ကျွန်တော် ကျွန်မတို့ နေ့ ….

အစ်မ… ချစ်သူများနေ့  ဘာအစီအစဉ် ရှိလဲ

ဆံပင်တွေကို ပေါင်းတင်ဆေးနဲ့  စိတ်ရှည် လက်ရှည် သုတ်လိမ်း နေတဲ့ မိန်းကလေးက ရင်းရင်းနှီးနှီး စကားစလာချိန်မှာ မင်သက်ပြီး ဘာပြန်ဖြေရမှန်းမသိ …။

ဘာအစီအစဉ်ရှိပါလိမ့် … ဘာအစီစဉ်ရှိပါလိမ့် … ကမန်းကတမ်း ပြန်စဉ်းစားကြည့်တော့ … အိမ်ရှင်းမယ်… ဈေးဝယ်မယ်… တူလေးကို ထိန်းရမယ်…။ ဒါတွေကို အစီအစဉ်လို့  ခေါ်ပါ့မလား… လုပ်နေကျအလုပ်တွေကို အထူးအစီအစဉ်လို့  ပြောစရာအကြောင်းမှ မရှိတာပဲလေ…။

ဟင်… အင်း… ဟင်း…ဟင်း… အဲဒါ အစ်မနဲ့  မဆိုင်တော့ဘူးလေ… လူငယ်တွေနဲ့  ဆိုင်တာ….

တော်တော် ကဘောက်တိကဘောက်ချာနိုင်တဲ့ အဖြေပဲ…။

ခစ်…ခစ်… အစ်မကလည်း … လူငယ် မဟုတ်ဘူးလို့ ပြောရဲသေးတယ်… အစ်မက ခုမှ ၂၇ လောက်ပဲရှိဦးမယ်…

ညီမကို မုန့် ကျွေးမယ်… အစ်မက ၃၀ ပြည့်တော့မှာ…

၃၀ ဆိုလည်း လူငယ်ပါပဲ အစ်မရယ်…

ဟုတ်သားပဲ… ငါ့ကိုယ်ငါ လူငယ်လို့  ခံယူထားရမှာပဲ…ဘာလို့ များ လူငယ်မဟုတ်ဘူးလို့  တွေးမိပါလိမ့် …

အစ်မ.. စာအုပ်ဖတ်ဦးနော်…

အပူပေးတဲ့ စက်ကို ခေါင်းပေါ်မှာ နေသားတကျဖြစ်အောင် ချိန်ပေးရင်း မဂ္ဂဇင်း စာအုပ်တစ်အုပ် လက်ထဲလာထည့်တဲ့ မိန်းကလေးကို ပြုံးပြလိုက်ရင်း မဖတ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ မဂ္ဂဇင်းကို အငမ်းမရ လှန်လိုက်တယ်…။

ချစ်သူများနေ့  အထူးလျှော့ဈေး… စုံတွဲများအတွက် အထူးအစီအစဉ် …. ချစ်သူများနေ့  အထိမ်းအမှတ်… ။

…………………………………..

ကို

ဟင်

မနက်ဖြန် ၁၄ ရက်နေ့

အင်း

မိန်းမကကွန်ပြူတာ ဖန်သားပြင်ပေါ်က မျက်နှာခွာပြီး ကျွန်တော့်ဘက်လှည့်ကာ … စိတ်မရှည်သံဖြင့် …

ချစ်သူများနေ့ လေ

… ဟုတ်သားပဲ…

မိန်းမက ဘာမှဆက်မပြောတော့ဘဲ ကွန်ပြူတာဘက် ပြန်လှည့်သွားပါသည်…။

တအောင့်မျှကြာသောအခါ…

မိန်းမကို ချောကလက်လေး ဘာလေး ကျွေးချင်စိတ်မရှိဘူးလား…

ရေခဲသေတ္တာထဲက ယူစားလိုက်လေ…

အသစ်.. အသစ်ပြောတာ.. အသစ်စားချင်တာ…

မိန်းမရယ်… ဒါများ… မနက်ဖြန်ကျတော့ အပြင်ထွက်ရင် ကြိုက်တာ ၀ယ်စားပေါ့… ချောကလက်စားတာများ .. ယောက်ျားကို ဘယ်တုန်းက ခွင့်တောင်းဖူးလို့ တုန်း…

ဟင်… ကို…ဟာလေ… လုံးဝ ရိုမန်တစ်မဖြစ်ဘူး… အရင်တုန်းက ရိုမန်တစ်ဖြစ်တယ်မှတ်လို့  ယူခဲ့မိတာ… ခုကျမှ ရေခဲတုန်းကြီးမှန်း သိတော့တယ်…

ဟား… ဟား… ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ချောကလက် ကျွေးခိုင်းနေတာလား… မိန်းမရယ်… ကလေးကလား အလုပ်တွေ…

ဘာ.. ကလေးကလား.. ဟုတ်လား… ဒါဆို အရင်တုန်းက နှင်းဆီပန်းတွေ ထုပ်ပိုးပြီး လာပေးတာ ဘာလုပ်တာလဲ… ချောကလက်ပေးပြီး … ချစ်သူများနေ့ တွေကို လက်တွဲပြီး ဖြတ်သန်းကြရအောင်လို့  ရေးပေးခဲ့တာတွေက ကစားတာပေါ့.. ဆော့တာပေါ့… ကလေးကလားလုပ်တာပေါ့.. ဟုတ်လား.. ရှင့်သူငယ်ချင်းတွေ မြှောက်ပေးလို့  အဲလို တွေ ကျွန်မကို လာပေးတာ မဟုတ်လား… တကယ့်တော့ ရှင့်ရင်ထဲမှာ အဲလို သိမ်မွေ့ တဲ့ ပေးဆပ်ခြင်းတွေ မရှိခဲ့ဘူး မဟုတ်လား …

ရစ်ပြီ.. ရစ်ပြီဟ… မဟုတ်ပါဘူးကွာ… အဲဒီတုန်းက လူငယ်တွေမဟုတ်လား… အခု ကို တို့  အဲလို လူငယ်ဆန်ဆန် အချစ်တွေနဲ့ …….

အော်.. သိပြီ…သိပြီ… ကျွန်မကိုယ်ကျွန်မ လူငယ်တစ်ယောက်မဟုတ်သလို ခံစားနေရတဲ့ အကြောင်းရင်းကို သိပြီ… ။ တရားခံက ရှင်ကိုး… ရှင့်ကြောင့်… ရှင့်စကားတွေ… အပြုအမူတွေအောက်မှာ မှိုင်းမိပြီး ကျွန်မရဲ့ လူငယ်ဘ၀ပျောက်ဆုံးနေတာ…။ ရှင်တရားခံ….ရှင့်ကြောင့်….။

မိန်းမရယ်… ဒေါသမထွက်ပါနဲ့ … ။ ချစ်သူများနေ့ မှာ ချစ်သူတွေက အမှတ်တရလက်ဆောင်တွေ ပေးကြ… ချောကလက်တွေ ကျွေးကြ… ဟုတ်တယ်နော်…။ တို့ နှစ်ယောက်က ချစ်သူအဆင့်ထက် အများကြီး သာသွားပြီ… အိမ်ထောင်ရှင် ဖြစ်သွားပြီ…။.

အဲတော့ ဘာဖြစ်လဲ… မလိုတော့ဘူးပေါ့… ဟုတ်လား..

အိမ်ထောင်ရှင်များနေ့ သာ သတ်မှတ်လိုက်ကြစမ်းပါ… ဟွန်း … ဘယ်အိမ်ထောင်ရှင်မှ လိုက်မမှီအောင် ရိုမန်တစ် ဖြစ်ပြလိုက်စမ်းမယ်….။

အိမ်ထောင်ရှင်များနေ့ ..။ ခစ်… ။ ရှင်ပဲ သတ်မှတ်….။

ကို့ ကို သတ်မှတ်ခိုင်းလို့ ကတော့ တစ်နှစ်မှာ ၃၆၃ ရက်ကို အိမ်ထောင်ရှင်များနေ့ အဖြစ်သတ်မှတ်လိုက်မယ်…။ ဒါမှ ငါ့မိန်းမကို ရိုမန်တစ်ဖြစ်တဲ့ လက်ဆောင်လေးတွေ နေ့ တိုင်း.. ပေးလို့ ရအောင်…။

၃၆၅ ရက်မှာ ၃၆၃ ရက်က အိမ်ထောင်ရှင်များနေ့ ဆိုတော့ ကျန်တဲ့ ၂ ရက်က ဘာလဲ…။

ကျန်တဲ့ ၂ ရက်လား… ၁ရက်က ချစ်သူများနေ့ …။ ၁ ရက်က….

