ကျောင်းပြေး

ကျောင်းပြေးတတ်ခဲ့ပြီ …။

ကျောင်းပြေးဖြစ်နေပြီ …။

ကျောင်းပြေး မိလေပြီ …။

သူများတွေ စာအံတာကို တိတ်တိတ်ငေးရင်း ဝေးဝေးမှာ လုပ်ချင်တာ လုပ်တတ်ခဲ့ပြီ …။

ကျောင်းကို ဦးတည်ပြေးပြီး စာသင်ခန်းနားရောက်မှ လှည့်ပြေးတတ်တဲ့ ခြေလှမ်းတစ်စုံကို တာဝန်ယူမဲ့သူမရှိပြီ …။

ဒေါင် … ဒင်သံကြားမှ ကျောင်းကို အူယားဖားယား ပြေးတတ်သူအတွက် ခေါင်းလောင်းထိုးမယ့်သူမရှိပြီ …။

ဖတ်သူမရှိတဲ့ စာစီစာကုံးတွေက စာရွက်ပေါ် မရောက်နိုင်ပြီ …။                    

ဟာမိုနီ လိုက်မယ့်သူမရှိတဲ့ သီချင်းတွေက ဗိုက်ထဲကို ခုန်ချသွားကြပြီ …။

ကျောင်းသွားဖော်တွေ အများကြီးကြားက ကျောင်းပြေးဖော်ကို အလျင်စလို ရှာမိသည် …။

ကျောင်းပြေးတစ်ယောက် ရေကန်ဘေးမှာ ငါးမျှားတံ တစ်ချောင်းနှင့် ထိုင်နေတတ်သည် …။

အတွေးတွေကို ငါးစာအဖြစ် ငါးမျှားတံထိပ်တွင် ချိတ်ဆွဲ ခဲ့သည် …။

ကန်ထဲတွင် ငါးတစ်ကောင်မျှမရှိ … ။

နေစောင်းတော့ ရေစိုနေတဲ့ အတွေးတွေကို နေလှန်းပြီး အိမ်ပြန်ခဲ့သည်  … ။

ဤနည်းဖြင့် ကျောင်းပြေးတစ်ယောက် ကျောင်းပြေးခြင်း၌ ခုံမင်နေသည် …။

ကျောင်းပြေးသည် ကျောင်းပြေးလိုသောကြောင့် ကျောင်းပြေးဖော်ကို အလိုရှိသည် …။

ကျောင်းပြေးဖော်တွေ့ ခဲ့လျှင် အတူရွတ်ဆိုဖို့  ကဗျာတစ်ပုဒ်ကို ကြိုးစားပမ်းစား အစပျိုးထားသည် …။

“ကျောင်းမတက်ရတာ ပျော်စရာ …

ကျောင်းပြေးရတာ ကောင်းသဗျာ…

ဟ..ဟာ..ဟာ……”                               ။ ။

Advertisements

လေးမနှင့် နာရီ ( ၂ )

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

“ လေး … အတွက် ဘာဘီ နာရီ ၀ယ်ထားတယ် .. ” …။

“ ဘာဘီ နာရီ……. ဟား.. မိုက်တာပေါ့..” ( ဟွန့် .. မူကြို ကျောင်းသူများ မှတ်နေသလားမသိဘူး..)

အစကတော့ ဘာဘီ လက်ပတ်နာရီ ၀ယ်ထားတယ်မှတ်လို့  ကလေးတွေ… ပတ်တဲ့နာရီ ၀ယ်တယ်လို့  တိတ်တိတ်လေး စိတ်ရှပ်နေခဲ့တာ…။

သူပြန်ရောက်လာတော့… လက်ထဲ ကို ဗူးတစ်ဗူး လာပေးတယ် … သူပြောတဲ့ ဘာဘီ နာရီ ဆိုတာ

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

စားပွဲတင် နာရီကိုး…။

မဖုံးနိုင်မဖိနိုင်အောင် ပြုံးပျော်သွားတဲ့ မျက်နှာနဲ့  ဘာဘီ နာရီကို ရင်မှာပိုက်ပြီး စက္ကန့်  ၃၀ လောက် ခုန်ဆွခုန်ဆွ လုပ်နေလိုက်သေးတယ်..။ 😀

စက္ကန့်  ၃၀ လွန်လေပြီးသောအခါ မှာတော့ ထုံးစံအတိုင်း “ရစ်” ချင်စိတ်ကလေးက ထိန်းမနိုင် သိမ်းမရ၀င်လာတယ်..။

“.. လေးက စားပွဲတင် နာရီ အဆင့် ရောက်နေပြီလို့  ဆိုလို ချင်တာလား.. ” 👿

“ ဟင်.. ဘာဆိုင်လို့ လဲ…”

“ Joke ရှိတယ်လေ … ယောက်ျားတွေက မိန်းမတွေကို ပထမတော့ လက်ပတ်နာရီလေးလို အရိပ်တကြည့်ကြည့်နဲ့  သွားလေရာ ခေါ်သတဲ့ … နောက်တော့ စားပွဲတင် နာရီ လို ထားခဲ့သတဲ့… လိုမှ ကြည့်သတဲ့… နောက်ဆုံးတော့ မိန်းမတွေက တိုင်ကပ်နာရီ ကြီး နဲ့  တူသွားသတဲ့ …။ လေးက ခုဆိုရင် စားပွဲတင် နာရီ ပေါ့ ဟုတ်လား.. ”

“ ဟား.. ဟား.. လုပ်ချလိုက်ပြန်ပြီ … ဗိသုကာမမရယ် .. ဘက်ပေါင်းစုံက လှည့်တွေးတတ်တဲ့ အကျင့်ကြီးကို နေရာတကာ အသုံးမချ စမ်းပါနဲ့ .. ရိုးရိုးလေး တွေးစမ်းပါ … လေးက ဘာဘီကို သဘောကျလို့  ဘာဘီ ရုပ်ပါတဲ့ နာရီ ၀ယ်လာတယ် … ဒါပဲ … ရှင်းရှင်းလေး… ရှုပ်အောင်မလုပ်နဲ့ .. ”  ( အစကသိရင် တိုင်ကပ်နာရီ ၀ယ်လာပါတယ်)

အင်း သူပြောတာလည်း ဟုတ်သား…။ 🙄

ကလင်… ကလင်…ကလင်..

“အိုး … alarm အသံကြီးကလည်း အကျယ်ကြီးပဲ … ဒါသက်သက် ပညာပေးတာ မဟုတ်လား…။”

ပြုံးစိစိ နဲ့  တဖက်လှည့်နေတဲ့ မျက်နှာကို အမိအရ ကြည့်ပြီး မျက်စောင်းခဲပြလိုက်တယ် …။

“နှိုးစက်မြည်တာတောင် မနိုးတဲ့ သူတွေ အတွက် အထူး စီမံထားတာတဲ့ …”

“အမယ်… အမယ်… လေးက မနိုးဘူးဆိုတာ ထချင်စိတ်မရှိလို့  မနိုးတာ … ထချင်စိတ်ရှိရင် နှိုးစက်တောင် မလိုဘူး.. ကိုယ့်အသိစိတ်နဲ့  ကိုယ်နိုးလာတာ…။”

“ဟုတ်လို့ လား အိပ်ပုတ်ရဲ့ … အဆောင်မှာတုန်းကဆို မိက အနွေးထည် ထ… ၀တ်ပေးတာတောင် မသိဘူးဆို …”

“အဲဒါက … အဲဒါက …. မိက ဖြည်းဖြည်းလေး အသာလေး အနွေးထည်ဝတ်ပေးတာဆိုတော့ ဘယ်နိုးပါ့မလဲ…”

“ဟား … ဟား…”

