Vivian ကို ကြည့်ပါ …

လေးမတို့ ငယ်ငယ် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အင်မတန်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား Pretty Woman ကို မှတ်မိကြဦးမယ်ထင်ပါတယ်…။ အချစ်ဟာ မညီမျှတဲ့ လူနှစ်ယောက်ကြားမှာ ညီညီမျှမျှ ပေါ်ပေါက်လာနိုင်တဲ့ အကြောင်း လှလှပပ ပီပီပြင်ပြင် ပြသွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်…။ ဇာတ်ကားထဲမှာ အချစ်ထက်ပိုပြီး သတိပြုစရာတွေပါပါတယ်…။ Vivian ဆိုတဲ့ လမ်းပေါ်က မိန်းမ ( ခပ်ရိုင်းရိုင်းပဲ သုံးပါရစေ ) ရဲ့ ၀တ်စား ဆင်ယင်မှု.. အပြုအမူ… အနေအထိုင်.. တွေဟာ ယူတတ်ရင် ဆင်ခြင်စရာ ဖြစ်ပါတယ်…။


990pwm_julia_roberts_059990pwm_julia_roberts_096

http://www.hotflick.net/movies/1990_Pretty_Woman.html

Edward က Vivian ကို အဆင့်မြင့်ဟိုတယ်ထဲ မ၀င်ခင်  ကုတ်အကျီင်္ကို ခြုံ ခိုင်းပါတယ်…။ Vivian ရဲ့ အ၀တ် အစားက ရှက်စရာ ကောင်းနေလို့  ဖြစ်ပါတယ်…။ မလုံတလုံ အ၀တ်အစားနဲ့  Vivian ကို ဟိုတယ် ၀န်ထမ်းတွေက အံ့အားသင့်ပါတယ်..။ အထင်သေးပါတယ်…။ ဓါတ်လှေကား မောင်းတဲ့သူကတောင် တန်ဖိုးမရှိတဲ့ အကြည့်နဲ့  ကြည့်ပါတယ်…။ ဒီလိုပဲ မြို့ ထဲမှာ အ၀တ်အစားဝယ်ဖို့  မလုံတလုံ စတိုင်လ်နဲ့  သွားတဲ့အခါ ဆိုင်က လက်မခံပါဘူး…။ လမ်းမှာလည်း လူတွေက လှည့်ကြည့်သွားပါတယ်…။ လှလို့ ကြည့်တာလား…။ လေးမ မျက်စိထဲမှာတော့ အထင်သေးတဲ့ အကြည့်လို့ ပဲ မြင်ပါတယ်…။ အင်မတန် လူ့ အခွင့်အရေးကို ရှေ့ တန်းတင်တဲ့ သူတို့လို နိုင်ငံကတောင် ဒီလိုဝတ်ရင် ဒီလိုထင်တယ်… ဒီလို ကြည့်တယ်လို့  … ဒီလို ရိုက်ပြတယ် ဆိုတာ ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာသာမက နိုင်ငံတိုင်းမှာ ၀တ်စားဆင်ယင်မှုဆိုတဲ့ အပေါ်ယံအလွှာကြီးက ဘယ်လောက် အရေးပါသလဲ ဆိုတာ ခန့် မှန်းနိုင်ပါတယ်…။

Vivian ရဲ့ အပေါစားစတိုင်လ်ကို ကြည့်ပြီး ဟိုတယ်မန်နေဂျာက ခေါ်တွေ့ ခဲ့ရပါတယ်…။ နောက်ပိုင်းမှာတော့ Vivian ရဲ့ မိန်းမကောင်းပုံစံ ၀တ်စားဆင်ယင်မှုက လူတွေရဲ့ အမြင်ကို ပြောင်းသွားစေပါတယ်… တကယ်တော့ Vivian က Vivian ပါပဲ… အသွေးကြောင့် အတွေးပြောင်းသွားတာပါ…။

လိုရင်းကိုပြောရရင်တော့ မိန်းမပျက် ၀တ်စားတဲ့ ပုံစံ… ရယ်တဲ့ပုံစံ… ၀ါးလက်စပီကေကို ဖတ်ခနဲ ထွေးထုတ်လိုက်တဲ့ပုံစံတွေနဲ့  Vivian ကို လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်လို့  အမှတ်မမှားဘဲ .. အဲလိုဝတ်ရင် အဲလိုအစားလို့  အထင်ခံရမယ်လို့ မှတ်ယူသင့်ပါတယ်…။

နေရာတကာ ဟန်ပန်တစ်ခွဲသားနဲ့  အမျိုးသားဝတ်စုံ ၀တ်ရမယ်လို့  လုံးဝ မဆိုလိုပါဘူး…။ သူ့ နေရာနဲ့  သူ လိုက်လျောညီထွေရှိအောင်… ကိုယ့်တန်ဖိုးကိုယ်နှိမ့်ချသလို မဖြစ်အောင် ၀တ်စားပြုမူစေချင်ရုံသက်သက်ပါပဲ…။ ဒီစာကို ရေးနေတဲ့ လေးမကလည်း ရင်ဖုံးအကျီင်္ ချိတ်ထမီနဲ့  မဟာဆန်သူမဟုတ်ပါဘူး..။ ဒူးအောက်ရောက်တာ ( ထမီ၊ စကပ်၊ ဘောင်းဘီ ) အကုန်ဝတ်တဲ့ မိန်းမ ဖြစ်ပါတယ်..။

ကိုယ်တိုင်လည်း ပြီးပြည့်စုံသူမဟုတ်လေတော့ ဒီလို ဆရာလုပ်တဲ့ စာတွေကို လေးမ ရေးရတာ လက်တွန့် ပါတယ်… ။ ရေးဖြစ်တဲ့ အကြောင်းရင်းကို ပြောပြပါမယ်…။

တနေ့ … ကျောက်မြောင်းမှာ မုန့် သွားဝယ်ပါတယ်..။ မျက်နှာချင်းဆိုင်က ဆိုက်ကားတစ်စီးလာနေပါတယ်…။ မိန်းကလေးက ဆံပင်ဝါထိန်ထိန်.. စွပ်ကျယ်ချိုင်းပြတ်.. လည်ဟိုက်.. စကတ်က ပေါင်လယ်လောက်ရှိတဲ့ အကျပ်… ဆိုက်ကားပေါ်မှာ ကိုယ်ကိုင်းပြီး ထိုင်နေပုံများ … မြင်ယောင်ကြည့်လိုက်ပါ… ဆိုက်ကားသမားကတော့ ဂွင်ကိုတည့်လို့ …။ ဆိုက်ကားဖြတ်သွားတဲ့ အချိန်မှာ ဘေးက ကောင်လေးတစ်အုပ်က လေချွန်လိုက်ပါတယ်…။ ကောင်မလေးက စိတ်ဆိုးသယောင် မျက်နှာလှည့်သွားပါတယ်…။ ဆိုက်ကားလွန်သွားတော့ ကောင်လေးတွေက ဈေးတောင် မမေးလိုက်ရဘူးလို့ ပြောပါတယ်…။ ကောင်လေးတွေကိုပဲ ရိုင်းလိုက်တာလို့  အပြစ်ဆိုရုံနဲ့  မလုံလောက်ပါဘူး…။

