A Story in MTU

hostel

ဒိုင်ယာရီ စာမျက်နှာ(၁)။ ။ လွမ်းနေပါသည် …M I T ( MTU)

“နေပူ လေတိုက် ….မြွေပွေးကိုက်သည်

လူမိုက် နေသည် …. M.I.T…”
ဘယ်ပညာရှိက စပ်ဆိုခဲ့လဲတော့ မသိဘူး….။ လေးမတို့ ရဲ့ ကျောင်းတော်ကြီးကို အတိအကျ သရုပ်ဖော်ထားတဲ့ စာချိုးလေးပါ ။ ပူလိုက်တဲ့နေ…..လေကတော့တိုက်ပါရဲ့…..လေပူကြီး…..ရန်ကုန်မှာတိုက်တဲ့လေက အေးတယ်…..မန္တလေးလေက ပူပြီးခြောက်သွေ့ တယ်……။ ဒါတောင် ကျောင်းက တောင်ခြေမှာ ရှိနေပေလို့ပေါ့ ……။ တောင်တွေကလည်း အများကြီးဘဲ…..။ ရန်ကုန်သူဆိုတော့ တောင်တွေ မမြင်ဖူးဘူး……..။ တောင်တွေဝန်းရံထားတဲ့ ကျောင်းကြီးမှာ မိသားစုနဲ့  ခွဲပြီး ကျန်ခဲ့ရမယ့် လေးမကို မေမေက အားပေးပါတယ်…..“ မေမေသာဆိုရင်တော့ ဒီတောင်တွေကို ကြည့်ပြီးနေ့တိုင်း ငိုမှာဘဲ”တဲ့…….။ လေးမနေရတဲ့ အဆောင်က မန်းချယ်ရီ…..လေးမအခန်းက Front Row မှာ……နှစ်ယောက်နေရတယ်….။ အင်ဂျင်နီယာလောင်းတွေဆိုတော့ အခန်းဖော်က သင်္ချာဘယ်နှစ်မှတ်ရလဲ ဆိုတဲ့စကားနဲ့  နှုတ်ဆက်တယ်…….။ ၁၀၀ ဆိုတော့ ငါလည်း ၁၀၀ တဲ့…..ဒါဆိုတို့  အခန်းက ၂၀၀ ပေါ့ဆိုပြီး ဘော်ဒါတွေဖြစ်သွားကြတယ်…….။
အဆောင်ကကျောင်းဝန်းထဲမှာဆိုပေမယ့် စာသင်ဆောင်နဲ့ ဝေးတယ်…။ စက်ဘီးနဲ့ မှ အဆင်ပြေတယ်…..။
လေးမက တိုက်ခန်းပေါ်မှာဘဲ ကြီးပြင်းခဲ့ရတဲ့သူ ဆိုတော့ စက်ဘီးမစီး တတ်ဘူး……။ မေမေက စက်ဘီးတော့ ၀ယ်ပေးခဲ့တယ်…။ စက်ဘီးမစီးတတ်တော့ လမ်းလျှောက်ရတယ်……စာသင်ဆောင်နဲ့  အဆောင်ကို သွားလိုက်ပြန်လိုက်နဲ့ ……ခြေထောက်တွေညောင်းပြီး ကိုက်လိုက်တာ…..။ သူငယ်ချင်းတွေကတော့ ခေါ်ပါတယ်……ဒါပေမယ့် လေးမက စက်ဘီးပေါ် ခုန်မတက်တတ်တော့ လေးမထိုင်ပြီးမှ နင်းရတဲ့ သူငယ်ချင်းကို အားနာတယ်……..။ ဒါနဲ့ ဘဲ လေးမစက်ဘီးစီး သင်တယ်…..။ လေးမရဲ့ ဆရာက လေးယောက် လောက်ရှိတယ်…..။ ပွဲကြည့် ပရိတ်သတ်ကလဲ အဆောင်ပေါ်မှာ အပြည့် အားပေးနေတယ်လေ……..။ သူငယ်ချင်းက စက်ဘီးပေါ် ထိုင်ခိုင်းပြီးတော့ သူက နောက်က တွန်းတယ်….။ နင်း…..နင်း ဆိုတော့ အားရပါးရ နင်းလိုက်တာ သူငယ်ချင်းတောင် မလိုက်နိုင်တော့ဘူး…..အပေါ်ကပရိတ်သတ်ကလည်း အားပေးတယ်…….။ လေးမကတော့ချွေးတွေရွှဲ လို့ ….နင်းဆိုလို့  သာနင်းရတာ လက်ကိုင်မှ မနိုင်တာ…..သစ်ပင်နဲ့  တိုက်ပြီးလဲတော့တာပေါ့……ခြေထောက် အရွတ်ယောင်သွားလို့  တပတ်လောက် နားလိုက်ရတယ်………..။ ။

ဒိုင်ယာရီစာမျက်နှာ (၂) ။ ။ အဆောင်ရှေ့ က သီချင်းသံ …

အဆောင်သူဖြစ်ရတာ ဂီတဖြင့် အိပ်စက်ရသော စည်းစိမ်ကိုရတယ်….။ အဆောင်နဲ့  ပတ်သက်တဲ့ သီချင်းတွေကို အခုထိ အမှတ်ရ နေသေးတယ်….။ ကိုယ်ရည်ရွယ်ထားတာ တဆောင်လုံး……အဆောင်မှူးပါ မကျန်ဘူး…….” “ အဆောင်က ထမင်းဟင်းတွေ စားမကောင်းရင် စိတ်မပျက်နဲ့ …..အတူနေရတော့မှမင်းကို ချက်ခိုင်း(ကျွေး)မှာ…….” ၊

“ သီဆိုနေမယ် မင်းအတွက် သီချင်းတွေ တညလုံးဘဲ ရှေ့က(အင်းယား) လမ်းမပေါ်မှာကွယ်…..” ၊ ချစ်လေးရေ…..တံခါးဖွင့်တော့ကွယ်…..သောကဟူသမျှ….” ၊ “ ကြိုးစားလိုက်စမ်းကွယ်……master တန်းဝင် (ဒီတွေနဲ့ အောင်) ဖို့  ဆုတောင်းပေးတဲ့ သူတွေရှိတယ်…..”

စာမေးပွဲတွင်းဆိုရင် ပိုပျော်ဖို့  ကောင်းတယ်……။ ကျောင်းသားတွေက ည ၂ နာရီလောက် စာကြည့်ရင်း အိပ်ငိုက်လာရင် သီချင်းလာဆိုကြတယ်…..။ သူတို့  အိပ်ချင်ပြေလိ%E

8 Responses

  1. Special Features တစ်ခုပါပဲဗျာ.. ကျောင်းတုန်းက ရင်ခုန်သံတွေ ကျွန်တော်ပါ ပြန်ရသွားတယ်.. မျက်လုံးထဲမှာ မြင်ယောင်မိတဲ့ အထိ အရေးအသားက ဆွဲဆောင်သွားတယ်ဗျ….အရမ်းကောင်းတယ်ဗျာ.. ဒါကြောင့်လဲ Menu Bar မှာ တင်ထားတာကိုး.. 🙂

    (ကျွန်တော်တော့ သူ့ (Drawing Paper) ကို အခုထိ ဘူးနှင့် ထည့်ပြီး မိုးရွာရင် ပြေးလွားနေရတုန်း.. အိပ်ရေးလဲ ပျက်တုန်း. 😀 )

  2. အားးးးးးးးးးး

    လွမ်းသွားတယ်ကွာ…

    ရေးဦးမယ်. လေးမရေ… ရေးဦးမယ်…

    မုဒ်ဝင်သွားပြီ…

    သိုင်းကျူး. ပြန်ညွှန်းလိုက်မယ် သိလား..

    Y.

  3. မလေးမရေ ဘာလို့ ဒါကို ခုမှဖတ်မိလည်းမသိဘူး…. အရမ်းကောင်းတယ်ဗျာ… အဲဒီကျောင်းထဲ ခဏခဏ အလည်ရောက်လို့ ပြေးတောင်သတိရလိုက်သေးတယ်… ရေးသားမှုကတော့ ကလောင်သွားထက်တယ်ဆိုရမှာပဲ.. အဆုံးထိကို အတော်စိတ်ဝင်တစားနဲ့ဖတ်နေမိတယ်.. ဖတ်ပြီးတော့ ဘကြီးဘုန်းကြီးကျောင်းကို လွမ်းတယ်ဗျာ…

  4. >မှော်ဆရာ… ဘလော့ စရေးတော့ ကျောင်းတုန်းက အမှတ်တရတွေ ရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ် …။ တစ်ချိန်တုန်းက တန်ဖိုးထားရကောင်းမှန်းမသိခဲ့တဲ့ ကျောင်းသားဘ၀ ကို အမှတ်တရ ပြန် စဉ်းစားမိတိုင်း ချရေးထားတာလေးတွေပါ..။ မှော်ဆရာက ဘာမေဂျာလဲ…။

    >ကိုရန်အောင် … ကိုရန်အောင်ရေးလိုက်ရင် လေးမ ပိုလွမ်းသွားပြီး ထပ်ရေးချင်ပြန်ဦးတော့မယ်…။

    >အဇ္ဈတ္တပြခန်း … အရမ်းကိုကျေးဇူးတင်ပါတယ်… MTU ထဲ ခြေရှုပ်ခဲ့ပုံရတယ်.. နော်.. ဟီး.. စတာပါရှင်…။

  5. perfect ပဲဗျာ။ အိမ်ပြန်ပြေးချင်စိတ်လည်း ပေါက်သလို ကျောင်းသားဘ၀ကိုလည်း ပိုလွမ်းမိတယ်။ အဲဒီကျောင်းကြီးဟာ ကျွန်တော့်ကျောင်းမဟုတ်ပေမယ့် ကျွန်တော့်ငယ်ဘ၀ပုံရိပ်တွေဟာ အဲဒီကျောင်းကြီးနဲ့လည်း ပက်သက်နေတယ်။

    ခင်မင်စွာဖြင့်

    CMS

  6. အခုမှ ဒီပို့စ်လေးကိုဖတ်မိတယ်…MTU မှာမတက်ရပေမယ့်.. အတွဲဆုံးသူငယ်ချင်း ၂ယောက်က MTUကိုရောက်သွားတော့ သူတို့ပြောတာလေးတွေကြားဖူးနားဝပေါ့….သူတို့ပြောတာ “မစွံရင်ရန်ကင်းတောင်တက် “ဆိုလား………..:P

  7. ထွက်လာမယ့် ကာယဗလမောင်ပုံကြီးကိုကြောက်ပေမယ့် မန့်ခဲ့ဦးမယ်…
    မလေးမ အရမ်းစာရေးကောင်းတယ်..A Story in MTU ကိုတော်တော်ကြိုက်တယ်..

  8. လေးမရေ၊ အရေးအသားကတော့ အလန်းဗျ။ ကျောင်းကို တော်တော် လွမ်းသွားပီ။ အာခီဌာန ပုံတွေ ရှိသေးရင် တင်ပေးပါလားဗျာ။ ဌာန အနောက်ဘက်က ဇီးသီးပင်ကြား သွားသွား ပုန်းပြီး အိပ်ခဲ့တာကို ကွန်မန့် ပွတ်ရင်း သတိရသွားပီ။

Comments are closed.

%d bloggers like this: