ဆောင်းအိပ်မက် …

ပျောက်နေတဲ့ … ပေါက်ပေါက်ဆုပ် ကလေးက … ဒီလို လေး Tag ထားကြောင်း ..လာအော်သွားတော့ ဆောင်းကို ခြေရာခံလိုက်မိတယ်…။ နှင်းပွင့်လေးတွေမရှိလို့  … နေခြည်တန်းလေးတွေနောက်ကို … နောက်ယောင် ခံလိုက် တော့ … သူတို့ လာဖို့  … နေရာဖယ်ပေးလိုက်ရတဲ့ “ဆောင်း” ကိုတွေ့ လိုက်ရတယ်…။ “ဆောင်း” က ပြောတယ်…သူသိပ်ချမ်းနေတယ်တဲ့ … ။


နှင်းတွေဝေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ နှင်းပွင့်လေးတွေလို မဖွေးတဲ့ … “လေးမ”ဆိုတဲ့ မိန်းကလေး…လူ့ လောကကြီးထဲကို ရောက်ခဲ့တယ်…။ ဆောင်းအိပ်မက်တွေ ( ဂယောက် ဂယက် အိပ်မက်တွေ ) … မက်ဖို့  လောကကြီး ထဲကို သတ္တိရှိရှိနဲ့ တိုးဝင်လာခဲ့တယ်…။

ဒီဇင်ဘာအိပ်မက်…
ရန်ကုန်ဆောင်းကို အနွေးထည်ပါးပါးနဲ့  ရင်ဆိုင်ခဲ့လို့  မန္တလေးဆောင်းကို အနွေးထည်ထူမပါပဲ တိုက်ပွဲဝင်လိုက်ရတယ်… အမေ (သို့ မဟုတ်) “ငွေ” အမြန်လာပါ...လို့  သံချောင်းခေါက် လိုက်ရတယ်…။ မေမေ ၀ယ်ပေးတဲ့ ပြင်ဦးလွင်က ဆွယ်တာရောင်စုံ သိုးမွှေးဦးထုပ်နဲ့  ရှိုးပေးချင်ပေမယ့် အသားပတ်တော့ ခေါင်းငုံ့ ထားရတယ်…။ “ဆောင်း”တွင်းမှာ စောင်ထဲကမထွက်ချင်တဲ့ ရောဂါက အတော်ဆိုးတယ် …။ အတန်းလဲ မတက်ချင်ဘူး … စောင်ထဲမှာပဲနေချင်တယ်….။ အားတင်းပြီးအပြင်ထွက် လိုက်တော့လဲ .. နွေးသွား တာပဲ…။ နေက ပြင်း လှသည်လေ …။
မှတ်မှတ်ရရ ၁၉၉၉ ဒီဇင်ဘာ ၂၅ ရက်က… သိပ်အေးတဲ့ ဆောင်းပဲ … ပိတ်ရက်ဆိုတော့ … ရတနာပုံ မှာ တိုက်ကား သွားမောင်းဖို့  … သူငယ်ချင်း ၃ ယောက် … ဆိုင်ကယ်တစ်စီးနဲ့ ထွက်ခဲ့တယ်… ။ ထွက်ကတည်း က “မိ” နဲ့  ကတောက်ကဆ ဖြစ်ပြီး … စိတ်က သိပ်မကြည်ဘူး … ။ ပုသိမ်ကြီး အကျော်လောက် ရောက်တော့ ဆိုင်ကယ် ၂ စီးဘေးက လိုက်လာပြီ….။ ဆိုင်ကယ်တစ်စီးကို ကောင်မလေး ၃ ယောက်စီးတော့ အစ ခံရပြီပေါ့… ။ စရင်းစရင်း ခေါင်းစည်းအပြာလေး … စီးထားတဲ့ “လေးမ” ကို “အလယ်ကအဒေါ်ကြီးက ဘယ်တုန်းက ခေါင်းပေါက် တာတုန်း…” လို့ လဲ ဆိုရော … လက်ထဲက … စားလက်စ “ဆမူဆာ” နဲ့  လှမ်းပေါက် လိုက်တယ် … ။ အဲဒါအကြီးအကျယ်မှားတာပဲ … ဘော်ဒါတွေဖြစ်သွားကြရော … ဘယ်လို ဖြစ်သွားတာလဲ…သိချင်လား… ပြောပြဘူး ….။ ဒီလိုနဲ့  အစ်ကိုသူငယ်ချင်း ၄ ယောက်ရခဲ့တယ်…။ မန်းလေးမှာ ကျောင်းတက် ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း … ယောက်ျားလေးသူငယ်ချင်းဆိုလို့ …. ဒီ ၄ ယောက်ပဲ …. ဒါအကုန်ပဲ ….။ “တာရာပွကြီး” ဖတ်ပြီး “တခွိခွိ”ရယ်တတ်တဲ့အရွယ်မှာ . “နှလုံးသား အာဟာရ ” နဲ့ “ကုတ်အကျီင်္(ဘာသာပြန်)” ကို သူတို့က … လက်ဆောင်ပေးခဲ့တယ်… ။ သူတို့ ပြောပြတဲ့ အကြောင်းအရာတွေထဲမှာ … “နေတိုးအဖွဲ့ ” ဆိုတာလဲပါတယ် … ။ သူတို့က ပြောတယ်…. “ ညည်းတို့ က…. ဒို့ ညီလေးတွေ လိုပဲ ” တဲ့ ….။ နောက်တစ်နှစ် ဆောင်းရောက်တော့ … “ ညည်းတို့  အဆောင်ရှေ့ ဂစ်တာလာ တီးမယ်…” ဆိုပြီး … ညဘက်ကြီး … ဆိုင်ကယ် တတီတီ နဲ့ ရောက်လာတယ် … “ ၀ို့ …ဒီဇင်ဘာ….” ဆိုတဲ့ သီချင်းနဲ့  ဆောင်းညကိုကြိုဆိုခဲ့ကြတယ်….။ “လေးမ” တို့ ၃ ယောက်ကတော့ … ၀ရန်တာမှာ မီးပိတ်ပြီး … ဖျာလေးခင်း စောင်လေးခြုံလို့  … ငုတ်တုတ်လေးထိုင်ပြီး အားပေးခဲ့ကြတယ် … မိုးလုံးမှိုင်း. .. ရွှေတောင် ပံ. … ဟန်နီ…စတဲ့ သီချင်းကောင်းလေး တွေကို … ဂစ်တာသံ သန့် သန့် နဲ့  … သံပြိုင်အော်သွားကြတာ ..ဒီနေ့ အထိ မှတ်မိ နေတုန်းပဲ …။ ဒါက မက်ခဲ့ဖူးတဲ့ ဆောင်းတွင်း အိပ်မက်တစ်ခုပဲ ….။

တန်ဆောင်တိုင်အိပ်မက်
အဲဒီနေ့ က လပြည့်နေ့ မရောက်ခင်တစ်ရက်အလို …။ မီးရှူးမီးပန်းတွေ အမျိုးမျိုးကို တပွေ့ တပိုက်ကြီးပိုက်ပြီး “သူ” ရောက်လာတယ်…. မီပန်းတွေအတူတူလွှတ်ကြတယ် … မီးကျည်တွေက ရင်ထဲမှာလဲ … အပြင်က မီးပန်းတွေနဲ့  … အပြိုင်အဆိုင်ပဲ …။ မီးပုံးပျံလေးကို မီးတိုက်ကြတယ်… မှိုင်းဝအောင်စောင့်ရင်း မီးပုံးပျံကို … ကိုင်ထားတဲ့ လက်ဖျားတွေက … တဆတ်ဆတ်တုန် နေခဲ့တယ် …။ တအိအိတက်သွားတဲ့ … မီးပုံးပျံလေးနဲ့ အတူတူ… လူကလဲ မိုးပေါ်မှာ မြှောက်နေသလိုပဲ … ။ စိတ်နဲ့ လူနဲ့ မကပ်ပေမယ့် … ခဏခဏပြုံးပြမိတယ် … မကြာမကြာဆုံတဲ့ မျက်လုံးတစ်စုံကို ရှောင်လွဲရင်းနဲ့  ခိုးကြည့်မိတယ်….။ အဲဒီလို သိပ်ကို သိမ်မွေ့ ကဗျာဆန် နေတဲ့ အချိန်မှာ … ရင်ခုန်စရာ မကောင်းလိုက်ပုံက… အဖျက်သမား “မိ” က … ပြောင်စပ်စပ်မျက်နှာနဲ့  … ဘေးမှာ ရှိနေတယ်….။ အဲဒီလိုညမျိုးတွေသာ … ပြန်ရခဲ့မယ်ဆိုရင် …“မိ”ရေ… ငါ့အိပ်မက်ထဲမှာ နင်လဲပါလို့ရ ပါသေးတယ်…။

ဆောင်းတွင်းအိပ်မက်တွေကနေ … လန့် နိုးလာတော့ … ဆောင်းကုန်သွားပြီ …။ နောက်နှစ် ဆောင်းတွေ ရောက်တိုင်း … ဆောင်းအိပ်မက်တွေ ကတော့ မက်နေရဦးမှာပဲ … ။ ။

ဆောင်းကိုဆက်ချမ်းသင့်တဲ့ သူများကတော့ …
၁။ ကိုရန်အောင်
၂။ ကိုဘုရင့်နောင်
၃။ ကိုမျှားပြာ
အားတဲ့အချိန် … ရေးချင်စိတ်ရှိတဲ့အချိန် …ရေးပေးပါရှင် …။

