စာဖတ်သူ၏ အမြင်

ဆရာမ “ဂျူး”က “လေးမ” အကြိုက်ဆုံး ၊ အဖတ်ဖြစ်ဆုံး စာရေးဆရာများထဲမှ တစ်ဦးပါ…..။ ဆရာမ ရေးတာဆိုရင် လုံးချင်း ၊ ၀တ္ထုတို ၊ရှည် ၊ ဆောင်းပါး လက်လှမ်းမီသလောက် … အဆင်ပြေသလောက် … ဖတ်ဖြစ်တယ်….။ “ အမှတ်တရ ” က စဖတ်ဖြစ်တာ…..။ ဆရာမရေးတဲ့ ပုံစံကို… သိပ်ကြိုက်တာ…..။ ဗဟုသုတ စုံတာကိုလဲ သဘောကျတယ်……။ အကြောင်းအရာ တစ်ခုကို သေချာရေးပြနိုင်တာကိုလဲ ကြိုက်တယ်…..ဖတ်ရသမျှ ရသ အပြင် ဒေသန္တရဗဟုသုတ ၊ ပညာရပ်ဆိုင်ရာ ဗဟုသုတတွေကိုလဲ အပိုဆု ပေးသေးတယ်…….။ ဆရာမရဲ့ အရေးအသားတွေကို စွဲစွဲလန်းလန်းဖတ်တတ်တဲ့ … စာဖတ်သူ တစ်ယောက် အနေနဲ့ … ထူးထူးခြားခြား သတိထားမိတဲ့ ၊ ခံစားမိတဲ့ … အချက်လေးတွေ ရှိတယ်…….။ ဆရာမပေးတဲ့ ဇာတ်ကောင်စရိုက်တွေမှာ……. တာဝန်မယူတတ်သော ယောက်ျားများ နဲ့  ကြံ့ခိုင်သော မိန်းမများ ( အားကျ စံနမူနာ ထားလောက်သော မိန်းမများ ဟု မဆိုလိုပါ )…..ကို မကြာခဏတွေ့ ရတတ်ပါတယ်…….။

“ကြယ်ကြွေတို့ ရဲ့ အတောင်ပံ” မှ

“နှစ်ဦးလုံးမှားတဲ့ကိစ ။ အပြစ်ဒဏ်ရရင် ညီတူညီမျှ ရရမှာပေါ့ ။ အခုတော့ ကာယကံရှင်တစ်ယောက်က အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲဘဲ ပုဝပ်နေရချိန်မှာ အဓိက ကာယကံရှင်ကြီးက ဘုရားသွားကျောင်းတက် မျက်နှာထားတစက်မှမပျက်။ အပြစ်လွတ်နေရောလား ။” (မနှင်းမှုန်)
ဧည့်ပရိတ်သတ်အလယ်မှာထိုင်လျက် လက်ရှိနေထိုင်သောရပ်လိပ်စာ ၊ အလုပ်အကိုင် လူမှုရေး စသည်တို့ ကို ဒိုင်ခံဖြေပေးနေသော လူငယ်သည် အမေဖြစ်သူ တချိန်က ရင်ဆိုင်ခဲ့ရသော အရှက်တို့ ကို တစ်စချင်း တစ်လွှာချင်း ပြန်လည်ဖယ်ရှားပေးနေသလိုပါပဲ ဟု မနှင်းမှုန်တွေးနေမိသည် ။
“……..မိန်းမတစ်ယောက်အနေနဲ့  မနှင်းမှုန်ဆိုတဲ့ မိန်းမဟာ အမှားတွေ အမဲစက်တွေနဲ့ ပါ ။ ဒါပေမယ့် မိခင်တစ်ယောက်အနေနဲ့ တော့ မနှင်းမှုန်ဟာ စံပြပါပဲ ၊ မေမေကြောင့် ကျွန်တော် အခုလို လူရာဝင်တဲ့သား ဖြစ်ခဲ့ရတာပါ ” ( ဒေါက်တာမင်းဥာဏ် )

အိမ်ထောင်ရှိ ယောက်ျားတစ်ဦး၏ မဆင်ခြင်မှုကြောင့်… တာဝန်မယူမှုကြောင့် … ရလာတဲ့ သားတစ်ယောက်ကို … သူမ၏ ချစ်သူကိုလဲ ဒုက္ခမပေးဘဲ … တစ်ယောက်ထဲ အခက်အခဲကြားကနေ … လူလားမြောက်အောင် ပျိုးထောင်နိုင်ခဲ့သော… မနှင်းမှုန် ၊ အမေ၏ စိတ်
ဝေဒနာ ပျောက်ကင်းရေးအတွက် … သနားကြင်နာစွာခြင်းကြီးစွာဖြင့် ဖေးမခဲ့သော သား….. နှင့် ညနေခင်း ခရမ်းခင်းက အပြန် … အဖော်တွေနဲ့  ဝေးကျန်ရစ်ခဲ့တဲ့ မိန်းမငယ်လေးတစ်ဦးကို ကိုယ့်ရွာသားချင်းဆိုတဲ့ … စာနာစိတ်မရှိခဲ့တဲ့ ဦးစံလှ…. တို့ ကို ရေးဖွဲ့ ထားသော ဇာတ်လမ်းဖြစ်ပါသည်….။
…………………………………………………….
“ စောင့်နေမယ်လို့  မပြောလိုက်ဘူး ” မှ

“ ဒီကလေးကို မမမွေးချင်တယ် ။ လက်ထပ်လိုက်ရအောင်ပါ လို့  သူ့ ကို ဒူးထောက်ပြီး တောင်းပန်နေတဲ့ အချိန်တွေတုန်းက သူ့ အာရုံထဲမှာ ရှိနေတာက ကာဒစ်ဖ် တက္ကသိုလ်မှာ
ဘွဲ့ လွန်တက်ဖို့ ပါ….” ( ခက်စိမ်းနွယ် )
“….အမှန်ကို အဲဒီတုန်းကတည်းက မမမြင်သွားခဲ့တာ ။ ဟန်သာဆိုတာ တစ်ကိုယ်ကောင်းသမား ။ ကိုယ့်ကြောင့် ကိုယ့်သွေးကနေဖြစ်တဲ့ ရင်သွေးလေးကို အလွယ်တကူ သတ်မိန့် ပေးခဲ့တဲ့လူ ။ အပေါ်ယံက ရွှေမှုန်ကြဲပြီး အထဲမှာ နောက်ချေးတွေနဲ့ ရွံစရာကောင်းတဲ့လူ ။ အဲဒါညီမဆရာရဲ့ တကယ့်အဖြစ်မှန်ပဲ ” ( ခက်စိမ်းနွယ် )
ဒီဝတ္ထုမှာ………… ရည်မှန်းချက်ကြီးမားသော … ဒေါက်တာဟန်သာ ဆိုသော ပညာတတ် ယောကျာ်းတစ်ယောက်၏ … တာဝန်မယူမှုကို … ကြံ့ကြံ့ခံပြီး … ဘ၀ကို အရှုံးမပေးဘဲ တိုက်ပွဲ

