Hello….

“ တီ…တီ…” “hello ”
“ ငယ်လေးလား…” “ဟုတ်ကဲ့….”
“ ကို….ပါ….။ အသံကိုမှတ်မိလား…” “ ဟင့်အင်း….”
“ ဖုန်းဆက်တာအနှောင့်အယှက်ဖြစ်လား…”
“ ရပါတယ်….”
…………………………………………..
“ တီ…တီ…” hello
“ ငယ်လေးလား…” “ဟုတ်….”
“ထမင်းစားပြီးပြီလား…” “ ဟုတ်ကဲ့….”
“ ဘာဟင်းနဲ့ စားလဲ….” “ကြက်….”
“ ကြိုက်လို့ လား….” “ ဒီလိုဘာပဲ….”
“ တရုတ်စာ….ယိုးဒယားစာ…ချစ်တီးဟင်း…ဗမာဟင်း….ဘာကြိုက်လဲ…”
“ ဘာမှကြိုက်ဘူး…ထမင်းစားဖို့ လိုအပ်လို့  စားတာပါ….ကြိုက်လို့ မဟုတ်ဘူး….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ ငယ်လေးက ထမင်းမကြိုက်တော့ ဘာကြိုက်လဲ…” “ မုန့် …ကြိုက်တယ်…”
“ ကလေးလဲ မဟုတ်ဘဲနဲ့ ….”
“ ဟင်…မုန့် ဆိုတာ ကလေးတွေ အတွက်ပဲလား….လူကြီးစားလို့ မရဘူးလား….”
“ ဒါဆို ဘာမုန့် တွေ ကြိုက်လဲ….”
“ မြန်မာမုန့် ….မုန့် စိမ်းပေါင်း…မုန့် ဘိုင်းတောင့်….ထန်းသီးမုန့် …ကရေကရာ….ခေါက်မုန့် ….ရေမုန့် …ကောက်ညှင်းပေါင်း….”
“ ဒါဆို ငယ်လေး စားဖို့  လာပို့ မယ်နော်….”
“ ဟင့်အင်း…နေပါစေ….”
“ ကြိုက်တတ်တာလေးတွေ ပို့ ပေးချင်လို့ ပါ…”
“ ရပါတယ်….”
…………………………………………..

“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ ဘယ်လို သီချင်းတွေကြိုက်လဲ…”
“ နားထောင်ကောင်းရင်ကြိုက်တယ်…”
“ ထီးဆိုင် ကြိုက်လား…” “ ဟုတ်…”
“ ဒါဆို ၀ယ်ပေးမယ်…” “ မုန့် ဖိုးကျန်သေးတယ်….”
“ ဟင်..ဘာပြောတာလဲ….” “ ကိုယ့်ဖာသာ ၀ယ်မယ်လို့ …”
“ လက်ဆောင်ပေးချင်လို့ ပါ…” “ ဟင့်အင်း…”
“ ဒါဆို ငယ်လေးကို နားထောင်စေချင်တဲ့ သီချင်းလေးတွေ selection သွင်းပေးမယ်နော်….”
“ သဘောပဲ….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ အရေးကြီးတဲ့ စကားလေးပြောချင်လို့  ….. မှာကော်ဖီသွားသောက်ရအောင်…”
“ဟင့်အင်း…”
“ ဖုန်းထဲက ပြောလို့ မကောင်းဘူး…”
“ ရတယ်…ဖုန်းထဲကပဲပြော…”
“ ကို….က အလေးအနက်ပြောချင်တာ….ပေါ့သွားလိမ့်မယ်…”
“ ဒါဆိုပြောနဲ့ တော့…..ဆိုင်တော့မလိုက်နိုင်ဘူး….”
“……..ဒါဆို အခုမုန့် လာပို့ မယ်….၁၅ မိနစ်အတွင်းရောက်အောင်လာမယ်….မုန့် ဆင်းယူနော်….”
………………………………………….

“ တီ…တီ…” “ hello ”
“ အငယ်လား…”

“ဟုတ်….”
“ ဘယ်သွားနေလဲ…”
“……..”
“ တယောက်ထဲလား….ဘယ်သူပါလဲ….”
………………
“ တီ…တီ…” “ hello ”
“ အငယ်လား…”
“ဟုတ်….”
“ ပြန်လာပြီလား…” “ဟုတ်ကဲ့….”
“ ဘယ်နားရောက်နေပြီလဲ….”
“ အ၀ိုင်းမှာ….”
“ ဘယ်အ၀ိုင်းလဲ….”
………………
“ တီ…တီ…” “ hello ”
“ အငယ်လား…”
“ဟုတ်….”
“ ဘယ်မှာလဲ…”
“ အခု ဘယ်နေရာမှာလဲ….”
“ ပြည်လမ်းပေါ်မှာ….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ဒေါ်ငယ်လေးလား…”
“ဟုတ်ပါတယ်….”
“ ရုံးမှာ အရေးပေါ် အစည်းအဝေးလုပ်မယ်….၁၅ မိနစ်အတွင်း ရောက်အောင်လာပါ….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ဒေါ်ငယ်လေးလား…”
“ဟုတ်ပါတယ်….”
“ ဟိုနေရာက အဲဒီရုံးကိုဝင်ပြီး……အဲဒါဝင်ယူခဲ့ပါ…..”
…………………………………………..

“ တီ…တီ…” “ hello ”
“ ဒေါ်ငယ်လေးလား…”
“ဟုတ်ပါတယ်….”
“ တခြားလူတွေ ဆက်သွယ်လို့ မရလို့ …..ဒေါ်ငယ်လေးပဲ ရုံးကို အမြန်လာခဲ့ပါ….”
…………………………………………..
သူငယ်ချင်း sparrow မှ “ danger of mobile phone….especially for lady ရေးပေးပါ အစ်မ ”

လို့  ပြောထားတာကြာပါပြီ….ဘာရေးရမှန်းမသိတာနဲ့  မရေးဖြစ်ခဲ့ဘူး…..။ မနေ့ က cbox ကို sparrow လာလည်တော့မှ ရေးဦးမှပဲဆိုပြီး စိတ်ကူးပေါက်သလို ထရေးလိုက်ပါတယ်…..။ Mobile phone ကို နုနယ်တဲ့ ကလေးငယ်တွေ အသုံးပြုရင် မှတ်ဥာဏ်ချို့ ယွင်းစေပြီး ၊ မိုးရွာနေတဲ့ အချိန်သုံးရင်လဲ မိုးကြိုးပစ်တတ်တယ် လို့ မှတ်သားဖူးပါတယ်….။ “လက်ကိုင်ဖုန်းဘက်ထရီ ပေါက်ကွဲမှုကြောင့် တရုတ်တွင် လူတစ်ဦးသေဆုံး ”လို့  လဲဂျာနယ်တစောင်မှာ ဖတ်ဖူးပါတယ်……။ အခြားသော danger များကိုလဲ စိတ်ဝင်စားရင် google search မှာရှာနိုင်ပါတယ်….။
တချို့ တွေ အတွက်တော့ “Love story on mobile ” ဆိုတဲ့ အဖြစ်လေးတွေ ကြုံနိုင်သလို တချို့ လူတွေ အတွက် ဖုန်းဟာ ချည်နှောင်ထားတဲ့ ကြိုးတစ်ချောင်းနဲ့  တူပါတယ် လို့ “ လေးမ ” က တွေးပြလိုက်တာပါ…..။ sparrow ကျေနပ်နိုင်ပါစေ…။ ။

“အလှ”အကြောင်း….ကြားခဲ့ရတဲ့ စနေ ၊ တနင်္ဂနွေ

စနေ
စနေနေ့ က “လေးမ” မြန်မာနိုင်ငံ ဗိသုကာများအသင်းရဲ့ Seminar ကို တက်ရောက်ခဲ့ပါတယ်…။ ပထမပိုင်းမှာ ဆရာဦးထွန်းသန်းက “ကျွန်တော်နားလည်သော ဗိသုကာပညာ ” ၊ ဒုတိယပိုင်းတွင် ဦးကျော်ထွန်းမှ “Sustainable architecture ” ဟူသော စာတမ်းများကိုဖတ်ကြားခဲ့ကြပြီး တက်ရောက်လာသော ဗိသုကာများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်….။ တက်ရောက်လာသော လူငယ်ဗိသုကာများနှင့် ကျောင်းသူကျောင်းသားများအတွက် အလွန်တန်ဖိုးရှိသော ဗိသုကာ ဘာသာစကားများကို အားပါးတရ နားထောင်ခဲ့ကြရပါသည်…..။ ဗိသုကာတို့  ဖန်တီးပေးရသောအလှ (အမြင်ရသ) ပိုင်းဆိုင်ရာ အယူအဆများကိုလဲ အသေအချာ နားလည်ခဲ့ရပါတယ်….။
J.Ruskin ၏ Architecture is the rightly placing of sculptures and paintings. ဟူသောအယူအဆ ၊ A. Loos ၏ Ornamentation is Crime ဟူသောအယူအဆ ၊ Do not construct the decoration . Decorate the construction . ဟူသော အတွေးအခေါ်များနှင့် အတူ ၊ စွမ်းအင် အလဟသမဖြစ်စေသော ၊
ပတ်ဝန်းကျင် ကို မထိခိုက်စေသော ဒီဇိုင်းများဖြစ်ရန် ဗိသုကာများတွင် တာဝန်ရှိကြောင်း အသိတရားများနှင့် …..Regional character, National character စသောလက်ရာဟန်များ အကြောင်း တွေးတောစရာ တပွေ့ တပိုက်နှင့် …..၁၈ ရာစုနှစ်သည် ကမ္ဘာမှာ ဗိသုကာပညာ အနိုင်ကျင့်ခံခဲ့ရသော အချိန်ဟူသော ဆရာ၏ စကားတခွန်းကို အထပ်ထပ် ကြားယောင်ရင်း ကမောက်ကမ တွေးနေကျ အတွေးတွေနဲ့ ……၊ မြန်မာမှာ လက်ရှိ သွားနေတဲ့ Architecture trend ဟာ Client-architecture ပါလို့  ပြောသွားတဲ့ သုံးသပ်ချက်တခုကို အပြန်ပြန် အလှန်လှန် စဉ်းစားရင်း…..လေးမ အိမ်ပြန်ခဲ့ပါသည်….။
ကြားဖြတ်သတင်း
စနေမနက်က အိမ်တွင် မနက် ၅နာရီက ၀ါဆိုသင်္ကန်းကပ်….ထို့ နောက် ဘုရားတက်…ပြီးနောက် Seminar တက်….ပြန်ရောက်တော့ Post တပုဒ်ဖတ်….Seminar ကပါလာသောအတွေးများ….Post မှပေးသော အတွေးများဖြင့် “လေးမ” ပလန်လက်သွားသောကြောင့် cbox မှာ နေမကောင်းဟု ရေးခဲ့ရခြင်းဖြစ်ပါသည်….။
တနင်္ဂနွေ
ကုမ္ပဏီတစ်ခု၏ Skin care နဲ့ color care ဆိုင်ရာ product အသစ်များ မိတ်ဆက်တဲ့ ပွဲတစ်ခုကို “လေးမ” စပ်စပ်စုစုရောက်ခဲ့ပြန်ပါတယ်…။ စိတ်ဝင်စားစရာ မေးခွန်းလေးတွေနဲ့  မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားပါတယ်….Skin care ပိုင်းကိုပြောတဲ့ အခါ…. “မွဲခြောက်ခြောက်မျက်နှာ…၀က်ခြံတင်းတိတ်ရှိတဲ့ မျက်နှာနဲ့  အသားအရေကြည်လင်တဲ့မျက်နှာ….ဘယ်လိုမျက်နှာကိုမြင်ချင်လဲ….” ဆိုတဲ့ မေးခွန်းတွေနဲ့ 

