ခြံထဲက …

 ဒီမြေ နဲ့ ဒီခြံကို ကျွန်မတို့ ရဲ့ အိမ်… ကျွန်မတို့ ရဲ့နေရပ်… ကျွန်မတို့  ခေါင်းချမယ့်နေရာလို့  ကျွန်မတို့  အားလုံးက သတ်မှတ်ထားကြတယ်…။ ကျွန်မတို့ ထဲမှာ ဒီခြံမှာမွေးတဲ့ ငယ်မွေးခြံပေါက်တွေရှိပေမယ့် တော်တော်နည်းပါတယ်…။ အများစုကတော့ အိမ်ကြီးရှင်မက တစ်နေရာရာကနေ သယ်ယူလာတဲ့ သူတွေဖြစ်ပါတယ်…။ ကျွန်မကတော့ ဒီခြံမှာ အစွာဆုံး.. အနံ့ အပြင်းဆုံး ညမွှေးပန်း ဖြစ်ပါတယ်…။ ကျွန်မရဲ့ အရိုးအဆစ်တွေက မကြီးလွန်း မငယ်လွန်းတဲ့ အနေတော် အရွယ်အစားမှာ ရှိပြီး အုံနဲ့ ကျင်းနဲ့  ရှိနေတဲ့အပြင် ကျွန်မရဲ့ ရနံ့ ထုတ်နိုင်စွမ်းကို ယှဉ်နိုင်တဲ့သူ ဒီခြံထဲမှာ တစ်ပင်မှ မရှိတဲ့အတွက် ကျွန်မကအရောက်နောက်ကျပေမယ့် စွာတေးပန်း နေရာရခဲ့တယ်…။ ဒါတင်ဘယ်ကမလဲ… အိမ်ကြီးရှင်မက ဟိုတလောက ကျွန်မနားခဏခဏလာပြီး ကျွန်မကို တသသကြည့်တယ်လေ…။ ညမွှေးပန်းရဲ့ရနံ့ ကို နေ့ ဘက်မှာ သတိမထားမိတာ တခြားအာရုံတွေကြောင့်လို့  ရေးထားတာဖတ်ရလို့ … ဟုတ်မဟုတ် အတည်ပြုချင်လို့  ဆိုပြီး ကျွန်မနားကို ခဏခဏလာတယ်…။ မျက်စိကိုမှိတ်… တခြားအာရုံတွေ ဖျောက်.. ကျွန်မနားကပ်ပြီး အားပါးတရ အနံ့ခံရှာတယ်…။ ကျွန်မက သူ့ ကို ကျီစားတဲ့ အနေနဲ့  အနံ့ ကိုလျှော့ထားလိုက်တော့ ဇဝေဇ၀ါနဲ့  မခူးစဖူး ဇာတ်ခနဲ ကျွန်မရဲ့ အပွင့်တချို့ ကို ခူးပြီး သေချာမွှေးကြည့်ပြန်ပါတယ်…။ အဲဒီလိုနဲ့  ကျွန်မနားကို အိမ်ကြီးရှင်မက နေ့ ဘက်လာကပ်လိုက်… ညဘက်လာကပ်လိုက်နဲ့ … နေ့ နဲ့ ည ထုတ်လွှတ်တဲ့  အနံ့ ပမာဏ တူမတူ သုတေသန ပြုနေလိုက်တာ… သူ့ အတွက်တော့ မသိဘူး… ကျွန်မအတွက်တော့ တော်တော်အမြတ်ထွက်လိုက်ပါတယ်…။ အိမ်ကြီးရှင်မ အင်မတန်စိတ်ဝင်စားတာ ခံရတဲ့ ပန်းအဖြစ် အခြားအပင်တွေက ကျွန်မကို လေးစားအားကျကြတယ်…။

ကျွန်မရဲ့ အပင်ခြေရင်းမှာတော့ ညီမငယ်ထွေး စံပယ်ရုံလေး က နေရာချထားခံရပါတယ်…။ သူလေးက ရုံလေးနဲ့ ရှိနေပေမယ့်… အားငယ်တတ်သူလေး ဖြစ်ပါတယ်…။ ကြံဖန်တွေးတော အားငယ်တတ်သူလေး ဖြစ်သည့်အားလျော်စွာ

မညမွှေးရယ်… ညီမတို့ ကို အိမ်ကြီးရှင်မက ခုလို အိမ်နဲ့  အဝေးဆုံး ခြံထောင့်မှာ ပို့ ထားတာ မုန်းလို့ များလားဟင်…”

“အော်… စပယ်မရယ်… အားငယ်တတ်ရန်ကော…။ သူ့ အိပ်ခန်း ပြတင်းပေါက်ကို လှပ်ပြီး ဖွေးဖွေးလှုပ်နေတဲ့ ညည်းကို ပြုံးပြုံးပြတာ ဘယ်သူများလဲ…။ အိမ်ကြီးရှင်မပဲ မဟုတ်လား…။ အိပ်ယာနိုးတဲ့ အချိန်မှာ… ညည်းကိုမြင်ရတာ စိတ်ကြည်နူးတယ်လို့  အိမ်ကြီးရှင်မက ပြောခဲ့သားပဲလေ…။”

“ဒါပေမယ့် မညမွှေးရယ်… ကိုကွမ်းပွှားတို့ ကိုလည်း အိပ်ခန်းပြတင်းက အတိုင်းသားမြင်နေရသားပဲ… သူတို့ ကျတော့ အိမ်နဲ့ အနီးလေးရယ်…။”

“စပယ်မရယ်… ညည်းတို့  ငါတို့ က ကွမ်းပွှားတို့ နဲ့  တူမလား… ။ ငါတို့ က အပွင့်တွေဝေနေအောင်ပွင့် ပြီး တစ်ခြံလုံး သင်းနေအောင် မွှေးကြရတဲ့သူတွေလေ…။ လေတိုက်ခံရမှ ဖြစ်မှာပေါ့…။ လေတိုက်ခံရဖို့ က လေတိုက်တဲ့ အရပ်.. အကာမရှိတဲ့ အရပ်မှာ နေမှပေါ့… ဘာလဲ.. ညည်းက ဒေါ်ကြီင်္းပိတောက်နားမှာ နေချင်လို့ လား..။ အဲဒီအဖွားကြီး လောင်းရိပ်မိပြီး ညည်းအပွင့်မပွင့်နိုင်မှ အိမ်ကြီးရှင်မက ညည်းကို နုတ်ပြီး အဝေးဆုံးပို့ ပစ်မှာ ….။”

“ မိညမွှေး.. ညည်း.. ငါ့ကို အဖွားကြီးလို့  ပြောပြန်ပြီလား… ငါက ဒီခြံမှာ အသက်အကြီးဆုံး… အရင်ဆုံးရှိနေခဲ့တဲ့သူ… အပင်အားလုံးထက် စီနီယာကျတယ်… ညည်းလေးလေးစားစား ဆက်ဆံသင့်တယ်…။

 

“ဟုတ်ကဲ့ပါ.. စီနီယာ မမရယ်… ညမွှေး.. နောက်ဆို အဖွားကြီး လို့  မခေါ်တော့ပါဘူး..

