လေးမရဲ့ ရိုက်ချက်

 

ခြံထဲက စ + ဆုံး  မှာ ပုံတွေတင်ပေးမယ်လို့  အာလူးဖုတ်ပြီးသကာလ အားကုန်နေတဲ့ ကင်မရာလေးအားသွင်းပြီး ကြိုးစားပမ်းစားရိုက်ခဲ့ပါတယ်…။

ရိုက်နေကျမဟုတ်ဘဲ အရိုက်ခံနေကျဆိုတော့ ( ဓါတ်ပုံပြောတာနော် ) ကင်မရာ ရှုထောင့်လေးတွေက သိပ်တော့နေရာမကျ… ။

ဒါပေမယ့် သေချာတာက သဘာဝ အတိုင်းပဲ.. crop လုပ်ရုံက လွဲပြီး ဘာမှ ပြင်မထားတဲ့ သစ်ပင်ပန်းပင်တွေရဲ့ သဘာဝအလှ…။

ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတွေလဲ ရှိနေပြီဆိုတော့ မပန်ဒိုရာလို ဘန်နာလေး ပြောင်းရင်ကောင်းမလားမသိဘူး..။ ။ 🙂

Advertisements

Vivian ကို ကြည့်ပါ …

လေးမတို့ ငယ်ငယ် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အင်မတန်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား Pretty Woman ကို မှတ်မိကြဦးမယ်ထင်ပါတယ်…။ အချစ်ဟာ မညီမျှတဲ့ လူနှစ်ယောက်ကြားမှာ ညီညီမျှမျှ ပေါ်ပေါက်လာနိုင်တဲ့ အကြောင်း လှလှပပ ပီပီပြင်ပြင် ပြသွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်…။ ဇာတ်ကားထဲမှာ အချစ်ထက်ပိုပြီး သတိပြုစရာတွေပါပါတယ်…။ Vivian ဆိုတဲ့ လမ်းပေါ်က မိန်းမ ( ခပ်ရိုင်းရိုင်းပဲ သုံးပါရစေ ) ရဲ့ ၀တ်စား ဆင်ယင်မှု.. အပြုအမူ… အနေအထိုင်.. တွေဟာ ယူတတ်ရင် ဆင်ခြင်စရာ ဖြစ်ပါတယ်…။


990pwm_julia_roberts_059990pwm_julia_roberts_096

http://www.hotflick.net/movies/1990_Pretty_Woman.html

Edward က Vivian ကို အဆင့်မြင့်ဟိုတယ်ထဲ မ၀င်ခင်  ကုတ်အကျီင်္ကို ခြုံ ခိုင်းပါတယ်…။ Vivian ရဲ့ အ၀တ် အစားက ရှက်စရာ ကောင်းနေလို့  ဖြစ်ပါတယ်…။ မလုံတလုံ အ၀တ်အစားနဲ့  Vivian ကို ဟိုတယ် ၀န်ထမ်းတွေက အံ့အားသင့်ပါတယ်..။ အထင်သေးပါတယ်…။ ဓါတ်လှေကား မောင်းတဲ့သူကတောင် တန်ဖိုးမရှိတဲ့ အကြည့်နဲ့  ကြည့်ပါတယ်…။ ဒီလိုပဲ မြို့ ထဲမှာ အ၀တ်အစားဝယ်ဖို့  မလုံတလုံ စတိုင်လ်နဲ့  သွားတဲ့အခါ ဆိုင်က လက်မခံပါဘူး…။ လမ်းမှာလည်း လူတွေက လှည့်ကြည့်သွားပါတယ်…။ လှလို့ ကြည့်တာလား…။ လေးမ မျက်စိထဲမှာတော့ အထင်သေးတဲ့ အကြည့်လို့ ပဲ မြင်ပါတယ်…။ အင်မတန် လူ့ အခွင့်အရေးကို ရှေ့ တန်းတင်တဲ့ သူတို့လို နိုင်ငံကတောင် ဒီလိုဝတ်ရင် ဒီလိုထင်တယ်… ဒီလို ကြည့်တယ်လို့  … ဒီလို ရိုက်ပြတယ် ဆိုတာ ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာသာမက နိုင်ငံတိုင်းမှာ ၀တ်စားဆင်ယင်မှုဆိုတဲ့ အပေါ်ယံအလွှာကြီးက ဘယ်လောက် အရေးပါသလဲ ဆိုတာ ခန့် မှန်းနိုင်ပါတယ်…။