“ရှင်းရှင်းပဲ ပြောစမ်းပါ … နိုးစက်မြည်ရင် ကယောင်ကတမ်းနဲ့  ဘယ်နားက ဘာကို ပိတ်ရမှန်းမသိ ဖြစ်နေတာတွေ … “ကို”ရှိတယ်.. ပိတ်လိမ့်မယ်ဆိုပြီး စိတ်ချလက်ချ ဆက်အိပ်နေတတ်တဲ့ အကျင့်ဆိုးလေးတွေ ပျောက်သွားအောင်လို့  ဒီနာရီ ၀ယ်လာတဲ့ သဘောပေါ့…”

“မဟုတ်ပါဘူး လေးရာ … နာရီ ပုံကို လည်းကြည့်ဦး … ဘာပုံလဲ”

“Heart ”

“ ဒီတစ်ချက်ပဲ မှန်အောင်ပြောတယ် … အသည်းပုံလေးတွေ့ လား… လေးကို ချစ်လို့  အသည်းပုံပေးတာ… မိနစ်တိုင်း ချစ်နေမယ်… ကို့  အသည်းနှလုံးကို ပေးထားတယ်… ကဲ… ဒီသဘော… အဲဒီသဘောနဲ့  ၀ယ်လာတာ… ပေါက်ပြီလား…။ ”

“ ဟွန့်  … အပိုတွေ လာ ရွှီးမနေနဲ့ .. လူကိုများ “အ” တတ မှတ်နေလား… ရွဲ့  ပြောနေတာ သိသားပဲ … ”

မဟုတ်မှန်းတော့ သိတယ်… ဒါပေမယ့် ကြိုက်တယ် … ။ ။ 😳

မှတ်ချက်။ ။စိတ်ကူးသက်သက်ပါ..။

လက်နက်စွဲကိုင်တော်လှန်ခြင်း …

ငါ့ပို့ စ်မှာ  ငါ့ မိတ်ဆွေတွေ  “ ငါ ” အကြောင်း ထပ်ရေးသွားကြတာ …

ငါ့ကမ္ဘာ
ငါ့ကမ္ဘာမှာ
ငါတင်တဲ့ အကြွေး၊
ငါတင်တဲ့အကြွေးနဲ့
ငါ့ အကြွေးရှင်၊

ငါ့ အကြွေးရှင်နဲ့အတူ၊

ငါချစ်တဲ့သူငယ်ချင်း

ငါချစ်တဲ့သူငယ်ချင်းနဲ့အတူ၊
ငါ့ အကြွေး
အဟီး……တယ်ရင်း…ငါချစ်တယ်
(အကြွေးရှင်ဖြစ်သောကြောင့်မဟုတ်ပါ၊)

( Mi )

“ငါ့ဖို့ ၊ငါ့ဟာ၊ ငါ့အတွက်“

ငါ့အိမ်ရာ
ငါ့အိပ်ရာမှာ
ငါ့ခေါင်းအုန်း
ငါ့ခေါင်းအုန်းနဲ့ အတူ
ငါ့စောင်
ငါ့စောင်နဲ့ အတူ
ငါ့ဖက်လုံး
ငါ့ဖက်လုံးနဲ့ 
ငါ့စောင်
ငါ့စောင်နဲ့ 
ငါ့ခေါင်းအုံးတွေကြားမှာ
အမွှေးတွေဖွာပြီး
ငါလာတာတောင် မထတဲ့
ငါ့ရဲ့ခွေးကို မျက်စိနောက်လာလို့ 
ကြိမ်စာကျွေးလိုက်တော့မယ်
လာလေရော့
ဖျန်ဖျန်းဖျန်း….