တနေ့  … အင်းယားမှာ မုန့် တီစားပါတယ်…။ မုန့် တီဆိုင်က ခုံပုလေးတွေကို မြင်ကြည့်လိုက်ပါ…။ ရှေ့ မှာ ကောင်မလေး ၂ ယောက် မုန့် တီသောက်နေပါတယ်…။ ၀တ်ထားတာက ချက်ပြုတ် ဂျင်းဘောင်းဘီ… ။ ချက်တော်တော်ပြုတ်တယ်ဆိုတာ နောက်ကမြင်နေရတော့ သိသာပါတယ်…။ လေးမ ဘေး ၀ိုင်းက ကောင်လေး ၃ ယောက်ဆီက အသံထွက်လာတယ်…။ အကြွေစေ့ပစ်ချင်တယ်ကွာ… တဲ့…။ ပြုံးမိပါသည်…။ ကိုယ်တိုင်လည်း ဂျင်းဘောင်းဘီဝယ်ရင် ချက်မပြုတ်တာကို တော်တော်ရှာဝယ်နေရတာမို့  ချက်ပြုတ်နဲ့  ကောင်မလေးတွေကို အပြစ်မဆိုလိုပါဘူး…။ ဒါပေမယ့် ချက်ပြုတ်ဝတ်မိရင်တော့ သူများတွေ အကြွေစေ့ပစ်မထည့်ချင်အောင် ခါးကုန်းရမယ့်ကိစ္စတွေ ရှောင်ရမှာပေါ့လေ….။

တနေ့ .. အိမ်မှာ အကူခေါ်ထားတဲ့ မိန်းကလေး စကပ်အတိုနဲ့  မီးပူတိုက်နေတယ်… ။ နောက်တနေ့  စကပ်အကျပ်နဲ့  ငရုတ်သီးထောင်းနေသည်…။ မပြောလို့ မဖြစ်တော့…။ ထမီဝတ်ခိုင်းရတော့သည်…။ ဘာပြန်ပြောလဲ သိလား…။ အရင်အိမ်က လူတွေက စကပ်ပဲ ပေးထားတာကိုး.. စကပ်ပဲ ရှိတယ်တဲ့…။ဟုတ်ပေသားပဲ… ထမီဝတ်စေချင်တဲ့ လေးမက ထမီပေးရမှာပေါ့… ပေးပါတယ်လေ…ပေးလိုက်ပါတယ်…။ နောက်ရက် .. ဟုတ်ကဲ့.. လေးမ ပေးထားတဲ့ ထမီလေးပါ… ဘောင်းဘီအဖြစ်နဲ့  သူ့ ကိုယ်ပေါ်မှာ တွေ့ ရပါတယ်…။ လေးမ အလုပ်သွားနေတုန်း ဈေးမှာ ဘ၀ပြောင်းပေးလိုက်တာပါ…။ ဘာများတတ်နိုင်ပါဦးမလဲ…။

တနေ့ … ရန်ကင်းစင်တာက အပုံထဲက အကျီင်္လေး တစ်ထည် မွှေလာပါတယ်…။ ညဘက် မိဘအိမ် ထမင်းသွားစားတော့ ၀တ်သွားပါတယ်…။ ရောက်တာနဲ့  အမေက ဘာပြောလဲဆိုတော့.. သမီးရယ်… ဒီအကျီင်္ကို မောင်ကောင်းကင်နဲ့  အတူသွားတဲ့ အချိန်တွေမှာပဲ ၀တ်နော်တဲ့…။ မှန်ထဲကြည့်ပြီး.. ဟုတ်ကဲ့.. တစ်ခွန်းပဲ ပြောနိုင်ပါတယ်…။ အကျီင်္က လက်မောင်းထိပ်ကနေ တံတောင်ဆစ်အထိ ခွဲထားတော့ လက်လှုပ်လိုက်တိုင်း လက်မောင်းသား မြင်နေရလို့ ပါ…။ ကိုယ်တိုင်က သတိမထားမိပေမယ့် ဘေးက အမြင်မတော်တာတွေလည်း ဖြစ်သွားတတ်ပါတယ်..။

တောင်းမှာ အကွပ်.. လူမှာအ၀တ်ပါ… တောင်းကောင်းဖို့  အရေးကြီးသလို အကွပ်ကောင်းဖို့ လဲ လိုပါတယ်…။ လူကောင်းဖို့ လို သလို အ၀တ်ကြောင့် သိက္ခာမကျဖို့ လည်း လိုပါတယ်….။ လူဖြစ်နေသမျှတော့ အရေးမကြီးပေမယ့် လိုအပ်လို့  လိုက်လုပ်နေရတဲ့ အရာတွေကနေ မလွတ်မြောက်နိုင်ပါဘူး..။ ဟန်ဆောင်လှည့်စားတာ မကောင်းသလို ထင်တိုင်းကြဲ လွတ်လပ်တာလည်း မမှန်ကန်ပါဘူး…။

တချို့ စာတွေမှာ ရေးကြတယ်… မြန်မာပြည်မှာ မသင့်တော်ပါဘူးတဲ့… မြန်မာမျက်စိမှာ မတော်ပါဘူးတဲ့…။ ၀တ်စားဆင်ယင်မှုဟာ မြန်မာပြည်မှာတင်မကဘူး .. ကမ္ဘာနိုင်ငံအသီးသီးမှာ ပညာသင်.. အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေနဲ့ လည်း သက်ဆိုင်ပါတယ်…။ မြန်မာမျက်စိမှာတင်မကဘူး.. နိုင်ငံခြားသားတွေရဲ့ မျက်စိကလည်း မြင်တတ်.. ထင်တတ်… တွေးတတ်ပါတယ်…။ အွန်လိုင်းပေါ်မှာ ဓါတ်ပုံတွေ အများကြီးပါပဲ…။ ပြည်ပရောက် မြန်မာအမျိုးသမီး အချို့ ရဲ့ ၀တ်စားဆင်ယင်ထားတဲ့ပုံတွေ…။ မြန်မာပြည်မှာ မဟုတ်လို့  ၀တ်ချင်သလိုဝတ်.. နေချင်သလို နေမယ်လို့  ခံယူတာ နဲ့  ရောမရောက်လို့  ရောမလို ကျင့်ရတယ်ဆိုတဲ့ စကားမှာ ကွာဟချက်တွေ အများကြီးရှိပါတယ်…။ ဘယ်နိုင်ငံပဲရောက်ရောက်… လူမျိုးသိက္ခာတွေဘာတွေညာတွေ မထိန်းချင်နေဦးတော့ ကိုယ့်သိက္ခာအတွက်တော့ 