ပြုံးယောင်သန်း လာတဲ့ သူမ မျက်နှာကို ခပ်ပြုံးပြုံး ကြည့်ရင်း…

၁ ရက်က .. ကျန်တဲ့ တစ်ရက်က … အိမ်ထောင်ရှင်ယောက်ျားများ လူပျိုယောင်ဆောင်သောနေ့ … ဟီး.. ဟီး…။

စကားအဆုံးမှာတော့ သူမ ထုနှက်ကုတ်ဖဲ့လို့ ရအောင် ကျောကို အသင့်လှည့်ပေးလိုက်ပါတော့တယ်….။ ။

မှတ်ချက်။ ။ စိတ်ကူးသက်သက်ပါ…။ ၀တ္ထုရေးကြည့်တာပါ…။ ၀တ္ထုတိုပါ….။

21 Responses

  1. စိတ်ကူးသက်သက်ပါဆိုတာ.. ဟုတ်ပါ့မလား၊ ဟုတ်လို့လား

  2. ခစ် ခစ် ခစ် ခစ် နဲ့ ကြည်နူးစရာလေး 😛

    စချင်စိတ်မရှိလောက်အောင် ခံစားချက်ကပြင်းနေတော့ ရောယောင်ပြီး ရယ်သွားတယ်

    အဟတ်ဟတ် ( မျှားပြာရယ်နည်း)
    ကွိကွိကွကွ ( ….)
    အက်အက်(…)
    အဟွင်း(ကြွက်စုတ်မ ရယ်နည်း)
    ဟွန်းဟွန်း ( မလေး ရယ်နည်း)
    ငှင်းငှင်း ( မစန်ဒါ ရယ်နည်း)

    မောလိုက်တာ ပြန်တော့မယ် အေးကြည်မကို ဖလိုက်နဲ့ ပန်းခြင်းပို့ရမယ် 😉

  3. ဟုတ်လို့လား မယုံပါဘူး အသက်ငင်.. အဲ အသက်ဝင်လွန်းနေတယ်

  4. အပြောကောင်းတော့ စိတ်ဆိုးပြေသွားတယ်ပေါ့ ၊ အိမ်ထောင်ရှင်ယောက်ျားများ လူပျိုယောင် ဆောင်သောနေ့ မိုက်တယ်ဗျာ 🙂

  5. ဖတ်ပီးတော့ ပြုံးမိတယ် ကြည်နူးမိတယ်
    အဲ ပီးတော့ ဇာတ်ကောင်ပြောတာကို ထောက်ခံလိုက်မိတယ် 😛
    ဘိုတင့်ကြီးပြောသွားတဲ့နေ့ကိုလေ 😛

  6. အရေးအသားတွေ အမြဲလတ်ဆတ်တယ်ဗျို့. :))

    [စိတ်ကူးသက်သက် ဝတ္ထုတိုဟူ၍ကား လုံးလုံးမျှ မထင်မိချေ 😛 ]

  7. ဟီး..လူပျိုယောင်ဆောင်သော့နေ့ရှီလားဟီး..အနော်မိန်းမရရင်အဲဒီနေ့ကိုမှတ်ထားမလို့ဟီး
    မိန်းကလေးတွေအတွက်အပျိုယောင်ဆောင်သောနေ့ကောရှိဘူးလားမဂျီး..ဟီး

  8. ကောင်းတယ်အစ်မရေ…။ ကြည်ကြည်နူးနူးလေးနဲ့ ဖတ်ရတာ တယ်လဲ အရသာရှိတာပဲဗျာ…။ 🙂

  9. လေးမရေ..စိတ်ကူးယဉ်သက်သက်တဲ့လား.. ယုံပါဘူးနော်.. 🙂
    ကောင်းကင်ကြီးဆီကနေ ချောကလက်တွေ အများကြီးရတယ်..ဟုတ်???. 😀

  10. ပျော်စရာ အိမ်ထောင်ရှင်များ နေ့ပါ မလေးမ။

  11. သြော်… စိတ်ကူးသက်သက်ကိုး.. 😀

  12. ဖတ်ရတာ တကယ်ကြည်နူးဖို့ကောင်းပါတယ် အစ်မရေ… အိမ်ထောင်ရှင်များနေ့မှာ ပျော်ရွှင်ပါစေ… 🙂 😀

  13. အိမ်ထောင်ရှင်ယောကျာ်းများ လူပျိုယောင်ဆောင်သောနေ့က ဘယ်နေ့လဲ ဟီးးး

  14. မမ..တကယ်ကိုစိတ်ကူးကောင်းလေးပဲနော်…. 🙂

  15. ရှင့်ကြောင့်… ရှင့်စကားတွေ… အပြုအမူတွေအောက်မှာ မှိုင်းမိပြီး ကျွန်မရဲ့ လူငယ်ဘ၀ပျောက်ဆုံးနေတာ…။ ရှင်တရားခံ….ရှင့်ကြောင့်….။