( ကို Boyz)

ငါ့ဆေးလိပ်လေးကို

ငါ့မီးခြစ်လေးနဲ့ ညှိပီး

ငါ့နှုတ်ခမ်းလေးနဲ့

ငါ့အဆုတ်ထဲ ရှိုက်သွင်းလိုက်တော့မယ် …
ငါ မာလကီးမယားခင်တော့ သောက်လိုက်ဦးမယ်

( မျှားပြာ)

ငါ့ဘော်ဒါ လေးမအတွက်
ငါ့ကော်မန့်ကို
ငါကိုယ်တိုင်
ငါ့ကီးဘုတ်ကိုသုံး
ငါ့မျက်လုံးတွေ စုန်းထီးဖြစ်လောက်အောင်
ငါအသားကုန်ပြူးပြီးတော့
ငါလက်ဆော့လိုက်တယ်
ငါလာသွားတယ် လေးမရေ…“

( ကိုရန်အောင် )

ဒီရပ်ဝန်းကို ငါ ဘယ်လို မျက်နှာလွဲရမှာလဲ …။

ဇူလိုင်လဆန်းက စပြီး စာရေးတာနားမယ်လို့  ရည်ရွယ်ပြီး ကမ္ဘာကို ကျိန်စာတိုက်လိုက်တဲ့ ဟိုအမျိုးသမီးကို လေးမက ဒီပို့ စ်နဲ့  လက်နက်စွဲကိုင်  တော်လှန်လိုက်ပါတယ် ။

အရေးတော်ပုံ အောင်ပါစေ ။

မိုးရွာနေသည် ( ၂ )

မိုးဦးကာလ ရောက်တော့မည် ဖြစ်သောကြောင့် မိုးရွာသည်… ။

မိုးနှင့်အတူ မုန်တိုင်းလာသည် … ။

မုန်တိုင်းတွင်လေပါ၏…။

လေနှင့်အတူ လှိုင်းလာ၏ …။

လှိုင်းနှင့် အတူ အိမ်များ … လူများ … တိရစ္ဆာန်များ … ၀မ်းစာများ … အဆင်တန်ဆာများ … ပါသွားလေ၏…။

ပါသွားသောအရာများနောက်တွင် ငိုကြွေးမှုများ … ကြေကွဲမှုများ … ပူဆွေးမှုများ … ဆုံးရှုံးမှုများ ကျန်နေခဲ့၏ …။

ကျန်နေခဲ့သောအရာများအား အမှီပြုဒေါသနှင့် ကျိန်ဆဲမှုများ လှိုင်းထလာပြန်သည် … ။

လောဘသားအချို့ သည် မေတ္တာရှိဟန်ပြ ၍ ကိုယ်ကျိုးရှာနေကြပြန်သည် … ။

နိုင်ငံရေးအမြတ်ထုတ်သူတို့သည် ဂရုဏာရှိဟန်ပြ၍ အမြတ်ထုတ်ရန် ကြံစည်ကြပြန်သည်… ။

အဆုံးသတ်တွင် ကလေးများသည် ပျော်ရွှင်မှု ကင်းမဲ့ကြကုန်၏ … ။

အဖြူရောင်နှလုံးသားများသည် ညစ်ထေးလျက် ငိုကြွေးကြကုန်၏… ။

မိန်းမတစ်ယောက်သည် တစ်ခွေ ၅၀၀ ဟူသော ၂ ခွေ တွဲ..၊ ၃ ခွေတွဲများကို စိုက်ကြည့်ရင်း စီဒီချပ်များကို ထမင်းထုပ်များအဖြစ် စိတ်ကူးယဉ်ကြည့်နေ၏ … ။

ထို့ နောက် မိုးရွာလာသည် … ။

မိုးရာသီ စပြီဖြစ်သောကြောင့် မိုးဆက်ရွာနေသည်… ။

မိုးသည် ဆက်၍ …ဆက်၍ … ရွာနေပေလိမ့်မည်…။ ။


မိုးရွာနေသည် ( ၁ )

သူတို့လို ပျော်မိသည် …

* Source :ကိုပြူး နှင့် မပြုံး (ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း)