အတူ “ကိုယ့်ချစ်သူကို အခုဘဲဝယ်ပေးလိုက်ပါ ” လို့  တိုက်တွန်းရင်း မိတ်ဆက်သွားပါတယ်…။ ကောင်ကလေးတွေတော့ မျက်ခုံးလှုပ်စရာပါဘဲ….။ ကောင်မလေးတွေလဲ မချောင်ရှာပါဘူး….ယောက်ျားနဲ့  မိန်းမ အသားအရေချင်းလုံးဝမတူတဲ့ အတွက် ယောက်ျားလေးတွေက Facial Foam (for men) ကို သုံးရမယ့်အကြောင်း သိုင်းသိုင်းဝိုင်းဝိုင်း တင်ဆက်သွားပြန်ပါတယ်…..။ Color care ပိုင်းကတော့ အရောင်တွေခြယ်ပြတာပါ….။ မော်ဒယ်လေးတယောက်ကို ခြယ်ပြတာပါ….။ မခြယ်ခင်နဲ့  ခြယ်ပြီး တော်တော် ရုပ်ကွာသွားတာကိုတွေ့ ရပါတယ်…..။ လေးမ ကတော့ နုနုငယ်ငယ် မော်ဒယ်လေးကို ကြည့်ပြီး “ ငါတော်တော် အိုသွားပြီ ” လို့ တရားရခဲ့ပါတယ်…..။ Skin ကိုတော့ သေသေချာချာ ထိန်းသိမ်းရတော့မယ် ဆိုတဲ့ အတွေးနဲ့  Facial Foam (For men) တဗူး ၀ယ်ပြီး အိမ်ပြန်ခဲ့ပါတယ်….။ ။

သို့ ….သူငယ်ချင်း…

သို့ ….သူငယ်ချင်း
သူငယ်ချင်းရေ….
လောကကြီးက ပြောင်ချော်ချော်နဲ့ ….
ကံကြမ္မာက ဗရုတ်ကျလိုက်တာနော်….
ငါ့ ရည်မှန်းချက်တွေ နင်ပိုင်ဆိုင်လို့ …
နင်ဖြစ်ချင်တာတွေ ငါဖြစ်နေခဲ့ရပြီ…..
နင်နေချင်တဲ့ဘ၀မျိုးမှာ ငါနေပျော်နေသလို
ငါမျှော်မှန်းခဲ့တဲ့ အရည်အချင်းတွေနဲ့ 
နင်ပျော်အောင်နေလိုက်ပါ……။
တချိန်တုန်းကတော့…
ဒို့ နှစ်ယောက်တတွဲတွဲ…
ဘယ်တုန်းကမှမခွဲခဲ့ကြဘူးနော်….
အခုတော့ ရှင်ကွဲ ကွဲ…..
နောက်တော့ သေကွဲ…ခွဲကြရပြန်ဦးတော့မယ်…..။
နင်လား…ငါလား….
ဘယ်သူအရင် ကျန်ခဲ့မှာလဲ…..

ကျန်ခဲ့ရင်ဘဲဖြစ်ဖြစ်…… မချန်ခဲ့ခင်ဘဲဖြစ်ဖြစ်….
လမ်းကြုံတဲ့အခါ ဖတ်ဖြစ်အောင်…..
မန်းမြေက လမ်းတွေပေါ်မှာ ပဲ့ကြွေခဲ့တဲ့ရက်စွဲလေးတွေကို…..
“ငါ” …. ဒိုင်ယာရီတွေ ရေးထားတယ်…..
အလွမ်းပြေမလား…အလွမ်းဝေမလားတော့….မသိဘူး…
ငါ ကတော့ ပျော်စရာတွေဘဲ ရေးထားတယ်….
မျက်ရည်ဝေတဲ့ ညတွေ ၊ အခဲမကျေတဲ့ “လ”တွေကို တမင်တကာချန်ထားခဲ့တယ်……
ဝေဒနာဆိုတာ တမ်းတကောင်းတဲ့ အရာမှမဟုတ်ဘဲ…..သူငယ်ချင်းရယ်…..။ ။
မှ…..လေးမ
ကဗျာလဲမဟုတ်ဘူး….စာလဲမဟုတ်ဘူး…..ဘာမှန်းလဲသိဘူး…..။ လေးမ သူငယ်ချင်းကို ပြောပြချင်တာလေးတွေပါ….။ ။

Today and Tomorrow

What is the difference between Today and Tomorrow?
Today is the past of tomorrow….
Tomorrow is the result of today…..
Try your best for tomorrow….Try to leave your beautiful past..
Today is in my hands…..I can handle it…..
Tomorrow is not in my hands…..I’m not sure that whether I have tomorrow or not…..
“What should I do today?”