ဝင်ခဲ့သော … ခက်စိမ်းနွယ် ဟူသော အမျိုးသမီးကို တွေ့ ခဲ့ရပါသည်…..။
…………………………………………………….
“ ကျွန်မ၏ သစ်ပင် ” မှ
“ တစ်ခါတုန်းက မင်းမေးသလို ငါ့ကို မေးလေ ၊ ငါတို့  ဘာကြောင့် ကွဲသွားတာလဲလို့  မေးလေ ၊ ဘာဖြစ်လို့ လဲ သိလား…. အဲဒီနေ့ တုန်းက ငါ သူ့ ကို….၊ သူ့ အိမ် အလည်သွားရင်း သူတောင်းပန်နေတဲ့ကြားက……” ( အုပ်စိုး၏ ဖေဖေ)
ဖေဖေက မိန်းမတစ်ယောက် အပေါ် မှားခဲ့တာနဲ့ ပဲ အဲဒီမိန်းမက ကျွန်တော့်အပေါ် ထပ်မှားဖို့  ကြိုးစားမယ် ဆိုတာတော့ ကျွန်တော် မယုံနိုင်ဘူး ဖေဖေ…။ ( အုပ်စိုး)
“ ….မင်းတွေးတဲ့ ဥယျာဉ်မှူးတွေ ၊ သစ်ပင်တွေ မျိုးတော့ မဟုတ်ဘူး ၊ အတာဟာ ကိုယ့်အတွက် သစ်ပင် တစ်ပင် ဖြစ်ခဲ့တာမှန်တယ် ၊ ဒါပေမဲ့ ကိုယ်စိုက်ပျိုးခဲ့တဲ့ ၊ ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ သစ်ပင်တော့ မဟုတ်ခဲ့ဘူး ။ ကိုယ် အရိပ်ခိုလှုံချင်တဲ့ ၊ ကိုယ်မြတ်နိုးတဲ့ သစ်ပင် တစ်ပင်ပဲ ။ ကိုယ် အဲဒီသစ်ပင်ကို လိုချင်တယ် ၊ ဘယ်တော့မှမရခဲ့ဘူး….” ( ဒေါ်နီနီဇော် )
အဖေလုပ်တဲ့သူရဲ့ တာဝန်မယူမှုကို … အပြစ်မဆိုခဲ့ပေမဲ့ … သားဖြစ်သူနဲ့  ပတ်သက်မိတဲ့ အချိန်မှာ ဒါဟာလက်စားချေတာပါလို့  … အစွပ်စွဲခံခဲ့ရတဲ့ … ၂ ခါရှုံး မိန်းမတစ်ဦး….. ၊ အဖေကို ချစ်သော …. ဂီတကိုချစ်သော…. ထိုမိန်းမကိုလဲ ချစ်သော…. သို့ သော် ပတ်ဝန်းကျင်ကို ရင်ဆိုင်ရန် သတ္တိ မရှိသော….အုပ်စိုးဟူသော အဆိုတော်တစ်ဦး တို့ ကို … ဂီတနှင့် ရောမွှေရေးဖွဲ့ ထားသော ၀တ္ထု ဖြစ်သည်….။
…………………………………………………….
“ အမှတ်တရ ” မှ
“ မောင်က လိုက်ခဲ့ပါဟု ခေါ်တုန်းကလည်း မောင့်ဘေးမှာ ကျွန်မပါသည် ။ မောင်က နေရစ်ခဲ့ဟု ဆိုပြန်တော့လည်း မောင် စိတ်အနှောင့် အယှက်ဖြစ်မည့် စာတစ်စောင် ၊ စကားတစ်ခွန်းမျှ မောင်မကြားရစေဘဲ ကျွန်မ ငြိမ်သက်စွာ နေရစ်ခဲ့တာ အမှန်ပါပဲ ။ အဲ့သည် အထိ ကျွန်မ မောင့်ကို ချစ်မြတ်နိုးခဲ့ပါသည်….” ( ဒေါက်တာ စုစုထွေး )
“…. . နင်ကိုယ်တိုင် ဒီဇာတ်သိမ်းမျိုး ဖန်တီးပေးခဲ့တာ မဟုတ်လား ။ တကယ်ဆို နင် ငါ့ကို ပါးရိုက်ပစ်လိုက်ပါလား ။ နင်နဲ့  ငါနဲ့  အများအမြင်မှာ လင်မယားပဲ ၊ နင့်ဘက်က လုပ်စရာ အများကြီး ….” ( မောင်)
“မောင်” ငှားထားသော နန်းရှေ့က အိမ်ကလေးတွင် မကြာခဏ ဖြူစင်စွာ အတူနေထိုင်
လို့  ဆေးကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ကြတဲ့ ချစ်သူနှစ်ဦးကို ရေးထားပါတယ်….။ ဘယ်လောက်ပဲ ဖြူစင်တယ်ပြောပြော အဲဒီမိန်းမဟာ ပတ်ဝန်းကျင်ရဲ့ အမြင်မှာတော့ မဖြူစင်တော့ပါဘူး……။ ဒီတချက်နဲ့ တင် ဒီမိန်းမကို လက်ထပ်ဖို့ သင့်နေပါပြီ….။ ဒါပေမယ့် သိပ်ချစ်ပါတယ်ဆိုတဲ့ ထိုယောက်ျားက လက်မထပ်ခဲ့ပါဘူး….။ သူ့ ကိုခြေရာချင်း မတိုင်းမဲ့ နူးညံ့သိမ်မွေ့ ပြီး မိန်းမဆန်တဲ့ ရိုးရိုးအအ မိန်းမ တစ်ယောက်ကိုပဲ ရွေးချယ်ခဲ့ပါသတဲ့….။ ကြုံတုန်း သတိပေးချင်တာက … ယောက်ျားအများစုရဲ့ စိတ်ကို သတိထားကြည့်ရင် … မိန်းမ ဦးဆောင်တာ ခံရမှာ … သိပ်ကြောက်ကြတယ်….. ထက်မြက်တဲ့မိန်းမတွေကို မိတ်ဆွေ…၊ သူငယ်ချင်း…၊ လုပ်ဖော်ကိုင်ဖက် အဖြစ်နဲ့  လက်ခံနိုင်ပေမဲ့ … ဇနီးအဖြစ်တော့ မစဉ်းစားရဲကြဘူး….. လူတိုင်းတော့ မဟုတ်ပါဘူး…… တချို့ တွေပေါ့နော်…။

“အမှတ်တရ” ဟာ မြန်မာအသိုင်းအ၀ိုင်းက လက်မခံနိုင်သော ….၊ အလွန်အန္တရာယ်များသော နေထိုင်မှုပုံစံ…..အတွေးအခေါ် … အရေးအသားများကြောင့် … စာပေလောကမှာ အတော်ဂရက်ရိုက်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်…..။ တလောက ပန်းဆိုးတန်းက စာအုပ်အဟောင်းဆိုင်မှာ မေးကြည့်တော့ … ထပ်မံ ထုတ်ဝေခွင့် မရတော့တဲ့ အတွက် မိတ္တူပဲ ရှိပါတယ် ဆိုလို့  … မိတ္တူစာအုပ်ကို ၂၀၀၀ ပေးပြီး ၀ယ်လာခဲ့ရတယ်….. (ထုတ်ဝေခွင့်မရတာလား…. မထုတ်ဝေတော့တာလား လေးမ မသိပါ…စာအုပ်ရောင်းတဲ့ လူကြီးပြောလိုက်တဲ့အတိုင်းရေးထားတာ….) ။
…………………………………………………….
“လေးမ” စာအုပ်စင်မှာရှိနေတဲ့ ဆရာမ “ဂျူး” ရေးတဲ့ စာအုပ်တွေထဲက တချို့ ကို မျှဝေ တာပါ…..။ “လေးမ” တွေ့ ရသလောက် ယောက်ျားတော်တော်များများ ( အထူးသဖြင့် သမီးရှိတဲ့ ဖခင်တွေ ) ကတော့ ဒီဝတ္ထုတွေကို မနှစ်သက်ကြပါဘူး…..။ “လေးမ” ကတော့ ဒီလိုစာတွေဖတ်ရတာ ပညာရတယ်…..။ “လေးမ” ရဲ့ အမြင်သက်သက်ပါပဲ….။ ကောင်းခြင်း…. ဆိုးခြင်း ဆိုတာ ဖတ်တဲ့သူက သတ်မှတ်တာပါ…..။ “ အမှတ်တရ” ကို ဖတ်တော့ “လေးမ” ၁၆ နှစ်ပဲရှိပါသေးတယ်….. ဒါပေမယ့် လေးမ သူတို့ ကို အားကျ အတုခိုးတဲ့ စိတ်မျိုး မဖြစ်ခဲ့ပါဘူး….. စုထွေး ခွင့်လွှတ်နိုင်တဲ့ မောင် ဆိုတဲ့လူကို ဓါးနဲ့ နုတ်နုတ်စင်းပစ်ချင်ခဲ့တယ်…. ယောက်ျားတချို့ ရဲ့ စိတ်ကိုလဲ သိပ်ကြောက်သွားတယ်…။ ဒီစာအုပ်က ပါးပါးလေးဆိုပေမဲ့ အတော်ဆင်ခြင်စရာ များပါတယ်….. ဆက်ရေးရင် သိပ်ရှည်သွားမှာစိုးလို့  ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်…..။ ။

P.s. တာဝန်မယူသော ယောက်ျားများကို ရွေးထုတ်ပြလို့  လည်လည်လာတဲ့ ယောက်ျားသားများ ဒေါသမပွားကြပါနဲ့ ….။ “ဖောက်ပြန်သော မိန်းမများ” ကို ဆက်ရေးဖို့  အစီအစဉ်ရှိပါတယ် …. အမြည်းပေးရရင်တော့ ဆရာဒဂုန်တာရာ မွေးထုတ်လိုက်တဲ့ “မေ” ….။

သိခဲ့ရဲ့လား….

“ ……ကလေးလေး သိပ်ချစ်တယ်….ကို ဒါလေးဘဲ ပြောတတ်တယ်နော……ဘယ်အချိန်ဘယ်လို စကာ ကိုယ်ချစ်သွားမှန်းမသိပေမယ့် ……….”
ဒီသီချင်းစာသားလေးကို “လေးမ” သိပ်ကြိုက်ခဲ့တာ…. ထူးအိမ်သင်ရဲ့ “စကားလုံးတွေ သိပ်မလိုဘူး…” ထဲကလေ….။ အခုတော့ ဖြိုးကြီး ပြန်ဆိုထားတယ်……။


“ လူတစ်ယောက်ကို ဘယ်တုန်းက စချစ်သွားခဲ့သလဲလို့  အတိအကျ မသိဘူးဆိုတဲ့လူတွေကို ကျွန်တော်တော့ အံ့သြတယ် ” စာမျက်နှာ ၁၉၉ (ချစ်သူလား…စကားတစ်ပွင့် ပွင့်ခဲ့တယ် – ဂျူး)
ဖတ်ဖြစ်ခဲ့တုန်းကတော့ စကားပွင့်တွေကြားမှာ နစ်မျောနေခဲ့လို့  ဒီစာကြောင်းလေးကို အမှုမဲ့ ၊ အမှတ်မဲ့ ပဲ…….။ တနေ့ က “ အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးများ ”ဆိုတဲ့ ၀တ္ထုတိုလေးမှာ ဒီလို အတွေးလေး ပြန်တွေ့ ရတော့မှ ဆရာမ ဂျူး ရဲ့ အမြင်လေးကို သတိထားမိသွားတယ်…..။

“ ချစ်သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်းမသိဘူး ဆိုတဲ့လူတွေ တော်တော်ညံ့တာပဲဟု ကျွန်မထင်ပါသည်။ သည်လောက်အရေ့းကြီးသည့် အပြောင်းအလဲတစ်ခုကို သူတို့ ဘာကြောင့် သတိမထားမိကြတာလဲ။” စာမျက်နှာ ၂ (အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးများ-ဂျူး)
ဒီလိုဆိုတော့လဲ “ဂျူး ”ပြောတာဟုတ်သားပဲ…….။ ဘ၀မှာ သမရိုးကျ မဟုတ်ဘဲ ထူးထူးခြားခြား တစုံတရာ ဖြစ်ပျက်သွားတာကို တကယ်မသိလိုက်ကြဘူးလား……။ မသိချင်ယောင်ဆောင်ခဲ့ရတာလား……..။ မသေချာလိုက်တာလား……။ စာရေးဆရာတွေ…..သီချင်းရေးဆရာတွေက သူတို့ ရဲ့ အတွေးတွေ ၊ အယူအဆတွေ ခံစားချက်တွေကို ကလောင်တံ ( Typing ) နဲ့  အသက်သွင်းလိုက်တဲ့ အခါ “လေးမ” တို့  စာဖတ်သူတွေက ကိုယ့်ကိုယ်ကို ပြန်မေးစရာတွေ ၊ တွေးစရာတွေ ၊ သုံးသပ်စရာတွေ ရလာတတ်ပါတယ်…….။ အချစ်တစ်ခုတည်းမှ မဟုတ်ပါဘူး……။ အရာရာတိုင်းမှာ တခုခုပြောင်းလဲသွားတိုင်း သတိထားခဲ့မိပါရဲ့လား…….။


“သိခြင်း ၊ မသိခြင်း
ပုစ္ဆာရှင်းဖို့ 
ထိုင်ရင်း ၊ ငိုင်ရင်း
တွေးခြင်းတွေ စတယ်…။
တခါတုန်းဆီက
အပြုံးတွေ
အရှုံးတွေ
(ငါ) မသိခဲ့တာလား…
မရှိခဲ့တာလား…။
တခါတုန်းဆီက
ရခဲ့ဖူးတာတွေ
မရခဲ့ဖူးတာတွေ
(ငါ) သိဖို့  ရှက်ခဲ့သလား
ရှိဖို့  ခက်ခဲ့သလား…။
(ငါ) တွေးဆဲ မေးဆဲ
မရဲတရဲ ဖြစ်နေတုန်းမှာဘဲ
ငါ့နားကိုကပ်
တိုးတိုးလေး “မှတ်” …တဲ့
“You have No Extra Time”….။ ။