Vivian ရဲ့ အပေါစားစတိုင်လ်ကို ကြည့်ပြီး ဟိုတယ်မန်နေဂျာက ခေါ်တွေ့ ခဲ့ရပါတယ်…။ နောက်ပိုင်းမှာတော့ Vivian ရဲ့ မိန်းမကောင်းပုံစံ ၀တ်စားဆင်ယင်မှုက လူတွေရဲ့ အမြင်ကို ပြောင်းသွားစေပါတယ်… တကယ်တော့ Vivian က Vivian ပါပဲ… အသွေးကြောင့် အတွေးပြောင်းသွားတာပါ…။

လိုရင်းကိုပြောရရင်တော့ မိန်းမပျက် ၀တ်စားတဲ့ ပုံစံ… ရယ်တဲ့ပုံစံ… ၀ါးလက်စပီကေကို ဖတ်ခနဲ ထွေးထုတ်လိုက်တဲ့ပုံစံတွေနဲ့  Vivian ကို လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်လို့  အမှတ်မမှားဘဲ .. အဲလိုဝတ်ရင် အဲလိုအစားလို့  အထင်ခံရမယ်လို့ မှတ်ယူသင့်ပါတယ်…။

နေရာတကာ ဟန်ပန်တစ်ခွဲသားနဲ့  အမျိုးသားဝတ်စုံ ၀တ်ရမယ်လို့  လုံးဝ မဆိုလိုပါဘူး…။ သူ့ နေရာနဲ့  သူ လိုက်လျောညီထွေရှိအောင်… ကိုယ့်တန်ဖိုးကိုယ်နှိမ့်ချသလို မဖြစ်အောင် ၀တ်စားပြုမူစေချင်ရုံသက်သက်ပါပဲ…။ ဒီစာကို ရေးနေတဲ့ လေးမကလည်း ရင်ဖုံးအကျီင်္ ချိတ်ထမီနဲ့  မဟာဆန်သူမဟုတ်ပါဘူး..။ ဒူးအောက်ရောက်တာ ( ထမီ၊ စကပ်၊ ဘောင်းဘီ ) အကုန်ဝတ်တဲ့ မိန်းမ ဖြစ်ပါတယ်..။

ကိုယ်တိုင်လည်း ပြီးပြည့်စုံသူမဟုတ်လေတော့ ဒီလို ဆရာလုပ်တဲ့ စာတွေကို လေးမ ရေးရတာ လက်တွန့် ပါတယ်… ။ ရေးဖြစ်တဲ့ အကြောင်းရင်းကို ပြောပြပါမယ်…။

တနေ့ … ကျောက်မြောင်းမှာ မုန့် သွားဝယ်ပါတယ်..။ မျက်နှာချင်းဆိုင်က ဆိုက်ကားတစ်စီးလာနေပါတယ်…။ မိန်းကလေးက ဆံပင်ဝါထိန်ထိန်.. စွပ်ကျယ်ချိုင်းပြတ်.. လည်ဟိုက်.. စကတ်က ပေါင်လယ်လောက်ရှိတဲ့ အကျပ်… ဆိုက်ကားပေါ်မှာ ကိုယ်ကိုင်းပြီး ထိုင်နေပုံများ … မြင်ယောင်ကြည့်လိုက်ပါ… ဆိုက်ကားသမားကတော့ ဂွင်ကိုတည့်လို့ …။ ဆိုက်ကားဖြတ်သွားတဲ့ အချိန်မှာ ဘေးက ကောင်လေးတစ်အုပ်က လေချွန်လိုက်ပါတယ်…။ ကောင်မလေးက စိတ်ဆိုးသယောင် မျက်နှာလှည့်သွားပါတယ်…။ ဆိုက်ကားလွန်သွားတော့ ကောင်လေးတွေက ဈေးတောင် မမေးလိုက်ရဘူးလို့ ပြောပါတယ်…။ ကောင်လေးတွေကိုပဲ ရိုင်းလိုက်တာလို့  အပြစ်ဆိုရုံနဲ့  မလုံလောက်ပါဘူး…။