အချစ်ငှက်

မဂျစ်ရဲ့ လျှောက်ခြစ်ထဲမှာ “အချစ်ဆိုတာ.. အတောင်ပံနဲ့ငှက်လား…” လို့ မေးထားလို့  ရေးဖြစ်ခဲ့ဖူးတဲ့ ခပ်ညံ့ညံ့ကဗျာတပုဒ်ကို ခပ်လန့် လန့်  နဲ့ ပဲတင်လိုက်ပါတယ်….
“အချစ်ငှက်”
Photo Sharing and Video Hosting at Photobucket
ငါ့ရင်ထဲကို
အချစ်ငှက်လေး
မဖိတ်ခေါ်ဘဲ ၀င်လာဖူးတယ်…..။
ငါ့ရဲ့အချစ်ကို
ရယူပြီးတော့
မနှင်သော်လဲ ပြန်လို့ သွားတယ်…..။
လွမ်းလို့ ကျန်ရစ်
ငါ့အဖြစ်ကို
အချစ်ငှက်လေး
သိပါရဲ့လား သိခဲ့လား…..။ ။

AMA ၏လှုပ်ရှားမှု

မြန်မာနိုင်ငံဗိသုကာများအသင်းမှ Green Architecture နှင့် Architecture as I understand it ခေါင်းစဉ်များဖြင့် Seminar ကို မြန်မာအင်ဖိုတက် တွင် ဇူလိုင် ၂၈ မွန်းလွဲ ၂ နာရီ တွင်ကျင်းပမည်ဖြစ်ကြောင်း……။ ။ (၂၀ရက်နေ့  မြန်မာ့အလင်းသတင်းစာမှ)

Who broke your heart ?

Many say that “Love” is unspoken language between two hearts…It’s also true that “Love” is a kind of uncured disease….
“Love” makes you happy when you are loving to and being loved by someone…..But, it transforms to a dangerous disease when you are left by someone….
What will you do if your boyfriend/ girlfriend left you alone ??? Will you cry ??? Will you be so sad ??? If so , you’ll become a loser….
Don’t hurt yourself !!! Don’t waste your time !!! Try to smile !!! Smile for life !!! Stand for life !!!
Here are some of my advice for broken hearted men and women…..
If someone left you alone….
1. Go immediately to the beauty saloon for shampooing and hair-cut…While shampooing , listen lovely songs and you can recall your sweet memorial time….But don’t cry anymore…..
2. Change your hair style…..Hair can make very noticeable change for your face and soul….You’ll be active when you feel your new style in the mirror….
3. Go shopping but save your money…haha
4. Do your hobby….
5. Write down your love story or working experience…..or…..
6. Don’t seek for another partner immediately…..and don’t drink too much to cure your heart….
7. Try to calm down your heart and soul…..
8. Try very hard in your work to show your success after being left….
9. Let see him or her that you can stand/live without him/her….
10. Proof that your are not a loser….
All right. Don’t break your heart by yourself ….Don’t hurt yourself….
Good Luck everybody !!!

ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ဒု )

ဒိုင်ယာရီစာမျက်နှာ (၈) ။ ။
Scene (4 )_
ဒီတခါ ဒီဇိုင်းက Library……။ ပုံစံငယ်ပါတင်ရမည်….။ အခန်းထဲက အ၀တ်သေတ္တာ ၊ စာကြည့်စားပွဲ ၊ ခုတင် ပေါ်မှာ ပုံစံငယ်ပြုလုပ်ရန် ပလတ်စတစ်ပြားများ ၊ ပြတင်းပေါက် နေရာတွင်ကပ်ရန် စတစ်ကာ အညို အနက် ၊ လွှ ၊ ဓါး ၊ သံပေတံ ၊ ဇာဂနာ ၊ spray ဗူး ၊ ကော်ရည် ၊ ATM ကော် ၊ ကော်ရည်သုတ်ရန် စုတ်တံ ၊ Drawing များ စတဲ့ ပိုင်ဆိုင်မှုများက အပြည့်အ၀ နေရာ ယူထားပါသည်……။
“ မိ…နင်ဟာလေ….model ချိုးရပါမယ်ဆိုမှ ဒီဇိုင်းကို အ၀ိုင်းကြီးထုတ်တယ်…. တော်တော် မြွေဖမ်းချင်တယ်…..”

