အိမ်ပြန်ချိန်များ

ဒီနေ၀င်တာ နောက်ထပ် ကြုံဦးမယ်

နေဟာထွက် ပြီးရင် ၀င်မယ်…

လူတွေဟာ ဆုံပြီးရင် ခွဲကြရမယ်… မွေးဖွားလာပြီးရင် သေဆုံးကြရမယ်…

ချိန်တန်လာရင် နုတ်ဆက်ရမယ် ဒီအတိုင်းပဲ

တစ်ချိန်ချိန်မှာ ကျွန်မတို့  ခွဲကြရမယ် … တစ်ချိန်မှာတော့ နုတ်ဆက်စကားပြောရလိမ့်မယ်…

ကျွန်မ ဘ၀ရဲ့ နေ၀င်ချိန်… ကျွန်မသေဆုံးသွားတဲ့ အချိန်မှာ “ ကို” အပါအ၀င် ကျွန်မ ချစ်တဲ့ သူအားလုံးကို ကျွန်မနုတ်ဆက်ခဲ့ရမယ်… ထားခဲ့ရမယ်ဆိုတာကို ခိုင်ခိုင်မာမာ လက်ခံထားနိုင်ခဲ့ပေမယ့် တကယ်တမ်း ရင်ဆိုင်ရတော့မယ်ဆိုတော့ ထင်သလောက် သတ္တိမရှိတော့ဘူး…။

သယ်ဆောင်ရာ ခြေလှမ်းတို့  နောက်ကွယ်

ထင်ကျန်နေတဲ့ တို့ ရဲ့ စိတ်တွေ ကြေကွဲ..

ကျွန်မရဲ့ ရုပ်ခန္ဓာကြီးက တကျိကျိတွန်းသွားတဲ့ ကုတင်လေးပေါ်မှာ ငြိမ်ငြိမ်လေးလိုက်ပါသွားပေမယ့် ကျွန်မရဲ့ စိတ်တွေက မိသားစုဆီမှာ… ကို့  ဆီမှာ… “ဒီအချိန်လွန်သွားရင် ပြန်တွေ့ ရပါဦးမလား..” “ ထားခဲ့ရပြီလား.” “ သွားရတော့မှာလား”…လို့  ကြေကွဲစွာတွေးနေမိတယ်… ။

အမှောင်ဝင်လာတဲ့ လမ်းထဲ

ကျွန်မ သွေးမကြောင်ပါဘူး… ကျွန်မ မကြောက်တတ်ပါဘူး.. … ဒါပေမယ့် မှောင်လိုက်တာ “ ကို” ရယ် … ကျွန်မကို သူတို့  ခေါ်သွားတဲ့ လမ်းလေးက မှောင်လိုက်တာ….။ ပြီးတော့.. အေးလိုက်တာ.. …။ ကျွန်မ မရင်းနှီးတဲ့ နေရာမှာ ကျွန်မ မနှစ်သက်တဲ့ ၀တ်စုံကြီးနဲ့  ကျွန်မ ဘယ်လောက်များ ကသိကအောက် ဖြစ်လိုက်မလဲ … “ကို ” တွေးကြည့်လေ …။

ယုံကြည်နေတဲ့ အသိတို့ေ၀၀ါးဆဲ

ကျွန်မ ဒီ အခန်းထဲက အောင်အောင်မြင်မြင် ပြန်ထွက်လာနိုင်မယ်… ကျွန်မ ဘာမှ မဖြစ်နိုင်ဘူး… အချိန်တစ်ခု လွန်မြောက်ပြီးသွားရင် “ကို”့ ကို ပြန်တွေ့ ရမယ်… ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာသထက်ခိုင်မာအောင် ကျွန်မ တည်ဆောက်နေတဲ့ အချိန်မှာ“ မတော်တဆများ”… ဆိုတဲ့ သံသယတွေက ကျွန်မရဲ့ ယုံကြည်ချက်တွေကို ယိုင်နဲ့  စေခဲ့တယ်…။

ကြုံတာကို ဆုံလိုက်ဖို့  အသင့်ပြင်လို့ ထားလဲ

ဝင်လာပါ ခေါ်လိုက်ဖို့  ခက်တယ်..

အရာရာ အဆင်သင့် မဖြစ်သေးခင် အချိန်လေး

တကယ်တမ်းကျတော့ ကျွန်မ အဆင်သင့် မဖြစ်သေးဘူး … ကို့ ကို ခွဲသွားဖို့  ..မိသားစုကို ခွဲသွားဖို့ … အဆင်သင့် မဖြစ်သေးပါဘူး…။ သေခြင်းတရားကို ၀င်လာပါလို့  ပြုံးပြုံးလေး ခေါ်လိုက်ဖို့  အဆင့်သင့် မဖြစ်သေးပါဘူး…။ ခဏနေပါဦး… သေခြင်းတရားရယ်… ကျွန်မကို ရှင်သန်ခွင့်ပေးပါဦး…။

မျက်ဝန်းတွေ နုတ်ဆက်လိုက်ဖို့  အားယူနေဆဲ

ကျွန်မ မျက်လုံးတွေ မမှိတ်ချင်သေးဘူး…။ ကျွန်မ နေပါရစေဦး..။ မမှိတ်ဘူး.. မပိတ်ဘူး… ကျွန်မ မျက်လုံးတွေ ပိတ်မသွားအောင် ကျွန်မ အားတင်းထားမယ်….။

နောက်ဆုံးတော့ ကျွန်မ အနိုင်ရခဲ့ပါတယ်…။ ကျွန်မ လွတ်မြောက်ခွင့်ရခဲ့တယ်…။ ကျွန်မ ရှင်သန်နိုင်ခဲ့တယ်…။ ကျွန်မချစ်တဲ့ သူတွေ ဆီကို ကျွန်မ ပြန်လာနိုင်ခဲ့တယ်…။ ကျွန်မ အိမ်ပြန်နိုင်ခဲ့ပါတယ်…။

ဒါပေမယ့်လေ…

ဒီနေ၀င်တာ နောက်ထပ် ကြုံဦးမယ်…

ဒီနေ၀င်တာ နောက်ထပ် ကြုံဦးမယ်… ။ ။

မှတ်ချက် ။ ။ ဒီနေ့  ကိုငှက်သီချင်း အိမ်ပြန်ချိန်များ နားထောင်ရင်း မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ heart touching songs အတွက် ပို့ စ်တစ်ပုဒ် ရေးဖြစ်သွားပါတယ်…။ ကိုငှက်က တစ်နေ့ တာ အတွက် ချစ်သူနှစ်ဦး လမ်းခွဲချိန်ကို ရည်ရွယ်ထားပုံရပါတယ်..။ လေးမကတော့ ၂၀၀၄ ခုနှစ်က ခွဲစိတ်ခန်း ၀င်တုန်းက ခံစားချက်ကလေးကို အခြေခံထားပြီး ရေးထားပါတယ်… သူ ခရီးထွက်နေတဲ့ အချိန်မှာ ရုတ်တရက် ခွဲစိတ်မှု ကြုံရတာ ဖြစ်တဲ့ အတွက် အရမ်းပဲ ၀မ်းနည်း စိုးရိမ်ခဲ့ရတဲ့ သောက လေးကို အခြေခံထားပါတယ်..။အဲဒီ အကြောင်း အရင် က I’m still ALIVE ဆိုပြီး မတောက်တခေါက် ရေးခဲ့ဖူးပါတယ်…။

မခင်နှင်းဆီရဲ့ ထိုကောင်လေး…

Photobucket

လွမ်းရိပ်ဝေသော နွေဦးညများမှာ…

ကောင်လေးရေ … ပူအိုက်တဲ့နွေညတွေမှာ လေညင်းခံရင်း ခင်နှင်းဆီနဲ့ …. ခင်နှင်းဆီရဲ့ အတိတ်ကို လွမ်းသတဲ့လား….။

ခင်နှင်းဆီကတော့ ကောင်လေးကို နှင်းတွေဝေလည်း သတိရတယ် … သစ်ရွက်ကြွေလည်း အမှတ်ရတယ်… မိုးစက်တွေကြားထဲမှာလည်း သတိတရ ရှိနေပါတယ်… ။

ဒီလိုပြောလို့ ကောင်လေးကို လွမ်းနေတာ … တမ်းတနေတာလို့တော့ မထင်နဲ့နော်…။ ကောင်လေးနဲ့ ခင်နှင်းဆီရဲ့ အတိတ်ရက်စွဲလေးတွေကို မေ့မရနိုင်သေးတာပါ … ။

ကျောင်းနေတုန်းက မြသည်းညှာ…

ခင်နှင်းဆီဟာ တစ်ချိန်က ကောင်လေးရဲ့ အသည်းနှလုံး ဖြစ်ခဲ့ရတယ်ဆိုတာ ရိပ်စားမိယုံကလွဲလို့ တရားဝင် သိခွင့်မရခဲ့တဲ့ မိန်းမတစ်ယောက်ပါကွယ်…။

ဣနြေ္ဒဆင်မှ ယဉ်ရတဲ့ မိန်းမသားဘ၀မှာ ခင်နှင်းဆီရဲ့ အသည်းနှလုံးကို ကောင်လေးကို ပေးအပ်ဖို့ ၀န်မလေးခဲ့ဘူးဆိုတာ ဖွင့်ပြဖို့လဲ အခွင့်မသာ…ခဲ့ဘူး…။

ရေလာဖို့ မြောင်းဖောက်ပေးတဲ့ အတတ်ပညာကိုလည်း စာသင်ခန်းက သင်မပေးလိုက်ဘူးလေ…။

သူနဲ့လည်း ကျောင်းနေစဉ် သူစုထားတဲ့ မုန့်ဖိုးလေးနဲ့ ၀ယ်ကျွေးတဲ့ အရသာကို မမေ့ပြီ…

ကောင်လေးက ခင်နှင်းဆီ ၀ယ်ကျွေးခဲ့တဲ့ မြီးရှည်အရသာလေးကို မမေ့ဘူးဆိုရင် အဲဒီဆိုင်မှာ သွားစားလို့ ရပါတယ်ကွယ်…။

ကောင်လေးနဲ့ အတူစားခဲ့ရတဲ့ အရသာကို မမေ့နိုင်တဲ့ ခင်နှင်းဆီက ဘယ်လိုကုစားရမလဲ ပြောခဲ့ပါဦးလေ…။

ခေတ်စားဆုံးသီချင်းနဲ့ အလှဆုံးမိန်းကလေးပြပါဆိုရင်…

ကျောင်းတုန်းက ခေတ်အစားဆုံးသီချင်းက မခင်နှင်းဆီ …။ အလှဆုံးမိန်းကလေးက မခင်နှင်းဆီ …..။

ဒါပေမယ့် ခင်နှင်းဆီ စေ့စပ်တဲ့ညက အိမ်ရှေ့မှာ မူးမူးနဲ့ ကောင်လေး လာအော်သွားတဲ့ သီချင်းက “ သားလေးမွေးရင် ကိုယ့်နာမည်ကိုပေးလိုက်ပါ ”..

အဲဒီနေ့က အရှက်အရဆုံး မိန်းကလေးက ခင်နှင်းဆီ …။

တဖက်သတ်တိတ်တခိုးလေးနဲ့ ကြိတ်ပိုးဆွေးတဲ့ ကျွန်တော်ရယ်…

ခင်နှင်းဆီကို ကျွန်တော်ချစ်တယ်ဗျာ” ဆိုတဲ့ ပစ္စည်းသက်သေလူသက်သေ ဘာဆိုဘာမှ လက်ဆုပ်လက်ကိုင်မပြနိုင်ခဲ့တဲ့ ခင်နှင်းဆီ … မိဘစီမံရာနာခံခဲ့တဲ့အခါ တစ်ကျောင်းလုံးက မေးငေါ့ကြတယ် …။ ကြိတ်ဆွေးနေတဲ့ ကောင်လေးကို အသနားပိုကြတယ်…။

ကောင်လေးနဲ့ ခင်နှင်းဆီအကြောင်းကို ရာဇ၀င်တစ်ခုလို … ဇာတ်လမ်းဆင်ကြပြန်တယ်…။

အဲဒီဇာတ်လမ်းထဲမှာ အချစ်စာမျက်နှာကို ရေးချခွင့်မရခဲ့တဲ့ ခင်နှင်းဆီရဲ့ မျက်ရည်တွေ အကြောင်းတော့ မပါခဲ့ဘူး …။

အော်……ဟိုအစ်ကိုကြီး……ရဲ့ … မခင်နှင်းဆီ…

ခုချိန်မှတော့ ………. ထိုကောင်လေးက မဆွတ်ခဲ့လို့ မညွတ်ခဲ့ရတဲ့ …. ဟိုအစ်ကိုကြီးရဲ့ … မခင်နှင်းဆီ…ကို လွမ်းမနေပါနဲ့တော့ကွယ်…။

ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်

ပန်းလေးလို ညှိုးမှာကိုလည်း စိုးရိမ်မိသည်

မခင်နှင်းဆီ…မခင်နှင်းဆီ

လှစမ်းပါ ပန်းလောက်စောင့်ကြည့်နေမည်

နောင်တော့သာအလိုမကျရင်…….………..

…..

…။ ။

မှတ်ချက်။ ။ မခင်နှင်းဆီ သီချင်း နားထောင်ရန် Real Player လိုပါသည် ။

တစ်ကျော့ နှစ်ကျော့ … တေးကိုသီ …

“မောင်လေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ … ညီမလေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ …”
မောင်လေးရေ … ထတော့လေ … ထပါတော့ … အိပ်ပျော်မနေပါနဲ့ တော့ … ၊ ညီမလေးရေ … ထပါတော့ … အိပ်ပျော်ချင်ယောင် ဆောင်မနေပါနဲ့ တော့ … ၊ ရောင်နီလာနေပြီ … အချိန်ကျနေပြီ … မောင်လေးတို့  … ညီမလေးတို့  ထသင့်ပြီ …၊ ရောင်နီလာလို့  ထရမှာလား… မောင်လေးတို့  ညီမလေးတို့ နိုးထလို့ … ရောင်နီလာမှာလား …ဘယ်လိုပဲဖြစ်ဖြစ် … ရောင်နီနဲ့  …မင်းတို့ နိုးထချင်း …ဒွန်တွဲနေသင့်တယ် မဟုတ်လားဟင်…။“တစ်ကျော့ နှစ်ကျော့ … တေးကိုသီ … ငှက်ကျားနှုတ်ပလီ …”

ကြက်ဖတွန်လို့  …ငှက်ကလေးတွေ တေးသီလို့ … ကျီကျီကျာကျာနဲ့ … မင်းတို့ ကို နှိုးနေကြပြီလေ …၊ အိပ်ပျော်နေကြတုန်းလား …၊ ငှက်ကျားလေး တေးပလီနေရတာ တစ်ခေါက်မကတော့ဘူးလေ… အခါခါကျော့ နေရရှာတယ်… ။

“ ကျွန်မတို့ ငယ်ငယ် … မိရယ်ဖရယ် … ဘ၀၀ယ် … စုံစုံညီညီ …”

တို့ တွေငယ်ငယ်တုန်းက တို့ တွေအိမ်မှာ အဖေရယ်အမေရယ် တို့ မောင်နှမတွေရယ် … ပျော်ပျော်ရွှင်ရွှင် စုံစုံညီညီနဲ့ ဝိုင်းဖွဲ့ စားခဲ့တဲ့ ထမင်းဝိုင်းလေးကို တမ်းတမိတယ်… အဝေးရောက်နေတဲ့ … မောင်လေး…ညီမလေးတွေရယ် …၊ စည်းစည်းလုံးလုံးနဲ့ … ပြသနာတွေကို အတူဖြေရှင်း … တမိုးတည်းအောက်မှာ တရေတည်းသောက်ခဲ့ကြတာကို မှတ်မိသေးရဲ့လား … ၊ တို့ အိမ်ကို ရန်စလာတဲ့သူတွေကို အဖေကဓါးဆွဲလို့  … မောင်လေးကတုတ်ကိုင်ပြီး ရင်ဆိုင်ခဲ့ကြတော့ အမေနဲ့  တို့ ညီမတွေက နောက်ကနေခါးထောက်လို့  အားပေးခဲ့ကြတော့ သူတို့ ထွက်ပြေးကုန်ကြတယ်လေ …၊ အခုတော့ တို့ မောင်နှမတွေ တမြေဆီဝေး မင်းတို့ တွေက အဝေးကြီးမှာဆိုတော့ အဖေတို့ အမေတို့ရဲ့အမွေ …တို့ အိမ်လေးယိုင်နဲ့  အိုဟောင်းလို့  ရောင်းစားခံရတော့မယ် ….၊ အမြန်ပြန်လာပါတော့ … မောင်လေး … ညီမလေးတို့ ရယ် … ။

“ ကျွန်တော်တို့ … ကျွန်မတို့ လေ… ကျွန်တော်တို့ … ကျွန်မတို့ လေ …ချစ်လေသူကို ချစ်လေသူကို …ကိုယ်ကတဖန် ပြန်လည်ချစ်တတ်ကြပါစေသည်…ဘ၀တေးဆိုရင် ခဏလေး…မဆိုချင်…ကျော့ကျော့လွင်မှ အသွင်လှပါလေမည် … ”

မောင်လေး… ညီမလေးတို့ ရေ … ရန်ကိုရန်ချင်းမတုံ့ နှင်းကြရဘူးနော် … ၊ ကိုယ့်ကိုချစ်တဲ့သူတွေကို ကိုယ်ကပြန်ပေးဆပ်နိုင်ရမယ် … ၊ ရန်သူကိုလဲ မိတ်ဆွေဖွဲ့ နိုင်ရမယ်နော် … ဒါမှ မင်းတို့ ဘ၀ … အားလုံးဘ၀ …သာယာအေးချမ်းလိမ့်မယ်…၊လူ့ဘ၀ဆိုတာ ခဏလေးပေမယ့် တို့တွေသီကြွေးရတဲ့ သီချင်းတွေက အများကြီးပါ….၊ ပျော်စရာ …ငိုစရာတွေနဲ့ …သံစဉ်တွေ အခါခါကျော့နေရမယ့် လောကကြီးမှာ တနပ်စားတော့ တွေးလို့ မဖြစ်ဘူးနော် …၊ လှပတဲ့သီချင်းလေးတွေ အခါခါကျော့နိုင်ဖို့  အတူတူရေးစပ်ကြပါစို့ နော် …။

“ မုန်းတေးတစ်ခါကျော့လျှင် … ချစ်တေး…တစ်ခါ…နှစ်ခါ…သုံးခါ…လေးခါ …အခါခါကျော့စေချင်ပါသည် … …အခါခါကျော့စေချင်ပါသည် …”

မောင်လေး…ညီမလေးတို့ ရေ ….တစ်ခါမုန်းဖူးရင် အခါခါပြန်ချစ်နိုင်ဖို့ ကြိုးစားပါ … ၊ တစ်ခါယူဖူးရင် အခါခါပြန်ပေးနိုင်ဖို့  စဉ်းစားပါ …၊ တစ်ခါမှားဖူးရင် အခါခါ အမှန်သိနိုင်ဖို့  အားထုတ်ပါ …. ။

“မောင်လေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ … ညီမလေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ …”
……….
……….
“တစ်ကျော့ …. နှစ်ကျော့ …ကျော့ကျော့…. တေး….ကိုသီ … ”

ညစ် ရင် … လေ ရင် … ဓါတ်ကျရင် …

သူငယ်ချင်းက ပြောတယ်
ကျွန်တော့်စိတ်တွေ “လေ” နေလို့ 
ခဏလောက်
လမ်းလျှောက် ထွက်လိုက်ဦးမယ်တဲ့…
ငါလဲမင်းလိုပဲ
စိတ်တွေ “လေ” တဲ့အခါ
ဂျင်းဂျာကင်လေး ထပ်လို့ 
လမ်းမပေါ် ပြေးထွက်ချင်လိုက်တာ… ။

စိတ်ညစ်ရင် လမ်းလျှောက်ထွက်လိုက်ရတာ အကောင်းဆုံးပဲ… လမ်းပေါ်မှာ ကားမပါဘဲ လျှောက်သွားရင်း လေကောင်းလေသန့် တွေ တ၀ကြီးရှူသွင်းရင်း စိတ်ညစ်စရာတွေကို တ၀ကြီးပြန်မှုတ်ထုတ်လိုက်ရရင် ပေါ့သွားမှာပဲ…..။ လူးလာလှုပ်ရှား ရုန်းကန်နေကြရတဲ့ လမ်းပေါ်က ဘ၀တွေကိုတွေ့ ရင် ကိုယ့်ဒုက္ခက သေးသေးလေး ဖြစ်သွားကောင်း ဖြစ်သွားနိုင်တယ် … ပျော်စရာမြင်ကွင်းတွေကို တွေ့ ရင်လဲ အပျော်တွေ ကူးစက်သွားနိုင်တယ် … သတိထားကြည့်တတ်ရင် ရယ်မောစရာ အဖြစ်အပျက်လေးတွေကိုလဲ တွေ့ ရမယ်… သေချာတာ တစ်ခုကတော့ လမ်းများများလျှောက်ပြီး အိမ်ပြန်ရောက်လာတဲ့အခါ မောမောနဲ့  အိပ်ပျော်သွားနိုင်တယ် … ။ အတွေးတွေ နှိပ်စက်ခွင့် မရတော့ဘူး …။ ( လမ်းလျှောက်ထွက်မယ်ဆိုရင် အနွေးအကျီင်္လေး ဆောင်သွားဖို့ တော့ မမေ့နဲ့ နော် …. )

သူငယ်ချင်းက ပြောတယ်
စိတ်ညစ်ရင် ဖတ်ပစ်တယ်
ကာတွန်းတွေ တဲ့ …
ငါလဲ မင်းလိုပဲ
ညစ်နေတဲ့ အခါ
အသစ်တွေ လိုက်ရှာလို့ 
ဖတ်ပစ်ချင်လိုက်တာ …။

စာဖတ်ခြင်းသည် ကောင်းသောအလေ့အကျင့်ဖြစ်လို့  ဒီနည်းနဲ့  စိတ်ညစ်တာသက်သာအောင် လုပ်တာလဲ ကောင်းတာပဲ…..။ စိတ်ပြေလက်ပျောက် ကာတွန်းဖတ်ပြီး ရယ်မောလိုက်ရတော့ စိတ်ထဲမှာ ပေါ့သွားနိုင်တယ်…. ခက်တာက ကာတွန်းတိုင်းသည် ဟာသမဟုတ်…..ရယ်စရာမကောင်း….။ Online ရရင် Blog တွေလိုက်ဖတ်နေရတာ ပျော်စရာကောင်းတယ်….။ အပြင်မှာ နာမည်ရနေတဲ့ စာရေးဆရာတွေရဲ့ အရေးတွေ…. အတွေးတွေနဲ့ ပတ်သက်လို့  ချက်ချင်းကောက်ချက်ဆွဲ….. ဆွေးနွေးလို့  မဲပေးလို့  မရဘူး…..ရခဲ့ရင်တောင် သူတို့ စာတွေကို
ဝေဖန်သုံးသပ်ဖို့  တော်ရုံလူမ၀ံ့ရဲပါဘူး….။ သူတို့  ဘယ်လိုပြန်ဆွေးနွေးမလဲ ကိုယ်သိဖို့ ခက်တယ်…..။ Blog မှာ ဒီအခွင့်အရေးတွေ အကုန်ရတယ်…..။ ကိုယ်ကြိုက်ရာကိုယ်ရေး….. ထင်သလို ၀င်ဆွေးနွေးသွားလို့ ရတယ်….. အတွေးတွေ ဖလှယ်လို့ ရတယ်….။ Blogger ကျင့်
ဝတ်ဆိုတာကြီး လူတွင်ကျယ် မဖြစ်လာသေးခင်အထိတော့ အတွေးတွေ…. အရေးတွေ လွတ်လပ်နေဦးမှာပဲ…..။ အဲဒီဟာကြီး လူရာမ၀င်ပါစေနဲ့ ဦးလို့  စိတ်ပုတ်စွာ ဆုတောင်းရမှာလား…..။ စိတ်ဝင်စားရင် cbox တွေလိုက်ဖတ်ကြည့်လိုက်ဦး…..။ မမြင်ဖူး…. မတွေ့ ဖူးကြပါပဲ ချစ်ခင်ရင်းနှီးပျော်ရွှင်စွာ နောက်ပြောင်နှုတ်ဆက်နေကြတဲ့ မောင်နှမတွေနဲ့  ဆဲဆိုရန်စ အငြင်းပွားနေကြတဲ့ လူတစ်စုကိုလဲ တွေ့ ရမယ်…..။ ကိုယ်က ပွဲကြည့်ပရိတ်သတ်……၊ လိုက်ဖတ်ပြီး…..ထိုင်ရယ်နေရုံပဲ…..။

သူငယ်ချင်းက ပြောတယ်
စိတ်ဓါတ်တွေ အောက်ပြုတ်ကျတဲ့အခါ
သီချင်းတွေဖွင့်
music တွေနဲ့ နေကြည့်လိုက်တယ်တဲ့…..
ငါလဲမင်းလိုပဲ
သံစဉ်တွေနဲ့  စာသားတွေထဲ
စီးမျောပျော်ဝင်….
အော်ဟစ်ပေါက်ကွဲ ချင်လိုက်တာ….။