တနေ့  … အင်းယားမှာ မုန့် တီစားပါတယ်…။ မုန့် တီဆိုင်က ခုံပုလေးတွေကို မြင်ကြည့်လိုက်ပါ…။ ရှေ့ မှာ ကောင်မလေး ၂ ယောက် မုန့် တီသောက်နေပါတယ်…။ ၀တ်ထားတာက ချက်ပြုတ် ဂျင်းဘောင်းဘီ… ။ ချက်တော်တော်ပြုတ်တယ်ဆိုတာ နောက်ကမြင်နေရတော့ သိသာပါတယ်…။ လေးမ ဘေး ၀ိုင်းက ကောင်လေး ၃ ယောက်ဆီက အသံထွက်လာတယ်…။ အကြွေစေ့ပစ်ချင်တယ်ကွာ… တဲ့…။ ပြုံးမိပါသည်…။ ကိုယ်တိုင်လည်း ဂျင်းဘောင်းဘီဝယ်ရင် ချက်မပြုတ်တာကို တော်တော်ရှာဝယ်နေရတာမို့  ချက်ပြုတ်နဲ့  ကောင်မလေးတွေကို အပြစ်မဆိုလိုပါဘူး…။ ဒါပေမယ့် ချက်ပြုတ်ဝတ်မိရင်တော့ သူများတွေ အကြွေစေ့ပစ်မထည့်ချင်အောင် ခါးကုန်းရမယ့်ကိစ္စတွေ ရှောင်ရမှာပေါ့လေ….။

တနေ့ .. အိမ်မှာ အကူခေါ်ထားတဲ့ မိန်းကလေး စကပ်အတိုနဲ့  မီးပူတိုက်နေတယ်… ။ နောက်တနေ့  စကပ်အကျပ်နဲ့  ငရုတ်သီးထောင်းနေသည်…။ မပြောလို့ မဖြစ်တော့…။ ထမီဝတ်ခိုင်းရတော့သည်…။ ဘာပြန်ပြောလဲ သိလား…။ အရင်အိမ်က လူတွေက စကပ်ပဲ ပေးထားတာကိုး.. စကပ်ပဲ ရှိတယ်တဲ့…။ဟုတ်ပေသားပဲ… ထမီဝတ်စေချင်တဲ့ လေးမက ထမီပေးရမှာပေါ့… ပေးပါတယ်လေ…ပေးလိုက်ပါတယ်…။ နောက်ရက် .. ဟုတ်ကဲ့.. လေးမ ပေးထားတဲ့ ထမီလေးပါ… ဘောင်းဘီအဖြစ်နဲ့  သူ့ ကိုယ်ပေါ်မှာ တွေ့ ရပါတယ်…။ လေးမ အလုပ်သွားနေတုန်း ဈေးမှာ ဘ၀ပြောင်းပေးလိုက်တာပါ…။ ဘာများတတ်နိုင်ပါဦးမလဲ…။

တနေ့ … ရန်ကင်းစင်တာက အပုံထဲက အကျီင်္လေး တစ်ထည် မွှေလာပါတယ်…။ ညဘက် မိဘအိမ် ထမင်းသွားစားတော့ ၀တ်သွားပါတယ်…။ ရောက်တာနဲ့  အမေက ဘာပြောလဲဆိုတော့.. သမီးရယ်… ဒီအကျီင်္ကို မောင်ကောင်းကင်နဲ့  အတူသွားတဲ့ အချိန်တွေမှာပဲ ၀တ်နော်တဲ့…။ မှန်ထဲကြည့်ပြီး.. ဟုတ်ကဲ့.. တစ်ခွန်းပဲ ပြောနိုင်ပါတယ်…။ အကျီင်္က လက်မောင်းထိပ်ကနေ တံတောင်ဆစ်အထိ ခွဲထားတော့ လက်လှုပ်လိုက်တိုင်း လက်မောင်းသား မြင်နေရလို့ ပါ…။ ကိုယ်တိုင်က သတိမထားမိပေမယ့် ဘေးက အမြင်မတော်တာတွေလည်း ဖြစ်သွားတတ်ပါတယ်..။

တောင်းမှာ အကွပ်.. လူမှာအ၀တ်ပါ… တောင်းကောင်းဖို့  အရေးကြီးသလို အကွပ်ကောင်းဖို့ လဲ လိုပါတယ်…။ လူကောင်းဖို့ လို သလို အ၀တ်ကြောင့် သိက္ခာမကျဖို့ လည်း လိုပါတယ်….။ လူဖြစ်နေသမျှတော့ အရေးမကြီးပေမယ့် လိုအပ်လို့  လိုက်လုပ်နေရတဲ့ အရာတွေကနေ မလွတ်မြောက်နိုင်ပါဘူး..။ ဟန်ဆောင်လှည့်စားတာ မကောင်းသလို ထင်တိုင်းကြဲ လွတ်လပ်တာလည်း မမှန်ကန်ပါဘူး…။

တချို့ စာတွေမှာ ရေးကြတယ်… မြန်မာပြည်မှာ မသင့်တော်ပါဘူးတဲ့… မြန်မာမျက်စိမှာ မတော်ပါဘူးတဲ့…။ ၀တ်စားဆင်ယင်မှုဟာ မြန်မာပြည်မှာတင်မကဘူး .. ကမ္ဘာနိုင်ငံအသီးသီးမှာ ပညာသင်.. အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေနဲ့ လည်း သက်ဆိုင်ပါတယ်…။ မြန်မာမျက်စိမှာတင်မကဘူး.. နိုင်ငံခြားသားတွေရဲ့ မျက်စိကလည်း မြင်တတ်.. ထင်တတ်… တွေးတတ်ပါတယ်…။ အွန်လိုင်းပေါ်မှာ ဓါတ်ပုံတွေ အများကြီးပါပဲ…။ ပြည်ပရောက် မြန်မာအမျိုးသမီး အချို့ ရဲ့ ၀တ်စားဆင်ယင်ထားတဲ့ပုံတွေ…။ မြန်မာပြည်မှာ မဟုတ်လို့  ၀တ်ချင်သလိုဝတ်.. နေချင်သလို နေမယ်လို့  ခံယူတာ နဲ့  ရောမရောက်လို့  ရောမလို ကျင့်ရတယ်ဆိုတဲ့ စကားမှာ ကွာဟချက်တွေ အများကြီးရှိပါတယ်…။ ဘယ်နိုင်ငံပဲရောက်ရောက်… လူမျိုးသိက္ခာတွေဘာတွေညာတွေ မထိန်းချင်နေဦးတော့ ကိုယ့်သိက္ခာအတွက်တော့ 

Vivian ကို ကြည့်ပါ … ။ ။

မှတ်ချက်။ ။ လေးမ ကြည့်ခိုင်းလို့  ကြည့်လိုက်တာ ဆင်ဆာခန်းတွေများတယ်လို့ အပြစ်မတင်နဲ့ နော်..။ တို့ ဆီမှာက ဆင်ဆာဖြတ်ပြီးသားကြည့်ရတာ…။ :P ပုံလေးတွေ တင်ပေးချင်ပေမယ့် တင်လို့  မရလို့ ပါ…။ ပုံတင်ဖို့ ကြိုးစားတိုင်း စာတွေပျက်ပျက်သွားလို့  ဒီမှာပဲ သွားကြည့်တော့နော်…။

ဟိုးတုန်းက ဒုက္ခ.. အခုတော့ဟာသ

ကြွေးရှင် ကြောင်မျိုးက စီပုံးမှာ တညောင်ညောင် အော်လှပြီ… ။ ကြာရင်ကြောင်ကိုက်ခံရတော့မယ်…။ တော်ကြာ စိတ်ဆိုးပြီး နောက်မရေးခိုင်းတော့ရင် ဒုက္ခ…။ အဲဒီခေါင်းစဉ်အတွက် ရေးစရာ အကြောင်းက Feeling 28 မှာ ရေးပြီးသားဖြစ်နေတယ်…။ အကြောင်းအရာအသစ် ရှာမရဘူး ဖြစ်နေတယ်…။ ဒုက္ခ မကြုံဖူးလို့  မဟုတ်ပါဘူး…။ ကြုံဖူးတဲ့ ဒုက္ခက ဟာသမဖြစ်တဲ့ ဒုက္ခတွေ ဖြစ်နေတယ်..။ ပြန်တွေးမိတဲ့ အချိန်တိုင်း နာကျင်နေရတဲ့ ဒုက္ခမျိုးပဲ ပိုင်ဆိုင်ပါတယ်…။  ဒါကြောင့် အဟောင်းလေးကို  ( ဆားချက်တယ်ပဲ ဆိုဆို… ) ပြန်ကူးပေးလိုက်ပါတယ်…။

အဲဒီနေ့က သတို့သမီးလေး သိပ်လှနေတာပေါ့( ကိုယ့်ကိုယ်ကို ထင်တာ )..။ မြန်မာသတို့သမီး ၀တ်စုံလေးနဲ့ မင်းသမီးလေးလို ၀တ်ထားတာလေ…။

ဝတ်စုံဝတ်ပြီးသွားတဲ့ အချိန်မှာ အရမ်းစိတ်လှုပ်ရှားလာပြီး Rest room ခဏ၀င်မယ်ဆိုပြီး ၀င်လိုက်ပါတယ်…။

ရေချိုးခန်းထဲရောက်တော့ လက်ထဲက tissue လေး ပြုတ်ကျသွားလို့ ကုန်းကောက်လိုက်တယ်…။

အဲဒီမှာ သွားရော..ကျပ်နေအောင်ချုပ်ထားတဲ့ အကျီင်္က လက်မောင်းချုပ်ရိုးတွေ ပြုတ်ကုန်ရော…။

ငိုမဲ့မဲ့ နဲ့ ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ သတို့သမီးကိုကြည့်ပြီး အားလုံးလန့်သွားပါတယ်…။

အပ်ချည်အ၀ါရှာပြီး ၀တ်ထားတဲ့ အကျီင်္မှာ လက်နဲ့ ကိုယ်ထည်ပြန်တွဲပေးနေတော့ အပ်စူးမှာလည်းကြောက်…

တောင်ရှည်..ခေါင်းပေါင်းနဲ့ သတို့သားကလည်း ပြီးသေးဘူးလား… အချိန်နီးနေပြီ ဆိုပြီး အပေါက်ဝမှာ ရစ်သီရစ်သီလာလုပ်နေတော့ ဇောချွေးတွေ ပိုးပိုးပေါက်ပေါက်ကျလာပါတယ်…။

မိတ်ကပ်မာမီကတော့ ချွေးပြန်နေတဲ့ မျက်နှာကို မိတ်ကပ်လိုက်ဖို့ရင်း သမီးလေး.. စိတ်လျှော့ထား… ဘာမှ မဖြစ်ဘူး..အေးအေးဆေးဆေးပဲ… လှလှလေးပြုံးနေ လို့ပြောပါတယ်…။