“ငါက နင့်လို လေးထောင့်မှ မကြိုက်တာ…..ငါက နူးညံ့ပျော့ပျောင်းတဲ့ လိုင်းကွေးတွေပဲ ကြိုက်တယ်…. နင်သာ ကျောင်းပြီးတော့မယ် square ကနေကို မထွက်တော့ဘူး……”
“ဟဲ့…..ငါက simple ကြိုက်တာ….လက်တွေ့ ဆန်တာ….မာရေကျောရေ ဒီဇိုင်း sense ရှိတာမဟုတ်ဘူး…..နားလည်လား…..”
ဒီလိုနဲ့  မိရဲ့ library အ၀ိုင်းကြီးကို ငြင်းရင်းခုံရင်း နှစ်ယောက်သား model ချိုးကြတယ်……။ အကွေးကြီးရအောင် ပလတ်စတစ်ပြားကို မူရင်းစကေးထက် ဘယ်လောက်ပိုဖြတ်ရမလဲတွက်……၊ စောင်နဲ့  ပတ်…..အပေါ်ကမီးပူနဲ့ ဖိပြီး အပူပေး…..ပျော့သွားတဲ့ အချိန်မှာ ထိုင်ခုံ အ၀ိုင်းလေးမှာ ပြေးကပ်ပြီး ပုံသွင်းရတယ်….။ တကြိမ်မရ နောက်တကြိမ်ထပ်ကြိုးစားရင်း ….. နောက်ဆုံးတော့ မိ ရဲ့ library အ၀ိုင်းကြီး အောင်မြင်စွာ ပုံဖော်နိုင်ခဲ့ပါတယ်…..။ “လေးမ” ရဲ့ ပထမနှစ်ကတည်းက အိမ်ကထည့်ပေးလိုက်တဲ့ မုံရွာချည်စောင်လေးလဲ မီးကျွမ်းသွားပါတယ်….နောက်တော့ ခွေးသားအမိ လက်ထဲထည့်လိုက်ရပါတယ်……။

Scene (5)_
“ ဟေ့….လေးမ တို့  ပုံတွေ ပြီးပြီလား….”
“ ဘယ်ပြီးဦးမလဲ ဟာ ”
“ ငါတို့ လဲ မပြီးဘူး….ဆရာမကို ဂျူရီ ရက်ရွှေ့ ခိုင်းကြရအောင်….”
“ ကောင်းတယ်…..ကောင်းတယ်…..လူစုလိုက်….”
“ အာခီတွေ….အခန်းနံပါတ် (…..) ကိုလာခဲ့ကြပါ…..အရေးပေါ် meeting ”
အဆောင်ရဲ့ ဟိုဘက်ထောင့်…..ဒီဘက်ထောင့်မှ ဟိုဘက် wing ဒီဘက် wing မှာနေသူများသို့ …..အပေါ်ထပ်ဝရန်တာမှ အောက်ထပ်ဝရန်တာသို့  အသံပေးလိုက်တော့ ၅ မိနစ်အတွင်းမှာ လူစုပြီးသားဖြစ်သွားပါတယ်…..။
( တခါကလဲ အုပ်စုလိုက် အတန်းလစ်လို့  ပါချုပ်ဆီမှာ လက်မှတ်ထိုးပြီး အဆောင်ရှေ့မှ ပါချုပ်အိမ်အထိ ပြေးခိုင်းခြင်းဖြင့် အပြစ်ပေးခံခဲ့ရပါတယ်…..ပါချုပ်ကြီး ပြောတာကတော့ တစ်ယောက်ထဲ အတန်းလစ်တာ အပြစ်မရှိဘူး…..အုပ်စုဖွဲ့ တာက အပြစ်ကြီးတယ်တဲ့…..ဒါပေမယ့် လေးမ တို့ က အမှတ်မရှိဘူး….အမြဲတမ်းအုပ်စုလိုက် တိုင်ပင်ပြီးလုပ်တယ်……စည်းလုံးညီညွတ်တာမဟုတ်ဘူး….. သူခိုး သေဖော် ညှိတာ )
၅ မိနစ်လောက် တိုင်ပင်ပြီးတာနဲ့  ဆရာမ အိမ်ကို တအုပ်စုလုံး ချီတက်ကြပါတယ်……။
သေခါနီးမျက်နှာလေးတွေနဲ့  ဆရာမကို ဘယ်လိုပဲ သနားအောင် ပြောပြော အသည်းမာလှတဲ့ ဆရာမက လုံးဝရက်မရွှေ့ ပေးတဲ့အပြင် ပြောရမယ့် နံပါတ်စဉ်ကိုတောင် မဲနှိုက်ခိုင်းလိုက်သေးတယ်……။ ပြန်ရောက်တော့ အစည်းအဝေးပြန်ထိုင်ကြတယ်…..။
“ ဘယ်လို လုပ်ကြမလဲ…”
“ ငါကတော့ လုံးဝမတင်ဘူး…”
“ ငါလဲ အကျခံလိုက်တော့မယ်….မတင်ဘူး….”
“ ဒါဆို တစ်ယောက်မှ ဂျူရီ မ၀င်နဲ့ ….သဘောတူလား….”
“ ယောက္ခမက အဆောင်ကို လိုက်လာမှာပေါ့….”
“ ဟဲ့….ဆရာမက အပျိုကြီးဟာကို…..”