    အဲဒီ စကားလုံးတွေ အကြိုက်ဆုံးပဲ 🙂

  16. >sin dar lar … မပန် .. မှော်ဆရာ.. ဘယ်လို ပြောပြော မယုံကြဘူးပေါ့နော်.. ၀တ္ထုနဲ့  မတူဘူးပေါ့နော် 😦
    >မောင်မျိုး… ရယ်နည်းပေါင်းစုံနဲ့  ရယ်ပြသွားနိုင်အောင် ခံစားနေရတယ်..။ ခစ်.. ခစ်..။
    >ဘိုတင့်.. ဘိုညိမ်း.. တော်တော် ထောက်ခံ လိုလားနေတယ်ပေါ့လေ… တိုင်လိုက်ရမလား…။
    >ဒေါင်းမင်း.. ရှိမှာပေါ့.. အပျိုယောင်ဆောင်သောနေ့ .. အစ်မဆို နေ့ တိုင်းပဲ…။:P
    >blackdream .. ဖတ်ရတာ အရသာရှိဆို..လက်မဆေးဘဲ နယ်ထားတာကိုး.. အဲလေ.. အသုတ်စုံနဲ့  ရောကုန်ပြီ … နီးစပ်ရာ ဖြစ်ရပ်လေးတွေ အခြေခံထားတာလို့  ပြောတာ…။
    >မနုစံ.. ယုံပါ အစ်မရယ်… စိတ်ကူးတစ်ဝက်… အမှန်တစ်ဝက်… ချောကလက်အပဲ့တောင် မရဘူး…။
    >မပုံရိပ်.. လွမ်းလုင်…. အိမ်ထောင်ရှင်များနေ့  မသတ်မှတ်ရသေးဘူးလေ.. အဟဲ.. ကျေးဇူးပါ..။
    >ကိုအတာ… ဘာသံကြီးတုန်း.. မယုံသင်္ကာသံကြီး..။
    >နှင်းပွင့်ဖြူလေး… မသိသေးလို့ ပေါ့ ညီမရယ်… သိများသိလို့ ကတော့… ဟွန်း… ဟွန်း.. ဟွန်းး….။
    >စိုးမိုးလေး… ဘယ်သု့ စိတ်ကူးက ကောင်းတာလဲ…။ ရေးတဲ့သူလား..။ ဇာတ်ကောင်ယောက်ျားလား…။
    >ကိုညိုထက်… ဟီး.. လေးမလည်း အဲဒီစကားလုံးတွေ အကြိုက်ဆုံးပဲ…။

  17. ၀ါးဟားဟား… ရယ်ရတယ်….
    မမရယ်… သူချောကလက်မကျွေးရင် မမ၀ယ်ကျွေးလိုက်ပေါ့…
    ပြီးမှပြန်လုစား.. ကောင်းဝူးလား… 😛

  18. မလေးမ ကတော့ Always အတွေးအရမ်းကောင်းတယ်…

    ခင်မင်လျှက်..
    ……………..

  19. ကျောင်းတုန်းက ပေးခဲ့တဲ့ ပန်းခြေါက် အခုထိရှိသေးတယ်ကို ….ဟိုးက အမှိုက်ပုံကြီးထဲမှာ
    ကို ခွာပေးနေကြ နေကြာစေ့လေးတွေကို သိမ်းထားတယ် ….ဟိုးတွင်း ထဲမှာ
    ကိုနဲ့ ပတ်သက်သမျှ အမှတ်တယတွေ ချည်းပါပဲ ကို ရယ်

    ခစ်ခစ် ကြက်သီးတောင် ထတယ်အေ ဟီး လေးမ ငါတော့ ဖွခဲ့ပီ လစ်ပြီ

  20. >နေ့ အိပ်မက်.. ကောင်းလယ်…ကောင်းလယ်…။
    >ကိုရင်နော်.. မခင်လေး… အဟိ.. ဇူးဇူး..။
    >မိ.. အစုတ်ပလုတ်.. ဂုတ်စုတ်…။ လာမဖွနဲ့  ညာချသွားတဲ့ အကြောင်းတွေကို..။ ငိုလိုက်မှာ…။ရွှတ်….။

  21. စိတ်ကူးလေးတွေကတော့လှတယ်ဗျို့… ဖတ်ပြီးကြည်နူးစရာပဲဗျ

Leave a comment