စကားစုလေးတစ်ခု

ဂျူး ရေးသော အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးတွေနှင့် အခြားဝတ္ထုတိုများ မှ
မျက်ရည်တစ်စက်မိန်းမ ” ကိုဖတ်ပြီးနောက်…….
အသက် ၃၉-၄၀ အရွယ် OG မမတစ်ဦး၏ အမ်အက်စ်စီ ကျောင်းသား ဆရာဝန် တစ်ဦး အပေါ် မျက်ရည်တစက်ကျရာမှ အကြောင်းပြုပြီး တွယ်တာမိတဲ့ တဖက်သတ် သံယောဇဉ်ကို မျက်ရည်တစက်ဖြင့် အဆုံးသတ်ပေးထားသော ၀တ္ထုတိုလေးဖြစ်သည်……။ တဖက်သတ်ဆိုပေမယ့်လဲ “လေးမ” ကတော့ အကြောင်းရှိလို့  အကျိုးဖြစ်လာခဲ့တာလို့  မြင်တယ်……..။ မိန်းမတွေက ရက်စက်မှု ၊ ဥပေက္ခာပြုမှုတွေကို ရင်ဆိုင်နိုင်ပေမယ့် ဂရုစိုက်ခံရမှု ၊ အလေးထားခံရမှုတွေကို ခံနိုင်ရည်မရှိကြဘူး…..။
“ ရှင်စဉ်းစားကြည့်ပေါ့ ။ ကျွန်မ ဘယ်လောက်အံ့သြတုန်လှုပ်သွားမလဲ ဆိုတာ ။ မျက်နှာချင်းဆိုင်မှာရှိနေသော ခွဲစိတ်ဆရာဝန် တစ်ယောက်၏ နှာခေါင်းစည်းအ၀တ်ထက်က မျက်လုံးတစ်စုံမှာ မျက်ရည်တစ်စက် ဖျတ်ခနဲတွဲခိုသွားတာကို ဘာကြောင့် ရှင်မြင်ရမှာလဲ ။ တကယ်ဆို ရှင့်မျက်လုံးအကြည့်က ခွဲစိတ်သည့် ဆောင်ရွက်မှုပေါ်မှာပဲ တစ်သမတ်တည်း ရှိနေရမှာ မဟုတ်လား ။ ကျွန်မကို လိုအပ်သည့် ကူညီမှုပေးရင်း တစ်ချိန်တည်းမှာ ကျွန်မ၏ မျက်လုံးကို ရှင်သတိထားမိနေခဲ့သည်ဆိုတော့ ကျွန်မအံ့သြမိပါသည် ။”
“…..ဘာပဲ ဖြစ်ဖြစ် အဲဒီညက ကျွန်မ၏ မျက်ရည် တစ်စက်ကို ရှင်သုတ်ဖယ်ပေးလိုက်သည့် အဖြစ်သည် ခွဲစိတ်ခုတင်မှာ အလုပ်လုပ်နေသူ အားလုံးအတွက် ပြောစမှတ်ကျန်ရစ်ခဲ့သည်…..

…………
…………
“ မမရဲ့ လက်လေးတွေကို ကျွန်တော် သနားလိုက်တာ ”
ဆရာဝန်မက ကျောင်းသားနဲ့ အသက်ချင်းကွာလှတာကြောင့် ကျောင်းသားရဲ့ မေတ္တာကို လုံးဝမျှော်လင့်မထားပါဘူး…..။ လိုမယ်ထင်တာလေးတွေ ပေးဆပ်ရင်း ပီတိဖြစ်နေ ခဲ့ပုံရပါတယ်……။
“အဲဒီစကားက ငါတီထွင်ခဲ့တဲ့စကားမဟုတ်ဘူးဟ ၊ ဘုန်းသက်နိုင်တို့  စကားဝိုင်းကနေ ကြားခဲ့ရတဲ့ စကားလုံး ၊ နင်က သူ့ အပေါ် ကြောင်နေတယ်တဲ့ ”
“ ခွဲစိတ်ခန်းမှာရော ၊ အပြင်မှာရော နင်က ဘုန်းသက်နိုင် အတွက်ဆို ဘာမဆိုလိုက်လျောတယ်ဆို ၊ နင်က ဘုန်းသက်နိုင်ကို ကျနေတာတဲ့ ”
“ ဘုန်းသက်နိုင်က ဘာပြန်ပြောလဲ”

“………တော်စမ်းပါကွာ ၊ ငါ့မှာ အိုတီထဲမှာ စိတ်ကျဉ်းကျပ်ရတာက တစ်မျိုး ၊ အပြင်ရောက်တဲ့အခိုက်တော့ လွတ်လွတ်လပ်လပ်လေးနေပါရစေ……တဲ့ ”
ဇာတ်လမ်းက ကျောင်းသားမှာ ရည်းစားရှိနေတယ်ဆိုရင် ဖြေသာသေးတယ်…..။ အခုတော့……။
ကျွန်မ ရှင့်အပေါ် ထားခဲ့မိသည့် ပေးဆပ်မှုသက်သက် ချစ်ခြင်းမေတ္တာတွေကို ကြောင်သည် ဆိုသည့် စကားဖြင့် ပေါ့သွမ်းစေခဲ့ရတဲ့ အတွက် ကျွန်မ အလွန် ၀မ်းနည်းမိတာတော့ အမှန်ပါပဲ ။