“ အေးလေ….အပျိုကြီးမို့ လို့ ပြောရဲတာပေါ့….”
“ ဒါပေမယ့် ဆရာမ မွေးထားတဲ့ ခွေးကြီး ငညို ရှိတယ်လေ….ဟာ..ဟ ”
“ ဟဲ့….အရေးကြီးပါတယ်ဆိုမှ…..။ ဆရာမ အဆောင်ကို လိုက်လာလို့  ငါတို့ ကိုတွေ့ ရင် ပွဲကြမ်းမှာ…..အဲတော့ ငါတို့ တောခိုမယ်…..”
“ ဘာ….”
“ အော်….အနောက်ဘက်က သရက်တောထဲမှာ သွားပုန်းမယ်လို့  ပြောမလို့ ပါ….”
“ အဆောင်မှာ ၂ ယောက်လောက်တော့ နေခဲ့….အခြေအနေ ကောင်းပြီဆိုရင် သရက်တောထဲကို လာအကြောင်းကြား…..ကျန်တဲ့သူတွေက ထမင်းချိုင့်နဲ့  မနက် ၈ နာရီကတည်းက သရက်တောကို သွားကြမယ်……အပြန်ကျမှ ဆရာ့အိမ်မှာ သွားတောင်းပန်မယ်……ဆရာက ဆရာမလောက် ဒေါသမကြီးတော့ ပြသနာမရှိဘူး….ဆရာမကိုတော့ ၃ ရက်လောက်နေမှ တောင်းပန်မယ်….”

“ OK….good ”
လေးမ နဲ့  မိ ကအဆောင်မှာနေခဲ့တယ်…..။ ကျန်တဲ့သူတွေက သရက်တောထဲမှာ….။
ဂျူရီနေ့ မှာ …..
“ လေးမတို့ ….နင်တို့  ဆရာမ အဆောင်အောက်ရောက်နေပြီ…..”
“ အမယ်လေး….မှန်းထားတဲ့ အတိုင်းပါပဲလား…..လုပ်ကြပါဦး….ငါတို့ ကို အပြင်ကသော့ခတ်သွား…..မဖြစ်သေးဘူးဟ….ဆရာမကလဲ ငါတို့ လိုပဲ ဟိုဘက်ဝရန်တာကနေ ကျော်ပြီးဝင်လာရင် ကွိကနဲမိမှာ…..ပဲပဲတို့  အခန်းထဲမှာ ပုန်းနေမယ်….”
ပဲပဲက လေးမ နဲ့ မိကို အခန်းထဲထည့်ပြီး အပြင်ကသော့ခတ်သွားတယ်…..။
ဆရာမကတော့ သော့ခတ်ထားတဲ့ အာခီိခန်းတွေကို တခန်းချင်းလိုက်ကြည့်ပြီး ဒေါကန်ကန်နဲ့  ပြန်သွားတယ်….။ ညနေ ဆရာ့အိမ်မှာ သွားတောင်းပန်တယ်….။ လေးမ တို့ကအဲလိုပဲ…..။ လုပ်ချင်တာလုပ်ပြီးရင် ထိုင်ကန်တော့နေကျ….။ ။
ဒါတွေကတော့ ဖြတ်သန်းခဲ့ဖူးတဲ့ ဗိသုကာ ကျောင်းသူဘ၀ရဲ့ Scene လေးတွေပါ….။ နောက်ရက်တွေမှာ စိတ်ပါရင် အတိတ်က ရက်စွဲလေးတွေကို ထပ်ပြီးချိတ်ဆက်ပါဦးမည်…။

ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ပ )

ဒိုင်ယာရီစာမျက်နှာ (၈) ။ ။
Scene (1)_
မနက် ၃ နာရီ လောက် သန့် စင်ခန်းတွေဘက်ကို ငိုက်စိုက်ငိုက်စိုက် လျှောက်လာရင်း ယိုင်တိယိုင်တိုင် လျှောက်လာတဲ့ အရိပ် တစ်ခုနဲ့  ဖြတ်ခနဲ ဆုံတယ်…..။ မော့ကြည့်ပြီး လျော့တိလျော့ရဲ ပြုံးပြလိုက်တယ်…..ထမင်း ၂ ရက်မစားရတဲ့ အသံနဲ့  “ ပုံတွေ ပြီးပြီလား….” တဖက်က အရိပ်က ခေါင်းခါပြီး “ ပြီးသေးပါဘူးဟာ…..”
“ ဒါဝဋ်ကြွေးပဲ အချစ်ရယ်….” သီချင်းသံတိုးတိုး ခြေသံ တရှပ်ရှပ် ကြားရတယ်…..။ အာခီ ကျောင်းသူတစ်ယောက်ဆိုတာ သေချာတယ်…. “ ဟေ့..ဘယ်လို လဲ အခြေအနေ ကောင်းလား” …..။

“ ငါတော့ interior တစ်ပုံပဲ ဆွဲတော့မယ်….အားလုံးပေါင်းမှ ၈ ရွက်ပဲ ပြီးတယ်….. section လဲမပြီးသေးဘူး… .တတ်နိုင်ဘူး…ဒီလောက်ပဲ ရမယ်ဟေ့….”
Scene (2)_
“ကြောင်ကလေးက နားရွက်ထောင် ပညာရှိယောင်ဆောင်….”
“လေးမ….နင်ဘာတွေ အော်နေတာတုန်း…..နင်အရမ်းအိပ်ချင်နေပြီ…..ခဏအိပ်လိုက် ”
“ No….”

“ ဟာ…..လေးမ…..နင်…အိပ်ငိုက်ငိုက်နဲ့  လျှောက်ဆွဲကုန်ပြီ….ဒီနားမှာ နင်….ပြတင်းပေါက် မဖောက်ဘူးဆို….ဘာလို့  ပြတင်းပေါက်တွေ ဆွဲထားတာတုန်း….”
“ ဟာ…..သေရော….လုပ်ကြပါဦး…. ဘရိတ်ဓါး…ဘရိတ်ဓါး ….ဘယ်ရောက်နေပါလိမ့်….”
“ နင် မခြစ်နဲ့ ….ပေါက်ကုန်မယ်….ငါဖျက်ထားပေးမယ်…..သယ်ရင်းလေး ခဏအိပ်လိုက်….”
“ ငါ ၁၅ မိနစ်ပဲ အိပ်မယ်……၁၅ မိနစ်ပြည့်ရင် ငါ့ကိုနှိုးနော်…..မနှိုးရင် သေခန်းပြတ်ပဲနော်….ငါ ဘာမှမပြီးသေးဘူး…..သေချာနှိုးနော် “မိ” …..”
ပြောပြောဆိုဆို Drawing Board နောက်က နေရာလွတ်ကျဉ်းကျဉ်းလေးမှာ စောင်လေးပိုက်ပြီး ခွေခွေလေး အိပ်လိုက်တယ်….
“ သယ်ရင်းလေး….ထတော့….၁၅ မိနစ်ပြည့်ပြီ…..”
“ ရှင်….ဆရာ…..သမီး နောက်ဆို ဒီလိုမဖြစ်အောင် ဒီဇိုင်းကို စောစောထုတ်ပါ့မယ်….ဆိုင်ကယ်တစ်စီးနဲ့  လျှောက်လည်မနေတော့ပါဘူး…” ငုတ်တုတ်ထထိုင်ပြီး တတွတ်တွတ်ရွတ်လိုက်တယ်….။
“ ဟဲ့….ယောင်နေပြန်ပြီ…..မျက်စိဖွင့်စမ်း…” ပခုံးကနေ ဆွဲလှုပ် ခံလိုက်ရတယ်….။
“ တော်ပါသေးရဲ့ “မိ” ရယ်…..နင်နှိုးလိုက်လို့ …..ငါ့ကို ဂျူရီမှာ ဆရာက ကွိုင်နေတာဟ….”
Scene (3)_
“ ဒေါက်….ဒေါက်….ဒေါက်….အခန်းရှင်တို့ …”
“၀င်ခဲ့ပါ…..စေ့ထားတယ်….”

“ နင်တို့ ဖို့  စားဖိုဆောင်ကဟင်းထုတ်လာတယ်….နင်တို့  ထမင်းစားကတ်တွေ ငါတို့ ပဲ ယူထားပေးမယ်….ထမင်းကတော့ ၀ယ်စားမှာ မဟုတ်လား….စားပြီးရင် ပန်းကန်တွေ ထားထားလိုက်…..ငါတို့  လာယူ့ပြီး ဆေးပေးမယ်…..”
“ ကျေးဇူးဘဲဟာ…..ငါတို့  ဂျူရီ ပြီးရင် နင်တို့  ပန်းကန်တွေ ငါတို့  တပတ်တိတိ ဆေးပေးမယ်နော်….. ဒါနဲ့  ညကျရင် ငါတို့ ကို လာကူဦးနော်……”
“ အေးပါ…..ငါက ဘောင်ခတ်ပေးမယ်….”
“ ငါက ပြတင်းပေါက်တွေ အနက်ခြယ်ပေးမယ်…..”
“ ငါက စာတွေရေးပေးမယ်….”
“ Good….good….thanks ”
“ ဒေါ်ခင်စန်းရေ…..ထမင်း ၅၀ ဖိုး….” ၀ရန်တာထွက်ပြီး အဆောင်ရှေ့က ထမင်းဆိုင်ကို အသံကုန်ခြစ်ပြီး လှမ်းအော်လိုက်တယ်…..။
ထမင်းရပြီ ”
ဝရန်တာမှာ ကျစ်ကြိုးနဲ့  ချည်ထားတဲ့ ရေပုံးအသေးလေးထဲကို ပိုက်ဆံ ၅၀ ထည့်ပြီး အောက်ချပေးလိုက်တယ်…..။ ဒေါ်ခင်စန်းက ပိုက်ဆံ ၅၀ ကိုယူပြီး ထမင်းထုတ်ကို ပုံးထဲပြန်ထည့်ပေးလိုက်တယ်……။ ဒီလိုနဲ့  တနပ်စာတော့ အဆင်ပြေသွားပြန်ပြီ…..။ ။

ခက်ဆစ်
ဂျူရီ = ဒီဇိုင်းစာမေးပွဲ ဖြေဆိုခြင်း ၊ မိမိဆွဲထားသော ပုံများကို Board တွင်ကပ်၍ ဆရာများနှင့် ကျောင်းသားများအား မိမိ ဒီဇိုင်းကို ရှင်းလင်းပြောဆိုရခြင်း ၊ ဆရာများ၏ ဝေဖန် အကြံပေး…ဆုံးမ မှုကို ခံယူရခြင်း ….။
ဘရိတ်ဓါး= Tracing စာရွက်ပေါ်တွင် မင်ဖြင့်ဆွဲထားသည်ကို ဖြတ်ရန် ထုတ်လုပ်ထားသောခဲဖျက်မှာ ဈေးကြီးခြင်း ၊ ဖျက်ရတာ ကြာခြင်းကြောင့် Eagle တံဆိပ် ဘရိတ်ဓါးကို လေးပိုင်းချိုး၍ မင်ဖျက်ရန် အသုံးပြုရသဖြင့် ပုံဆွဲအထောက်အကူပစည်း…..။

