… နာလိုဝူး… 😛 😛 😛

  9. ဘီယာဆိုပါလား…အရမ်းဟော့တယ်ဆိုပါလား…..ဆိုပါလား…..ဟင်းးး

  10. ဘူဖေးဆွဲရတာတော့ တန်တယ်ဗျာ အစ်မ၊ အလကားတိုက်တဲ့ ဘီယာပဲ မြည်းကြည့်ခဲ့တာ မဟုတ်ဘူး 😛 😛

  11. အွန်လိုင်းက သူငယ်ချင်းတွေ အတွက် ပိုစားခဲ့တယ်ဆိုလို့ အဟီး.. ဂလု ဂလုနဲ့ စာဖတ်ပြီးပဲ သွားရည်သုတ်တော့မယ် လေးမရေ… 😀
    အင်း မြန်မာမလေးတွေလည်း အရမ်းဟော့ အရမ်းရှော့ကြတယ် ဆိုလို့ ကိုယ်ကပဲ ခေတ်ကို မျက်ခြေပြတ်သွားတာလား သူတို့ကိုကပဲ ခေတ်မီလွန်းနေတာလား မပြောတတ်တော့ဘူး… 😦

  12. ပျော်စရာကြီး……

  13. ဝိုး. ပျော်စရာကြီးနော်…. စားစရာတွေများကြီးပဲ….
    ဟီးး 😛

  14. များများစားခဲ့သလို များများစဉ်းစားခဲ့တဲ့ မလေးမ ..
    များများ ပျော်ရွှင်နိုင်ပါစေ.. 🙂
    နေရာချင်း မလဲချင်ပါ.. ဘီယာမကြိုက်.. ဟော့ရှော့ကောင်မလေးတွေ မကြိုက်.. နားအူနေမှာ..
    ဂဏန်းတစ်ခု ရုတ်တရက် ပြောင်းသွားတာကိုတော့ အံ့သြနေတုန်းပဲ.. ဘာလို့ပြောင်းကုန်လဲ မသိဘူးနော်.. ;-P

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: