လေးမရဲ့ ရိုက်ချက်

 

ခြံထဲက စ + ဆုံး  မှာ ပုံတွေတင်ပေးမယ်လို့  အာလူးဖုတ်ပြီးသကာလ အားကုန်နေတဲ့ ကင်မရာလေးအားသွင်းပြီး ကြိုးစားပမ်းစားရိုက်ခဲ့ပါတယ်…။

ရိုက်နေကျမဟုတ်ဘဲ အရိုက်ခံနေကျဆိုတော့ ( ဓါတ်ပုံပြောတာနော် ) ကင်မရာ ရှုထောင့်လေးတွေက သိပ်တော့နေရာမကျ… ။

ဒါပေမယ့် သေချာတာက သဘာဝ အတိုင်းပဲ.. crop လုပ်ရုံက လွဲပြီး ဘာမှ ပြင်မထားတဲ့ သစ်ပင်ပန်းပင်တွေရဲ့ သဘာဝအလှ…။

ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတွေလဲ ရှိနေပြီဆိုတော့ မပန်ဒိုရာလို ဘန်နာလေး ပြောင်းရင်ကောင်းမလားမသိဘူး..။ ။ 🙂

Advertisements

18 Responses

  1. အမ တုံးလိုက်ပုံများလေ.. ညမွှေးပန်းကို အမ အခုမှ သေချာမြင်ဖူးတော့တယ်.. ပန်းနဲ့ နာမည်မတွဲမိတာ.. စံပယ်ပန်းရယ် သနပ်ခါးပန်းရယ် မြင်လိုက်ရတော့ ပန်းနံ့လေးတွေကိုပါ သတိရပြီး လွမ်းမိတယ်.. ကြာပန်းလေးလည်း လှတယ်.. ပန်းတိုင်း လှတယ် ညီမလေးရေ…. ပန်းတို့ရဲ့ အိမ်ကြီးရှင်မပုံလည်းပါဘူး.. 😛

  2. ဟုတ်တယ် ဟုတ်တယ် မနုစံပြောတာ ထောက်ခံတယ် ပန်းတို့ရဲ့ အိမ်ကြီးရှင်မပုံ လည်းတင်ပါဦး .. 😛

  3. ကြည့်ရတာ စိတ်ထဲ လန်းဆန်းသွားတာပဲ ။
    တီကြွက် ခြံလေးက ချစ်စရာကောင်းမှာ 🙂

  4. ပန်းတွေကိုလာကြည့်တယ်
    ပန်းတွေကို အချိန်ပေးပြီး ချစ်တဲ့ နှလုံးသား
    ထာဝရ အေးမြ လှပစေသား။

  5. မလေး…

    ဓါတ်ပုံလှလှလေးတွေ လာခံစားမိတယ်
    အရမ်းလှတာဘဲ…း)

    with love…

  6. ပန်းလေးတွလှလိုက်တာ. မမ

  7. ပန်းပျိုးသူရဲ့ ရိုက်ချက်ပေါ့ ၊ ငယ်ငယ်တုံးက ခြံထဲမှာ သနပ်ခါးပင်ရှိသေးတယ် ၊ အဖွားဆို သိပ်ကြိုက် 🙂

  8. လက်စွမ်းတွေပြနေပါလား..။ အားကျမခံ ရိုက်ထားတာလေးတွေ ထုတ်ကြွားမှနဲ့တူတယ် 😛 (မှတ်ချက်။ သဘောကျပါက အငှားရိုက်သည် baseball တုတ်နဲ့ 😀 ) 😛

  9. ကျုပ်အိမ်နောက်မှာတော့ ဒူးလောက်မြင့်တဲ့ မြက်ရိုင်းတွေရယ်၊ အိမ်နံရံမှာ လူတစ်ရပ်လောက်မြင့်တဲ့ ညောင်ပင်ရယ်။ ဆူးတွေရှိတဲ့ သံပရာပင်လိုလို ဟာရယ်၊ လေတိုက်လို့ လဲသွားတဲ့ သရက်ပင်ကြီးရယ် ရှိသဗျ 😛

  10. အစ်မ…
    အစ်မတို့ ခြံကအကျယ်ကြီးလားဟင်။ ချစ်စုလာလည်မယ်။ အစ်မအိမ်ကို။ အစ်မတို့ စုံတွဲပုံတင်လေ။ နောက်ဆို ပုစုခရုလေး တွေကော …

  11. ညီမက ညမွှေးပန်းကြိုက်ပေမယ့် အပွင့်ကို သေချာမမြင်ဖူးသေးဘူး။ ခုမှ။ သနပ်ခါးပန်း၊ ပိန်းပန်းတွေကို ကြိုက်တယ်။ လွမ်းလိုက်တာ။
    စပယ်၊ ကြာ၊ သစ်ခွ တွေကတော့ ခဏခဏမြင်နေသလိုလို။ စိတ်ထဲစွဲနေတာလားမသိ။ ပန်းဆိုတာကတော့ မကြိုက်မရှိဘူးလေ။

    ကြိမ်ထန်း၊ ငါးရိုး၊ ကျောက်ခက်၊ ကွမ်းပွား၊ ကျူးဘား၊ မလေးမ စင်ပေါ်တင်ပေးလိုက်တဲ့ စတားများကို မှတ်သားသွားပါကြောင်း။

    ကိုဘလက်ကြီး ကြော်ငြာပုံကတော့ လုပ်ငန်းအောင်မြင်မယ်း-)

  12. ငယ်ငယ်တုန်းက အိမ်ရှေ့မှာ ညမွှေးပန်းပင် ရှိပေမယ့် အခုပုံကို ပြန်တွေ့တော့ အဲဒီပန်းပုံကို လုံးဝမမှတ်မိတော့ဘူး။ ကြာပန်းအရောင်လေး အရမ်းလှတယ်။ 🙂

  13. အစ်မရဲ့..ရိုက်ချက်ကတော့ အပြင်းစားပဲ. 😀

    မိုက်တယ် ပုံတွေအားလုံး။ အိမ်က စံပယ်ခြုံကို သွားသတိရတယ်ဗျို့။ 🙂

  14. ခြံလေးက တော်တော်လှမှာပဲနော်.. ပုံထဲမှာတောင် အပင်လေးတွေက တော်တော်လှတယ်.။

  15. အစ်မ… တစ်လက်စတည်း ကျွန်တော်တို့ အဖွဲ့အတွက် ထန်း ၅ ပင်လောက်ပါ စိုက်ပေးပါလား…. အဟိ…။ 😀 😛

  16. မလေးရေ …

    ပုံလေးတွေကမိုက်တယ် … အဲ့လိုခြံလေးနဲ့နေချင်တာ … တခါမှမနေဖူးဘူးရယ် …

  17. လာတယ်.. ကော်မန့်ထပ်ပေးကြည့်တယ်..
    စာဟောင်းတွေလည်း ပြန်ဖတ်ခွင့်ရလို့ ၀မ်းသာတယ်..
    အရင်လို ပြန်အဆင်ပြေပါစေလို့ ဆုတောင်းသွားပါတယ်..

  18. အမကြီးရေ တအားဝမ်းသာတယ်ဗျ
    အစစအဆင်ပြေပါစေခင်ဗျာ
    သင်္ကြန်တွင်း ရိပ်သာဝင်မလို့ဆို 😛
    စာရေးတယ်ဆိုတာ အပြစ်ကင်းတဲ့ အပန်းဖြေနည်း တစ်မျိုးလဲ ဟုတ်ပါတယ်လေ
    အမလေးမမှာ စာရေးချင်တဲ့ရောဂါ စွဲကပ်နေပီ ကုလို့မရတော့ဘူးမှတ် 🙂
    ပျော်ရွှင်ချမ်းမြေ့ပါစေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: