ပျောက်လိုက်ပါဦးမည်

ပျောက်ပါမည်

ပျောက်ပါဦးမည်

ပျောက်မည်ဆိုတာ ကိုယ့်ဘလော့ဂ်မှာ ကိုယ်ပျောက်မှာ.

အသစ်မရေးဘဲနေမှာ

သူများတွေဆီမှာတော့ ရှိနေမယ်..။

ဘာမှမဖြစ်.. ပျင်းလို့  ။

Advertisements

လှူရန်

ကို ဒေါင်းမင်းရဲ့ မွန်မြတ်သော အလှူ ဆိုတဲ့ ပို့ စ်လေးကို  http://myanmarkingpeacock.blogspot.com/2009/01/blog-post_4621.html မှာ ဖတ်ရှုပေးပါရန်။

မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဒီဇိုင်းလှူမည်

ဇွန်လ ၂၇ ရက်နေ့  နေ့လည် ၂ နာရီ Myanmar Info-techမှာ  ပြုလုပ်ခဲ့တဲ့ The Launching ceremony of ” Project SHELTER” အခမ်းအနားတွင် တွေ့ ကြုံ ကြားသိခဲ့ရသည်များကို မျှဝေပါမည် ။

မြန်မာနိုင်ငံ ဗိသုကာများ အသင်း မှ ဦးဆောင် ၍ မုန်တိုင်းဒဏ် ခံရသောဒေသများ ပြန်လည်ဖွံ့  ဖြိုးရေးအတွက် ဒီဇိုင်းပုံစံ နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီရန် ရည်ရွယ်၍်  Project SHELTER   ကော်မတီ ကို ဖွဲ့ စည်း ဆောင်ရွက်ခဲ့ပါသည် ..။

အရံသင့် အိမ်ပုံစံ ၅ မျိုး ဆွဲထားပါတယ်..။

ပုံစံတစ်မျိုးစီအတွက် ဗိသုကာ ပုံစံများ ၊ လုပ်ငန်းခွင်သုံးပုံများ ၊ ပစ္စည်းအမျိုးအစားစာရင်းများ ၊ ပစ္စည်းအရေအတွက် စာရင်းများ ပါဝင်ပါမည် ။ လိုအပ်ပါက ဆောက်လုပ်မည့် ကန်ထရိုက်များ ရှာဖွေ ရွေးချယ်ပေးခြင်း လုပ်ငန်းတွင် လည်း ကူညီပါမည် ။

ဒီဇိုင်း အလှူခံမည့်သူများဘက်မှ လိုအပ်ချက်များ

၁။ ဖောင် ဖြည့်စွက်ရန် ( နမူနာ)

အမည် ( သို့ ) အဖွဲ့  အစည်း

မည်သည့်နေရာတွင် ဆောက်လုပ်ရန် ရည်ရွယ်သည်

ကုန်ကျစရိတ်ခန့် မှန်းချက် မည်မျှတတ်နိုင်သည်

မည်သည့်ပုံစံကို ရွေးချယ်မည် ..

၂။ အိမ်ဒီဇိုင်းများကို ပြန်လည်ပြင်ဆင်ခွင့်မပြု ပါ။

(လှူဒါန်းရေးဆွဲသည့် ဗိသုကာ၏ ခွင့်ပြုချက်နဲ့ တော့ ပြင်နိုင်မယ် လို့  လေးမ ယူဆပါတယ် )

၃။ အိမ်ဒီဇိုင်းများကို လွှဲပြောင်းကူးယူခွင့်မပြုပါ ။

၎။ စီစဉ်ဆောင်ရွက်ပေးမည့်သူများ၏ ခရီးစရိတ် ၊ စားစရိတ် နှင့် ရုံးစရိတ်များကို အလှူရှင်မှ ကျခံရန် ။

၅။ လုပ်ငန်းပြီးဆုံးပါက Project SHELTER သို့ ပြန်လည်သတင်းပို့ရန်နှင့် အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ပါကလည်း သတင်းပြန်ပို့ ရန် ။

( ခုလို အချက် ငါးချက် သတ်မှတ်ထားရခြင်းသည် အလကားပေးတဲ့ ဒီဇိုင်းတွေဆိုပြီး ပေါပေါလောလော မဖြစ်စေရန် နှင့် ဗိသုကာပညာရပ် ကိုတန်ဖိုးထားစေရန် ရည်ရွယ်တယ်လို့  လေးမ ထင်ပါတယ် )

လက်ရှိ ဒီဇိုင်း ၅ မျိုးသည်

၁။ မုန်တိုင်းဒဏ်ခံအိမ်များမဟုတ်ပါ ။

သို့ သော် structure ( frame) ကို အခိုင်အခံ့ဖြစ်အောင် စီမံထားသောကြောင့် ရာသီဥတု ဒဏ် ( ဆိုးရွားပြင်းထန်မှုမရှိလျှင် )ကို ခံနိုင်သည် ။

၂။ လတ်တလော နေနိုင်မည့် တန်ဖိုးနည်း အိမ်များဖြစ်သည်။

၃။ ရွာသားများအနေဖြင့် အချိန်တိုအတွင်း ကိုယ်တိုင် တပ်ဆင် ဆောက်လုပ်နိုင်သော ဒီဇိုင်းများ ဖြစ်သည် ။

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ မိသားစု ၀င်ငွေ တိုးပွားလာလို့  ဖြစ်စေ … အခြားအကြောင်းကြောင့် ဖြစ်စေ … ပုံစံမပျက် ထပ်မံ တိုးချဲ့  ဆောက်လုပ်နိုင်သော ဒီဇိုင်းများဖြစ်ပါသည် ။

ဆက်သွယ်ရန်

၁။ ဦးဆန်းဦး (၉၅၁) ၃၈၀၂၅၆

၂။ ဦးဇော်မိုးရွှေ ( ၉၅၁) ၆၆၀ ၉၉၆

၃။ ဦးစည်သူမြင့်ဆွေ ( ၉၅၁)၆၅၂ ၃၈၆

၎။ မဟေမာန်ကြည် (၉၅၁) ၇၂၃ ၁၀၄

E-mail: amarchitect@myanmar.com.mm

website: http://www.myanmarchitects.org ( လေးမ ဖွင့်တာတော့ ဖွင့်လို့ မရဘူး )  😦

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}
ဥာဏ်ပြေးတဲ့ မနုစံက http://www.myanmararchitects.org/

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

လိပ်စာနဲ့  ရသွားပါတယ်။ ကျေးဇူးပါ … မ ။

New address

သေချာကြည့်နော်

လေးမ လိပ်စာက အသစ်ကလေးနော်…။

လိပ်စာပြောင်းထားတယ်နော်…။ 😛

နောက်ဆို iblogger ဒုက္ခပေးတာမခံရတော့ဘူး…။

Why Do We Blog ???

၁၁ နာရီစမယ်မှန်း သိပေမယ့် …ဘာတွေရှုပ်မှန်းမသိအောင် ရှုပ်နေလို့ …၁နာရီထိုးမှ ရောက်သွားပါတယ် ။ ရောက်တဲ့အချိန်မှာ ၀ါးတီးအစီအစဉ်က ပြီးသွားပြီ… ကော်ကော်လဲ မသောက်လိုက်ရတော့ဘူး … ။ သူများတွေ လက်ထဲမှာ ကိုင်ထားတဲ့ … စာအုပ်ဝါ၀ါလေးလဲ မရတော့ဘူး… ။ ယောင်လည် ယောင်လည် … ဟိုကြည့် ဒီကြည့်နဲ့ … ၀င်သွားတော့ …Plastic sheet အဖြူကြီးနားမှာ …လူတွေတပြုံကြီး တွေ့ တယ်…။ စာအုပ်ထဲမှာ ကူးရေးတဲ့ သူတွေကကူးရေး …၊ ဓါတ်ပုံရိုက်တဲ့သူတွေက ရိုက်ဆိုတော့… ဘာတွေများရေးထားလဲ အနားတိုးကြည့်လိုက်တော့ …Oh….my god !! Blogger တွေရဲ့ အော်တိုတွေပါလား… စာသားတွေပါတယ်… လိပ်စာတွေ ပါတယ် … လက်မှတ်တွေ ပါတယ် …။ ဘယ်ရမလဲ … “လေးမ” လဲ လူရှင်းအောင်စောင့်ပြီး …ကမန်းကတန်းလေး ကောက်ခြစ်ပြီး … ခြေရာလက်ရာ ချန်ခဲ့တာပေါ့ …။ ဒုတိယပိုင်းစပြီတဲ့…..
ခပ်မှောင်မှောင် ပါးပါး အရိပ်တစ်ခု… တိုက်ပုံတလွှားလွှားနဲ့  … စင်ပေါ်တက်လာတယ်….။ ကိုစေတန်ဂေါ့ဒ် ပါ …။ သူပြောတာတွေ နားထောင်ရင်းနဲ့  … ရေငတ်လာတယ်… စာမေးပွဲတဖက်နဲ့  အတော်အားထည့် ထားပုံပဲ … သူက ပြောသင့်တာတွေ ပြောပြီး ပြန်ဆင်းသွားတယ်…။

တက်ရောက်လာတဲ့သူတွေ အလှည့်ရောက်ပြီတဲ့ … မေးတော့မယ်တဲ့ …။ မိုက်ကြီးနဲ့  လူကြီးတစ်ယောက် …ရယ်လို့ မောလို့  … ။ သေချာအောင် နောက်နားက… blogger ညီမလေးကိုမေးကြည့်တော့… ကိုစိုးဇေယျ တဲ့ … လိပ်စာလေးတောင်ပြောပြလိုက်သေး … ။
“Blog ရှိလား… အော်… မရှိဘူးလား … ဒီပွဲအကြောင်း ဘယ်လိုသိပြီး ရောက်လာ တာလဲ … သူငယ်ချင်းက ဘယ်သူလဲ … Blog လိပ်စာလေး ပြောပေးပါဦး … ကျောင်းသားလား… ဘာလုပ်လဲ …”

ဒီလို…ဒီလိုတွေ …တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ…. ဘုရား….ဘုရား…အနားရောက်လာပြီ… “လေးမ”ကို… အာရုံမကျပါစေနဲ့ … လက်ဖျားတွေတောင် အေးလာတယ်… မေးလာရင် Blogလိပ်စာ ပြောရတော့မယ် … ပြောလိုက်ရင် …လူကြားသူကြားထဲ ….“လေမန်း”လို့ ခေါ်လိုက်ရင် အရှက်ကွဲတော့မယ်…ထပြန်ရင် ကောင်းမလား … ခေါင်းငုံ့ ပြီး …အသက်ပြင်းပြင်းရှူလိုက်တာ… အဲဒီသတင်းထောက်ကြီး ဟိုဘက်လွှင့်သွားရော ….။ တော်ပါသေးရဲ့ … ။

မမယ်လိုဒီမောင်ကတော့ … ကြော့ကြော့မော့မော့လေး…အရွှန်းဖောက်လို့  …အကျိုးအပြစ်တွေ သုံးသပ်ပြသွားပါတယ် … ။ Blog လိပ်စာထည့်ရိုက်ထားတဲ့ …လိပ်စာကဒ်လေးကိုလဲ ကြွားသွားသေးတယ်…။မမောင်ရဲ့ သံစဉ်တွေပြီးတော့ … ဖြူဖြူ ပါးပါး ရှည်ရှည် အရိပ်တစ်ခု …တက်လာပါတယ် … ကိုမျက်လုံးပါတဲ့ … သူကတော့ ဖြည်းဖြည်း မှန်မှန်နဲ့  … စကားတွေ အများကြီး ပြောသွားပါတယ်… ။ Blog လေးတစ်ခုလဲ လက်တွေ့ ဖန်တီးပြသွားပါတယ်…။

သိလိုသည်များကိုပြန်ဖြေတဲ့ အစီအစဉ်မှာတော့ … နာမည်ကြီး blogger တွေ တစ်ယောက်ပြီး တစ်ယောက် အာခြောက်အောင် ဖြေသွားကြပါတယ် … ။ ကပ်သီးကပ်သပ် အမှန်အကန်မေးထားတဲ့ မေးခွန်းတွေကို တာဝန်ကျေကျေ ဖြေသွားကြတာ ချီးကျူးစရာပါ …..။

Cameramen တွေကလဲ …ရိုက်သလား … မမေးနဲ့  … ရှေ့က ရိုက်လိုက်…နောက်က ရိုက်လိုက် …ဘေးက ရိုက်လိုက်… ခုံပေါ်တက် ရိုက်လိုက်နဲ့ ….။ နောက်မှပဲ သူတို့ ဆီမှာ … ပုံတွေသွားကြည့်ရဦးမယ် …။ ကိုသန့် ဇော်မင်း ကလဲ လက်ထဲက ကင်မရာလေး တဖျပ်ဖျပ်နဲ့ … လက်စွမ်းပြနေတယ် … ဘက်ထရီ အားပြည့် မပြည့်တော့ … ကာယကံရှင်ပဲ သိမှာပေါ့လေ …။ ဓါတ်ပုံလေးရိုက်ရင်း ဘေးက ဖြူဖြူသေးသေး ညီမလေး ၂ ယောက်နဲ့ လဲ … စကားလက်ဆုံကျ နေလိုက်သေးတယ် … သူတို့ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အခုတလော လူကြည့်အများဆုံး Blog တစ်ခုနဲ့ ပတ်သက်ပါတယ် … ကိုသန့်ကတော့ တစ်ခေါက်ပဲသွားပြီး …. နောက်မသွားတော့ဘူးဆိုလား…. သိပ်တော့မကြားလိုက်ပါဘူး ….။ သူတို့ အုပ်စုထဲမှာ … အနှင်းလို့ ခေါ်တဲ့ မနှင်းမိုးဝေလဲ ရှိတယ် ထင်ပါရဲ့…။

၃ နာရီခွဲကျော် သွားပြီ … ကိုစေတန်ဂေါ့ဒ် က မေးခွန်းတွေကို ဖြေနေရတုန်း …။ ဗိုက်က အတော်ဆာလာပြီ… “လေးမ”တစ်ယောက်ထဲ ဆာတာမဟုတ်ဘူး… ဘေးက blogger ညီမလေးဆီကလဲ ….ဂြီ..ဂြီ… တဲ့ အသံၾကား ရတယ် … “လေးမ” လဲ အသံမထွက်လာခင် အမြန်ပြန်မှ … ဆိုပြီး ကံစမ်းမဲ အစီအစဉ်ကို မစောင့်တော့ဘဲ ထပြန်လာခဲ့ပါတယ် ….။

အကြံပြုချက် ။ ။

၁။ Blog စာအုပ်ထုတ်ဝေခြင်းဖြင့်ရရှိသော အကျိုးအမြတ်များကို လှူဒန်းသောအခါ … တစ်နေ့ လျှင် နာရီ ၂၀ blog ရေး၍ ၄ နာရီသာအိပ်သော ကိုညီလင်းဆက်ကို အက်ပီတွန်ဝိတ်ဂိမ်း နှင့် ကိုစေတန်ဂေါ့ဒ်ကို ကယ်လီစပွန်လှူဒါန်းသင့်….။

၂။ ညီမလေး ဘာညာမှလွဲ၍ … အခြားသော blogger များ … လေထန်သော ကွင်းပြင်တွင်… တစ်ယောက်ထဲ မနေသင့် …။
…………………………………………………….
Myanmar Bloggers Society ဆိုတဲ့ အသိုက်အမြုံလေး … ခုလိုပဲ စည်းစည်းလုံးလုံးနဲ့  အဓွန့်ရှည်ပါစေ….။
လူငယ် များရဲ့ အတွေးအခေါ်တွေ … ပညာတွေ … မျှဝေပေးလိုမှုတွေ … လွတ်လပ်စွာ အတောင်ဖြန့်လို့  ပေါ့ပါးစွာပျံသန်းနိုင်ကြပါစေ ….လို့ လှိုက်လှိုက်လှဲလှဲဆုတောင်းရင်း … စက်တင်ဘာ ၁ရက်နေ့  မှာ ကျင်းပခဲ့တဲ့ Why Do We Blog ? ဆိုတဲ့ ပွဲလေးကို မှတ်တမ်းတင်လိုက်ပါတယ်ရှင် ….။ ။

Blogger မောင်နှမများအားလုံးကို ခင်မင်လေးစားလျက်…
လေးမ

P.s. သက်ဆိုင်သူများစိတ်မဆိုးကြေး….. စိတ်ဆိုးတဲ့သူ မုန့် ဝယ်ကျွေး….ပုံတွေကို ဒီမှာ နဲ့ ဟောဒီမှာ…ပဲသွားကြည့်တော့နော်..။

“လေးမ” … ရှင်းလင်းပွဲ (ဒု)

၃။ Blog တွင်သုံးထားသော အရောင်များနှင့် စပ်လျဉ်း၍ …………………………………..
“လေးမ” တွင် အရောင်စွဲမရှိပါ … အကြိုက်ဆုံးအရောင် … အမုန်းဆုံးအရောင် ဟူ၍ မရှိပါ …။ “လေးမ” အရောင်အားလုံးကို ….. ချစ်သည် … စိတ်ဝင်စားသည် … ။ အရောင်တိုင်းတွင် သူ့ တန်ဖိုးနှင့်သူရှိသည် … အစွမ်းကိုယ်စီရှိကြသည် … ထို့ ကြောင့် အရောင်အားလုံးကို …. တန်ဖိုးထားသည် … ။ သို့ သော် …. “လေးမ” ၏ အသုံးအဆောင်အများစုသည် ….. နည်းမျိုးစုံဖြင့် ပြာနေကြသည် … ။ “လေးမ” ကျောင်းသူဘ၀က ….. စာမေးပွဲဖြေလျှင် ….. jury ၀င်လျှင် ….. အပြာရောင် ၀တ်စုံဖြင့် …. ၀င်လေ့ရှိသည် …။ အပြာရောင်သည် “လေးမ” ကို ကံကောင်းစေသည်ဟု …. မသိစိတ်တွင် မှတ်သားထားခဲ့သည် ။ ထိုမသိစိတ်က လွှမ်းမိုးဦးဆောင် နေသော အချိန်များတွင် …. “လေးမ”၏ အသုံးအဆောင်များ …. ပြာသွားကြသည် … ။ ထို့ ကြောင့် “လေးမ”၏ Blog တွင် ပြာသောအရောင်များ …. ပါဝင်လာကြသည် … ။ မြန်မာပြည် ဗိသုကာဘွဲ့  ၀တ်စုံ၏ လိုင်းကြိုးသည် …. ခဲရောင် ဟုခေါ်သော ….. မီးခိုးရောင်ဖြစ်သည် … ။ ထို့ ကြောင့် ခဲရောင်သည် …. ဗိသုကာတို့  ပိုင်ဆိုင်သော အရောင်ဟု….. သတ်မှတ်ကာ ကျောင်းသူဘ၀ကတည်းက ….. ခဲရောင်ကို မိမိနှင့် သက်ဆိုင်သော အရောင်ဟု ….. စွဲလန်းနေခဲ့သည် …။ ထိုမီးခိုးရောင်သည် …. ဗိသုကာ “လေးမ” ၏ Blog တွင် …. နေရာတနေရာ ရခဲ့သည် … ။ ဤသို့ ဖြင့်…. အဖြူ ၊ အပြာ ၊ မီးခိုးရောင်များဖြင့် ….. အခြေခံဖွဲ့ စည်းထားသော …. အခွံတစ်ခုဖြစ်လာခဲ့သည် … ။