မန်းမှတ်တမ်း …

ဒိုင်ယာရီ စာမျက်နှာ (၁၁) ။ ။

ဒီလမ်း…

(ဘေးမှာ တမာပင်တွေရှိတယ်… ခွန်အားအပြည့်ပေးတဲ့ တောင်ကြီးကို လှမ်းမြင်နေရတယ်…အိမ်ကိုလွမ်းရင် တောင်တွေကိုကြည့်ပြီး အားယူရတယ်…တချို့ ကတော့ … “တောင်” ကြည့်ပြီး ငိုသတဲ့)

*MTU main road *

ဒီ လမ်းမကြီးပေါ်မှာ … “လေးမ” ခြေရာတွေ … ထင်ကျန်ရစ်ပါတယ်…( အခုတော့ ပျက်ကုန်ရောပေါ့ )…..။
ဒီလမ်းမကြီးပေါ်မှာ … စက်ဘီးကလေးနဲ့  “လေးမ”…. လမ်းဖြတ်ကူးတဲ့ မြွေတွေကို ..ခဏခဏ ရပ်စောင့် ခဲ့ရတယ်…..။
ဒီလမ်းမကြီးပေါ်မှာ… “လေးမ” …ကျောက်စိမ်းရောင် စူပါကပ်လေး …ဟိုယိုင်ဒီယိုင် ဖြစ်အောင် စီးခဲ့တယ် …။
ဒီလမ်းမကြီးပေါ်မှာ … dream ဆိုင်ကယ်ထက်…. “မိ” ခါးကို တင်းတင်းဖက်ပြီး ….. ကျောင်းတက် ခဲ့တယ်….။ ဆိုင်ကယ် အိပ်ဇော လောင်ထားတဲ့ အမာရွတ်ကလဲ … ဒီလမ်းပေါ်မှာပဲ ရခဲ့တာ…..။
ဒီလမ်းမကြီးပေါ်မှာ … နှင်းတွေဝေတဲ့ မလင်းတလင်း … ဆောင်းမနက်ခင်းတစ်ခုမှာ … “လေးမ”….. မှောက်ရက် လဲ ခဲ့တယ် …..။ ဇာတ်လမ်းတွေထဲကလို ဆွဲထူမယ့်သူ … မရှိခဲ့ပါဘူး….။ အိပ်ပုတ်မ “မိ” ကလဲ အိပ်နေတုန်းပါ….။ “လေးမ” မငိုခဲ့ပါဘူး …. ဒူးမှာ သွေးစက်လက်နဲ့ … မုန့် တီသုတ် ၂ ပွဲစားခဲ့ပါတယ်…..။ ( အကြောင်းရင်း …. မုန့် တီသုတ်မှာ အလွန်စားကောင်းသောကြောင့် ….. သူများတွေထက်ဦးအောင် ပန်းကန် အသစ်ဖြင့်စားချင်သောကြောင့်…. အပြေးအလွှား ပြေးထွက်လာရာမှ အရှိန်မထိန်းနိုင်ဘဲ ကတ္တရာလမ်းပေါ် ဟတ်ထိုးလဲကျ ဒူးပြဲရခြင်းဖြစ်၏…..)
ဒီလမ်းမကြီးဘေးက … တမာပင်တွေ ကြားထဲမှာ…..အတွဲတွေ….(သူများတွေ) ….. လမ်းလျှောက် နေတာကို ပြောင်ခဲ့ ဖူးတယ်…… ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ်…မောင်ရယ်…လို့ ….) ။
ဒီလမ်းမကြီးပေါ်မှာ … ည ၆ နာရီ … အဆောင်ပိတ်ချိန်ကျရင် …. မခွဲနိုင်မခွာရက် လည်တလှည့်လှည့်နဲ့  အဆောင်ထဲဝင်သွားတဲ့ အဆောင်သူလေးတွေနဲ့ …. လမ်းမပေါ်ကနေ လက်တပြပြ ကဲပြနေတဲ့ ကိုကိုတွေကို … ၀ရန်တာကနေငေးကြည့် …အာလူးကြော်ဝါး … ဟားတိုက်ဝေဖန်ရင်း … ညနေခင်းတွေကို ကုန်ဆုံးစေ ခဲ့တယ်…..။

*workshop ရှေ့က လမ်းပါ…..။*

ဒီလမ်းပေါ်ကနေ … ညာဘက်ကိုကွေ့ ပြီး ရှေ့နဲနဲဆက်သွားလိုက်ရင် “လေးမ” တို့ ရဲ့ … ပညာရေနို့  သောက်စို့ ရာ … ဗိသုကာဌာနလေးကို ရောက်ပါမယ်… ။ ဗိသုကာဌာနက သီးသန့်  ဌာနလေး …။ လွတ်လွတ် လပ်လပ် ….. အေးအေးဆေးဆေး……. သောင်းကျန်းချင်တိုင်း သောင်းကျန်း လို့  ရတယ် ……။

ဒီဇိုင်းစတီရီယို room လို့ ခေါ်တဲ့ … အခန်းထဲမှာ … ပုံတွေဆွဲခဲ့ကြတယ် … ။ အခန်းထဲမှာ တစ်ယောက်က သီချင်းတစ်ပုဒ် စအော်လိုက်ရင် … ကျန်တဲ့သူတွေက နောက်ကဆက်အော်ပြီး … ပုံတွေဆွဲ ကြတယ်……။ ပုံဆွဲရင်းခေါင်းရှုပ်လာရင် … အလယ်က courtyard ထဲက … မြက်ခင်းဘေးမှာ သွားထိုင်ပြီး … အကြံထုတ်လို့ ရတယ် … “မိ” နဲ့ ရန်ဖြစ်ရင်လဲ ထွက်ထိုင်ပြီး စိတ်ကောက်လို့ ရတယ် … ။
ရှားရှားပါးပါး exhibition တစ်ကြိမ်လုပ်ခွင့်ရခဲ့တယ် … ။ အဆောင်မှူးရဲ့ ခွင့်ပြုချက်နဲ့  ဌာနမှာ ပွဲအတွက် ညဘက်ကြီး ပြင်ကြဆင်ကြ ရတာ ပျော်စရာကြီး……။ Exhibition ကိုလာကြည့်တဲ့ ကျောင်းသူကျောင်းသား တွေကို သိသလိုလို တတ်သလိုလိုနဲ့  လျှောက်ရှင်းပြရတာ အရသာရှိလိုက်တာ ….(အမှန်ကဘာမှ သိပ်မသိ သေးတဲ့ ဒုတိယနှစ်ပဲ ရှိသေးတယ် )။

ဒီ Building

* Main Building*

ဒီအဆောင်ကြီးက main building လို့ ခေါ်တဲ့ အဆောက်အဦကြီး….။ ဒီအဆောက်အဦကြီးရဲ့ အောက်ထပ်မှာ ဆရာကန်တော့ပွဲ….. မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ … လုပ်ခဲ့တယ်…. ။

ဒီ building ရဲ့အပေါ်ထပ်က … စာသင်ခန်းတွေမှာ မြို့ ပြဌာနကသင်တဲ့ အတန်းတွေမှာ အိပ်ငိုက်ခဲ့ဖူးတယ်…။ ဆရာစာရေးနေတဲ့ … အချိန်မှာ လိုက်မကူးနိုင်ဘဲ … လုံချည်မှာကပ်နေတဲ့ Paper tape တွေကို အသာအယာ ခွာနေတဲ့ ( ပုံဆွဲနေရာကနေ ထလာတာကိုး) အာခီကျောင်းသူကို … ကောင်လေးတွေက “မြင်မြင်သမျှ စိတ်ပျက်အောင် လှပါတဲ့… အိုဗျ… မအာခီ…” လို့ များ…ကွယ်ရာမှာ ပြောလေမလား …။ တကယ်ပြောတာပါ … မျက်တွင်းဟောက်ပက်နဲ့ … အိပ်ရေးပျက်လွန်းတဲ့ “အာခီပျက်” ပါ….။

ဒီ အပေါ်ထပ်က …. ပါချုပ်ရုံးခန်း ကိုလဲ… ခဏခဏရောက်ခဲ့ပါတယ်… (ဒီလိုပဲ…ပါပါကြီးနဲ့  စကားစမြည် ပြောရတာပေါ့)… ။ အဲဒီအပေါ်ထပ် စာသင်ခန်းရှေ့မှာ “လေးမ” နဲ့ “မိ” …. ကောင်လေးတစ်အုပ်နဲ့ … ရန်ဖြစ်ခဲ့ဖူးတယ်…. အကြောင်းရင်းက “လေးမ” … ခလုတ်တိုက်တာကို လှောင်လို့ …. “မင်းကဘာကောင်မို့ လို့  ငါ့ကိုလှောင်ရတာလဲ …. မင်းငါ့ကို ဘာမှတ်နေလဲ… ပါချုပ်နဲ့ တိုင်မယ် ” ဆိုပြီး ရှက်ရမ်းရမ်းပြီး … သွားချဲခဲ့တာ….။ တိုင်ရတာလွယ်လွန်းလို့  … ခြိမ်းခြောက်မိတာပါ….။ “မိ” တောင် ဘောလုံးပွဲမှာ “သေစေနိုင်လောက်တဲ့ အကြည့်ဖြင့်ကြည့်ခြင်း …” ဆိုတဲ့ ပြစ်မှုနဲ့  အတိုင်ခံရသေးတယ် … အဲဒီလောက်…ဆတ်ဆတ်ထိမခံ အတိုင်အတောထူတဲ့ … MTU ကျောင်းသားတွေပါ ….။

ဒီအဆောက်အဦမှာပဲ … ၀တ်ရုံဖားဖားကြီးတွေ ၀တ်ပြီး … ဒီကျောင်း…ဒီလမ်း…ဒီအဆောင်…ဒီသူငယ်ချင်း တွေကို နောက်ဆုံးနှုတ်ဆက်ခဲ့ရတယ်….။ ( မျက်ရည်တွေပါတွေဝဲလို့ …. မင်းဟာ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပါပဲ ………………လို့ ဘယ်သူ့ ကိုမှ မပြောဖြစ်ခဲ့ဘူး…) ။ ။

ဓါတ်ပုံတွေကို ဒီက “မ” လာပါတယ်..။

ရေးပေးခဲ့ကြသည်

ဒိုင်ယာရီစာမျက်နှာ(၁၀)။ ။
မထူးပါဘူး…တင်လက်စနဲ့  “ရေးပေးပါ” စာအုပ်ထဲက အမှတ်တရတချို့  ဆက်တင်လိုက်ပါတယ်….။ တဆောင်လုံးကို မရေးခိုင်းခဲ့မိတာ နောင်တရတယ်…..။ စာရွက်တွေ အများကြီးကျန်နေသေးတယ်….
တွေ့ ရင် ထပ်ရေးခိုင်းဦးမယ်…..။ လေးမ blog ကိုလာလည်တဲ့သူတွေရော ရေးသွားဦးမလား…. သူတို့ တွေ ရေးထားသလိုမျိုးလေ….။




အမှတ်တရတွေပါ

ဒိုင်ယာရီစာမျက်နှာ ( ၉ ) ။ ။





နောက်ဆုံးနှစ်တုန်းက သူငယ်ချင်းတွေ ရေးပေးထားတဲ့ အမှတ်တရလေးတွေကို တင်လိုက်တာပါ….။ ဘာရယ်မဟုတ် အမှတ်တရ ရေးခိုင်းခဲ့တာလေးတွေက အခုတော့ လွမ်းစရာလေး…။ “ရေးပေးပါ” ဆိုတဲ့ စာအုပ်ထဲမှာလဲ ဘရုတ်သုတ်ခ စာလေးတွေရှိသေးတယ်…..။

ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ဒု )

ဒိုင်ယာရီစာမျက်နှာ (၈) ။ ။
Scene (4 )_
ဒီတခါ ဒီဇိုင်းက Library……။ ပုံစံငယ်ပါတင်ရမည်….။ အခန်းထဲက အ၀တ်သေတ္တာ ၊ စာကြည့်စားပွဲ ၊ ခုတင် ပေါ်မှာ ပုံစံငယ်ပြုလုပ်ရန် ပလတ်စတစ်ပြားများ ၊ ပြတင်းပေါက် နေရာတွင်ကပ်ရန် စတစ်ကာ အညို အနက် ၊ လွှ ၊ ဓါး ၊ သံပေတံ ၊ ဇာဂနာ ၊ spray ဗူး ၊ ကော်ရည် ၊ ATM ကော် ၊ ကော်ရည်သုတ်ရန် စုတ်တံ ၊ Drawing များ စတဲ့ ပိုင်ဆိုင်မှုများက အပြည့်အ၀ နေရာ ယူထားပါသည်……။
“ မိ…နင်ဟာလေ….model ချိုးရပါမယ်ဆိုမှ ဒီဇိုင်းကို အ၀ိုင်းကြီးထုတ်တယ်…. တော်တော် မြွေဖမ်းချင်တယ်…..”

“ငါက နင့်လို လေးထောင့်မှ မကြိုက်တာ…..ငါက နူးညံ့ပျော့ပျောင်းတဲ့ လိုင်းကွေးတွေပဲ ကြိုက်တယ်…. နင်သာ ကျောင်းပြီးတော့မယ် square ကနေကို မထွက်တော့ဘူး……”
“ဟဲ့…..ငါက simple ကြိုက်တာ….လက်တွေ့ ဆန်တာ….မာရေကျောရေ ဒီဇိုင်း sense ရှိတာမဟုတ်ဘူး…..နားလည်လား…..”
ဒီလိုနဲ့  မိရဲ့ library အ၀ိုင်းကြီးကို ငြင်းရင်းခုံရင်း နှစ်ယောက်သား model ချိုးကြတယ်……။ အကွေးကြီးရအောင် ပလတ်စတစ်ပြားကို မူရင်းစကေးထက် ဘယ်လောက်ပိုဖြတ်ရမလဲတွက်……၊ စောင်နဲ့  ပတ်…..အပေါ်ကမီးပူနဲ့ ဖိပြီး အပူပေး…..ပျော့သွားတဲ့ အချိန်မှာ ထိုင်ခုံ အ၀ိုင်းလေးမှာ ပြေးကပ်ပြီး ပုံသွင်းရတယ်….။ တကြိမ်မရ နောက်တကြိမ်ထပ်ကြိုးစားရင်း ….. နောက်ဆုံးတော့ မိ ရဲ့ library အ၀ိုင်းကြီး အောင်မြင်စွာ ပုံဖော်နိုင်ခဲ့ပါတယ်…..။ “လေးမ” ရဲ့ ပထမနှစ်ကတည်းက အိမ်ကထည့်ပေးလိုက်တဲ့ မုံရွာချည်စောင်လေးလဲ မီးကျွမ်းသွားပါတယ်….နောက်တော့ ခွေးသားအမိ လက်ထဲထည့်လိုက်ရပါတယ်……။

Scene (5)_
“ ဟေ့….လေးမ တို့  ပုံတွေ ပြီးပြီလား….”
“ ဘယ်ပြီးဦးမလဲ ဟာ ”
“ ငါတို့ လဲ မပြီးဘူး….ဆရာမကို ဂျူရီ ရက်ရွှေ့ ခိုင်းကြရအောင်….”
“ ကောင်းတယ်…..ကောင်းတယ်…..လူစုလိုက်….”
“ အာခီတွေ….အခန်းနံပါတ် (…..) ကိုလာခဲ့ကြပါ…..အရေးပေါ် meeting ”
အဆောင်ရဲ့ ဟိုဘက်ထောင့်…..ဒီဘက်ထောင့်မှ ဟိုဘက် wing ဒီဘက် wing မှာနေသူများသို့ …..အပေါ်ထပ်ဝရန်တာမှ အောက်ထပ်ဝရန်တာသို့  အသံပေးလိုက်တော့ ၅ မိနစ်အတွင်းမှာ လူစုပြီးသားဖြစ်သွားပါတယ်…..။
( တခါကလဲ အုပ်စုလိုက် အတန်းလစ်လို့  ပါချုပ်ဆီမှာ လက်မှတ်ထိုးပြီး အဆောင်ရှေ့မှ ပါချုပ်အိမ်အထိ ပြေးခိုင်းခြင်းဖြင့် အပြစ်ပေးခံခဲ့ရပါတယ်…..ပါချုပ်ကြီး ပြောတာကတော့ တစ်ယောက်ထဲ အတန်းလစ်တာ အပြစ်မရှိဘူး…..အုပ်စုဖွဲ့ တာက အပြစ်ကြီးတယ်တဲ့…..ဒါပေမယ့် လေးမ တို့ က အမှတ်မရှိဘူး….အမြဲတမ်းအုပ်စုလိုက် တိုင်ပင်ပြီးလုပ်တယ်……စည်းလုံးညီညွတ်တာမဟုတ်ဘူး….. သူခိုး သေဖော် ညှိတာ )
၅ မိနစ်လောက် တိုင်ပင်ပြီးတာနဲ့  ဆရာမ အိမ်ကို တအုပ်စုလုံး ချီတက်ကြပါတယ်……။
သေခါနီးမျက်နှာလေးတွေနဲ့  ဆရာမကို ဘယ်လိုပဲ သနားအောင် ပြောပြော အသည်းမာလှတဲ့ ဆရာမက လုံးဝရက်မရွှေ့ ပေးတဲ့အပြင် ပြောရမယ့် နံပါတ်စဉ်ကိုတောင် မဲနှိုက်ခိုင်းလိုက်သေးတယ်……။ ပြန်ရောက်တော့ အစည်းအဝေးပြန်ထိုင်ကြတယ်…..။
“ ဘယ်လို လုပ်ကြမလဲ…”
“ ငါကတော့ လုံးဝမတင်ဘူး…”
“ ငါလဲ အကျခံလိုက်တော့မယ်….မတင်ဘူး….”
“ ဒါဆို တစ်ယောက်မှ ဂျူရီ မ၀င်နဲ့ ….သဘောတူလား….”
“ ယောက္ခမက အဆောင်ကို လိုက်လာမှာပေါ့….”
“ ဟဲ့….ဆရာမက အပျိုကြီးဟာကို…..”

“ အေးလေ….အပျိုကြီးမို့ လို့ ပြောရဲတာပေါ့….”
“ ဒါပေမယ့် ဆရာမ မွေးထားတဲ့ ခွေးကြီး ငညို ရှိတယ်လေ….ဟာ..ဟ ”
“ ဟဲ့….အရေးကြီးပါတယ်ဆိုမှ…..။ ဆရာမ အဆောင်ကို လိုက်လာလို့  ငါတို့ ကိုတွေ့ ရင် ပွဲကြမ်းမှာ…..အဲတော့ ငါတို့ တောခိုမယ်…..”
“ ဘာ….”
“ အော်….အနောက်ဘက်က သရက်တောထဲမှာ သွားပုန်းမယ်လို့  ပြောမလို့ ပါ….”
“ အဆောင်မှာ ၂ ယောက်လောက်တော့ နေခဲ့….အခြေအနေ ကောင်းပြီဆိုရင် သရက်တောထဲကို လာအကြောင်းကြား…..ကျန်တဲ့သူတွေက ထမင်းချိုင့်နဲ့  မနက် ၈ နာရီကတည်းက သရက်တောကို သွားကြမယ်……အပြန်ကျမှ ဆရာ့အိမ်မှာ သွားတောင်းပန်မယ်……ဆရာက ဆရာမလောက် ဒေါသမကြီးတော့ ပြသနာမရှိဘူး….ဆရာမကိုတော့ ၃ ရက်လောက်နေမှ တောင်းပန်မယ်….”

“ OK….good ”
လေးမ နဲ့  မိ ကအဆောင်မှာနေခဲ့တယ်…..။ ကျန်တဲ့သူတွေက သရက်တောထဲမှာ….။
ဂျူရီနေ့ မှာ …..
“ လေးမတို့ ….နင်တို့  ဆရာမ အဆောင်အောက်ရောက်နေပြီ…..”
“ အမယ်လေး….မှန်းထားတဲ့ အတိုင်းပါပဲလား…..လုပ်ကြပါဦး….ငါတို့ ကို အပြင်ကသော့ခတ်သွား…..မဖြစ်သေးဘူးဟ….ဆရာမကလဲ ငါတို့ လိုပဲ ဟိုဘက်ဝရန်တာကနေ ကျော်ပြီးဝင်လာရင် ကွိကနဲမိမှာ…..ပဲပဲတို့  အခန်းထဲမှာ ပုန်းနေမယ်….”
ပဲပဲက လေးမ နဲ့ မိကို အခန်းထဲထည့်ပြီး အပြင်ကသော့ခတ်သွားတယ်…..။
ဆရာမကတော့ သော့ခတ်ထားတဲ့ အာခီိခန်းတွေကို တခန်းချင်းလိုက်ကြည့်ပြီး ဒေါကန်ကန်နဲ့  ပြန်သွားတယ်….။ ညနေ ဆရာ့အိမ်မှာ သွားတောင်းပန်တယ်….။ လေးမ တို့ကအဲလိုပဲ…..။ လုပ်ချင်တာလုပ်ပြီးရင် ထိုင်ကန်တော့နေကျ….။ ။
ဒါတွေကတော့ ဖြတ်သန်းခဲ့ဖူးတဲ့ ဗိသုကာ ကျောင်းသူဘ၀ရဲ့ Scene လေးတွေပါ….။ နောက်ရက်တွေမှာ စိတ်ပါရင် အတိတ်က ရက်စွဲလေးတွေကို ထပ်ပြီးချိတ်ဆက်ပါဦးမည်…။

ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ပ )

ဒိုင်ယာရီစာမျက်နှာ (၈) ။ ။
Scene (1)_
မနက် ၃ နာရီ လောက် သန့် စင်ခန်းတွေဘက်ကို ငိုက်စိုက်ငိုက်စိုက် လျှောက်လာရင်း ယိုင်တိယိုင်တိုင် လျှောက်လာတဲ့ အရိပ် တစ်ခုနဲ့  ဖြတ်ခနဲ ဆုံတယ်…..။ မော့ကြည့်ပြီး လျော့တိလျော့ရဲ ပြုံးပြလိုက်တယ်…..ထမင်း ၂ ရက်မစားရတဲ့ အသံနဲ့  “ ပုံတွေ ပြီးပြီလား….” တဖက်က အရိပ်က ခေါင်းခါပြီး “ ပြီးသေးပါဘူးဟာ…..”
“ ဒါဝဋ်ကြွေးပဲ အချစ်ရယ်….” သီချင်းသံတိုးတိုး ခြေသံ တရှပ်ရှပ် ကြားရတယ်…..။ အာခီ ကျောင်းသူတစ်ယောက်ဆိုတာ သေချာတယ်…. “ ဟေ့..ဘယ်လို လဲ အခြေအနေ ကောင်းလား” …..။

“ ငါတော့ interior တစ်ပုံပဲ ဆွဲတော့မယ်….အားလုံးပေါင်းမှ ၈ ရွက်ပဲ ပြီးတယ်….. section လဲမပြီးသေးဘူး… .တတ်နိုင်ဘူး…ဒီလောက်ပဲ ရမယ်ဟေ့….”
Scene (2)_
“ကြောင်ကလေးက နားရွက်ထောင် ပညာရှိယောင်ဆောင်….”
“လေးမ….နင်ဘာတွေ အော်နေတာတုန်း…..နင်အရမ်းအိပ်ချင်နေပြီ…..ခဏအိပ်လိုက် ”
“ No….”

“ ဟာ…..လေးမ…..နင်…အိပ်ငိုက်ငိုက်နဲ့  လျှောက်ဆွဲကုန်ပြီ….ဒီနားမှာ နင်….ပြတင်းပေါက် မဖောက်ဘူးဆို….ဘာလို့  ပြတင်းပေါက်တွေ ဆွဲထားတာတုန်း….”
“ ဟာ…..သေရော….လုပ်ကြပါဦး…. ဘရိတ်ဓါး…ဘရိတ်ဓါး ….ဘယ်ရောက်နေပါလိမ့်….”
“ နင် မခြစ်နဲ့ ….ပေါက်ကုန်မယ်….ငါဖျက်ထားပေးမယ်…..သယ်ရင်းလေး ခဏအိပ်လိုက်….”
“ ငါ ၁၅ မိနစ်ပဲ အိပ်မယ်……၁၅ မိနစ်ပြည့်ရင် ငါ့ကိုနှိုးနော်…..မနှိုးရင် သေခန်းပြတ်ပဲနော်….ငါ ဘာမှမပြီးသေးဘူး…..သေချာနှိုးနော် “မိ” …..”
ပြောပြောဆိုဆို Drawing Board နောက်က နေရာလွတ်ကျဉ်းကျဉ်းလေးမှာ စောင်လေးပိုက်ပြီး ခွေခွေလေး အိပ်လိုက်တယ်….
“ သယ်ရင်းလေး….ထတော့….၁၅ မိနစ်ပြည့်ပြီ…..”
“ ရှင်….ဆရာ…..သမီး နောက်ဆို ဒီလိုမဖြစ်အောင် ဒီဇိုင်းကို စောစောထုတ်ပါ့မယ်….ဆိုင်ကယ်တစ်စီးနဲ့  လျှောက်လည်မနေတော့ပါဘူး…” ငုတ်တုတ်ထထိုင်ပြီး တတွတ်တွတ်ရွတ်လိုက်တယ်….။
“ ဟဲ့….ယောင်နေပြန်ပြီ…..မျက်စိဖွင့်စမ်း…” ပခုံးကနေ ဆွဲလှုပ် ခံလိုက်ရတယ်….။
“ တော်ပါသေးရဲ့ “မိ” ရယ်…..နင်နှိုးလိုက်လို့ …..ငါ့ကို ဂျူရီမှာ ဆရာက ကွိုင်နေတာဟ….”
Scene (3)_
“ ဒေါက်….ဒေါက်….ဒေါက်….အခန်းရှင်တို့ …”
“၀င်ခဲ့ပါ…..စေ့ထားတယ်….”

“ နင်တို့ ဖို့  စားဖိုဆောင်ကဟင်းထုတ်လာတယ်….နင်တို့  ထမင်းစားကတ်တွေ ငါတို့ ပဲ ယူထားပေးမယ်….ထမင်းကတော့ ၀ယ်စားမှာ မဟုတ်လား….စားပြီးရင် ပန်းကန်တွေ ထားထားလိုက်…..ငါတို့  လာယူ့ပြီး ဆေးပေးမယ်…..”
“ ကျေးဇူးဘဲဟာ…..ငါတို့  ဂျူရီ ပြီးရင် နင်တို့  ပန်းကန်တွေ ငါတို့  တပတ်တိတိ ဆေးပေးမယ်နော်….. ဒါနဲ့  ညကျရင် ငါတို့ ကို လာကူဦးနော်……”
“ အေးပါ…..ငါက ဘောင်ခတ်ပေးမယ်….”
“ ငါက ပြတင်းပေါက်တွေ အနက်ခြယ်ပေးမယ်…..”
“ ငါက စာတွေရေးပေးမယ်….”
“ Good….good….thanks ”
“ ဒေါ်ခင်စန်းရေ…..ထမင်း ၅၀ ဖိုး….” ၀ရန်တာထွက်ပြီး အဆောင်ရှေ့က ထမင်းဆိုင်ကို အသံကုန်ခြစ်ပြီး လှမ်းအော်လိုက်တယ်…..။
ထမင်းရပြီ ”
ဝရန်တာမှာ ကျစ်ကြိုးနဲ့  ချည်ထားတဲ့ ရေပုံးအသေးလေးထဲကို ပိုက်ဆံ ၅၀ ထည့်ပြီး အောက်ချပေးလိုက်တယ်…..။ ဒေါ်ခင်စန်းက ပိုက်ဆံ ၅၀ ကိုယူပြီး ထမင်းထုတ်ကို ပုံးထဲပြန်ထည့်ပေးလိုက်တယ်……။ ဒီလိုနဲ့  တနပ်စာတော့ အဆင်ပြေသွားပြန်ပြီ…..။ ။

ခက်ဆစ်
ဂျူရီ = ဒီဇိုင်းစာမေးပွဲ ဖြေဆိုခြင်း ၊ မိမိဆွဲထားသော ပုံများကို Board တွင်ကပ်၍ ဆရာများနှင့် ကျောင်းသားများအား မိမိ ဒီဇိုင်းကို ရှင်းလင်းပြောဆိုရခြင်း ၊ ဆရာများ၏ ဝေဖန် အကြံပေး…ဆုံးမ မှုကို ခံယူရခြင်း ….။
ဘရိတ်ဓါး= Tracing စာရွက်ပေါ်တွင် မင်ဖြင့်ဆွဲထားသည်ကို ဖြတ်ရန် ထုတ်လုပ်ထားသောခဲဖျက်မှာ ဈေးကြီးခြင်း ၊ ဖျက်ရတာ ကြာခြင်းကြောင့် Eagle တံဆိပ် ဘရိတ်ဓါးကို လေးပိုင်းချိုး၍ မင်ဖျက်ရန် အသုံးပြုရသဖြင့် ပုံဆွဲအထောက်အကူပစည်း…..။

(ညွှန်ကြားချက်အရ ဖြည့်စွက်ခြင်း)
ထမင်း ၅၀ ဖိုး= လွန်ခဲ့သော ၆ နှစ်ခန့် က ၅၀ ကျပ်တန်မြန်မာငွေစက္ကူဖြင့် ၀ယ်ယူနိုင်၍ ၉၅ပေါင်သာရှိသော လူနှစ်ဦး ၀လင်စွာစားသုံးနိုင်သော ထမင်း…..။

နောက်တမိုး (သို့ ) M.T.U မှာရွာတဲ့မိုး

ပုဂံသားက ရွာခိုင်းလို့  တမိုးတော့ ရွာပြီုးပြီ……..အခုတခါ EOT လုပ်ပေးထားတဲ့ ကျေးဇူးရှင်ကြီး ကိုရန်အောင်က “ စက်မှုတက္ကသိုလ် ကျောင်းသူဟောင်းတစ်ဦးရဲ့ မိုးရွာခဲ့သော ရက်စွဲများ ” ကိုသိချင်ပါတယ်ဆိုလို့  အတိတ်ကို အာရုံခံပြီး ကြိုးစားပမ်းစားထပ်ရွာလိုက်ရပါတယ်……။
M.T.U မှာ ရွာတဲ့မိုး…..


(အဆောင်ခေါင်မိုးပေါ်ကနေ တောင်တွေဘက်ကို လှမ်းရိုက်ထားတဲ့ ပုံပါ…….ဒီခေါင်မိုးပေါ် အဆောင်မှူးမသိအောင် ညဘက်ကြီး ခိုးတက်ပြီး “လေး” နဲ့  “မိ” ကြယ်တွေ ရေခဲ့ဖူးပါသည်……“မိ” က “လေး”
နဲ့  ရန်ဖြစ်တဲ့ အခါ ဒီခေါင်မိုးပေါ်တက်ပြီး စိတ်ကောက်တတ်ပါသည်……)

ဝရန်တာမှာ ထွက်ရပ်ပြီး…..တောင်တွေဆီကို လှမ်းကြည့်လိုက်တယ်……။ အော်…..မိုးရွာနေပါလား……“မိ….ရေ……..လာကြည့်စမ်းဟေ့…….တောင်ပေါ်မှာ မိုးရွာနေတာ သိပ်လှတာဘဲ……..”။ တောင်တွေဘက်မှာမိုးရွာနေပေမယ့် “လေးမ”တို့  အဆောင်မှာတော့ မိုးမရွာဘူး…..။ မိုးမရွာတော့ မိုးမပက်ဘူး…….မိုးမပက်တော့ ၀ရန်တာမှာ ထွက်ရပ်
လို့ ရတယ်…….၀ရန်တာမှာ ထွက်ရပ်လို့ ရတော့……. တောင်ပေါ်မှာရွာနေတဲ့မိုးကို ကြည့်ပြီး တယောက်ယောက်ကို လွမ်းလို့ ရတယ်……၊ သီချင်းဆိုလို့ ရတယ်……။
…………………..
“ မိ…..ရေ…..တိမ်ညို တိမ်မဲတွေ တောင်ပေါ်ကဖြတ်ပြီး…. ဒီဘက်ကို ရွေ့ လာ ပြီဟေ့…..ရွာတော့မယ်ထင်တယ်…….” ပြောလို့ မှမဆုံးသေး……… မိုးစက်တွေက ၀ရန်တာပေါ် လွင့်စင်ကျလာသည်………။ အခန်းတခါးကို တဒေါက်ဒေါက် ခေါက်သံကြားရပြန်တယ်………( လေထန်ကုန်းထဲကလို Let me in တော့မဟုတ်ဘူး….)..။ ပဲပဲတို့  အုပ်စု……“ငါတို့ …..မိုးရေချိုးကြမလို့ ……နင်တို့ ရော ချိုးမလား”တဲ့……။ နှစ်ခါမခေါ်ရဘူး……“ အေးလာခဲ့မယ်…….” ။ ဂျင်းဘောင်းဘီ နဲ့ ရှပ် လက်ရှည် …..အမြန်လဲပြီး…..အဆောင်ပေါ်တီကို ပေါ်က
ဝရန်တာ အကျယ်ကြီးဆီကို ချီတက်……..မိုးရေထဲမှာ……မတ်တပ်ရပ်ပြီး……..ခေါင်းမော့…….အဲဒါ…..မိုးရေချိုးတာဘဲ……။ အဆောင်မှူးကတော့……မသိရှာဘူး…..(သူလဲ မိုးအေးအေးနဲ့  ကွေးနေရှာမှာ )…..။
“ ဟယ်…ဟိုမှာ……စစ်ကိုင်းသား……စက်ဘီးကြီးနဲ့  တို့ အဆောင်ဘက်ကို လာနေတယ်…….ဘော်ဘော်တို့ ရေ…….ရန်သူလာတယ်……၀ပ်…..” ….။ လက်ရန်းကို အကာအကွယ်ပြုပြီး

ဝပ်လိုက်ရတယ်…….စပ်စုချင်စိတ်တွေက ချိုးနှိမ်လို့  မရတော့……အသာလေး ခေါင်းထောင်ပြီး ခိုးကြည့်ကြတယ်……..။ ကျေးဇူးရှင်က သစ်ပင်အောက်မှာ စက်ဘီးလေး ဒေါက်ထောက်ပြီး ကျောင်းသူတစ်ယောက်ရဲ့ အခန်း မျက်စောင်းထိုး နေရာလောက်ကရပ်ပြီး……..“ မမရေ…….မမ……မမကိုချစ်တယ်……” တဲ့……။ မိုးရွာထဲမှာလာပြီး ရောဂါသည်းပြနေတာ…….အအေးမိပြီး သေပါစေလို့  ဆုတောင်းပြီး…….“လေးမ” တို့ လဲ ကုတ်ကုတ်…..ကုတ်ကုတ် နဲ့  တပ်ဆုတ် ခဲ့ကြရတယ်……။ မဆုတ်လို့ ဘယ်ရမလဲ…….မိုးရေချိုးတာ မြင်သွား လို့ ကတော့…… ယောက်ျားလေးဆောင်က အရက်ဝိုင်းမှာ မြည်းစရာသတင်းစကား ဖြစ်သွားပြီး…… နောက်တနေ့ …..ကျောင်းသွားတဲ့အခါ ရစရာမရှိအောင် အဖဲ့ခံရမှာလေ…..။ စစ်ကိုင်းသားကတော့ မိုးရေထဲမှာ……ဝေဒနာတွေ ရုပ်သိမ်းပါဦး……” တဲ့……ကြွေလို့  ကောင်းတုန်း…….။
…………………..
အဲဒီညက…….မိုးတွေ သည်းခဲ့တယ်……။ မြေကြီးကျင်းတူးပြီး ခွေးသားလေးတွေ ပေါက်ထားတဲ့ အဆောင်ကစားကြွင်းစားကျန်တွေ စားနေကျ ခွေးမကြီးကို စိတ်ပူသွားမိတယ်…….။ မနက်နိုးလာတော့ ဘေးမှာ “မိ” မရှိဘူး……( ခါတိုင်းဆို သူက ၅ မိနစ်…၅မိနစ် ဆိုပြီး ပြန်အိပ်နေကျ)……။ မျက်နှာသစ်ပြီး
ဝရန်တာက ထွက်ကြည့်လိုက်တော့ မိုးဖွဲတွေကြားမှာ မိုးကာအကျီင်္လေးနဲ့  ကယ်ဆယ်ရေးသမား “မိ”ကိုတွေ့ ရတယ်…….။ မြေပြိုပြီး ပိတ်မိနေတဲ့ ခွေးသားပေါက်လေးတွေကို တကောင်ပြီးတကောင် ကယ်ထုတ်ပြီး အဆောင်လှေကားအောက်ကို ပို့ ပေးနေတယ်လေ…….။ “လေးမ….ရေ……. အ၀တ်ဟောင်းတွေယူခဲ့……ဒီကောင်တွေ…..သိပ်ချမ်းနေတယ်” တဲ့……။ “လေးမ” အ၀တ် ၃ ထည် ဒါနလုပ်လိုက်ရတယ်……..။ မိုးတွေစိုနေတဲ့ “မိ” က “လေးမ” အတွက်တော့ “နိုက်တင်ဂေး” လိုဘဲ……..။
…………………..
အဲဒီနေ့ က……..ရန်ကုန်က ဗိသုကာ တစ်ဦးလာပြီး ဟောပြောတယ်…….။ လူမစုံဘူး…….ကျောင်းသားတစ်ယောက်လိုနေတယ်……….မိုးကလဲ ဖွဲဖွဲရွာနေတယ်…… ဟောပြောပွဲပြီးတော့ “လေးမ” တို့ ပြန်လာကြတယ်……..ဟော…….တွေ့  ပါပြီ…..ထိုကျောင်းသား……ကောင်မလေးနဲ့  မိုးကာအကျီင်္ချင်းလဲ
ဝတ်ပြီး…….. စက်ဘီးလေးတွန်းလို့ ……မိုးရေထဲမှာ…….MTV ရိုက်နေသလား….မှတ်ရတယ်……။ သူတို့ ကို လှောင်မိပေမယ့် စိတ်ထဲမှာကျိတ်ပြီး အားကျသွားသလား…….မသေချာဘူး…… မမှတ်မိတော့ဘူး……ကြာခဲ့ပြီကိုး…..။
…………………..
နောက်ဆုံးနှစ်ရောက်ပြီ……..မကြာခင်…….သူငယ်ချင်းတွေ……ခွဲကြရတော့မယ်……။ အမှတ်တရဖြစ်အောင် မေမြို့ တက်လည်ကြတယ်………။ လည်စရာကုန်တော့ DSTA (DSIT) ကို ၀င်ကြည့်ချင်လာတယ်…….သူငယ်ချင်းတစ်ယောက်က သူ့ သူငယ်ချင်း တစ်ယောက်ရှိတယ်….. တဲ့……။ DSTA ၀င်းကြီးထဲရောက်တော့……သူတို့  အဆောင်တွေက မိုက်လိုက်တာ……