စိတ်ညစ်တဲ့အခါ သီချင်းတွေ နားထောင်မလား….. ဆိုမလား….ကြိုက်တာသာလုပ်…..။ သီချင်းဆိုတာ အပေါက်တစ်ပေါက်ပဲ…. ၀င်ပေါက်ဖြစ်ချင်ဖြစ်မယ်….. ထွက်ပေါက်ဖြစ်ချင်ဖြစ်မယ်…..။ သီချင်းတွေထဲမှာ ကိုယ်နဲ့ တိုက်ဆိုင်တဲ့ ကိုယ်ပြောချင်တဲ့ စာသားတွေ အများကြီးရှိနေနိုင်တယ်…..။ ကိုယ့်စိတ်နဲ့  ထိတဲ့သီချင်းတွေ လိုက်အော်လိုက်ရတာ သိပ်အရသာရှိတယ်…..။ နားထောင်ပါ….. ဆိုပါ….. စိတ်နဲ့  ရင်ဘတ်ကို အကျယ်ကြီးဖွင့်ထားလိုက်ပါ…..။ song source ကိုတော့တိုးတိုးဖွင့်နော်…. ဘေးလူတွေ အနှောင့်အယှက်ဖြစ်ကုန်မယ်….။

သူငယ်ချင်းကပြောတယ်
မင်းစိတ်ညစ်ရင်
စိတ်ဓါတ်ကျရင်
မင်းဘယ်လိုရှင်း သလဲ….
ပို့ စ်တစ်ပုဒ်ရေးလို့ 
ငါ့ကိုတွေးပြစမ်းပါ တဲ့….။

“လေးမ” စိတ်ညစ်ရင်လား……အင်း….. သန့် ရှင်းရေးလုပ်လိုက်တယ်…..။ အခန်းထဲမှာ ပွနေတာတွေ ရှင်းတယ်….. ဖုန်သုတ်တယ်…. ကြမ်းတိုက်တယ်….. ရေချိုးခန်းဆေးတယ်….. အားသွန်ခွန်စိုက် အသားကုန်ရှင်းလိုက်တယ်…..။ သိပ်ငိုချင်လာရင် အ၀တ်တွေ တပုံကြီးလျှော်ရင်း ငိုချလိုက်တယ်…..။ ရေချိုးခန်းကြွေပြားတွေ ပြောင်လက်နေအောင်….. လက်တွေပွန်းအောင် တိုက်ရင်း သီချင်းတွေအော်ဆိုလိုက်တယ်…..။ အ၀တ်ဗီရိုရှင်းရင်း ညစ်နေတာတွေ ရှင်းထုတ်လိုက်တယ်…. သနပ်ခါးကျောက်ပြင်ကို သနပ်ခါးစတွေ ပြောင်စင်သွားအောင်တိုက်ချွတ်တယ်…..။ ခေါင်းဖီးတွေဆေး…. ခေါင်းစည်းတွေလျှော်….. လုပ်စရာတွေ ကုန်လို့ မှ စိတ်မပြေသေးရင် ခေါင်းလျှော်ရေချိုးပြီး စာအုပ်တစ်အုပ်နဲ့  အိပ်ရာပေါ်တက်…. စောင်ခြုံပြီး အိပ်နေလိုက်တယ်…..။

သူငယ်ချင်းရေ
ငါပြောမယ် နားထောင်နော်….
နောက်ဆိုရင်လေ….
မင်းစိတ်ညစ်ရင်
စိတ်ဓါတ်ကျရင်
စိတ်လေလာရင်…
ကဗျာတွေရေး…
စာတွေရေးလို့ 
ခံစားချက်တွေ သွန်မှောက်
သောကတွေ
ထွက်ပေါက်ပေးလိုက်စမ်းပါ…။

စိတ်ညစ်ရင် ကဗျာရေး…. စာရေး…. အတွေးတွေ မျှဝေပေးလို့ ရတယ်…..။ အရေးတွေ ကောင်းစရာမလိုဘူး…. အတွေးတွေလှစရာမလိုဘူး….. အေးအေးဆေးဆေး ဒိုင်ယာရီရေးသလို ရေးချင်တာတွေသာရေး…. ဘာမှတွေးမနေနဲ့ …. စိတ်ရှိသလိုသာရေး….. မကျေနပ်လို့  အော်သွားတဲ့သူရှိရင်လဲ ငြိမ်ခံနေလိုက်…….။ မငြိမ်ချင်ရင် ပြန်အော်လိုက်….။ blog မှာ ပျော်စရာကြီး….. သိလား….. Blog မရှိသေးရင် လုပ်လိုက်တော့….သူငယ်ချင်း ….။ ။