၎။ Blog ရေးသူတိုင်း လုပ်လေ့ရှိသည့်အတိုင်း “လေးမ” ၏ post များကို ကဏ္ဍများခွဲ၍ Label များတပ်ထားခဲ့သည် … ။
2 in 1 style – ကဗျာ တလှည့် စာတလှည့် ရေးသားထားသော စာများ……၊
Analysis – လေ့လာဆန်းစစ်မှုဆိုင်ရာ စာများ ……၊

Architecture – ဗိသုကာ ပညာရပ်နှင့် ဆက်နွယ်နေသော စာများ……၊

Cartoons – ကလေးများကြိုက်သော …. လေးမ ကြိုက်သော စာရုပ်စုံများ …..၊
Flower – ပန်းစကား (သို့ ) ပန်းများနှင့် စကားပြောကြည့်ခြင်း ……၊

Link to the past – အတိတ်သို့  ချိတ်ဆက်ခြင်း ….(သို့ ) တမ်းတခြင်း ……၊

News – သတင်း …..၊

Poem – ကဗျာ……၊
Preface – အမှာစကား …..၊
Seasonal Post – ရာသီစာ …..၊
Tag – ခင်မင်မှုဖြင့် သူတို့ တက် သမျှ…..၊
That’s what I wanna say – ပြောချင်သော စကားများ …..၊
Thinking from History – ရာဇ၀င်ထဲမှ အတွေးစများ (သို့ ) သမိုင်းကပေးသောအတွေးများ…..၊
Thinkings from novels – ၀တ္ထုဖတ်ပြီး ကျန်ရစ်ခဲ့သော အတွေးစများ …..၊
Thinkings from story – အတွေးပေးသော ပုံပြင်များ …..၊

Wondering – ဟိုတွေး …..ဒီတွေး ….ယောင်ချာချာ ဖြစ်နေသောအခါ ရေးမိသော စာများ ….၊

ဖော်ပြပါအတိုင်း ကဏ္ဍများခွဲ၍ ရေးသားခဲ့သည် …..။ …..balar….balar…balar….။

ရှင်းလင်းပွဲကို သန်းခေါင်ကျော်အချိန်တွင် လက်ခုပ်တီး၍ နိဂုံးချုပ်ပြီးသကာလ ကြွရောက်လာကြသော ပြည်တွင်းပြည်ပမှ blogger များသည် “လေးမ” ခင်းကျင်းပြသထားသော ဓါတ်ပုံများနှင့် မှတ်တမ်းများကို ၀တ်ကျေတန်းကျေ ကြည့်ရှု၍ ပြန်သွားကြပါသည် …..။ ။

သတင်းထောက် “လေးမ”

P.s . နောက်တခါအပြောင်းအလဲ လုပ်ဖြစ်ခဲ့လျှင်လဲ ယခုကဲ့သို့  ရှင်းလင်းပွဲ လုပ်ချင်လုပ်မယ် …. မလုပ်ချင် မလုပ်ဘူး ဟု …. “လေးမ” မှ တိကျစွာပြောကြားသွားပါသည် ….။

“လေးမ” … ရှင်းလင်းပွဲ(ပ)

Virtual World မှ “လေးမ” မှ သူမ၏ Blog နှင့်ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မည် ဖြစ်ကြောင်း “လေးမ”၏ ပြောရေးဆိုခွင့်ရှိသူ “လေးမ” မှ သတင်းပေးလာသောကြောင့် သတင်းထောက် “လေးမ” မှ သွားရောက် စပ်စုခဲ့သည်များအား အများသိစေရန် ဖော်ပြအပ်ပါသည် …။

နေရာ – www.layma-layma.blogspot.com …၊
အချိန် – ညအချိန် …၊
ရှင်းလင်းသူ – အမည်မဖော်လိုသူ “လေးမ” …၊
တက်ရောက်သူများ – ပြည်တွင်းပြည်ပမှ ဘလောက်ဂါကြီးများ ၊ ဘလောဂီကြီးများ နှင့် သတင်းထောက် “လေးမ” … ၊