စစ်ကြီးပြီးဆုံး၍ … အဲ … ဟုတ်ပေါင်… အဲ..အဲဒါကြီး ပြီးဆုံး၍ … လေးမ တစ်ယောက် iblogger.org သို့ အရောက်တွင် …. လေးမ blog စလုပ်တုန်းက မိတ်ဆွေဟောင်း တော်တော်များများ လိုက်မလာနိုင်ခဲ့ပါ…။

ခုတော့ ဟောာဒီ..ဒီဇင်ဘာလမှာ မိတ်ဆွေဟောင်းတွေ အတော်များများ ပြန်လာလည် သွားကြပါတယ်…။

နောက်ဆုံးရောက်လာသူကား လေးမ၏ မိတ်ဆွေကြီး ဂုတ်တို အဲ .. ယောင်လို့ … ဂျယ်ရီ ပင်ဖြစ်ရာ …. ဘယ်အရပ်က ပေါ်လာသည်မသိ မနေ့က စာကြွေးတွေ တပုံကြီးဖတ် … comment တွေ တပျော်ကြီး ပေးသွားသဖြင့်လေးမမှာ ၀မ်းသာ၍ မဆုံးတော့…။ ။

လေးမ၏ အရည်မရ အဖတ်မရချောက်တီးချောက်ချက်စာမျိုးစုံကို …. ပုံမှန် (သို့) တခါတရံ လာရောက် ၀ါးမျို မှတ်ချက်ပေးသွားကြသော

…. မောင်မျိုး၊ ကိုစာကလေး ၊ ကိုသန့်ဇော်မင်း ၊ ကိုမျှားပြာ ၊ ကိုညိမ်းညို ၊ ကိုလွမ်းစေ ၊ ကိုဂျယ်ရီ ၊ ကိုဒီဝိုင်း ၊ ကိုအတာ ၊ ကိုဇီးကွက်၊ ကိုတော်ကီ ၊ ကိုမျက်လုံး ၊ ဘလင့် ၊ ကိုနိုင် ၊ ကိုသုပုန် ၊ကိုပီကေ ၊ ကိုဘုရင့်နောင်၊ ကိုပုဂံသား၊ ကိုကောင်းကင်ကို ၊ ကိုစိုးထက် ၊ ကိုဂျူလိုင်အိပ်မက် ၊ ကိုရန်အောင်၊ ကိုသင့်ကား၊ ကိုတက်စလာ ၊ ဂျေ ၊ မဂျစ်တူး၊၊ မနုစံ ၊ မမြရွက်ဝေ ၊ မချစ်လေပြေ ၊ သိုးမလေး၊ နှင်းဆီနီနီ ၊ ၀င်္ကပါ ၊ သဇင်ဏီ ၊ မသမုဒယ ၊ မအိမ့်ချမ်းမြေ့ ၊ ညို ၊ ခေးရော့စ် ၊ မအိသူ ၊ မိုးချစ်သူ ၊မမယ်လိုဒီမောင်၊ မတူးတူး ၊ မေပျို ၊သဉ္ဇာ ၊ မညလေး ၊ မပန်ဒိုရာ နှင့်

ဆီပုံးတွင် ဆီဖြည့်ပေးသွားကြသော သူငယ်ချင်းအပေါင်းနှင့် လေးမကို ခင်မင်ကြတဲ့ ဘော်ဘော် အပေါင်း တို့သည်

လေးမကို ပျော်ရွှင်ချမ်းမြေ့မှု ပေးစွမ်းကြသောကြောင့် လေးမ၏ အဖွဲ့သားများ အဖြစ် သတ်မှတ်ထားပါသည် ။

လေးမ၏ အဖွဲ့ သားများ အားလုံး

“နှစ်သစ်ကူး ရွှင်မြူးကြပါစေကြောင်း ၊ ဂေါ်မစွံ လူပျိုကြီးများလည်း ဂေါ်စွံကြပါစေကြောင်း ၊ show room ထဲမှ မမလှလှလေးများ၊ ညီမလေးများလည်း … စိတ်ချမ်းမြေ့ကြပါစေကြောင်း ”