ငါတို့ အဆောင်တွေနဲ့  တခြားစီဘဲ……ဧည့်တွေ့ ဆောင်လဲ သီးသန့်  ရှိတယ်……မြင်မြင်သမျှ……ကိုယ့်ကျောင်းနဲ့ နှိုင်းယှဉ်ပြီး အားကျခဲ့ရတယ်……..။ ဧည့်မှတ်တမ်းမှာ စာရင်းပေး……သူ့ သူငယ်ချင်းကို စောင့်…….တိုက်ပုံနက်နဲ့  ပုဂ္ဂိုလ်တွေက ကွက်ကြည့် ကွက်ကြည့်…….။ သူ့ သူငယ်ချင်းကပြုံးဖြဲဖြဲနဲ့ ……ကောင်မလေးတွေ တအုပ်ကြီး သူ့ ကိုလာတွေ့ လို့  ဂုဏ်ယူ ၀ံ့ကြွား နေပုံရပါတယ်……..။ တစ်ယောက်နဲ့  တစ်ယောက် မိတ်ဆက်……… သူတို့ ချင်း စကားနဲနဲပါးပါး ပြောပြီးတော့…..ပြန်ခဲ့ကြတယ် ……..မိုးကရွာလာပြီလေ……။ ပြန်ရောက်ပြီး တစ်ပတ်လောက် နေတော့ သူငယ်ချင်းဆီကို ထိုပုဂ္ဂိုလ်ဆီက
ချစ်သ၀ဏ်လွှာရောက်လာတယ်……… မေမြို့ မှာ မိုးရွာခဲ့မိတာကိုး……..။
…………………..
“လေးမ” က “သူ” မိုးမိမှာ သိပ်ကြောက်တယ်…..သူက “လေးမ” ကို မကြင်နာပေမယ့် “လေးမ” က သူ့ ကိုသိပ်တန်ဖိုးထားတယ်………။ မိုးရွာရင် “လေးမ” မိုးစိုချင်စိုပါစေ…..သူ မစိုအောင်ကြိုးစားခဲ့တယ်……..။ “သူ” ဆိုတာ “လေးမ” ဆွဲထားတဲ့ Drawing paper တွေလေ…….။ မိုးရွာရင် Drawing Paper တွေကို ရင်မှာပိုက်……..ပြီးမှ အပေါ်ကမိုးကာအကီင်္ျထပ်ဝတ်ပြီး ကျောင်းသွားရတယ်……..။ ညပေါင်းများစွာ အိပ်ရေးပျက်ခံပြီး ဆွဲထားရတာ…..မိုးစိုလို့  ဘယ်ဖြစ်မလဲ……။
…………………..
အပြင်မှာ မိုးရွာနေတယ်……..။ ပြတင်းပေါက်ပိတ်ထားလို့  မိုးလဲမပက်ပါဘူး……။ ဒါပေမယ့် “လေးမ” မိုးတွေစိုနေတယ်……..အတိတ်က မိုးရေစက်တွေ စိုနေတယ်……။ ။

လွန်ခဲ့သော ၁၀ နှစ်က….

(ဇွန် ၃၀ ) မနေ့ က ၁၀ တန်းတွေ အောင်စာရင်းထွက်တယ်….။ ဂုဏ်ထူးနဲတယ်လို့  ပေါက်ပေါက်ဆုပ် ကပြောတယ်….။ ရန်ကုန်ကလူတွေပြောတာတော့ သင်္ချာလည်း သိပ်မထွက်ကြဘူးတဲ့……။ ၁၀ တန်းဖြေထားတဲ့သူတွေတော့ ငိုကြ ပျော်ကြ ဦးတော့မှာဘဲ…….။ လွန်ခဲ့တဲ့ ၁၀ နှစ်က ၁၀တန်း အောင်စာရင်းကို “လေးမ”လည်းရင်ခုန်ခဲ့ပါတယ်……။ မနက် ၆ နာရီမှာ နံစော်ညစ်ပတ်နေတဲ့ ကိုယ်လို သူလို လူတွေကြားမှာ
တိုးဝှေ့ပြီးကြည့်ခဲ့ရတယ်…….။ ရင်ခုန်တယ်သာပြောရတာ…..စိတ်က သိပ်မတက်ကြွလှဘူး…….တပြည်လုံး ၁ မှ ၁၀ ၀င်တဲ့ စာရင်းက ထွက်သွားတာကြာပြီကိုး……..။ အတန်းဖော် သူငယ်ချင်း ၃ ယောက်ပါသွားတယ်…….။ မြတ်သဇင်အောင်က ၁ ၊ မေနှင်းက ၅ ၊ သော်ကြီးက ၁၀………။ “လေးမ”က…….ဘာမှမဟုတ်….။ အောင်စာရင်းကြည့်တော့ မြန်မာစာမပါဘူး……။ ၀မ်းမနည်းပါဘူး …….စာစီစာကုံးမှ မရေးတတ်တာ……ဘယ်တုန်းကမှလဲ ဂုဏ်ထူးမရခဲ့ ဖူးပါဘူး…….။ အမေက အမျိုးတွေဆီ ဖုန်းဆက်ပြီးကြွားနေသံကြားရတော့လဲ တယ်ဟုတ်တဲ့ ငါဘာလား ဆိုပြီး ပျော်သွားတယ်……။ အရေးကြီးတာက ဘာလိုင်းလျှောက်မလဲ……ဘာဆက်လုပ်မလဲ……စဉ်းစားရပြီ……။ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ကတော့ အခုလောက်လဲ ခေတ်မစား……၊ ပိုက်ဆံလည်းမတတ်နိုင်….၊ မိန်းကလေးလည်းဖြစ်တော့……ပယ်ချလိုက်တယ်……။ ပြည်တွင်းကကျောင်းတွေကိုဘဲ စဉ်းစားထားလိုက်တယ်…….။ ဆရာဝန်….အင်ဂျင်နီယာ….လုံးဝ
ဝါသနာမပါဘူး…….။ ဖြစ်ချင်တာက ရှေ့နေ…….။ ဆရာမ ဂျူးရဲ့ “ကြေမွ သွားသောတိမ်တိုက်များအကြောင်း” ဖတ်ပြီး ရှေ့နေရူး ရူးခဲ့တာ……။ မိဘတွေကလည်း အမှတ်စာရင်းထုတ်ပြီးမှ စဉ်းစားတဲ့……။ အမှတ်စာရင်းထုတ်ပြီးတော့ မေမေက “ သမီးရယ်….ဆေးကျောင်းလေးတက်လိုက်ပါ” တဲ့……။ ဘယ်ရမလဲ…..“လေးမ” ဘဲ…..အစကတည်းက အဖေနဲ့  စာချုပ်ချူပ်ထားတာ…..။ အတတ်နိုင်ဆုံးကြိုးစားမယ် …… ဆေးကျောင်းမတက်ဘူး….. ဆေးကျောင်းတက်ခိုင်းမယ်ဆိုရင် ကောင်းကောင်းမဖြေဘူး…..
လို့  ဆွေးနွေးထားပြီးသား……။ ဘာလို့ ဆရာဝန် မလုပ်ချင်တာလဲဆိုတော့ ကြားကောင်းအောင် ဖြေရရင် ရွံလို့ …..အမှန်အတိုင်းဝန်ခံရရင် ကြောက်လို့ ….။ လူကိုယ်ထဲက ကလီစာတွေ……သွေးသံရဲရဲတွေကို ကြောက်လို့ ……ဆေးရုံမှာ တာဝန်ကျနေတုန်း ညကြီးအချိန်မတော် ဓါးတန်းလန်းကြီးနဲ့  လူနာရောက်လာခဲ့ရင်……ဆိုတဲ့ အတွေးကြီးက တော်တော်ခြောက်ခြားစေခဲ့တယ်…….။ နောက်တချက်က သူများကို ဆေးထိုးဖို့ ….ဓါးနဲ့ ခွဲဖို့  သတ္တိမရှိဘူး….။ ကိုယ်တိုင်သာ ဆေးရုံတက်လိုက်….ဆင်းလိုက်….ခွဲစိတ်ခံလိုက်နဲ့  အမျိုးမျိုးခံနိုင်တာ…..သူများကိုတော့ မလုပ်ရဲဘူး…….။ ဘယ်လောက်ကြောက်စိတ်ရှိလဲဆိုရင် ဆေးကျောင်းသူ အစ်မ ခွဲစိတ်ဖြတ်တောက်ထားတဲ့ “၀က်” အသေလေးကို မြင်ပြီး “လေးမ” ဖျားတယ်……။ ခြေကားယား…လက်ကားယားလေးနဲ့  ပက်လက်လေး မသေမရှင်အခြေအနေလေးနဲ့  သွေးကြောတွေ အရှာခံနေရတဲ့ ဖားကလေးကို ကြည့်ပြီး အိပ်မက်ဆိုးတွေ မက်ခဲ့တယ်………။ လူတွေကို ကယ်တင်ဖို့  အရင်းအနှီးတွေ ဆိုတာသိပေမယ့် ဘယ်လိုမှ ရင်ဆိုင်နိုင်စွမ်းမရှိလို့  မိဘတွေရဲ့ ဆန္ဒကို ဆန့် ကျင်ခဲ့ရတယ်…….။ ဖြစ်ချင်တဲ့ ရှေ့နေ လဲမဖြစ်ခဲ့ရပါဘူး……. ရှေ့နေညံ့လို့  အမှားအယွင်းတစ်ခုခု ဖြစ်သွားခဲ့ရင် “ငါ့ကြောင့် ” ဆိုတဲ့ အတွေးကြီးနဲ့  တသက်လုံးမွန်းကြပ် နေမှာကြောက်သွားလို့ ပါ…….။ “လေးမ” ကတော်တော် အတွေးခေါင်တယ်နော်……။ ဟုတ်ပါတယ်……“လေးမ” ငယ်ငယ်က “ကြောင်” မှာဘာလို့  နှုတ်ခမ်းမွှေး ပါတာလဲလို့  ခဏခဏမေးတတ်တယ်တဲ့……( မေမေ ပြောတာ) ။ နောက်တော့ ဘာမှ စဉ်းစားချိန်မရလိုက်ဘဲ အင်ဂျင်နီယာကျောင်းသူ ဖြစ်ခဲ့ရတယ်…….။ အခုတော့ ဟိုမရောက်ဒီမရောက်…..ယောင်ချာချာ အာခီတက်…….။ မေမေကတော့ “နင်ဥာဏ်များလို့  ကြံဖျား စုပ်ရတာတဲ့…..” ။ ။
( သိတယ်မဟုတ်လား……ကြံတွေက အဖျားမှာ မချိုဘူးလေ……)