ရွဲ့ မနေပါနဲ့  မိညမွှေးရယ်…။ အေးလေ.. ငါက ညည်းပြောသလို … အဖွားကြီးပဲ ထားပါတော့… ဒါပေမယ့် အသက်ကြီးပေမယ့် မပျက်စီးသေးဘူးနော.. တန်ခူးလရောက်တိုင်း ပွင့်နိုင်တုန်း.. ပွင့်နေတုန်း…။

ဒါပေမယ့် ကျွန်မတို့ လို ရာသီတိုင်းတော့ မပွင့်နိုင်ဘူးလေ

ဒါတော့ ညည်းဗဟုသုတ ခေါင်းပါးလွန်းရာကျတယ်… ငါတို့ ပိတောက်မျိုးနွယ်ဆိုတာ ရာသီတိုင်းမပွင့်ရဘူး… အချိန်နဲ့  အခါနဲ့  ပွင့်ရတယ်…။ မျိုးနွယ်ရဲ့ ဓလေ့ထုံးစံကို စောင့်ထိန်းရမှာ မျိုးဆက်ရဲ့ တာဝန်ပဲ …။

ဆက်ပါဦးမည်။

မှတ်ချက်။ ။ ဘာကြီးလဲလို့  တွေးမနေပါနဲ့ ..  အပင်တွေ အကြောင်းပါ။

11 Responses

  1. မညမွှေးရေ..
    ပန်းလေးတွေကို ဖတ်ရတာ ပန်းရနံ့လေးတွေ မွှေးလာသလိုပါပဲ..
    ချစ်စဖွယ်အတွေးလေး.. အရေးလေးကို နှစ်သက်မိတယ်..
    ဆက်ရန်လေးကို မျှော်နေပါတယ်..း)း)

    ခင်မင်တဲ့..

  2. ဘာကြီးလဲလို့ တွေးနေတုန်း မှတ်ချက်ကိုရောက်လာလို့ ဘာကြီးမှ မတွေးလိုက်ရတော့ဘူးဗျ 😛
    ဆက်ရန်ကို စောင့်မျှော်အားပေးလျက် 🙂

  3. ပိတောက်က စီနီယာအကျဆုံး စံပယ်က ဂျူနီယာအကျဆုံး။ နောက်ထပ်ရော ဘယ်ပန်းတွေ တန်းစီ ဦးမယ်မသိ။ လောလောဆယ်တော့ ပန်းအငွေ့အသက်တွေ ရှူရှိုက်မိသလိုလိုပဲ။

  4. ဆက်ပါဦး

  5. စိတ်ဝင်စားအောင်ကိုရေးတတ်တယ်..ဆက်ရန်ကိုမျှော်နေမယ် မမ 😛

  6. ခြံထဲက ပန်းရနံ့တွေ လာရှူရှိုက်သွားပါတယ် 🙂

  7. စိတ်ကူးတွေ အရမ်းကောင်းတယ် ပန်းပင်လေးတွေနေရာ ချရင်းရလာတဲ့ စိတ်ကူးလား… ခြံထဲကို နောက်ထပ်လာပါဦးမယ် 😛

  8. ဆက်ပါဦးမည်ဆိုတော့. နောက်လာမယ့် အကြောင်းက ဒေါ်နှင်းဆီ တို့ အကြောင်းပဲ ဖြစ်မယ်ထင်တယ် (မာနကြီးတယ်လို့ ပြောသံကြားဖူးသလိုပဲ အဲဒီ အဒေါ်က).
    မိမြတ်လေး တို့ ဘာတို့ အကြောင်းလဲ လုပ်ပါဦးဗျ. စိတ်ဝင်စားလို့. 🙂

  9. လေးမက ရေးတတ်လိုက်တာ.. ပန်းပင်တွေ အကြောင်း နာမည်တွေပေးပြီး တဖွဲ့တနွဲ့ရေးထားတာ.. ဖတ်လို့ကောင်းတယ်.. ဆက်ရန်ကို မျှော်နေမယ် ညီမလေးရေ… 🙂

  10. နေ့အိပ်မက်က ပန်းတွေ အပင်တွေမကြိုက်ပေမယ့် မမအရေးအသားကောင်းလို့ ဖတ်ချင်နေပြီ… ဆက်ရေးထားတာမြန်မြန်တင်ပေးနော်… 🙂

  11. […]  ခြံထဲက … ( စ ) […]

Leave a comment