ခင်မင်တတ်သော လေးမ မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင် …။ ။

မိုးရွာနေသည်

ကနဦးအစက … မိုးသည် … တစ်ပေါက် နှစ်ပေါက် …

ထို့ နောက် … တဖျောက်ဖျောက် …

ထို့ နောက် … ရွာလိုက်သည်မှာ … မစဲတော့ …

ရေမှုန်ရေမွှား … အစအနလေးများမှသည်…

ရေစက်ရေပေါက်ကြီးများ အဖြစ် အသွင်ကူးပြောင်း …

ထီးလှလှလေးများ … မိုးစက်ကြမ်းများကို အံမတုနိုင်တော့ …

မိုးစက်များ၌ ရေပါ၏ …

ရေပါတော့ ရေကြီး၏ …

လမ်းပေါ်က ရေကန်ကြီးထဲတွင် … ပျက်နေသောကားများ …

ရုန်းထွက်ရန်ကြိုးစားနေသော ကားများ …..

လမ်းလျှောက်နေသောလူများ …

ရေခံနေသူများ …

ဟိုမှ ဒီသို့  မျောပါနေသော … ရာဘာဖိနပ် ၊ သားရေဖိနပ် ၊ ဒေါက်ဖိနပ်များ …

ဆော့ကစားနေသော ကလေးငယ်များ …

သူတို့ အားလုံး မိုးမိနေကြသည် …

ဟိုဘက်နားက ကလေးတစ်အုပ် … ကဗျာရွတ်နေကြသည် …

ဟော … ဟော … နားထောင် ကြည့် လိုက် စမ်း…

“ မိုး…မိုး….ဘာလို့ရွာ …

ဖား … အော်လို့…ရွာ …။

ဖား … ဖား … ဘာလို့အော် …

မြွေ … ကိုက်လို့ … အော် …။

မြွေ … မြွေ … ဘာလို့ ကိုက် …

ငါ့ ၀မ်းပူဆာ မနေသာလို့ … ကိုက် …။ ”

အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၂)

အရူး (၄)…
ကျွန်မက ယောက်ျားကို သိပ်ချစ်တာ… အဲဒါကြောင့် စိတ်မချဘူး…. ကျွန်မက အိမ်ထောင်ရေးမှာ ရာထူးတက်မှာ သိပ်ကြောက်တာ…။ ကျွန်မကို ယောက်ျားက ပြောတယ်…. “သံသယတွေနဲ့  ပြည့်နေတဲ့ မိန်းမ” တဲ့….. “တနေ့ အဲဒီစိတ်နဲ့  မင်းရူးလိမ့်မယ်” တဲ့……။

အချိန်တန်လို့  သူပြန်မရောက် လာသေးဘူးဆိုရင် သူ့ ဖုန်းကို မရမက လိုက်ဆက်တတ်လို့  တခါတရံ ယောက်ျားက ဖုန်းပိတ်ထားတတ်တယ်….. အဲလိုနေ့ မျိုးဆို ရန်ပွဲ….ငိုပွဲပဲ…..။ ခုလဲ ည ၈ နာရီထိုးနေပြီ….. ထမင်းစားစောင့်နေတာ ပြန်မလာသေးဘူး….။ ဖုန်းဆက်မိမှာစိုးလို့  လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပေမယ့် အချိန်တန်တော့ ဒီနံပါတ်တွေကိုပဲ နှိပ်မိသွားပြန်တယ်….. “လူကြီးမင်းခေါ်ဆိုသော…….” ဟင်….ဘယ်ကမိန်းမလဲ…. ယောက်ျားဖုန်းကို ဒီမိန်းမက ဘာလို့ ကိုင်ရတာလဲ…. “ဟိတ်… ညည်းဘယ်သူလဲ…” ဒီအသံ….ကြားဖူးပါတယ်….. အော်…ဒါ ဆက်သွယ်ရေးက သွင်းထားတဲ့ အသံပဲ….. ဟူး….ဖုန်းချလိုက်တယ်…..။