သူတို့ပြင်ဆင်တာပြီးတာနဲ့ စိတ်မြန်တဲ့ သတို့သမီးဟာ ထိုင်မသိမ်းကို မပြီး မိတ်ကပ်ခန်းအပြင်ဘက်ကို ဇိုးဇိုးဇတ်ဇတ်နဲ့ ထွက်လိုက်ပါတယ်…။

ပွဲထွက်ဖို့ သတ်မှတ်ထားတဲ့ အချိန်ရောက်နေပြီမို့ စတိုင်လ်နဲ့ မလျှောက်နိုင်တော့ပါဘူး…။

မိတ်ကပ်မာမီတစ်ယောက်က ဟဲ့..သတို့သမီး..ဖြည်းဖြည်း ..စိတ်လျှော့….နဲ့ အော်ရှာပါတယ်…။

သတို့သားနဲ့ လက်ချင်းချိတ်လိုက်မှပဲ သူတို့သမီး ဣနြေ္ဒရသွားပါတယ်…။

ခန်းမထဲကို ၀င်ဖို့ လှေကားကဆင်းလာပါတယ်…။

ဗွီဒီယိုရိုက်တဲ့သူက အော်တယ်… စကားလေးပြောပြီး ဆင်းလာပါ..အသက်ဝင်အောင်လို့ပါ တဲ့…

သူကငဲ့ကြည့်ပြီး..

ပျော်လား..

အင်း…အဟင်း…ဟိုလေ …. စူးနေတယ်

ဟင်..ဘာလဲ…ဘာစူးတာလဲ…

ပြုံးပြုံးလေး ခင်ဗျာ တဲ့ ( ဓါတ်ပုံဆရာက အော်နေတယ်)

ဟိုလေ.. ထိုင်မသိမ်းမှာ ထိုးထားတဲ့ ပင်အပ်..ပင်အပ်တွေက ခြေလှမ်း လှမ်းလိုက်တိုင်း စူးနေလို့…

.ဟင်… ဘယ်လိုလုပ်ကြမလဲ

ဘယ်လိုမှ လုပ်လို့မရတော့ဘူးလေ…

အသာလေးထိန်းလျှောက်နော်…မဲ့ရင် ဓါတ်ပုံထဲမှာ မလှဘဲနေမှာနော်… သည်းခံလိုက်နော် …တဲ့…။

အခွေထဲမှာ အသံမပါလို့သာ တော်တော့တာပေါ့…။

လှချင်ပါတယ်ဆိုမှ အဲဒီနေ့က ……။

အော် ….. မင်္ဂလာဆောင်တယ်ဆိုတာ ထင်သလောက်မလွယ်ပါလားနော်…။

အဲဒီတုန်းက ကျပ်ထုပ်နေတဲ့ သတို့ သမီး ၀တ်စုံအောက်မှာ အသက်ရှူလိုက်ရင် ချုပ်ရိုးတွေ ပြုတ်ထွက်ကုန်မလားလို့  တွေးပူပြီး အသက်တောင် ရဲရဲ မရှူရဲခဲ့တဲ့ ဒုက္ခ…၊ ပင်အပ်စူးလို့  လမ်းလျှောက်ရခက်တဲ့ ဒုက္ခ..၊ အခါတော်… ဆိုတဲ့ သီချင်းသံကြားတော့ ငိုချင်သလိုလို… ဗိုက်နာသလိုလို…ဖြစ်လာတဲ့ဒုက္ခ၊  ပြုံးလိုက်တိုင်း တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းတွေကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတဲ့ ဒုက္ခ… အဲဒီဒုက္ခတွေက အခုကျတော့ ဟာသ … လွမ်းရတဲ့ဟာသ …။ ။

မှတ်ချက်။ ။ မင်္ဂလာဆောင်တာများ. အဲသလောက်တောင် စိတ်လှုပ်ရှားရသလားလို့  လာမပြောနဲ့ …။ အဖြေရှိပြီးသား… သမီးမှ မဆောင်ဘူးတာ……….လို့ ….။ 😛