Vivian ကို ကြည့်ပါ … ။ ။

မှတ်ချက်။ ။ လေးမ ကြည့်ခိုင်းလို့  ကြည့်လိုက်တာ ဆင်ဆာခန်းတွေများတယ်လို့ အပြစ်မတင်နဲ့ နော်..။ တို့ ဆီမှာက ဆင်ဆာဖြတ်ပြီးသားကြည့်ရတာ…။ :P ပုံလေးတွေ တင်ပေးချင်ပေမယ့် တင်လို့  မရလို့ ပါ…။ ပုံတင်ဖို့ ကြိုးစားတိုင်း စာတွေပျက်ပျက်သွားလို့  ဒီမှာပဲ သွားကြည့်တော့နော်…။

22 Responses

  1. heart touching movie ဆိုပါလား ။ ဒါအသစ်ပဲ ။ နောက်လည်း မျှော်ရဦးတော့မှာပဲ ။
    ဂျူလီယာရောဘတ် လား … ။ အတိတ်ဟောင်းတွေ ပြန်သတိရတယ် ။အော် .. ကျနော်နဲ့ မဆိုင်ပါဘူးလေ ။ မဆိုင်တော့ပါဘူး ပေါ့ .. 😛 ။
    pretty woman .. walking down the street ….. သီချင်းလေး ညည်းမိပေါ့ ။
    ကျေးဇူးဗျာ ။
    ဝတ်ပုံ စားပုံ တွေကတော့ ရန်ရန်ချမ်းနဲ့ ဇေယျာသော် နောက်ဆုံး ဆိုသွားတဲ့ သီချင်းတောင် သတိရတယ် ။
    မကြည့်သော်လည်း မြင်တာတွေကြောင့် ခက်သဗျာ ။
    ဒီလိုပါပဲလေ ……

  2. ဟုတ်.. မောင်မျိုးညွှန်းလို့ သေချာလာဖတ်သွားပါတယ်။
    ပေါ့ပါးလွန်းပြီး ကြည့်မကောင်းတာတွေ ထက်မြက်တာနဲ့ ကလက်တာ မခွဲခြားတတ်တာတွေ မြင်ရကြုံရပါတယ်။
    နောက်ဆုံးတော့လည်း ဆင်ခြင်ခွဲခြားတတ်တဲ့သူက ပိုတိုးတက်တာပါပဲ။
    ဘာအလုပ်လုပ်ရင် ဘယ်လိုဝတ်စားရတယ်။ ဘယ်လိုဝတ်စားမိရင် ဘယ်လိုနေထိုင်ရတယ် ဆိုတာလည်း သတိထားသိတတ်မှ ကောင်းတာပေါ့။

    မြန်မာချင်းကမှ အမြင်မတော်ရင် အပြောအဆို အမူအယာကနေ သိနိုင်သေးတယ်။ နိုင်ငံခြားသားကျတော့ ဘာအရိပ်အယောင်မှ မပြပေမယ့် ထင်ချင်သလိုထင်သွားတတ်ပါတယ်။

  3. ကောင်းလိုက်တဲ့ ပို့စ်ပါ လေးမရေ… ဒီမှာလည်း အ၀တ်အစားကို အင်မတန် ဂရုစိုက်ကြတယ်။ ဒူးနေရာဒူး တော်နေရာ တော်ပေါ့။ ရုံးမှာဆိုရင်လည်း အ၀တ်အစားကို တင်းကျပ်တယ်။ ကောင်းကောင်း ညွှတ်နေအောင် ၀တ်ရမယ် မဟုတ်ပါဘူး။ ဂျင်းဘောင်းဘီ၊ ဂျင်း အကျီင်္ မ၀တ်ရဘူး၊ လို့ တားမြစ်ထားတယ်.. စကပ်တော့ ၀တ်လို့ရတယ်။ Customer နဲ့ နေ့စဉ် ဆက်ဆံရတဲ့ သူတွေဆို ပိုဆိုးတယ်။ အမြဲတမ်း အနောက်တိုင်းဝတ်စုံပဲ။ ဒီက မိန်းကလေး အများစုက စကပ်အတို ဘောင်းဘီအတို ၀တ်တယ်.. ဒါပေမယ့် အောက်က ခြေအိတ်အရှည်တွေနဲ့တွဲဝတ်တာ။ လုံခြုံတယ်လို့ ပြောလို့ရတာပေါ့နော်.. ဟိုပေါ် ဒီပေါ်တော့ ၀တ်တာ သိပ်မတွေ့မိဘူး.. အမ မတွေ့တာလည်း ဖြစ်မယ်ထင်တယ်.. မိန်းကလေးတွေ ခေတ်မီမီ လှတာနဲ့ ဟိုပေါ် ဒီပေါ် သရုပ်ပျက်ဝတ်တာနဲ့ ခွဲခြားတတ်ဖို့ လိုတယ်လို့ တွေးမိတာပါပဲ.. 😦

  4. ဖော်တာနဲ့ လှတာ မခွဲခြားတတ်လို့လား မသိ။ မလေးမ ရေးတာကို ထောက်ခံပါ၏။ မြန်မာပြည်က လူငယ်တွေ ၀တ်ပုံစားပုံ ပြောင်းလဲသွားတယ်။

  5. အရမ်းကောင်းတဲ့ ပိုစ့် လေးပါ။

  6. လေးမရေ … .ဒီပို့စ်လေးကို သဘောကျလိုက်တာ … ဟုတ်တယ် … ၀တ်စားဆင်ယင်တာကို ဂရုစိုက်သင့်ပါတယ် … တလွဲဆံပင်ကောင်းနေတာတွေအများကြီး ….

  7. မှတ်ချက် ၆ ခု ရှိသွားပြီ.. Amigo ကလွဲလို့  ကျန်တဲ့ ငါးယောက်က အမျိုးသမီးတွေချည်းပဲ…။ မီ.. မနုစံ.. ပုံရိပ်… စိုးမိုးလေးနဲ့  မကြယ်ပြာ …။ အဟတ် … ကောင်လေးတွေ လာသွားတာတော့ တွေ့ သား ..။ သို့ သော် Vivian ကို မထိရဲဘူးထင်တယ်..။ အရမ်းမြန်တဲ့ မောင်ကြွက်တောင် ခြေမချရဲဘူး… ဟို မောင်လေးတွေလည်း
    တွေ့ လိုက်သား…။ တစ်လုံးတစ်လေတောင် ဘာမှ မပြောသွားဘူး…။ ဟား… ဟား… စတာပါ… အသည်းယားလို့  ခုလိုရေးတာပါ… ။ မလေးမက အနော်တို့  စားပေါက်ပိတ်အောင် လုပ်နေတယ်လို့  မကျိန်ဆဲရင် တော်ပါပြီ…။ 😛 😛 😛 သဘောကျလို့  စတာ စိတ်ချိုးနဲ့ နော်…။

  8. ဒါကြောင့်ပြောတာပေါ့ ယောက်ျားတွေကြည့်တာ အပြစ်မဟုတ် သူတို့က ကြည့်အောင်ဝတ်ပြတာကိုး နှစ်ဦးနှစ်ဖက် ငရဲကြီးပါတယ် ။ ဟုတ်တယ် တီကြွက်ရေ့ တစ်ချို့လေးတွေကျတော့လည်း ခေတ်မှီတာထက်လွန်တယ်လေ တစ်ခါခါ ကိုတောင် မျက်နှာပူတယ် ဥပမာဗျာ………ဘောင်ဘီကြပ်ကြပ် ၀တ်လာပြီး စာပွဲမှ ထိုင်စားနေတဲ့ ကောင်မလေးပေါ့ အကျီဲကခါးထိပဲဆိုတော့ တင်ထိ မလုံဘူး ထိုင်ချလိုက်တော့ ဘောင်းဘီက ကြပ်ပြီး အောက်ရောက်သွားတယ် ဆိုတော့ကား အထဲက အနီရောင်လေး အပြာရောင်လေးတွေက အမောင် ကာလသားတွေကို လှောင်နေသလိုလို ပြောတော့ပါဘူးလေ မောင်မျိုးက လိုက်ကြည့်နေတယ်ဖြစ်အုံးမယ် မြင်ကွင်းထဲ ၀င်လာလို့ပါ ။

    (ရေးတာရိုင်းသွားလျှင် ဆောရီး မြင်တာကို မြင်တဲ့ အတိုင်းရေးခြင်းပါ )

  9.း-) မောင်မျိုးကော်မန့်ကို ထပ်ဖတ်ပြီး ရယ်နေပါတယ်။ မရိုင်းပါဘူးလေ။
    အ၀တ်အစားမလုံအောင်ဝတ်တာကမှ ဘေးမှာရှိတဲ့လူအပေါ် ရိုင်းတယ်လို့ အောက်မေ့တယ်။ အထူးသဖြင့် မောင်မျိုးပြောသလိုကြီး။ (စိတ်ဆိုးနဲ့သယ်ရင်း)
    ဘယ်နိုင်ငံမှာမဆို ကိုယ့်အဆင့်အတန်း အလုပ်တာဝန်နဲ့ လိုက်ပြီး အမြင်တော်အောင် ၀တ်စားကြပါတယ်။ ပင်လယ်ကမ်းခြေကိုတော့ ဘယ်သူမှ ရုံးတက်သလိုမသွားပေမယ့် ကစားကွင်းသွားလမ်းသလားတဲ့ပုံစံနဲ့လည်း လူလူသူသူနေရာတွေကို မသွားပါဘူး။

  10. စကပ်အတိုနဲ့ မီးပူတိုက် (မတ်ရပ်စားပွဲပေါ်တင် တိုက်လျင် ကိစ္စမရှိ)၊ စကပ် အကျပ်နဲ့ ငရုတ်သီးထောင်း (ထိုနည်းလည်းကောင်း)။

    သေချာတာကတော့ တစ်ချို့သော မြန်မာမိန်းကလေးတွေ ကိုယ်လုပ်ရမယ့် အလုပ်နဲ့ ဘယ်အဝတ်အစားနဲ့ သင့်တော်သလဲ ဆိုတာ သိပ်မတွေးချင်ကြဘူး လို့ပဲ ပြောရမယ် အစ်မရေ။ ဆိုလိုတာကတော့ အဝတ်အစား ဝတ်တဲ့နေရာမှာ ကာလံ၊ ဒေသံ ကို ဦးစားပေး မစဉ်းစားပဲ လှချင်တာ (အင်း. ဆွဲဆောင်မှု ရှိချင်တာပေါ့.) ဒါ တစ်ခုကိုပဲ နံပါတ် (၁) ဦးစားပေးမိရင်တော့ ငါးပါးမှောက်မှာပါပဲ။

    မကြည့်ချင် မြင်ရက်သား ဆိုသလို မတော်ရာ မြင်မိရင်တော့ လူဟာ လူဖြစ်ကြောင်း ဇာတိသွေး ပြလာကြမှာပါပဲ။ တစ်ချို့သူတွေက လွဲလို့ပေါ့။ ဒါနဲ့ တစ်ဆက်တည်း အမျိုးကောင်း သမီးလေးတွေပါ လုံလုံခြုံခြုံဝတ်စားပါလျက် ရိုင်းပြစော်ကားခံရရင်တော့ အထက်က ဟာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ လို့ပဲ သတ်မှတ်ရမှာပါ။

    အမျိုးသား ယဉ်ကျေးမှု ဆိုပြီး ကျောက်ခေတ်က ယဉ်ကျေးမှုကို ဘယ်သူမှ အခုထိ ထိန်းသိမ်းနေတာ မရှိသလို၊ ၂၂ ရာစု ယဉ်ကျေးမှု ဆိုပြီး လမ်းပေါ်တက် ဘီကီနီ နဲ့ ဟန်ရေးပြလို့လည်း မဖြစ်နိုင်ပါဘူး။

    ဘယ်နိုင်ငံ၊ ဘာလူမျိုးပဲ ဖြစ်ဖြစ် လူဟာ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ နေတာဖြစ်တဲ့ အတွက် ဟီရိ နဲ့ သြတပ္ပ ဆိုတဲ့ တရား (၂) ပါးကနေ လုံးလုံးလွတ်ကင်းပြီး ပြုမူ နေထိုင်ကြမယ် ဆိုရင်တော့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ပြဿနာတွေနဲ့ တစ်နေ့ မဟုတ်တစ်နေ့တော့ ရင်ဆိုင်ကြုံတွေ့ ကြရမည်သာ ဖြစ်ကြောင်း ခေါင်းထဲ စဉ်းစားမိသမျှ ကို လက်က တောင်ရောက် မြောက်ရောက် ရေးပြီး ကောမန့် အဖြစ် စကားလုံး ကြီးကြီးဖြင့် မန့် လိုက်ရပါကြောင်း အစ်မရေ။ 😀

  11. မလေးမ…
    ညီမလေးလည်း တခါတလေ မိန်းမအချင်း၂တောင် မကြည့်ရဲဘူး ။ ငါပဲအဖွားကြီး ဖြစ်နေလားလို့ တောင်စဥ်းစားမိတယ်။ အခုခေတ်ကောင်မလေးတွေက တော်၂ဆိုးတယ်။ ကောသလမင်း အိပ်မကby်တွေက မှန်နေတယ် အစ်မေ၇…

  12. မလေး ကျောင်းတုန်းက ဗာဓံပင်တန်းအောက်က ခုံလေးမှာ သူငယ်ချင်းတွေနဲ့ ထိုင်နေတုန်း ရှေ့ကအီကိုဆောင် ၀ရံတာပေါ်က ကောင်လေးတွေက လမ်းလျှောက်လာတဲ့ အမကြီးတစ်ယောက်ကို အရမ်းငမ်း (အဲလေ) အရမ်းကြည့်နေကြတယ်။ ၀ရံတာမှာ ထွက်ရပ်နေတဲ့ ကောင်လေးမှန်သမျှ အကုန်ပဲ။ မလေးတို့လဲ အဲဒီယောင်္ကျားလေတွေ ဘာကိုဒီလောက်ကြည့်နေလဲဆိုပြီး အဲဒီအမကြီးကိုကြည့်လိုက်တော့ အဲဒီအမကြီးရဲ့ အကျီ င်္က နောက်မှာ ဘာမှ မပါဘူး။ ကျောက အကုန်ပြောင်နေတယ်။ ကြိုးကိုလည်ပင်းသိုင်းဝတ်တဲ့ဟာမျိုးကို ၀တ်ထားတာပါ။ ဒါ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကျော်က ဖြစ်တာဆိုတော့ ခေတ်ကလဲ ခုလောက်မပွင့်လင်းသေးဘူးပေါ့နော်။

    ဘာရယ်မဟုတ်ပါဘူး လေးမရဲ့ ဒီပိုစ်လေးဖတ်ပြီး သတိရသွားလို့။

    ကနေဒါ အထက်တန်းကျောင်းတွေမှာတောင် ကြိုးလေးတစ်ချောင်းတို့ ချက်ပေါ်ပြီးလာရင်တို့ အိမ်ပြန်ပြီး အ၀တ်လဲရပါတယ်။