အင်…ဒါနဲ့ နေပါဦး….. “ဧရိယာပြင်ပရောက်ရှိနေပါသဖြင့်……”
လို့ ဖြေသွားတယ် …..။ ဧရိယာပြင်ပဆိုတာ ဘယ်လိုနေရာမျိုးပါလိမ့်….. ဘုရား….ဘုရား….။ သူ့ အတွင်းရေး မှူးမလေးဆီက ဖုန်းလာတိုင်း ….ကျွန်မရဲ့ profession ကိုစွန့် ပြီး အတွင်းရေးမှူးသင်တန်းပဲ ပြေးတက်ရတော့ မလိုလို ……. စာရင်းအင်းတွေပဲ ပြေးသင်ရတော့ မလိုလို…..ကျွန်မ ကယောင်ချောက်ချား ဖြစ်ဖြစ် သွားတတ်ပါတယ်…..။ ကျွန်မ သူ့ အတွင်းရေးမှူးလုပ်မယ်လို့  အရေးဆိုဖူးပါတယ်….သူကဘာပြန်ပြောလဲဆိုတော့ “ မင်းကတော့ စက်ကတ်ကြေးပဲ လုပ်လို့ ရမယ်….” တဲ့…..။

ကျွန်မကို လူတွေက မကြားတကြားပြောကြတယ်….. “ အဲဒီမိန်းမက သူ့ ယောက်ျား ကို ချစ်လွန်းလို့  ရူးနေတာ….. နေရာတကာလိုက်ကြပ်လွန်းလို့  ဘယ်နေ့ ထားခဲ့ခံရမလဲ မသိဘူး…. အဲဒီနေ့ ကတော့ အဲဒီမိန်းမ သွက်သွက်ခါ သွားမယ့်နေ့ ပဲ….” တဲ့…..။ ဟုတ်လား…. ကျွန်မ ရူးနေတာလား….။

အရူး (၅)…
လေးမ…ဆိုတဲ့ မိန်းကလေး blog မှာစာတွေရေးနေတယ်…. မိတ်ဆွေ သူငယ်ချင်းတွေနဲ့  နောက်လို့  ပြောင်လို့ ….. ပျော်လို့ ….ပါးလို့ …..။ အဲဒါကို ကြည့်မရဖြစ်ပြီး မျက်စိစပါးမွှေးစူးနေတဲ့ သူတစ်ယောက်ရှိ နေပါတယ်….။ သူဘယ်သူလဲသိလား…. လေးမ ရဲ့ ကိုယ်စောင့်နတ်ကြီးပေါ့….(အချင်းချင်းကပ်ပြီး မနာလိုဖြစ်နေတာလေ )…။ ဒီနေ့ တော့ သူ…. လေးမကို ပေါ်တင်ချဲပါတယ်…..။
“လေးမ….. နင့်ကိုယ်နင် I’m the Queen ဆိုပြီးတော့ လုပ်ချင်တာတွေ လုပ်နေတယ်ပေါ့….. ဘာတွေလျှောက်ရေးမှန်းမသိဘူး….. ပေါကြောင်ကြောင်နဲ့ ….. ကဗျာတွေလဲပါရဲ့…. ရှက်ဖူးလား…. အတိတ်အတိတ်ဆိုပြီး ပြန်ပြန်ရေးနေတာ တရား လက်လွတ်လှချည်လား….. ဟင်….စိတ်ကို present မှာတည့်တည့်ထားရမယ်လို့  ဘုန်းဘုန်းဟောထားတယ်လေ….. ငါတော့ နင့်ကိုစိတ်ကုန်တယ်…. ဟိုတနေ့ကလဲ … မိန်းမဆိုတာ သနပ်ခါးပန်းနဲ့  တူသတဲ့….. တခါမှ မကြားဖူးဘူး…. မိန်းခလေးတွေကို စပယ်…ခရေ…နှင်းဆီ နဲ့ ပဲ တင်စားလာကြတာ….. နင့်ကျမှ ထူးထူးဆန်းဆန်း….. ။ အဲလိုသာ ပြောကြကြေးဆိုရင်….. ငါသာ ယောက်ျားလေးဆိုရင် မိန်းမတွေဟာ “ဘိန်းပန်း” နဲ့ တူတယ်လို့  ရေးမှာပဲ….. ရေးလေ…. အဲလိုပြန်ရေးစမ်း…. အဲ…ဟုတ်ပေါင်… နင့်ကို စာမရေးအောင် တားနေပါတယ်ဆိုမှ မြှောက်ပေးသလို ဖြစ်သွားပြန်ပြီ…..။ တော်ပြီ……တော်ပြီ…. နင်လုပ်စရာအလုပ်တွေ ပုံနေပြီ….. ဘာမှ လျှောက်ရေးမနေနဲ့ … သိတာ….တတ်တာလဲ ဟုတ်တိပတ်တိ မရှိဘဲနဲ့  အာချောင် မနေနဲ့ ……။ ကဲ…. ငါအခု သခွတ်ပင်မှာ နတ်သဘင် ညီလာခံတက်ရဦးမယ်….. ညီလာခံမှာ ဒီပြသနာကို သိကြားမင်းကို တင်ပြရမယ်……။ နင်အိမ်မှာ အိပ်နေနော်….. နင်နိုးနေရင် ငါစိတ်လေးလွန်းလို့ ….။”