(ညွှန်ကြားချက်အရ ဖြည့်စွက်ခြင်း)
ထမင်း ၅၀ ဖိုး= လွန်ခဲ့သော ၆ နှစ်ခန့် က ၅၀ ကျပ်တန်မြန်မာငွေစက္ကူဖြင့် ၀ယ်ယူနိုင်၍ ၉၅ပေါင်သာရှိသော လူနှစ်ဦး ၀လင်စွာစားသုံးနိုင်သော ထမင်း…..။

သိခဲ့ရဲ့လား….

“ ……ကလေးလေး သိပ်ချစ်တယ်….ကို ဒါလေးဘဲ ပြောတတ်တယ်နော……ဘယ်အချိန်ဘယ်လို စကာ ကိုယ်ချစ်သွားမှန်းမသိပေမယ့် ……….”
ဒီသီချင်းစာသားလေးကို “လေးမ” သိပ်ကြိုက်ခဲ့တာ…. ထူးအိမ်သင်ရဲ့ “စကားလုံးတွေ သိပ်မလိုဘူး…” ထဲကလေ….။ အခုတော့ ဖြိုးကြီး ပြန်ဆိုထားတယ်……။


“ လူတစ်ယောက်ကို ဘယ်တုန်းက စချစ်သွားခဲ့သလဲလို့  အတိအကျ မသိဘူးဆိုတဲ့လူတွေကို ကျွန်တော်တော့ အံ့သြတယ် ” စာမျက်နှာ ၁၉၉ (ချစ်သူလား…စကားတစ်ပွင့် ပွင့်ခဲ့တယ် – ဂျူး)
ဖတ်ဖြစ်ခဲ့တုန်းကတော့ စကားပွင့်တွေကြားမှာ နစ်မျောနေခဲ့လို့  ဒီစာကြောင်းလေးကို အမှုမဲ့ ၊ အမှတ်မဲ့ ပဲ…….။ တနေ့ က “ အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးများ ”ဆိုတဲ့ ၀တ္ထုတိုလေးမှာ ဒီလို အတွေးလေး ပြန်တွေ့ ရတော့မှ ဆရာမ ဂျူး ရဲ့ အမြင်လေးကို သတိထားမိသွားတယ်…..။

“ ချစ်သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်းမသိဘူး ဆိုတဲ့လူတွေ တော်တော်ညံ့တာပဲဟု ကျွန်မထင်ပါသည်။ သည်လောက်အရေ့းကြီးသည့် အပြောင်းအလဲတစ်ခုကို သူတို့ ဘာကြောင့် သတိမထားမိကြတာလဲ။” စာမျက်နှာ ၂ (အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးများ-ဂျူး)
ဒီလိုဆိုတော့လဲ “ဂျူး ”ပြောတာဟုတ်သားပဲ…….။ ဘ၀မှာ သမရိုးကျ မဟုတ်ဘဲ ထူးထူးခြားခြား တစုံတရာ ဖြစ်ပျက်သွားတာကို တကယ်မသိလိုက်ကြဘူးလား……။ မသိချင်ယောင်ဆောင်ခဲ့ရတာလား……..။ မသေချာလိုက်တာလား……။ စာရေးဆရာတွေ…..သီချင်းရေးဆရာတွေက သူတို့ ရဲ့ အတွေးတွေ ၊ အယူအဆတွေ ခံစားချက်တွေကို ကလောင်တံ ( Typing ) နဲ့  အသက်သွင်းလိုက်တဲ့ အခါ “လေးမ” တို့  စာဖတ်သူတွေက ကိုယ့်ကိုယ်ကို ပြန်မေးစရာတွေ ၊ တွေးစရာတွေ ၊ သုံးသပ်စရာတွေ ရလာတတ်ပါတယ်…….။ အချစ်တစ်ခုတည်းမှ မဟုတ်ပါဘူး……။ အရာရာတိုင်းမှာ တခုခုပြောင်းလဲသွားတိုင်း သတိထားခဲ့မိပါရဲ့လား…….။


“သိခြင်း ၊ မသိခြင်း
ပုစ္ဆာရှင်းဖို့ 
ထိုင်ရင်း ၊ ငိုင်ရင်း
တွေးခြင်းတွေ စတယ်…။
တခါတုန်းဆီက
အပြုံးတွေ
အရှုံးတွေ
(ငါ) မသိခဲ့တာလား…
မရှိခဲ့တာလား…။
တခါတုန်းဆီက
ရခဲ့ဖူးတာတွေ
မရခဲ့ဖူးတာတွေ
(ငါ) သိဖို့  ရှက်ခဲ့သလား
ရှိဖို့  ခက်ခဲ့သလား…။
(ငါ) တွေးဆဲ မေးဆဲ
မရဲတရဲ ဖြစ်နေတုန်းမှာဘဲ
ငါ့နားကိုကပ်
တိုးတိုးလေး “မှတ်” …တဲ့
“You have No Extra Time”….။ ။