    • ဟိုးအရင်၂၅နှစ်ကျော်လောက်ကခင်ဗျားလေးအမေ(အိမ့်ချမ်းမြေ.)ကမြန်မာပြည်မှာမြန်မာမိန်းမတဦးဟာစီးကရက်လက်ကြားညှပ်ပြီးသောက်တယ်ဆိုတာအရမ်းရှားတယ်။ဗိုလ်ဆန်တယ်ဆိုပြီးဂုဏ်ယူပြီးပေါ့-ကျွန်တော်တို့အိမ်လာပြီးကြွားလိုက်ရတာလိုက်ရတာလဲစီးကရက်သောက်တဲ့စတိုင်အပြည့်နဲ့ခေတ်ဆန်ဆန်ခပ်ပါးပါးအင်္ကျီဝတ်ပြီး-မြန်မာဆန်တဲ့ကျွန်တော်အမေကတော့အထင်တွေကြီးနေရှာတယ်။အခုတော့မြန်မာပြည်ကိုမြန်မာအချင်းချင်းကဲ့ရဲ့အထင်သေးစေချင်တာမျိုးပြည်ပကမြန်မာတွေစိတ်မှာဖြစ်စေချင်လို့ပြောတာမျိုးတွေတောင်ပြောနေပြီ.ရိုးရိုးသားသားဝေဖန်တာလက်ခံတယ်.ကနေဒါနဲ့တော့နှိုင်းပြီးမပြောနဲ့။ခင်ဗျားမိသားစုကလျှပ်ပေါ်လော်လီအနေခဲ့ရင်ပြောလို့ရတယ်.
      ခင်ဗျာရဲ့သင်္ကြန်ဆောင်းပါးမှာလဲလွန်းလွန်းတယ်။
      Rubbish အိမ့်ချမ်းမြေ.။ကျွန်တော်ရေးတဲ့commentကိုကျအမှန်အတိုင်းပြောပြတော့မရင်ဆိုင်ရဲဘဲဖျက်ပစ်တယ်။ကျွန်တော်ပြောချင်တယ်။
      ၁)ခင်ဗျားပြည်ပကမြန်မာတွေကိုပြည်တွင်းမြန်မာအပေါ်မှာနားလည်မှူလွဲအောင်အထင်သေးအောင်မရေးပါနဲ့။အလုပ်ပါနဲ့။ခင်ဗျားရေးချင်ရင်ခင်ဗျားအဖေ-ဗိုလ်မှူးခင်မောင်အေး(လာဘ်စား-မိန်းမဗွေသူ)ရဲ့စစ်တပ်ကိုတိုက်ရိုက်ရေးပါ။
      မြန်မာပြည်သူတွေကအစိုးရရဲ့စိတ်အာရုံလှည့်ဖျားမှူအောက်မှာနေနေရတာ-ကိုးရီးယားကားပြပြီးကိုးရီးကားလွှမ်းမိုးတာမဆန်းပါဘူး။မြန်မာသူလေးတွေကို-သပေါက်ယဉ်ကျေးမှူ-လို့ခင်ဗျားသုံးနှူန်းစရာမလိုပါဘူး။ခင်ဗျားသုံးနှူန်းစရာစကားလုံးမဟုတ်ဘူး။ခင်ဗျားကနေဒါကဖာသည်မတွေရဲ့ဝတ်စားမှူတွေနဲ့လဲယဉ်ရေးစရာမလိုဘူး။သူတို့ရင်ငယ်ရွယ်သူတွေမို့လှချင်တာမို့သူတို့ဝတ်စားတတ်သလိုသတ်စားပါစေ-ဒီကာလ၄-၅ရက်လေးပါ။မြန်မာပြည်သူတွေအပေါ်အဆင်မပြေဖြစ်ပျက်နေတဲ့နိုင်ငံရေးနဲ့စီးပွားရေး-လူမှုရေးတွေကိုနားလည်မှုမပေးနိုင်ဘဲထိုးနှက်ဖို့ဘဲကြည့်နေတယ်။အခုမြန်မာပြည်ကနိုင်ငံခြားနဲ့ဟိုးအရင်တုံးကလိုခေတ်သိပ်ပြတ်ထွက်မနေတော့ဘူး။ကျောင်းတက်သူတွေ.စီးပွားရေးလုပ်သူတွေ-နေထိုင်သူတွေကအရမ်းများနေပြီ။ခင်ဗျားကိုယ်ခင်ဗျားသိပ်အထင်ကြီးမနေနဲ့။
      မြန်မာသူအချင်းချင်းမိန်းမချင်းမစာနာ။ကျွန်တော်ကတော့နာတယ်။ခင်ဗျားအောက်တန်းကျလွန်းတယ်။
      ခင်ဗျားကသာသူများနိုင်ငံရောက်ပြီးအောက်ခြေလွတ်ပြီးပြည်ပကမြန်မာတွေကိုအမျိုးမျိုးပြည်တွင်းကမြန်မာတွေအပေါ်မှာအထင်သေးအောင်လုပ်နေတာ။ကျွန်တော်တို့USAကမြန်မာတွေကတော့ခင်ဗျားကိုF** ဘဲ။
      ဘယ်နှယ့်ဗျာ-သင်္ကြန်ကာလအခိုက်အတန့်လေးလူငယ်သဘာဝပျော်ကြတဲ့အချိန်တိုလေးကိုဝေဖန်ပြီးခင်ဗျားရေးလိုက်တာရစရာမရှိမိုက်ရိုင်းပြီးလွန်းလွန်တယ်။မြန်မာတွေမှာသူနေရာနဲ့သူဝတ်စားဆင်ရင်တတ်ကြပါတယ်။ဘုရားကျောင်းကန်ဆိုရင်ချစ်စရာဝတ်စားဆင်ရင်မှူတွေရှိပါတယ်။သူတို့လေးတွေလဲခင်ဗျာတို့စစ်အာဏာပိုင်သားသမီးလိုမချမ်းသာနိုင်တော့ခဏတာအတုယောင်ချမ်းသာမှူမျိုးလိုချင်တာပေါ့။စစ်အာဏာပိုင်သားသမီးတွေချမ်းသာပြီးကားတဝှီးဝှီးစီးပြီးဖင်ပေါ်အောင်ဝတ်နေသူတွေကျတော့ခင်ဗျားမပြောရဲဘူးမဟုတ်လား.။ခင်ဗျားဆောင်းပါးရေးတာဒီလူပြောကုန်ပြီ-ဟိုလူကပုံတွေပို့ပေးတာပါဆိုပြီးသူများတွေကိုအမုန်းခံပြီးနံမည်ခံသုံးတယ်-ခင်ဗျာရေးချင်တာဘဲခင်ဗျာအာဘော်အတိုင်းရေးပေါ့။ဗိုလ်ချူပ်အောင်ဆန်းနံမည်တောင်ခံသုံးလိုက်သေးတယ်။ဗိုလ်ချူပ်အောင်ဆန်းပြောတာကဂရုဏဒေါသောပြောတာ။ခင်ဗျားကမြန်မာအချင်းချင်းကဲ့ရဲ့အထင်သေးစေချင်တာမျိုးပြည်ပကမြန်မာတွေစိတ်မှာဖြစ်စေချင်လို့ပြောတာ။
      ၂)ခင်ဗျားထပ်ပြောထားသေးတယ်-မြန်မာပြည်ကအတွဲတွေအကြောင်း။ကျွန်တော်အခုနေနေတဲ့အနောက်နိုင်ငံတွေလိုliving togetherနေပြီးချနေကြ၊ပြီးရင်ကွဲကြပြဲကြ-အဲဒီယဉ်ကျေးမှုမရှိသေးဘူး။စစ်အာဏာပိုင်သားသမီးချမ်းသာတဲ့သူတွေလိုအိမ်ငှား-ဟိုတယ်မှာလဲမချနိုင်ဘူး။မြန်မာပတ်ဝန်းကျင်ဆိုတဲ့အသိရှိသေးတယ်။ငွေရေးလဲမပြည့်စုံကြဘူး-သူတို့လေးတွေရဲ့အဆင်ပြေရင်ပြေသလို-လစ်ရင်လစ်သလိုပြုမူနေကြတာ-စစ်အာဏာပိုင်သားသမီးတွေလိုချမ်းသာလာအောင်အစိုးရကလူတိုင်းအဆင့်မှီနေနိုင်လုပ်ပေးရင်သူတို့လဲခင်ဗျာလိုဘဲဂူအောင်းမှာပေါ့ဗျာ။အမြင်ရိုင်းပေမဲ့အနောက်နိုင်ငံလိုစစ်အာဏာပိုင်သားသမီးတွေလိုဇာတ်လမ်းတွေမရှိဘူး။ခင်ဗျားကောသူများကိုသာရေးတာ-ခင်ဗျားကိုယ်နှိုက်ကောလွတ်ခဲ့ရဲ့လား-ခင်ဗျားလဲအိမ်ဆောက်ပြီးလူမနေဖြစ်တဲ့ငွေရှင်ကြီးရဲ့အိမ်မှာပျော်ပါးခဲ့တာဘဲလေ။ခြောက်ပစ်ကင်းသဲလဲစင်ပုံစံမျိုးနဲ့နေပြီးသူများကိုလက်ညှိုးမထိုးပါနဲ့ဗျာ။
      ၃)ခင်ဗျားကိုcommentပေးသူတွေကခင်ဗျားနဲ့ပတ်သက်ရာပတ်သက်ကြောင်းမကင်းတဲ့သူတွေ။အရူးဘုံ
      မြှောက်ပြီးရေးထားတာ။ဖားရေးထားတာ။အတွေးအခေါ်ကျဉ်းမြောင်းကြတာ။ခင်ဗျားလဲသာမာန်ဝင်ငွေဘဲ။သာမာန်သူပါဘဲ။နိုင်ငံခြားငွေကတော့မြန်မာပြည်မှာစာအုပ်ထုပ်တာတဲ့ငွေတော့အပါးစားလေးပါ။အားလုံးသိ။ဒါကိုခင်ဗျားသိပ်မြှောက်မနေနဲ့-လမင်းမိုမိုလိုစိတ်ဓါတ်လောက်တောင်သဘောမပြည့်-အရေးမကြွယ်ဘူး။
      ခင်ဗျားကဟိုးအရင်ထဲကချမ်းသာကြွယ်ဝတဲ့နိုင်ငံကိုရောက်ပြီးမှကနေဒါနိုင်ငံနဲ့အရမ်းကောင်းကြောင်းချီးမွမ်း
      ပြီးအကွန့်အမြူးတွေနဲ့ရေးထားလိုက်တာ.တခါ-ကနေဒါလိုနိုင်ငံမျိုးကြီးနဲ့
      မီးမလာ-ရေမမှန် နိုင်ငံရေးရှုတ်ထွေးပြီးသာမာန်လူတွေအဖို့စားဝတ်နေရေးအဆင်မပြေတဲ့ကိုယ်နေခဲ့တဲ့တိုင်းပြည်ကိုနှိုင်းယှဉ်ရေးထားမကောင်းဘူးလို့ထင်တယ်။ခင်ဗျားအထင်သေးရင်မြန်မာစာလုံးတလုံးတောင်ခင်ဗျာနဲ့မတန်ဘူး-ရေးမနဲ့ဗျာ။ခင်ဗျားသိပါတယ်.မြန်မာနိုင်ငံမှာလိုအပ်ချက်တွေအများကြီး။ တဖြည်းဖြည်းအားပေးကူညီရမှာပေါ့.ခင်ဗျားမြန်မာပြည်အတွက်စွမ်းဆောင်ခဲ့ဘူးလား။
      ကျွန်တော်တို့လိုUSAကတောင်မြန်မာပြည်အဆင်မပြေတဲ့အချိန်မြန်မာပြည်အထိသွားပြီးငွေအားလူအားကူညီခဲ့ဘူးတယ်။ခင်ဗျားလိုအသားထဲကလောက်ဖြစ်နေသူတွေမဟုတ်သလိုအသံကောင်းလဲအဟစ်တတ်ဘူး။
      ခင်ဗျားကသာပြောနေတာ-ကိုယ်ပိုင်မြန်မာသံစဉ်-ဘာ ညာနဲ့ဖွ.ဲနွဲ့အယောင်ဆောင်ပြောနေတာ-ခင်ဗျားနဲ့မတန်ဘူး-လျှောက်ပြီးလူကြားကောင်းအောင်ပြောမနေနဲ့-ခင်ဗျားလိုအသားထဲကလောက်ထွက်တဲ့စာရေးတတ်သူကိုမြန်မာပြည်ပြန်မလည်ပါနဲ့ပြောချင်ပါတယ်။

    • ဟုတ်ပဗျ၊ ကနေဒါနဲ့နှိုင်းယှဉ်ရေးထားတာတော့မကောင်းပါဘူး။
      ဒီလိုမျိုးရေးတာကလဲသူရဲ့အတွေးကျဉ်းမြောင်းတာကိုပေါ်လွင်စေပါတယ်။ကြည့်လေ-မြန်မာပြည်ကျောင်းတွေမှာမူလတန်းကနေအထက်တန်းအထိကျောင်းဝတ်စုံရှိတယ်။ကြိုးတချောင်းတို့ ချက်ပေါ်တို့ဝတ်လာစရာအတွေးမျိုးတောင်မရှိသလိုကျောင်းဆိုတဲ့အသိစိတ်နဲ့မိဘတွေကလဲသားသမီးတွေကိုကျောင်းအကျီဘဲဂရုစိုက်ကြတယ်။ကျောင်းသူတွေကလဲကျောင်းအကျီဘဲဝတ်ကြတာပါ။ကနေဒါလိုကြိုးတချောင်းဝတ်ပြီးကျောင်းလာဖို့မစဉ်းစားကြပါဘူး။
      ဒီလိုအတွေးခေါ်မျိုးရှိပြီးဒီလိုရေးတာရူးနေလို့ဖြစ်မယ်နော်။

    • Universityရောက်မှဘာဝတ်ဝတ်ပေါ့ဗျာ.ကနေဒါUniversityမှာပိုဆိုးတာကနေဒါနေတဲ့သူချင်းသိပါတယ်.ဖင်တောင်ပေါ်တယ်လေ။Universityအကြောင်းကိုHigh Schoolနဲ့လာယှဉ်ရေးနေတယ်။YangonUniversityမှာUniversityရောက်ပြီဆိုပြီးလှတယ်ထင်ပြီဝတ်ချင်တာ.ရှိုးပြချင်တာဘာဆန်းလဲ။ဒါကြောင့်ကနေဒါမှာမြန်မာတွေဘဝမေ့သမားတွေပေါလာပြီ။သတိထားမှ။အီကိုသူကိုတော့မထိနဲ့နော်။

  13. ခေတ်ရေစီးကြောင်းပါပဲ။ ကျွန်တော့် အမေဆိုရင် မိန်းကလေးတွေ ထမီ နဲ့ ဘောင်းဘီရှည်က လွဲရင် တစ်ခြား စကတ် ဘောင်းဘီတို စတာတွေ ဝတ်တာကို အရင်တုန်းက နည်းနည်းမှ ကြည့်မရပါဘူး။ အင်္ဂလန်လို နိုင်ငံမျိုးမှာ ၃ လလောက် သွားနေတဲ့ အချိန်မှာတောင် သူကိုယ်တိုင် ထမီပဲ ဝတ်ခဲ့ပါတယ်။ ဒါပေမယ့် စင်ကာပူ မှာ အနေကြာတော့ တူမတွေ ပေါင်လည်လောက် စကတ်ဝတ်တာ သူ့အတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။ ဦးလေးကိုယ်တိုင် သူ့သမီး ရန်ကုန် ပြန်လာတဲ့အချိန် စင်ကာပူမှာ စကတ်အတိုနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ့လို့ ရိုက်နှက်ဆုံးမ ခဲ့ဖူးပေမယ့် သူကိုယ်တိုင် စင်ကာပူ ရောက်လာတော့ စကတ်အတို ဝတ်ထားတဲ့ သမီးနဲ့ပဲ အတူတူ လျှောက်လည်ခဲ့တာပါပဲ။ အတူတူ ဓာတ်ပုံ ရိုက်ခဲ့တာပါပဲ။ သူ့ အနေနဲ့ ဒါကို လျှပ်ပေါ်တာ မဟုတ်ဘူး ဆိုတာ မြင်သွားပြီလေ။ ဒီမှာ မိန်းကလေးတိုင်း ဒီလို ဝတ်နေကြတာပဲ။ ဒီထက်မက ဆိုးတဲ့ ဝတ်စား ဆင်ယင်မှု တွေလည်း သူကိုယ်တိုင် မြင်သွားခဲ့တာကြောင့်ပါ။

    ကျွန်တော်ကတော့ နေရာဒေသနဲ့ ဆိုင်တယ် လို့ပဲ ယူဆပါတယ်။ ကုမ္ပဏီမှာ Formal ဝတ်တာ လူတိုင်း ဝတ်လို့ အထူးအဆန်း မဟုတ်ပေမယ့် Outing မှာ Formal ဝတ်သွားရင်တော့ အဟားခံရမှာပါ။ ယောက်ျားလေးတွေ နှောင့်ယှက်တာကို ခံရတာကလည်း ဥပဒေနဲ့ ဆိုင်ပါတယ်။ ရန်ကုန်မှာ လမ်းဘေးမှာ လျှောက်နေတဲ့ မိန်းကလေးတွေ့ရင် ဘယ်လိုပဲ ဝတ်စားထားထား ကားပေါ် ဆွဲတင်ဖို့ ကြိုးစားနေတဲ့ ကောင်တွေ ဒုနဲ့ဒေးပါ။ (မယုံရင် ကားပွဲစားတွေ မေးကြည့်ပါ။ မမလည်း သူ့ပို့စ်မှာ ရေးဖူးပါတယ်။) ဒီမှာတော့ ကလပ်ထဲမှာ မိန်းကလေး စကတ်အတို ဝတ်ထားတာ တွေ့လို့ သွားပြီး နှောင့်ယှက်ရင် ကံမကောင်းလို့ကတော့ ရဲစခန်းတောင် ရောက်နိုင်ပါတယ်။ တရား ဥပဒေက မိန်းကလေးတွေကို အပြည့်အဝ အကာအကွယ် ပေးထားပါတယ်။ ဒါကြောင့်လည်း သူတို့ လုပ်ချင်ရာ လုပ်ရဲ ကြတာပါ။