အကျွေးအမွေး – အတွေးများဆူပွက်လာလျှင် ခပ်သောက်နိုင်ရန် လက်ဖက်ခြောက်ပုလင်း အဆင်သင့်ထားပေးမည် …. ၊
ရှင်းလင်းပွဲကျင်းပရသည့် ရည်ရွယ်ချက် – “လေးမ” အသစ်လဲလိုက်သော အခွံနှင့်ပတ်သက်၍ လူအများ ရှင်းရှင်းလင်းလင်း သိစေရန် ၊ post များအတွက် ပေးထားသော label များနှင့်ပတ်သက်၍ “လေးမ” ၏ သဘောထားအမှန်ကို လာလည်သူများ သဘောပေါက်နိုင်စေရန်… ၊

အထူးသတိပေးချက် – တက်ရောက်လာသူများအနေဖြင့် သိလိုသည်များကို comment တွင် လွတ်လပ်စွာမေးမြန်းနိုင်သည် …၊ သို့ သော် “လေးမ” အကြပ်ရိုက်စေမည့် မေးခွန်းမျိုး လုံးဝမေးမြန်းခွင့်မပြု … မေးမြန်းခဲ့လျှင် “ မဟုတ်ပါဘူး ” ဟူသော စကား လေးလုံးမှလွဲ၍ အပိုဖြေကြားခြင်းပြုမည်မဟုတ် … ၊

ရှင်းလင်းချက်များ
၁။ “လေးမ” အရင်တုန်းက အသင့်ရှိပြီးသား banner ကိုသုံးပါသည်… ။ ယခုအခါ သူငယ်ချင်းတစ်ဦး၏ မြှောက်ပေးမှုကြောင့် မညလေးထံမှ ဖတ်ရှုရသော banner တွင် ပုံထည့်သည့်နည်းအတိုင်း ပုံတစ်ပုံ ကောက်ထည့်လိုက်သောကြောင့် ကိုယ်ပိုင် banner လေးနှင့်ဖြစ်သွားပါသည်…။


၂။ ဆက်လက် ၍ ရွေးထည့်ထားသော ပုံနှင့်ပတ်သက်၍ အကျယ်တ၀င့် အကျဉ်းချုံးရှင်းလင်းသွားပါမည် …။ ရောင်စုံခဲတံများနှင့် ရေးခြစ်ပြီးသား အဖြူရောင် စာရွက်ကို
တွေ့ အောင်ရှာပါသည် … တွေ့ ပါသည် … ကူးထည့်လိုက်ပါသည် … ။ အဖြူရောင်စာရွက်မှာ “လေးမ”၏ ခံယူချက်ကို ကိုယ်စားပြုပါသည် … တနည်းအားဖြင့် “လေးမ” ၏ စာမျက်နှာသည် ဓါတ်ပြယ်နေသော အဖြူရောင် စာမျက်နှာဟု ဆိုလိုသည် ….။ ရောင်စုံခဲတံများသည် အတွေးရောင်စုံကို ရည်ညွှန်းပါသည် … အကြောင်းအရာ တစ်မျိုးတည်း … ရည်ရွယ်ချက် တစ်မျိုးထဲ မတွေးပါ ….မရေးပါ … အရောင်တွေ စုံချင်ပါသည် ….။ ရေးခြစ်ပြီးသားကို ရှာ ထားရခြင်းမှာ … ရေးပြီးသွားခဲ့ပြီ … အရောင်စုံ ခြယ်ပြီးသွားပြီဟု ဆိုလိုသည် …. ရေးဆွဲထားသည့် ရောင်စုံလိုင်းများမှာ ဒီဇိုင်းတစ်ခု အနေဖြင့် ပီပီပြင်ပြင်မရှိ …. တနည်းအားဖြင့် အဆုံးမရှိသော မျဉ်းကွေးများ ….၊ ဆက်ဆွဲနေဦးမည့် မျဉ်းကွေးများ…ဖြစ်သည် ….။ မျဉ်းဖြောင့်မဟုတ်သော မျဉ်းကွေးများသည် rigid မဟုတ်သည့် flexible အသွင်ကို ဆောင်သည် ….။
ဆက်လက်ဖော်ပြပါမည်