ဗိသုကာ ကျောင်းသူဘ၀…အဲသလိုစခဲ့တယ်…

ဒိုင်ယာရီ စာမျက်နှာ (၇) ။ ။
“လေးမ” တို့ တုန်းက ပထမနှစ်ဖြေပြီးတဲ့ အချိန်မှာ ဗိသုကာလိုင်းလိုချင်တဲ့ သူတွေကို လျှောက်လွှာတင်ခိုင်းတယ်……။ တခြားမေဂျာတွေကတော့ ဒုတိယနှစ်ဖြေပြီးမှ လိုင်းခွဲတာ……(အခုတော့ ပထမနှစ် စတက်ကတည်းက မေဂျာခွဲ လိုက်ပြီ )…..။ ဗိသုကာဘာသာရပ်က စိတ်ဝင်စားဖို့ လိုတဲ့အတွက် အမှတ်နဲ့ မခွဲဘဲ ၀ါသနာပါတဲ့သူ လျှောက်ခိုင်းတယ်……။ တစ်နှစ်
နဲ့ တစ်နှစ်တော့ “မူ”ကမတူပါဘူး……။ အာခီမေဂျာကို အညံ့ဆုံးလူတွေပို့ ခဲ့ဖူးသလို အတော်ဆုံးလူတွေလည်း ရွေးချယ်ခဲ့ဖူးတယ်…….။
လူတွေ့ စစ်ဆေးပြီး အောင်မှရမယ်ဆိုလို့  ဆရာကြီး ဒေါက်တာလွင်အောင် ရေးတဲ့ “ဗိသုကာ ပညာနိဒါန်း” ကို အကြိမ်ကြိမ်ဖတ်ခဲ့ရတယ်…..( တစ်လုံးမှကို သဘောမပေါက်ဘူး )……။ အဆောင်မှူးမမက အာခီတက် ဆိုတော့ ဘာတွေလေ့လာထားရမလဲ မေးရတယ်…….Space ဆိုတာဘာလဲ……Form ဆိုတာဘာလဲ…..ဘယ်နှစ်မျိုးရှိလဲ ဆိုတဲ့ မေးခွန်းတွေနဲ့  တော်တော် ခေါင်းခြောက်ခဲ့ရတယ်……။ ပြီးတော့ ကဒ်ပြားပေါ်မှာ ပုံဆွဲ…၊ ကတ်ကြေးနဲ့  ညှပ်ပေးလိုက်ပြီး အဲဒါကို ပုံဘယ်နှစ်မျိုးပြောင်းလို့ ရလဲ ပြောင်းကြည့်ထားတဲ့……။ တော်ပါသေးရဲ့…..လူတွေ့  မစစ်ဖြစ်လို့ ……..။ စစ်ရင် ကျမှာဘဲ…….။ ဒုတိယနှစ်မှာ အဆောက်အဦ ဒီဇိုင်းမထုတ်ရသေးဘူး……..။ ပုံဆွဲနည်းနဲ့  ဒီဇိုင်း အခြေခံတွေဘဲ သင်ရတော့ တော်တော် စိတ်ဓါတ်ကျတယ်……။ ဒီလိုမှန်းသိရင် ပန်းချီသင်တန်း အရင်တက်ခဲ့ပါတယ်လို့  နောင်တရမိတာလည်း အကြိမ်ကြိမ်……..။ သင်ရသမျှက ပန်းချီပညာနဲ့ မှမကင်းတာ……..။ စသင်တဲ့နေ့ က ABCD နဲ့ 1234 ရေးရတာ……ည ၂ နာရီထိုးတယ်…..။ T-square ကိုပြောင်းပြန်ကိုင်ပြီး ဘောင်ခတ်လို့  ယောက်ျားလေးဆောင်မှာ အတင်းအုပ်ခံရသေးတယ်…….။ နောက်တနေ့  သင်္ချာတန်းသွားတော့
ဝိုင်းလှောင်ကြတယ်…….။ ( ယောက်ျားလေးတွေက မိန်းကလေးတွေထက်တောင် အတင်းပြောတတ်သေးတယ် ) ….။ ဗိသုကာဘာသာကို စသင်ရတာ ပျော်စရာကောင်းသလို လို နဲ့  စိတ်ညစ်ဖို့  ကောင်းတယ်……..။ ဆရာကလည်းမရှိဘူး…..အဆောင်မှူးက မဟာဘွဲ့ အတွက် ရန်ကုန်မှာ Thesis သွားလုပ်တော့ “လေးမ” တို့ မှာ အမိမဲ့သား ရေနဲငါးလေးတွေလို…..အားကိုးရာမဲ့ခဲ့ရတယ်…….ရန်ကုန်ကဆရာတွေက အလှည့်ကျ လာသင်ကြတယ်……။ ရန်ကုန်ကဆရာ မလာတဲ့ အပတ်ဆိုရင် ဆိုင်ကယ်တစ်စီးနဲ့  မန်းလေးမြို့ ကိုပတ်ပြီသာမှတ်……။ ဆရာ မလာရင် ပျော်ခဲ့သမျှ အခုတော့ ငိုချင်စရာကြီး…….သင်ရိုးကုန်မသင်ခဲ့ရဘူး……မသိခဲ့ မတတ်ခဲ့….မသင်ခဲ့ ရတာတွေက အများကြီးဘဲ……။ ဆရာတွေကပြောတယ်…….ဗိသုကာဘာသာက စာများများဖတ်ဖို့ လိုတယ်တဲ့……ဖတ်ချင်လို့  library မှာရှာတယ်……ရှိပါတယ်လေ….နဲနဲပါးပါးပေါ့…..“ Love story in Harvard ” ကိုကြည့်ရတဲ့အခါ “လေးမ” ဖြတ်သန်းခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူဘ၀နဲ့  နှိုင်းယှဉ်မိတော့……ဘယ်လိုရေးရမလဲ…..အဲလိုခံစားရတယ်….။ ကောင်းတာပေါ့…… ပြည့်စုံနေရင် ကြိုးစားနေရဦးမယ်…… အခုတော့ ကိုယ့်ဘာသာ အပျင်းကြီးပြီး စာမလုပ်တာကို ဟိုဟာလွဲချ…ဒီဟာလွဲချနဲ့  အကြောင်းပြလို့ ရတာပေါ့………။ သင်ပေးတဲ့ ဆရာတွေကတော့ ကြိုးစားပမ်းစား စေတနာထားပြီးသင်ပေးကြတယ်……။ ရန်ကုန်ကလာရင် စာအုပ်တွေယူလာပေးတယ်…….။ ဆရာတွေ မပြန်ခင် မိတ္တူဆွဲထားရတယ်…..“မိ” နဲ့  နှစ်ဦးပိုင်စာအုပ်တွေက များလာတယ်……။ ဒီလိုနဲ့  ဆရာတွေကို ဘူတာမှာ သွားကြိုလိုက်…..ပြန်ပို့ လိုက်…..နဲ့  ဒုတိယနှစ် (ဗိသုကာ ပထမနှစ်) ကို ဂုဏ်ထူးနဲ့  (ကြုံတုန်းကြွားရတာ) အောင်မြင်ခဲ့ပါတယ်……။
ဒီ -Post ကိုရေးတော့ ဆရာ့ကို သတိရတယ်……ဆရာ….ဆရာ…..တိုက်ပုံအင်္ကျီလေး ပုခုံးပေါ်တင်လို့ ……ပိန်ပိန်ပါးပါးနဲ့  ဆရာ့ကို သိပ်ကြောက်ခဲ့ရတယ်……ဆရာစလို့  ငိုခဲ့ရတယ်…..ဆရာထုလို့ နဖူးဖုခဲ့ရတယ်……ဆရာဆွဲခိုင်းတဲ့ ကနုတ်ပန်းတွေကြောင့် ၂ ရက်လောက် တရေးမှ မမှေးခဲ့ရဘူး…..။ ဆရာ….ဆရာ……ပေကြိုး တခွေပေးပြီး ဒီအဆောက်အဦကို တိုင်းပြီးဆွဲထားလိုက်……အဲဒါ Measure drawing ဘဲ ဆိုပြီး ပေကြိုး တခွေနဲ့  ထားပစ်ခဲ့တဲ့ ဆရာ……အခုလည်း အဆင်ပြေသလို နေရစ်ခဲ့ကြတော့ဆိုပြီး “လေးမ” တို့ ကို ထားခဲ့ပြန်ပြီ……။ ဆရာကတော့ “စ” မှာ…..ဘ၀သစ်မှာ …… ပျော်နေပြီလားဆရာ….ပျော်ပါဆရာရယ်…..ဆရာပျော်ရင် တပည့် ၀မ်းမြောက်ပါတယ်…….။ ဆရာ့တပည့် တော်တော်များများလည်း ဆရာနဲ့ အတူ ရှိနေကြပြီနော်……။ နောက်ထပ်လည်း လာကြလိမ့်ဦးမယ်ဆရာ……..။ ဆရာ့တပည့် “လေး” ကတော့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း အားလုံးကို လွမ်းနေပါ့မယ်…….ဆရာ……။ ။