    ကျွန်တော်တို့တွေ ခေတ်ရေစီးကြောင်း ပြောင်းတာကို လက်ခံပေးရမှာပါ။ တစ်ချိန်က Tattoo ထိုးမှ မြန်မာ ယောက်ျားပီသတယ်လို့ ယူဆကြတယ်။ အခုတော့ Tattoo ထိုးရင် လမ်းသရဲ လို့ ယူဆတယ်။ အရင်က ဆံပင်ရှည်ထားမှ ယောက်ျားပီသတယ်။ အခုခေတ်က ဆံပင်အရှည်ကို ဓာတ်ပုံမှာတောင် ဆင်ဆာဖြတ်တယ်။ ကဲ အဲဒီတော့ ယဉ်ကျေးမှု ဆိုတာ ဘာပေတံလဲ။ ခေတ်နဲ့ လိုက်ပြီး ပြောင်းနေတဲ့ ပေတံတစ်ချောင်း လို့ပဲ ပြောရပါလိမ့်မယ်။ အခုလက်ရှိ ၄-၅ နှစ်လောက် ကလေးကိ ကွက်မကြည့်ဘဲ ပိုပြီး ရှည်လျားတဲ့ ကာလကို မြင်အောင်ကြည့်နိုင်ရင် အပြောင်းအလဲကို လက်ခံနိုင်ပြီး ပိုပြီး စိတ်ချမ်းသာပါလိမ့်မယ်။

    ချမ်းမြေ့ပါစေ။

    zt

  14. Excellent ပဲ အစ်မရေ…။ သိပ်ကိုတန်ဖိုးရှိတဲ့ ပို့စ်ပဲ..။ ကျွန်တော်သာဆိုရင်တော့ အကြွေစေ့နဲ့မပြစ်ဘူး..။ ကျောင်းတုန်းကလို သားရေကွင်း မှင်စွတ်ပြီးတော့သာ ပြစ်လိုက်တော့မယ်..။ လူဆိုတာကလဲ နဲနဲလောက်ဖြစ်ဖြစ် အထိနာဖူးမှ အမှတ်ရှိတာကိုး 🙂

  15. သေသေချာချာတော့ မပြောတတ်ဘူးဗျ
    ဒါပေမဲ့ အစ်မကြီးပို့စ်ကို သဘောတူတယ်။
    အပေါ်က ကွန့်မန့်ရှင်တွေရေးပေးကြတာလည်း ဆင်ခြင်စရာတွေပါပဲ
    အဆင်ပြေပါစေ အမလေးမရေ

  16. >Amigo… အင်း.. ဟုတ်တယ်.. အကိုင်းအသစ်..။ ရုပ်ရှင်ကြည့်ခဲပေမယ့် ကြည့်မိသမျှထဲက သဘောကျတာလေး ရေးမိမလားလို့ ..။ ဒီလိုပါပဲလေ…။ ဘာလို့ မဆိုင်တော့တာလဲ… အတိတ်ကရောဘာလဲ…။
    >မီ…

    နိုင်ငံခြားသားကျတော့ ဘာအရိပ်အယောင်မှ မပြပေမယ့် ထင်ချင်သလိုထင်သွားတတ်ပါတယ်

    ဆိုတဲ့ သတိပေးစကားလေးအတွက် မီလေးကို ကျေးဇူးတင်ပါတယ်…။
    >မနုစံ… အစ်မတို့  ဆီက အကြောင်းလေးကိုပါ ဗဟုသုတ ဖြစ်စရာ ပြောပြပေးသွားတာ ကျေးဇူးပါ..။
    >ပုံရိပ်.. စိုးမိုး.. ကြယ်ပြာ… ထောက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်..။
    >သားကြွက်.. အဟီး.. ဆွပေးလိုက်တာ…။ မိန်းကလေးတွေမှ မဟုတ်ပါဘူးနော်..။ ချက်ပြုတ်နဲ့  ဘတ်စ်ကားတွယ်စီးတဲ့ ကောင်လေးတွေလည်း.. ပြောကိုမပြောချင်ဘူး..။
    >မီ.. သိပ်မှန်တာပေါ့.. မီရေ.. သူနေ ရာနဲ့  သူ ၀တ်ရမှာပေါ့..။

    >မှော်ဆရာ.. စာလုံးကြီးကြီးနဲ့  များများကြီး မန့် သွားတဲ့ အရာတွေအားလုံး .. အထူးသဖြင့်..

့ကိုယ်လုပ်ရမယ့် အလုပ်နဲ့ ဘယ်အဝတ်အစားနဲ့ သင့်တော်သလဲ ဆိုတာ သိပ်မတွေးချင်ကြဘူး လို့ပဲ ပြောရမယ် ) .

    .. အစ်မ ဆိုလိုချင်တာလည်း ဒါမျိုးပါပဲ… ကျေးဇူးပါ..။

    >ချစ်စု… မချစ်စုက အဖွားကြီးဆို လေးမက ဘွားအေကြီး… အဟဲ… အဖိုးကြီးက ချစ်တယ်မဟုတ်လား.. အဖွားကြီး…။
    >မလေး.. ကနေဒါက စတိုင်လ်ပြောပြတဲ့ မလေး… ငယ်ငယ်က အကြောင်း ရေးပြတဲ့ မလေး.. ကို ကျေးဇူးတင်ပါတ.ယ်..။

    >zt ..

    ရန်ကုန်မှာ လမ်းဘေးမှာလမ်းလျှောက်နေတဲ့ မိန်းကလေးတွေ့ရင် ဘယ်လိုပဲ ဝတ်စားထားထား ကားပေါ် ဆွဲတင်ဖို့ ကြိုးစားနေတဲ့ ကောင်တွေ ဒုနဲ့ဒေးပါ။ (မယုံရင် ကားပွဲစားတွေ မေးကြည့်ပါ။ မမလည်း သူ့ပို့စ်မှာ ရေးဖူးပါတယ်။)…

    ဘယ်မမရဲ့ ဘယ်ပို့ စ်မှာ ရေးထားတာလဲဟင်… လင့်ခ်လေးပေးပါဦး..။ သိပ်စိတ်ဝင်စားလို့ ပါ…။ သေချာရေးသွားတဲ့ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်..။

    >blackdream… အမယ်လေး.. ကြောက်စရာကြီး.. သားရေကွင်းနဲ့ တဲ့… လက်လဲတည့်မယ့်ပုံပဲ…။ 😛
    >ညိမ်းညို… ဘိုညိမ်း.. အဆင်ပြေပါတယ် ဘိုညိမ်းရေ…။ ဆင်ခြင်စရာတွေ ဆင်ခြင်သွားတော့ အကျိုးများသပေါ့ကွယ်…။ ဘိုတင့်ကြီးကတော့ မထိရဲဘူးတဲ့.. ။

  17. ရွှေတိဂုံဘုရား အလှူခံပုံး ပို့စ်ကို ပြောတာပါ။
    http://mamaonlinediary.blogspot.com/2009/01/blog-post_5417.html

Leave a comment