မိန်းမတစ်ယောက် ( ဆရာဝန်မ မှမဟုတ်ပါဘူး….)ရဲ့ အရှက်နဲ့  ဂုဏ်သိက္ခာကို စကားစု တချို့ နဲ့  ဖြတ်ရိုက်ပစ်လိုက်တယ်…….။ တချို့  စကားတွေ ၊ အသုံးအနှုန်းတွေ က တဖက်သားကို နစ်နာပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့  တမင်တကာပြောတာ မဟုတ်ပေမယ့် တခါတလေမှာ မျှော်လင့်မထားတဲ့ ထိခိုက်မှုတွေ ဖြစ်စေတတ်ပါတယ်……။ “လေးမ” တွေးမိတဲ့ နောက်တချက်က “နံရံတွေမှာ နားတွေရှိနေပါလား” ဆိုတဲ့ တချက်…..။ ဘယ်စကားကိုမှ လက်လွတ်စပယ်မပြောမိဖို့  ကြိုးစားရဦးမယ်……။ မိန်းကလေးအုပ်စုရဲ့ စကားဝိုင်းထဲမှာ “ ဟိုကောင်…နင့်ကိုကြောင်နေတယ်” ဆိုတဲ့ စကားကသိပ်ပြသနာ မရှိပေမယ့် ယောက်ျားလေးအုပ်စုကြားမှာ ဒီစကားကြား ရတဲ့အခါမှာတော့ မိန်းမတယောက်အနေနဲ့  (ဟုတ်သည်ဖြစ်စေ……မဟုတ်သည်ဖြစ်စေ) တော်တော်သိက္ခာကျ ပါတယ်……..။ စိတ်နာစရာလဲ ကောင်းပါတယ်…..( လေးမရဲ့ အမြင်ပါ) ။ ၂၁ ရာစုနှစ်ကို ရောက်နေပေမယ့် တချို့ နေရာတွေမှာ ယောက်ျားတွေကို မိန်းမတွေ ရင်ဘောင်တန်းလို့  မရနိုင်ပါဘူး……..။ ဥပမာ ဒီလို စကားမျိုး အပြောခံခဲ့ရရင် ဘာမှ မခံစားရပဲ နေလို့ မရနိုင်ဘူး ထင်ပါတယ်…….။ ။

အဖြူ…….

အဖြူ ဆိုသည်မှာ……. အလွန်နှစ်သက်မိသော…..အကြိမ်ကြိမ်ပြန်ဖတ်မိသော…… ဂျာနယ်ကျော်မမလေး၏ “အဖြူ”…… စာမျက်နှာ ၉၅ မျက်နှာဘဲ ပါတဲ့ စာအုပ်လေးပါ…..ဒါပေမယ့် ဖတ်ပြီးတိုင်း ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်…..။

မဖတ်ဖူးတဲ့သူတွေ အတွက်အမြည်းလေး တင်ပေးလိုက်တယ်…..။

ခေတ်—လွတ်လပ်ရေးရဖို့  ကြိုးစားဆဲကာလ….

အဖြူ—-ပြည်ထဲရေးဝန်ကြီး၏ သမီး…..

ကိုမြတ်စိုး—-အဖြူနှင့် တိုင်းပြည် ကိုချစ်သူ….၊ တော်လှန်ရေးသမား…..

ကိုမြတ်စိုး နှင့် အဖြူ

“ …..ကိုမြတ်စိုးကို ချစ်ရမှာ အဖြူဖြင့် အင်မတန်မှ စဉ်းစားစရာကြီးဖြစ်နေပါပြီ….”

“ဘာပြုလို့ လဲ ဖြူက သိပ်ပြီး အရေးပါ အရာရောက်တဲ့ ဘုရင်ခံရဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ သမီး…..ကိုမြတ်စိုးကတော့ တော်လှန်မယ့် သူပုန်လောင်းမို့  စဉ်းစားဖို့ ….”

“ ….ကိုမြတ်စိုးကို ဖြူ သူပုန်လို့  မစွပ်စွဲရပါလား ၊ ကိုယ့်အမျိုး ကိုယ့်တိုင်းပြည်ကို အောက်ကျနောက်ကျ ဖြစ်နေတာကို သူများတွေနဲ့  ရင်ဘောင်တန်းဖြစ်အောင် မြှင့်ချင်တဲ့လူကို အဖြူ သူပုန်လို့  ဘယ်မှာ စွပ်စွဲနိုင်မလဲ၊ ……ကိုမြတ်စိုး အမျိုးကိုချစ်သလို ဖြူလဲ ချစ်ပါတယ်၊ သူများတိုင်းပြည်တွေကို မြင်ရလေလေ၊ အမျိုးကို ပိုပြီး သနားလေလေ ချစ်လေလေပဲ…….ဒါပေမယ့် အခု ကိုမြတ်စိုး အရေးမှာတော့ ဖြူ့ စိတ်ကို ဖြူ ပိုင်ပေမယ့် ဖြူ့  ခန္ဓာကိုယ်ကို ဖြူ့ အဖေ က ပိုင်နေတော့ အစိုးရကို တော်လှန်မယ့် အတိုက်အခံ ခေါင်းဆောင် တစ်ဦးကို ဖြူက စိတ်ရောကိုယ်ပါ အပ်နှင်းလိုက်တယ်လို့  အဖေပြည်ထဲရေးဝန်ကြီးရဲ့ နားကို ကြားဖို့  ရာတော်မတော် ဖြူ့  ဘက်ကလဲ ကြည့်ပြီးစဉ်းစား ပေးပါဦး…..”