ပျော်ခဲ့သည်…..(ဒု)

ဒိုင်ယာရီ စာမျက်နှာ (၆)။ ။ (ဒုတိယပိုင်း)

တန်ဆောင်တိုင်မှာ ရှမ်းအသင်းက ဦးစီးပြီး မီးပုံးပျံ တွေလုပ် ကြတယ်…… မိန်းကလေးဆောင် ၀င်းထဲ ရှမ်းအကနဲ့  လာဖျော်ဖြေကြတော့ အဆောင်မှူးမမ မှာ တံခါးလည်း ဖွင့်ပေးရသေး……မုန့် ဖိုးလည်း ပေးရသေး…….ယောက်ျားမရပါစေနဲ့ လို့ လည်း အော်ခံရသေး ( မုန့် ဖိုးပေးတာ နဲလို့ တဲ့) ……..။ ကထိန်လှည့် တော့လဲ လိပ်ပြာပုံတွေ ဘာတွေ ချိုးပြီး အိုးစည်ဒိုးပတ်နဲ့  ကကြ ၊ ခုန်ကြ………။ ရွှေတိုင်း (စစ်ကိုင်းတိုင်း) အသင်းရဲ့ “ရှင်ဥပဂုတ္တ ဖောင်မျှောပွဲ” ကလည်း တန်ဆောင်တိုင်မှာဘဲ……..( ဟိုနေ့ က မှားရေးလိုက် မိတယ်)…….ကျောင်းရှေ့က ၁၀ ပေမြောင်း ( ရေပေးဝေသောမြောင်း ) ထဲမှာ “ရှင်ဥပဂုတ္တဖောင်” နဲ့ အတူ ငှက်ပျောအူပေါ် ဆီမီးခွက်လေးတွေ တင်ပြီး မျှောကြရတာ……..။ ၆နာရီ ကျော်ရင် အပြင်ထွက်ခွင့် မရှိတဲ့ အဆောင်သူတွေ အတွက် ဒီလိုနေ့ မျိုးဆို အထူးအခွင့်အရေး အနေနဲ့  ၈နာရီခွဲ လောက်အထိ အပြင်မှာနေလို့  ရတယ်………..။ ဒီဇင်ဘာ အားကစားလမှာတော့ ဘော်လီဘော ၊ ကြက်တောင် ၊ Table Tennis ၊လွန်ဆွဲပွဲ ၊ ဘောလုံး စတဲ့ပြိုင်ပွဲတွေမှာ အားပေးကြ…….ရန်ဖြစ်ကြ ရတယ်……… အထူးသဖြင့် ဘောလုံးပွဲ ……….၊ ယောက်ျားလေးတွေ ကန်တဲ့ ဘောလုံးအတွက်နဲ့  မိန်းကလေးတွေ မခေါ်နိုင် မပြောနိုင် ဖြစ်ကြရတယ်………။ အဆောင်မှာ ပထမနှစ် နဲ့  ဒုတိယနှစ် စိတ်ဝမ်း ကွဲ …….ရန်ဖြစ်…..စောင်းပြော…….နောက်တော့ ပါချုပ်ရုံးရောက်…..၀န်ခံကတိထိုး…….။
ပြန်တွေး ကြည့်ရင်ရီစရာကောင်းသလိုရှက်စရာလည်းကောင်းတယ်…..။
မန္တလေး ဆောင်းက သိပ်အေးတာ……ဒါကြောင့် အချုပ်တန်းဆရာဖေက “ ချမ်းပုံမှာ ကမ်းကုန် ရစ်တာမို့ ….မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့” လို့  စပ်ဆိုခဲ့ တာဖြစ်မယ်………။ ဒါပေမယ့် ဘယ်လောက် အေးအေး ……ဒီဇင်ဘာ ၂၅ ဆိုရင် ခရစ်ယန်ကျောင်းသားတွေက (ချင်းလူမျိုးများတယ်) အဆောင်ဝင်းထဲမှာ သီချင်းလာဆို ကြတယ်……။ “လေးမ” တို့  အဆောင်သူတွေကလည်း အနွေးထူထူဝတ်ပြီး ၀ရန်တာ မှာ ထွက်နားထောင်ကြတယ်……..။ သီချင်းဆိုပြီးရင် သူတို့ ပါလာတဲ့မုန့် တွေပစ်ပေးတယ်…….. “လေးမ” တို့ ကလည်း ရှိတဲ့မုန့် တွေ ပြန်ပစ်ပေးကြတယ်……….ကျောင်းသားဘ၀မှာ ဘာသာ၊ လူမျိုး ခွဲခြားမှုဆိုတာမရှိဘူး……….။ ပြာသိုတပို့ တွဲ…..ထမနဲထိုးတယ်…… ထမနဲချင်းအတူတူကို ဟိုအဆောင်၊ ဒီအဆောင် လဲစားကြတယ်………။ ဘာပွဲမှမရှိတဲ့လမှာ ကျောင်းသားတွေ ငြိမ်ကုပ်ပြီးစာလုပ်နေကြမယ်လို့  ထင်ပါသလား……….လုံးဝမငြိမ်ပါ……..။ ( ပြည်နယ် နှင့် တိုင်းအလိုက် ကိုယ့်ဘာသာ ဖွဲ့ ထားကြသော) ကိုယ့်အသင်းနဲ့ ကိုယ်မေမြို့ တက်ကြတယ်………BE Fall မှာ ကျောင်းသားတယောက် ရေနစ်တော့ ပါချုပ်က မေမြို့ တက်ခွင့်ပိတ်လိုက်တယ်……..အပျော်လွန်တော့လည်း အန္တရာယ်များတယ်……..။မေမြို့  မတက်ရ တော့ တောင်တက်ကြတယ်……..ကျောင်းနားမှာရှိတဲ့ ( မြခနောက် ၊ စိန်ခနောက် ၊ ပတ္တမြားခနောက် ၊ ထူးမဂူ ၊ ရွှေဟသာင်္ဂူ ၊ ၀င်္ကပါဂူ…..) တောင်တွေကို တက်ကြတာ……..စားနပ်ရိက္ခာ ၊ ဖျော်ဖြေရေးဂစ်တာ…….. အစုံအလင်နဲ့  တောင်တက်ကြတယ်……….။ ဒီလိုနဲ့ ……… စာမေးပွဲကြီး ရောက်လာတယ်……….စာမေးပွဲဖြေတော့လဲ ပျော်ပျော်ဘဲ………သိသလောက်ဖြေ………ရသလောက်ရေး…….၊
သူများလည်း ကိုယ့်လို မဖြေနိုင်ဘူးဆိုရင်……၀မ်းသာ……….။
ဒီလို…….ဒီလို……..ပျော်ခဲ့ကြပါသည်………။ ။