တချိန်လုံး ငြိမ်ခံနေခဲ့တဲ့ လေးမ ဒီတခါတော့ အပီပဲဆိုပြီး ပြန်တွယ်လိုက်တယ်…… “ဟွန်း….ကိုယ်စောင့်နတ်ကလဲ…. တလွဲကြီးပြောနေတယ်…. သိကြားပြည်မှာ ကသစ်ပင် ပဲရှိတဲ့ဟာကို….. သခွတ်ပင်က အသူရာ ပြည်မှာ ပေါက်တာကြီးကို…..”

“ ဟဲ့…. နေရာပြောင်းထားတာ…. နေရာပြောင်းထားတာ…. မသိရင်မပြောနဲ့ …. တခွန်းမှကို ၀င်မပြောနဲ့ ….တော်ပြီ….နောက်ကျနေပြီ…. ငြိမ်ငြိမ်နေ….ကြားလား….”
“ဟုတ်ကဲ့…..ကြားပါတယ်…..”

နောက်ပစ်ထားတဲ့ လက်လေးနှစ်ဖက်ကို အသာလေးခါပြီး ဦးညွှတ်လို့  အရိုအသေပေးလိုက်ပါတယ်…..ခေါင်းမငုံ့ လို့ မရဘူးလေ….. ကိုယ်စောင့်နတ်လဲ အရူးပဲလို့  နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်တာ သူတွေ့ လို့ မဖြစ်ဘူးလေ…. (ပြန်မပြောကြေးနော်)……။
ကဲ….လေးမ နဲ့  ကိုယ်စောင့်နတ်….. ဘယ်သူ ရူးသလဲ….. နှစ်ယောက်လုံးပဲ ထင်တယ်နော်…..။ ။

မြတ်စွာဘုရားကဟောကြားခဲ့တယ်….
“ ပုထုဇဉ်တိုင်းဟာ တစ်မျိုးမဟုတ်တစ်မျိုး ရူးကြတာချည်းပဲ” တဲ့…။
(ဦးကြီးပုထုဇဉ်ကို လေးမ ရန်စတာ မဟုတ်ရပါဘူးရှင်)

P.s.ပုံစံအမျိုးမျိုးနဲ့  ရူးနေကြတဲ့ အရူးတွေ အများကြီးရှိတဲ့အနက် ဒီအရူး ၅ မျိုးကို လေးမ စိတ်ကြိုက် စကာတင် ရွေးချယ်ထားတာဖြစ်ပါတယ်…..။