အဖြူ နှင့် သူ့ အဖေ

“မြတ်စိုးဆိုတာ ဘယ်သူလဲ”

“ဖေဖေတို့  ကြော်ငြာထဲမှာထည့်တဲ့လူပါပဲ”

“….သူ့ အခြေ အနေ၊ အရည်အချင်း၊ အလုပ်အကိုင်ကကော”

“ အခြေအနေကတော့ သူ့ မိဘများက ရာဘာခြံ သူဌေးပါပဲ၊ ဒါပေမယ့် သူ့ ကို သားအဖြစ်က စွန့် ထားပါတယ်”

“….အရည်အချင်းကတော့ ကောလိပ်ကထွက်ပြီး ကျောင်းသားခေါင်းဆောင်ဘ၀နဲ့  ထောင်ခဏခဏကျ….”

“ သြော်…..ဒါက အရည်အချင်းလား”

“ အလုပ်အကိုင်ကတော့ နိုင်ငံရေး…..” …………………………..

အမြည်းဆိုတော့ ဒီလောက်ဘဲ ပေးမြည်းမယ်…..။ မြန်မာမှာဆိုရင် အဟောင်းဆိုင်မှာသွားရှာ…..၊ အဝေးက ဆိုရင် ebook မှာရှာ…..(တွေ့  ရင်ပြောဦးနော်)…..။ ဒီ ၉၅ မျက်နှာကို ဖတ်ပြီး တွေးမိတာတွေကအများကြီး……ရသတွေလည်း စုံတယ်…..။ အဖြူ့ ကို ကိုမြတ်စိုး ပေးခဲ့တဲ့ စာ အဖြူ့ အဖေ လက်ထဲ ရောက်သွားလို့  သားအဖ နှစ်ယောက် အပြန်အလှန် ပြောကြတဲ့ အခန်းကို သိပ်ကြိုက်တာဘဲ…..။ စကားလုံးတွေက ပညာသား ပါတယ်….။ ဇာတ်သိမ်းခန်းကတော့ ရင်ထဲမှာ ဘာမှမရှိတော့သလိုလို…..ရင်ထဲမှာပြည့်ကျပ်နေလို့  အသက်ရှူ မ၀သလို ဖြစ်ကျန်ခဲ့စေတယ်…….။ ။

မီ…..မေ…မြူ…..

“မ” တလုံး ၊ ဘ၀အရှုံးနှင့် မိန်းမလှများ…….

၁။ “မီ” ( “မီ”- ကြည်အေး )

“ လမင်းကြီးကို မီကြောက်တယ်….လမင်းကြီးက ၀ိုင်းဝိုင်းကြီး…ခြေလက်တွေလဲမပါဘူး…..မီ ကြောက်လိုက်တာ…”

( စာအုပ်မသိမ်းထားမိ…..ဖတ်ခဲ့တာလဲကြာပြီ…စာသားတွေ လွဲနေနိုင်ပါသည်။)

၂။ “မေ” (“မေ”- ဒဂုန်တာရာ)

“အကောင်းကို ရှာ၏ ။ အကောင်းကား မရှိတော့….။”

၃။ “မြူ” (“မြူ” – မ၀င့်မြစ်ငယ်)

 

“မြူသည် လေနှင့်အမှုတ်ခံရတဲ့ ကောင်းကင်မြူတွေလို တစ်စစီလွင့်ပါးခဲ့ပြန်လေပြီ……။”

ဖတ်ဖူးလား…..၊၊ သူတို့ သည် လှကြသည်….၊ တစ်ခုခု ထူးချွန်ကြသည်…..။ သို့ သော် နိဂုံးမလှ….ရှုံးကြရသည်….။ စိတ်ကို အစိုးမရခြင်း…..ထိန်းချုပ်နိုင်စွမ်းမရှိခြင်းကြောင့်ဟု ထင်ပါသည်…….။

လေးမမှာ မေးခွန်းလေးတစ်ခု ရှိနေပါတယ်…..။ ဒီလို ဇာတ်ကောင်တွေရဲ့ နာမည်ဟာ ဘာလို့  မတစ်လုံးတည်းဖြစ်နေရတာပါလိမ့်……..။ ။????????